(Zawgyi / Unicode)
ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါအသစ္ကူးစက္သူ ၇ ဦး ဒီကေန႔ ထပ္ေတြ႔ရွိပါတယ္။ ရန္ကုန္၊ မႏၱေလး၊ ေမာ္လၿမဳိင္ က်န္းမာေရးဓာတ္ခြဲမႈွဌာန ၃ ခုနဲ႔ ရန္ကုန္ စစ္ေဆး႐ံုႀကီးတို႔မွာ ဓာတ္ခြဲစမ္းသပ္မႈ စုစုေပါင္း ၁,၅၉၉ ခု လုပ္ခဲ့ၿပီး လူနာသစ္ ၇ ဦး ေတြ႔ခဲ့ေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ည ၈ နာရီ ထုတ္ျပန္တဲ့ သတင္းမွာ ေျပာထားပါတယ္။
ဒီကေန႔ ပိုးေတြ႔ရွိသူအားလံုးက ရန္ကုန္ကျဖစ္ၾကၿပီး ျမန္မာ့အိမ္နီးခ်င္းႏုိင္ငံေတြက ျပန္လာၾကသူေတြ ျဖစ္ပါတယ္။
အိႏိၵယကျပန္လာသူ ၁ ေယာက္၊ ဘဂၤလားေဒ့ရွ္က ျပန္လာသူ ၃ ေယာက္၊ လာအိုႏုိင္ငံက ျပန္လာသူ ၁ ေယာက္၊ ထိုင္းက ၁ ေယာက္နဲ႔ စင္ကာပူက ၁ ေယာက္တို႔ ျဖစ္ပါတယ္။ သူတို႔အားလံုးကို အသြားအလာ ကန္႔သတ္ၿပီး ေစာင့္ၾကည့္ေနခဲ့တာ ျဖစ္ပါတယ္။
အခုလက္ရွိမွာ တဦးကို တပ္မေတာ္ အသည္းေရာဂါအထူးကုေဆး႐ံုမွာ ေဆးကုသေပးမွာျဖစ္ၿပီး က်န္တဲ့သူေတြကိုေတာ့ ေတာင္ဥကၠလာပ အထူးကုေဆး႐ံုမွာ တင္ထားပါတယ္။
ဒီေန႔ COVID-19 လူနာသစ္ ၇ ဦးနဲ႔ ေပါင္းရင္ ျမန္မာႏုိင္ငံမွာ ဒီေရာဂါကူးစက္မႈ ဓာတ္ခြဲအတည္ျပဳသူေပါင္း ၃၁၃ ဦး ရွိသြားၿပီျဖစ္သလို အဲဒီထဲက ပိုးကင္းစင္လာသူ ၂၄၀ ရွိသြားပါၿပီ။ ေဆး႐ံုက ဆင္းခြင့္ရသြားသူ အေရအတြက္က ၂၂၆ ဦးရွိၿပီး ေသဆံုးသူက စုစုေပါင္း ၆ ဦး ျဖစ္ပါတယ္။
ေလာေလာဆယ္ မေန႔ မြန္းတည့္ ၁၂ နာရီကေန ၂၄ နာရီအတြင္း ေစာင့္ၾကည့္လူနာအသစ္ ၃၃ ေယာက္ ရွိေနပါတယ္။
----------------------------
(Unicode)
မြန်မာ COVID-19 ကူးစက်သူ ၇ ဦးထပ်တိုး၊ စုစုပေါင်း ၃၁၃ ဦးရှိပြီ
မြန်မာနိုင်ငံမှာ COVID-19 ရောဂါအသစ်ကူးစက်သူ ၇ ဦး ဒီကနေ့ ထပ်တွေ့ရှိပါတယ်။ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် ကျန်းမာရေးဓာတ်ခွဲမှုှဌာန ၃ ခုနဲ့ ရန်ကုန် စစ်ဆေးရုံကြီးတို့မှာ ဓာတ်ခွဲစမ်းသပ်မှု စုစုပေါင်း ၁,၅၉၉ ခု လုပ်ခဲ့ပြီး လူနာသစ် ၇ ဦး တွေ့ခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ည ၈ နာရီ ထုတ်ပြန်တဲ့ သတင်းမှာ ပြောထားပါတယ်။
ဒီကနေ့ ပိုးတွေ့ရှိသူအားလုံးက ရန်ကုန်ကဖြစ်ကြပြီး မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက
ပြန်လာကြသူတွေ ဖြစ်ပါတယ်။
အိန္ဒိယကပြန်လာသူ ၁ ယောက်၊ ဘင်္ဂလားဒေ့ရှ်က ပြန်လာသူ ၃ ယောက်၊ လာအိုနိုင်ငံက ပြန်လာသူ ၁ ယောက်၊ ထိုင်းက ၁ ယောက်နဲ့ စင်ကာပူက ၁ ယောက်တို့ ဖြစ်ပါတယ်။ သူတို့အားလုံးကို အသွားအလာ ကန့်သတ်ပြီး စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။
အခုလက်ရှိမှာ တဦးကို တပ်မတော် အသည်းရောဂါအထူးကုဆေးရုံမှာ ဆေးကုသပေးမှာဖြစ်ပြီး ကျန်တဲ့သူတွေကိုတော့ တောင်ဥက္ကလာပ အထူးကုဆေးရုံမှာ တင်ထားပါတယ်။
ဒီနေ့ COVID-19 လူနာသစ် ၇ ဦးနဲ့ ပေါင်းရင် မြန်မာနိုင်ငံမှာ ဒီရောဂါကူးစက်မှု ဓာတ်ခွဲအတည်ပြုသူပေါင်း ၃၁၃ ဦး ရှိသွားပြီဖြစ်သလို အဲဒီထဲက ပိုးကင်းစင်လာသူ ၂၄၀ ရှိသွားပါပြီ။ ဆေးရုံက ဆင်းခွင့်ရသွားသူ အရေအတွက်က ၂၂၆ ဦးရှိပြီး သေဆုံးသူက စုစုပေါင်း ၆ ဦး ဖြစ်ပါတယ်။
လောလောဆယ် မနေ့ မွန်းတည့် ၁၂ နာရီကနေ ၂၄ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၃၃ ယောက် ရှိနေပါတယ်။