သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မရမ္းကုန္း မဲ႐ုံအမွတ္ ၁၀ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္မဲျပား မွားယြင္းခဲ့


ရန္ကုန္ၿမိဳ႕ ေနရာတခုမွာ မဲေပးေနၾကတဲ့ျမင္ကြင္း။ (ႏုိဝင္ဘာ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

မရမ္းကုန္းၿမိဳ႕နယ္တြင္းက မဲ႐ုံနံပါတ္ ၁၀ မွာ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ေနရာ မွားယြင္းမဲေကာက္ယူမိခဲ့တဲ့အတြက္ အေယာက္ ၈၀ ေက်ာ္ မဲျပန္ေပးဖို႔ လုပ္ေဆာင္ခဲ့ရပါတယ္။ အျပည့္အစုံကို မေမခ စုစည္းတင္ျပထားပါတယ္။

တိုင္းနဲ႔ျပည္နယ္ လႊတ္ေတာ္အတြက္ ၿမိဳ႕နယ္တခုစီအလိုက္ ကိုယ္စားလွယ္ ၂ ဦး ေရြးခ်ယ္ မဲေပးရတာပါ။ မဲဆႏၵရွင္တဦးအေနနဲ႔ကေတာ့ ကိုယ္နဲ႔သက္ဆိုင္ရာ ေဒသအလိုက္ ကိုယ္စားလွယ္တဦးကိုပဲ ေပးရပါတယ္။

မရမ္းကုန္းၿမိဳ႕နယ္မွာ လက္ရွိျဖစ္ပြားရတာကေတာ့ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ႏွစ္ဦးရဲ႕ မဲစာရြက္ေတြကို မဲ႐ုံမွားေပးမိလို႔ လဲြေခ်ာ္မႈျဖစ္ခဲ့ရတာလို႔ မရမ္းကုန္း တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးရန္ရွင္းက ဗြီအိုေအကို အခုလိုေျပာျပပါတယ္။

“တိုင္းေဒသႀကီး မဲဆႏၵနယ္ ၁ ေပါ့ေနာ္ အဲဒီေနရာက။ မွားေပးမိတာက တိုင္းေဒသႀကီး ၂ မဲစာအုပ္ႀကီး သြားေပးမိလို႔။ ၁ ေနရာကို ၂ စာအုပ္ သြားေပးမိလို႔၊ မဲစာအုပ္။ မဲလက္မွတ္ေတြမွားတာ။ အေစာကထည့္တာအားလုံးက ပယ္မဲျဖစ္သြားမယ္။ မွတ္ထားတဲ့လူေတြကို သူတို႔က ျပန္ေခၚၿပီး ျပန္ေပးခုိင္းတာပါ။ အဲဒါ အက်ဳံးဝင္တယ္၊ ကိုင္တဲ့မဲ႐ုံမွဴးကလည္း ဆရာေပါ့၊ ခုမွ ျပည္နယ္တခုကဆုိေတာ့ ဒီေဒသရဲ႕အေၾကာင္းကုိ ေသခ်ာမသိဘူးေပါ့။ အဲဒါေၾကာင့္ မွားေပးလိုက္တယ္။ မဲဆႏၵရွင္တေယာက္က ဒါကို သြားေတြ႔လိုက္တာ။ ၂ ႀကီးျဖစ္ေနေတာ့ အဲဒါမ်ဳိး ေပးလို႔မရဘူး။ မွားသြားတဲ့အတြက္ေၾကာင့္ ေကာ္မရွင္ကေနၿပီး အဲဒီဟာေတြကို ပယ္ဖ်က္ၿပီး အမွန္ကို ျပန္ေပးခုိင္းတာပါ။”

သိလိုက္ရခ်ိန္မွာ ကိုယ္စားလွယ္မဲ မွားေပးခဲ့တဲ့ မဲဆႏၵရွင္ ၈၀ ေက်ာ္ရွိၿပီး ဒီ ၈၀ ေက်ာ္ရဲ႕ မွားယြင္းေပးထားတဲ့ မဲေတြနဲ႔ပတ္သက္လို႔ ဘယ္လိုလုပ္ေဆာင္မလဲ ဆိုတာကိုေတာ့ ဦးရန္ရွင္းက အခုလိုေျပာပါတယ္။

“တိုင္းေဒသႀကီးတခုပဲ ျပန္ေပးရတာပါ။ ညေနက်ရင္ မဲဆႏၵနယ္ေျမ ၁ ထဲ ေရာက္ေနတဲ့ မဲဆႏၵနယ္ ၂ အတြက္ ေပးမိတာေတြကုိ ျပန္ၿပီး reject လုပ္ပါလိမ့္မယ္။”

ေရြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာေရး Generation Tree အဖြဲ႔က မေဆြမာဦးကေတာ့ အခုျဖစ္ရပ္အေပၚ အခုလို သုံးသပ္ေျပာဆုိပါတယ္။

“အမအေနနဲ႔ ေျပာရမယ္ဆုိရင္ ႏွစ္မ်ဳိးေပါ့၊ နံပါတ္တစ္ကေတာ့ ဒါ ေရြးေကာက္ပြဲေကာ္မရွင္ရဲ႕ ေပါ့ေလ်ာ့မႈ။ တုိင္းေဒသႀကီး ၂ ကိုေပးရမယ့္ ေပးရမယ့္ဟာကို ၂ ကုိ ေပးၿပီးေတာ့မွ ခု ပယ္မဲျဖစ္သြားလို႔ ျပန္ေပးခုိင္းတာကေတာ့ လုံးဝ တရားမဝင္ဘူးေပါ့။ အခုက သူတုိ႔ဘက္က မွားတဲ့ကိစၥ။ ဒါေပမယ့္ အဲဒါကို ရပ္ေက်းေကာ္မရွင္ကေတာ့ Justification ျပန္ေရးမွရမယ္ထင္တယ္။ မဲဆႏၵရွင္တေယာက္အေနနဲ႔ကေတာ့ ဒါ ေကာ္မရွင္က တာဝန္ယူၿပီး သူ႔ကုိ ျပန္ေပးသင့္တယ္။ ဒါကေတာ့ သူမွားတဲ့အမွား မဟုတ္ဘူးေလ။ မဲဆႏၵရွင္မွားတဲ့ အမွား မဟုတ္ဘူးေလ။ ေကာ္မရွင္ရဲ႕အမွားဆုိေတာ့။”

