သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့စီးပြားေရး ဆိုးဆိုးဝါးဝါးအားနည္းသြားမယ္လို႔ ကမာၻ႔ဘဏ္ခန႔္မွန္း


မႏၱေလးျမိဳ ့က လမ္းေဘး ဓာတ္ဆီဆိုင္တခု ( ဓာတ္ပံု - AFP)

ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးဖြံ႕ၿဖိဳးမႈဟာ အခုႏွစ္ ၂၀၂၂ ခုႏွစ္ ဘ႑ာႏွစ္အတြက္ ၁% ဘဲ တိုးတက္မႈရွိမယ္လို႔ ကမာၻ႔ဘဏ္က ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ စီးပြားတိုးတက္မႈႏႈန္း အင္မတန္နည္းမယ္လို႔ ေဖာ္ျပထားတာေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးဟာ စိုးရိမ္စရာေကာင္းေလာက္ေအာင္ အားနည္းမယ္ဆိုတာကို ကမာၻ႔ဘဏ္က ဒီကေန႔ ဇန္နဝါရီလ ၂၆ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေထာက္ျပထားတာပါ။

ဒါဟာ ျမန္မာႏိုင္ငံမွာ မႏွစ္က ကိုဗစ္-19 ကပ္ေရာဂါ အႀကီးအက်ယ္ ျဖစ္ေပၚခဲ့တာနဲ႔ စစ္အာဏာသိမ္းမႈေေတြၾကာင့္ ျမန္မာ့ စီးပြား ဖြံ႕ၿဖိဳးမႈႏႈန္းဟာ ၁၈% ေလ်ာ့က်သြားခဲ့ေၾကာင္း ကမာၻ႔ဘဏ္ရဲ႕ ခန႔္မွန္းခ်က္ ထြက္ေပၚအၿပီးမွာ အခုႏွစ္အတြက္ အစီရင္ခံစာ ထြက္ေပၚလာတာပါ။

သာမွန္အားျဖင့္ တိုင္းျပည္တခုဟာ အဲဒီေလာက္ႀကီးမားတဲ့ စီးပြားက်ဆင္းမႈနဲ႔ ႀကဳံခဲ့ရၿပီးရင္ ေနာက္ႏွစ္မွာ စီးပြားေရး ျပန္ဦးေမာ့လာေလ့ရွိေပမယ့္ ျမန္မာႏိုင္ငံရဲ႕ စီးပြားျပန္လည္ ေမွ်ာ္လင့္ထားသေလာက္ ျပန္ နာလန္မထူလာတာဟာ အံ့ၾသစရာဘဲလို႔ ကမာၻ႔ဘဏ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အႀကီးတန္း စီးပြားေရးပညာရွင္ Kim Edwards က အစီရင္ခံစာထုတ္ျပန္တဲ့ အခမ္းအနားမွာ ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္ စက္မႈလုပ္ငန္းနယ္ပယ္၊ အထည္ခ်ဳပ္၊ ေရနံနဲ႔ သဘာဝဓါတ္ေငြ႕နဲ႔ ေဆာက္လုပ္ငန္းနယ္ပယ္ေတြမွာ တိုးတက္မႈ ရွိလာႏိုင္တယ္လို႔ ကမာၻ႔ဘဏ္က ခန႔္မွန္းပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္ကအာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း စီးပြားေရးဆိုင္ရာ အခ်က္အလက္ေတြကို စစ္ေကာင္စီဘက္က ဆက္လက္ ထုတ္ျပန္ေနေပမယ့္ လိုအပ္တဲ့အခ်က္အလက္ေတြ ရရွိႏိုင္ေရးဟာ အင္မတန္ ခက္ခဲေနေသးေၾကာင္း၊ ဒါေၾကာင့္ ၿပီးခဲ့တဲ့ စက္တင္ဘာလမွာ ကုန္ဆုံးသြားတဲ့ မႏွစ္ ဘ႑ာႏွစ္အတြက္ ရရွိခဲ့တဲ့ အခ်က္အလက္ေတြဟာ ျမန္မာႏိုင္ငံရဲ႕ စီးပြားေအျခေအနကို အမွန္တကယ္ ထင္ဟပ္ႏိုင္ဖို႔ အင္မတန္ ခဲယဥ္းေၾကာင္း Kim Edwards က ေျပာပါတယ္။

