(Zawgyi / Unicode)
ကမာၻ႔ဘဏ္က အစီရင္ခံစာသစ္ ထုတ္ျပန္ရာမွာ ျမန္မာ့စီးပြားေရးေႏွးေကြးေနၿပီး၊ ျပည္တြင္း မေရရာမူေတြဆက္ရွိေနေပမယ့္ စီးပြားေရးႀကံႀကံခံႏိုင္မူနဲ႔ ဆက္ရပ္တည္ေနႏိုင္တယ္လို႔ ေထာက္ျပလိုက္ပါတယ္။
ၿပီးခဲ့တဲ့ ဒီဇင္ဘာလရက္စြဲနဲ႔ ထုတ္ျပန္တဲ့ ဒီအစီရင္ခံစာထဲမွာ ျမန္မာႏိုင္ငံထဲ ေခ်းေငြ ေျမယာ ကၽြမ္းက်င္လုပ္သားရရွိမူေတြမွာႏွင့္ စီးပြားေရးလုပ္သာကိုင္သာရွိမူနဲ႔ တရားဥပေဒစိုးမိုးမူေတြမွာ အာနည္းခ်က္ေတြရွိေနေသးေပမယ့္ စီပြားေရးတိုးတက္မူႏႈန္းက မဆိုသေလာက္ေလး ဆက္ျမင့္ေနဆဲျဖစ္တယ္လို႔ ဆိုပါတယ္။
ဒီ အစီရင္ခံစာအရ ျမန္မာ႔စီးပြားေရးတိုးတက္မူႏႈန္းဟာ ၂၀၁၈-၁၉ ခုႏွစ္မွာ ၆.၃ % ျမင့္မားလာမယ္လို႔ ခန္႔မွန္းထားတာေၾကာင့္ အရင္ႏွစ္ ၂၀၁၇-၁၉ မွာရွိခဲ့တဲ့ တိုးတက္မူ ၆.၂ % ထက္ မဆိုသေလာက္ ျမင့္မားဆဲျဖစ္တယ္လို႔ ဆိုပါတယ္။
ဒါ့အျပင္ လမ္းပန္းဆက္သြယ္ေရး အေဆာက္အအံု က႑မွာ ပိုမုိရင္းႏွီးျမွဳပ္ႏွံလာတာနဲ႔ ၂၀၂၀ ေရြးေကာက္ပြဲမတိုင္ခင္ ဒီက႑မွာ အေကာင္အထည္ထပ္ေဖာ္ဖို႔ရွိတာေတြေၾကာင့္ အခု ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္မွာ စီးပြားေရးတိုးတက္မူ ၆.၄% ေနာက္ထပ္ မဆိုသေလာက္ ထပ္တိုးလာႏိုင္တယ္လို႔ ဒီ အစီရင္ခံစာမွာ ခန္႔မွန္းထားပါတယ္။
ျမန္မာႏုိင္ငံရဲ႕ စီးပြားေရးတိုးတက္မူမွာ ဝန္ေဆာင္မႈလုပ္ငန္းက အဓိက ေနရာမွာရွိေနၿပီး ၂၀၁၈-၁၉ မွာ ၈.၉ % တိုးတက္ဖို႔ ခန္႔မွန္းထားခဲ့တယ္၊ လက္လီလကၠားကုန္သြယ္မူကလည္း တိုးတက္လာတာေၾကာင့္ ခရီးသြားလုပ္ငန္း ေႏွးေကြးလာေနေပမဲ့ ဆက္မက်သြားေအာင္ ထိန္းထားႏိုင္တယ္လို႔ အစီရင္ခံစာက ဆိုပါတယ္။
ဒါေပမယ့္ ပုဂၢလိက စီးပြားေရးက႑ ထုတ္လုပ္မူနည္းေနတာ၊ ဥပေဒဖြဲ႔စည္းမူဆိုင္ရာ အခက္အခဲေတြ ရွိေနတာနဲ႔ ျမန္မာႏုိင္ငံ နယ္ေျမ သံုးပံုတစ္ပုံမွာ လက္နက္ကိုင္ အဖြဲ႔ေတြနဲ႔ ပဋိပကၡေတြ ဆက္ရွိေနတာေၾကာင့္ ရင္ႏွီးျမွဳပ္ႏွံမူတိုးတက္ေရးအတြက္ မေရရာ မေသခ်ာတဲ့ စီးပြားေရးစိန္ေခၚမူေတြ ဆက္ရွိေနေသးတယ္လို႔ ေထာက္ျပထားပါတယ္။
.........................
မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှု ဆက်လက်အားကောင်းနိုင်ကြောင်း ကမ္ဘာ့ဘဏ်ခန့်မှန်း
(Unicode)
ကမ္ဘာ့ဘဏ်က အစီရင်ခံစာသစ် ထုတ်ပြန်ရာမှာ မြန်မာ့စီးပွားရေးနှေးကွေးနေပြီး၊ ပြည်တွင်း မရေရာမူတွေဆက်ရှိနေပေမယ့် စီးပွားရေးကြံကြံခံနိုင်မူနဲ့ ဆက်ရပ်တည်နေနိုင်တယ်လို့ ထောက်ပြလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလရက်စွဲနဲ့ ထုတ်ပြန်တဲ့ ဒီအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံထဲ ချေးငွေ မြေယာ ကျွမ်းကျင်လုပ်သားရရှိမူတွေမှာနှင့် စီးပွားရေးလုပ်သာကိုင်သာရှိမူနဲ့ တရားဥပဒေစိုးမိုးမူတွေမှာ အာနည်းချက်တွေရှိနေသေးပေမယ့် စီပွားရေးတိုးတက်မူနှုန်းက မဆိုသလောက်လေး ဆက်မြင့်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒီ အစီရင်ခံစာအရ မြန်မာ့စီးပွားရေးတိုးတက်မူနှုန်းဟာ ၂၀၁၈-၁၉ ခုနှစ်မှာ ၆.၃ % မြင့်မားလာမယ်လို့ ခန့်မှန်းထားတာကြောင့် အရင်နှစ် ၂၀၁၇-၁၉ မှာရှိခဲ့တဲ့ တိုးတက်မူ ၆.၂ % ထက် မဆိုသလောက် မြင့်မားဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လမ်းပန်းဆက်သွယ်ရေး အဆောက်အအုံ ကဏ္ဍမှာ ပိုမိုရင်းနှီးမြှုပ်နှံလာတာနဲ့ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် ဒီကဏ္ဍမှာ အကောင်အထည်ထပ်ဖော်ဖို့ရှိတာတွေကြောင့် အခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ စီးပွားရေးတိုးတက်မူ ၆.၄% နောက်ထပ် မဆိုသလောက် ထပ်တိုးလာနိုင်တယ်လို့ ဒီ အစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မူမှာ ဝန်ဆောင်မှုလုပ်ငန်းက အဓိက နေရာမှာရှိနေပြီး ၂၀၁၈-၁၉ မှာ ၈.၉ % တိုးတက်ဖို့ ခန့်မှန်းထားခဲ့တယ်၊ လက်လီလက္ကားကုန်သွယ်မူကလည်း တိုးတက်လာတာကြောင့် ခရီးသွားလုပ်ငန်း နှေးကွေးလာနေပေမဲ့ ဆက်မကျသွားအောင် ထိန်းထားနိုင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ဒါပေမယ့် ပုဂ္ဂလိက စီးပွားရေးကဏ္ဍ ထုတ်လုပ်မူနည်းနေတာ၊ ဥပဒေဖွဲ့စည်းမူဆိုင်ရာ အခက်အခဲတွေ ရှိနေတာနဲ့ မြန်မာနိုင်ငံ နယ်မြေ သုံးပုံတစ်ပုံမှာ လက်နက်ကိုင် အဖွဲ့တွေနဲ့ ပဋိပက္ခတွေ ဆက်ရှိနေတာကြောင့် ရင်နှီးမြှုပ်နှံမူတိုးတက်ရေးအတွက် မရေရာ မသေချာတဲ့ စီးပွားရေးစိန်ခေါ်မူတွေ ဆက်ရှိနေသေးတယ်လို့ ထောက်ပြထားပါတယ်။