(Zawgyi / Unicode)
ျမန္မာႏိုင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါအတြက္ ဓာတ္ခြဲနမူနာေပါင္း ၁၄,၃၉၀ ခုကို စစ္ေဆးခဲ့တာမွာ ေရာဂါကူးစက္သူ ၁,၁၉၄ ေယာက္ ေတြ႔ရွိခဲ့ၿပီး ေသဆုံးသူကေတာ့ ၄၈ ေယာက္ရွိတယ္လို႔ စစ္ေကာင္စီ က်န္းမာေရးဌာနက ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ပါတယ္။ ျမန္မာႏုိင္ငံမွာ ဒီေန႔အခ်ိန္ထိ ကိုဗစ္ေၾကာင့္ ေသဆုံးသူ စုစုေပါင္း ၁၇,၈၈၃ ဦး ရွိသြားၿပီျဖစ္ေၾကာင္း စစ္ေကာင္စီ က်န္းမာေရးဌာနက ေျပာပါတယ္။
က်န္းမာေရးဆိုင္ရာ ကၽြမ္းက်င္သူေတြနဲ႔ ပရဟိတ ကူညီသူေတြကေတာ့ အမွန္တကယ္ ေသဆုံးသူ အေရအတြက္ဟာ က်န္းမာေရးဌာနက တရားဝင္ထုတ္ျပန္တာထက္ ပိုမ်ားႏိုင္တယ္လို႔ ခန႔္မွန္းထားၾကပါတယ္။
ကိုဗစ္တတိယလႈိင္း အျမင့္ဆုံးေရာက္ခဲ့တဲ့ ဇူလိုင္လ ၂၃ ရက္ေန႔က ပိုးေတြ႔မႈႏႈန္း ၄၀ ဒသမ ၈၂ ရာခုိင္ႏႈန္း ရွိခဲ့တာနဲ႔ ႏႈိင္းယွဥ္ရင္ အခုအခါမွာ ေန႔စဥ္ ပိုးေတြ႔မႈႏႈန္း ၈ ရာခုိင္ႏႈန္းေလာက္ပဲ ရွိေတာ့တဲ့အတြက္ ေရာဂါကူးစက္မႈ သိသိသာသာ က်လာၿပီလို႔ က်န္းမာေရးဌာနက ဆိုပါတယ္။
အေရွ႕ေတာင္အာရွႏိုင္ငံေတြထဲမွာ ျမန္မာႏိုင္ငံဟာ ကိုဗစ္ေရာဂါ ကူးစက္သူ အေရအတြက္ ဆ႒မအမ်ားဆုံးျဖစ္ၿပီး ေသဆုံးသူ အေရအတြက္ကေတာ့ နံပါတ္ ၅ အဆင့္ အမ်ားဆုံးျဖစ္ပါတယ္။
ျမန္မာႏိုင္ငံကိုလာေရာက္တဲ့ ခရီးသြားေတြအေပၚ ျပည္ဝင္ခြင့္ ယာယီကန႔္သတ္ခ်က္ အားလုံးကို စက္တင္ဘာလ ၃၀ ရက္ေန႔အထိ ထုတ္ျပန္ထားတာကေန ေအာက္တိုဘာလ ၃၁ ရက္ေန႔အထိ တိုးျမႇင့္သတ္မွတ္လိုက္ေၾကာင္း စစ္ေကာင္စီ ႏိုင္ငံျခားေရးဌာနက ေအာက္တိုဘာလ ၁ ရက္ေန႔က ထုတ္ျပန္ထားပါတယ္။
--------------------
(Unicode)
၂၄ နာရီအတွင်း ကိုဗစ်အတည်ပြု ၁,၁၉၄ ဦး၊ သေဆုံး ၄၈ ဦး
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါအတွက် ဓာတ်ခွဲနမူနာပေါင်း ၁၄,၃၉၀ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါကူးစက်သူ ၁,၁၉၄ ယောက် တွေ့ရှိခဲ့ပြီး သေဆုံးသူကတော့ ၄၈ ယောက်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့အချိန်ထိ ကိုဗစ်ကြောင့် သေဆုံးသူ စုစုပေါင်း ၁၇,၈၈၃ ဦး ရှိသွားပြီဖြစ်ကြောင်း စစ်ကောင်စီ ကျန်းမာရေးဌာနက ပြောပါတယ်။
ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ပရဟိတ ကူညီသူတွေကတော့ အမှန်တကယ် သေဆုံးသူ အရေအတွက်ဟာ ကျန်းမာရေးဌာနက တရားဝင်ထုတ်ပြန်တာထက် ပိုများနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ကိုဗစ်တတိယလှိုင်း အမြင့်ဆုံးရောက်ခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့က ပိုးတွေ့မှုနှုန်း ၄၀ ဒသမ ၈၂ ရာခိုင်နှုန်း ရှိခဲ့တာနဲ့ နှိုင်းယှဉ်ရင် အခုအခါမှာ နေ့စဉ် ပိုးတွေ့မှုနှုန်း ၈ ရာခိုင်နှုန်းလောက်ပဲ ရှိတော့တဲ့အတွက် ရောဂါကူးစက်မှု သိသိသာသာ ကျလာပြီလို့ ကျန်းမာရေးဌာနက ဆိုပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ ကိုဗစ်ရောဂါ ကူးစက်သူ အရေအတွက် ဆဋ္ဌမအများဆုံးဖြစ်ပြီး သေဆုံးသူ အရေအတွက်ကတော့ နံပါတ် ၅ အဆင့် အများဆုံးဖြစ်ပါတယ်။
မြန်မာနိုင်ငံကိုလာရောက်တဲ့ ခရီးသွားတွေအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်ချက် အားလုံးကို စက်တင်ဘာလ ၃၀ ရက်နေ့အထိ ထုတ်ပြန်ထားတာကနေ အောက်တိုဘာလ ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဌာနက အောက်တိုဘာလ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။