လက္ရွိအခ်ိန္မွာ ပဋိပကၡေတြျဖစ္ေပၚေနတဲ့ စစ္ကိုင္း၊ မေကြးနဲ႔ မႏၲေလးတိုင္းတို႔အျပင္ ကခ်င္၊ ရွမ္းနဲ႔ ခ်င္းျပည္နယ္တို႔ဟာ ၂၀၁၉ ခုႏွစ္ စီးပြားေရး အစီရင္ခံစာေတြအရ ျမန္မာႏိုင္ငံ စီးပြားေရးရဲ႕ ၃၈% ကို ကိုယ္စားျပဳ ပါဝင္ခဲ့တာေၾကာင့္ ဒါဟာ သိသာတဲ့အခ်က္ ျဖစ္ေနတယ္ဆိုတာကိုလည္း ကမာၻ႔ဘဏ္က ဒီကေန႔ ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

.........................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာ့စီးပွားရေး ဆိုးဆိုးဝါးဝါးအားနည်းသွားမယ်လို့ ကမ္ဘာ့ဘဏ်ခန့်မှန်း

(Unicode)

မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုဟာ အခုနှစ် ၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်အတွက် ၁% ဘဲ တိုးတက်မှုရှိမယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စီးပွားတိုးတက်မှုနှုန်း အင်မတန်နည်းမယ်လို့ ဖော်ပြထားတာကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ စိုးရိမ်စရာကောင်းလောက်အောင် အားနည်းမယ်ဆိုတာကို ကမ္ဘာ့ဘဏ်က ဒီကနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ထောက်ပြထားတာပါ။

ဒါဟာ မြန်မာနိုင်ငံမှာ မနှစ်က ကိုဗစ်-19 ကပ်ရောဂါ အကြီးအကျယ် ဖြစ်ပေါ်ခဲ့တာနဲ့ စစ်အာဏာသိမ်းမှုေတွေကြာင့် မြန်မာ့ စီးပွား ဖွံ့ဖြိုးမှုနှုန်းဟာ ၁၈% လျော့ကျသွားခဲ့ကြောင်း ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက် ထွက်ပေါ်အပြီးမှာ အခုနှစ်အတွက် အစီရင်ခံစာ ထွက်ပေါ်လာတာပါ။

သာမှန်အားဖြင့် တိုင်းပြည်တခုဟာ အဲဒီလောက်ကြီးမားတဲ့ စီးပွားကျဆင်းမှုနဲ့ ကြုံခဲ့ရပြီးရင် နောက်နှစ်မှာ စီးပွားရေး ပြန်ဦးမော့လာလေ့ရှိပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားပြန်လည် မျှော်လင့်ထားသလောက် ပြန် နာလန်မထူလာတာဟာ အံ့သြစရာဘဲလို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း စီးပွားရေးပညာရှင် Kim Edwards က အစီရင်ခံစာထုတ်ပြန်တဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် စက်မှုလုပ်ငန်းနယ်ပယ်၊ အထည်ချုပ်၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့နဲ့ ဆောက်လုပ်ငန်းနယ်ပယ်တွေမှာ တိုးတက်မှု ရှိလာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း စီးပွားရေးဆိုင်ရာ အချက်အလက်တွေကို စစ်ကောင်စီဘက်က ဆက်လက် ထုတ်ပြန်နေပေမယ့် လိုအပ်တဲ့အချက်အလက်တွေ ရရှိနိုင်ရေးဟာ အင်မတန် ခက်ခဲနေသေးကြောင်း၊ ဒါကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ကုန်ဆုံးသွားတဲ့ မနှစ် ဘဏ္ဍာနှစ်အတွက် ရရှိခဲ့တဲ့ အချက်အလက်တွေဟာ မြန်မာနိုင်ငံရဲ့ စီးပွားအေခြအေနကို အမှန်တကယ် ထင်ဟပ်နိုင်ဖို့ အင်မတန် ခဲယဉ်းကြောင်း Kim Edwards က ပြောပါတယ်။

လက်ရှိအချိန်မှာ ပဋိပက္ခတွေဖြစ်ပေါ်နေတဲ့ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းတို့အပြင် ကချင်၊ ရှမ်းနဲ့ ချင်းပြည်နယ်တို့ဟာ ၂၀၁၉ ခုနှစ် စီးပွားရေး အစီရင်ခံစာတွေအရ မြန်မာနိုင်ငံ စီးပွားရေးရဲ့ ၃၈% ကို ကိုယ်စားပြု ပါဝင်ခဲ့တာကြောင့် ဒါဟာ သိသာတဲ့အချက် ဖြစ်နေတယ်ဆိုတာကိုလည်း ကမ္ဘာ့ဘဏ်က ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG