သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၄ နာရီအတွင်း ကိုဗစ်ဓာတ်ခွဲအတည်ပြု ၁,၂၀၅ ဦး၊ သေဆုံး ၃၂ ဦး


ရန်ကုန်မြို့မှာ COVID-19 ကူးစက်ခံရပြီး သေဆုံးသွားသူကို သင်္ဂြိုဟ်ဖို့ သယ်ဆောင်လာတဲ့ စေတနာ့ဝန်ထမ်းများ။ (ဇူလိုင် ၁၄၊ ၂၀၂၁)
ရန်ကုန်မြို့မှာ COVID-19 ကူးစက်ခံရပြီး သေဆုံးသွားသူကို သင်္ဂြိုဟ်ဖို့ သယ်ဆောင်လာတဲ့ စေတနာ့ဝန်ထမ်းများ။ (ဇူလိုင် ၁၄၊ ၂၀၂၁)

(Zawgyi / Unicode)

ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးရဲ့ လူမှုစာမျက်နှာအရ မြန်မာနိုင်ငံမှာ ဒီကနေ့ နောက်ဆုံး ပိုးစစ်ဆေးသူ ၁၇,၈၂၅ ရှိခဲ့ပြီး ပိုးတွေ့သူ ၁,၂၀၅ ဦး ရှိပါတယ်။ ပိုးတွေ့ရာခိုင်နှုန်း ၆.၇၆ ရာခိုင်နှုန်းပါ။ သေဆုံးသွားသူ ၃၂ ဦး ရှိပါတယ်။

ဒီကနေ့အထိဆိုရင် တရားဝင်စာရင်းအရ ပိုးတွေ့သူ စုစုပေါင်း ၄၈၆,၈၅၁ ဦး ရှိနေပါပြီ။ လူမှု ကူညီစောင့်ရှောက်သူတွေကတော့ တကယ်ဖြစ်နေတာတွေက တရားဝင် စာရင်းထက် များနိုင်စရာရှိတယ်လို့ ပြောကြပါတယ်။

ကိုဗစ်ကာကွယ်ဆေးကို တလုံးနဲ့တလုံး ခြားထိုးချိန် အချိန်ဆွဲလိုက်တာကြောင့် ကိုဗစ်ဗိုင်းရပ်စ် ဆေးပြီးသွားနိုင်တာလို့ ကနေဒါနိုင်ငံ Quebec ပြည်နယ် လူထုကျန်းမာရေးဌာန (National Institute for Public Health) နဲ့ British Columbia ပြည်နယ် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန စီဒီစီတို့က ပြောပါတယ်။ Pfizer, Moderna နဲ့ AstraZeneca ကာကွယ်ဆေးတွေကို ဆေး ၂ လုံးကြားမှာ ၂၁ ရက်ကနေ ၂၈ ရက်ခြားဖို့ ပြောခဲ့ပေမယ့် ကနေဒါအစိုးရက ၆ ပတ်အထိ ခြားခဲ့တာပါ။

ကင်ညာနိုင်ငံမှာတော့ ကိုဗစ်ကာလ စီးပွားရေးအခက်အခဲကြောင့် တရားမဝင် ငါးဖမ်းသူတွေ များလာနေတာကြောင့် ငါးအရေအတွက် ကျဆင်းလာနေတဲ့ အကြောင်းတခု ဖြစ်လာကြောင်း ကင်ညာ ပင်လယ်ရေကြောင်းနဲ့ ငါးလုပ်ငန်း သုတေသနအဖွဲ့က ပြောပါတယ်။ အရင်က တလားပီးယားငါး အနည်းဆုံး ၁,၀၀၀ ရရာက ခု ၁၀၀ အနိုင်နိုင် ဖြစ်နေပါတယ်လို့ နှစ်ပေါင်း ၃၀ ကျော် တံငါလုပ်လာတဲ့ Seremiah Oloo က ဆိုပါတယ်။

၂၄ နာရီအတွင်း ကိုဗစ်ဓာတ်ခွဲအတည်ပြု ၁,၂၀၅ ဦး၊ သေဆုံး ၃၂ ဦး
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

----------------------

(Unicode)






XS
SM
MD
LG