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

မရမ်းကုန်း မဲရုံအမှတ် ၁၀ တိုင်းလွှတ်တော်ကိုယ်စားလှယ်မဲပြား မှားယွင်းခဲ့

မရမ်းကုန်းမြို့နယ်တွင်းက မဲရုံနံပါတ် ၁၀ မှာ တိုင်းလွှတ်တော်ကိုယ်စားလှယ်နေရာ မှားယွင်းမဲကောက်ယူမိခဲ့တဲ့အတွက် အယောက် ၈၀ ကျော် မဲပြန်ပေးဖို့ လုပ်ဆောင်ခဲ့ရပါတယ်။ အပြည့်အစုံကို မမေခ စုစည်းတင်ပြထားပါတယ်။

တိုင်းနဲ့ပြည်နယ် လွှတ်တော်အတွက် မြို့နယ်တခုစီအလိုက် ကိုယ်စားလှယ် ၂ ဦး ရွေးချယ် မဲပေးရတာပါ။ မဲဆန္ဒရှင်တဦးအနေနဲ့ကတော့ ကိုယ်နဲ့သက်ဆိုင်ရာ ဒေသအလိုက် ကိုယ်စားလှယ်တဦးကိုပဲ ပေးရပါတယ်။

မရမ်းကုန်းမြို့နယ်မှာ လက်ရှိဖြစ်ပွားရတာကတော့ တိုင်းလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးရဲ့ မဲစာရွက်တွေကို မဲရုံမှားပေးမိလို့ လွဲချော်မှုဖြစ်ခဲ့ရတာလို့ မရမ်းကုန်း တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရန်ရှင်းက ဗွီအိုအေကို အခုလိုပြောပြပါတယ်။

“တိုင်းဒေသကြီး မဲဆန္ဒနယ် ၁ ပေါ့နော် အဲဒီနေရာက။ မှားပေးမိတာက တိုင်းဒေသကြီး ၂ မဲစာအုပ်ကြီး သွားပေးမိလို့။ ၁ နေရာကို ၂ စာအုပ် သွားပေးမိလို့၊ မဲစာအုပ်။ မဲလက်မှတ်တွေမှားတာ။ အစောကထည့်တာအားလုံးက ပယ်မဲဖြစ်သွားမယ်။ မှတ်ထားတဲ့လူတွေကို သူတို့က ပြန်ခေါ်ပြီး ပြန်ပေးခိုင်းတာပါ။ အဲဒါ အကျုံးဝင်တယ်၊ ကိုင်တဲ့မဲရုံမှူးကလည်း ဆရာပေါ့၊ ခုမှ ပြည်နယ်တခုကဆိုတော့ ဒီဒေသရဲ့အကြောင်းကို သေချာမသိဘူးပေါ့။ အဲဒါကြောင့် မှားပေးလိုက်တယ်။ မဲဆန္ဒရှင်တယောက်က ဒါကို သွားတွေ့လိုက်တာ။ ၂ ကြီးဖြစ်နေတော့ အဲဒါမျိုး ပေးလို့မရဘူး။ မှားသွားတဲ့အတွက်ကြောင့် ကော်မရှင်ကနေပြီး အဲဒီဟာတွေကို ပယ်ဖျက်ပြီး အမှန်ကို ပြန်ပေးခိုင်းတာပါ။”

သိလိုက်ရချိန်မှာ ကိုယ်စားလှယ်မဲ မှားပေးခဲ့တဲ့ မဲဆန္ဒရှင် ၈၀ ကျော်ရှိပြီး ဒီ ၈၀ ကျော်ရဲ့ မှားယွင်းပေးထားတဲ့ မဲတွေနဲ့ပတ်သက်လို့ ဘယ်လိုလုပ်ဆောင်မလဲ ဆိုတာကိုတော့ ဦးရန်ရှင်းက အခုလိုပြောပါတယ်။

“တိုင်းဒေသကြီးတခုပဲ ပြန်ပေးရတာပါ။ ညနေကျရင် မဲဆန္ဒနယ်မြေ ၁ ထဲ ရောက်နေတဲ့ မဲဆန္ဒနယ် ၂ အတွက် ပေးမိတာတွေကို ပြန်ပြီး reject လုပ်ပါလိမ့်မယ်။”

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး Generation Tree အဖွဲ့က မဆွေမာဦးကတော့ အခုဖြစ်ရပ်အပေါ် အခုလို သုံးသပ်ပြောဆိုပါတယ်။

“အမအနေနဲ့ ပြောရမယ်ဆိုရင် နှစ်မျိုးပေါ့၊ နံပါတ်တစ်ကတော့ ဒါ ရွေးကောက်ပွဲကော်မရှင်ရဲ့ ပေါ့လျော့မှု။ တိုင်းဒေသကြီး ၂ ကိုပေးရမယ့် ပေးရမယ့်ဟာကို ၂ ကို ပေးပြီးတော့မှ ခု ပယ်မဲဖြစ်သွားလို့ ပြန်ပေးခိုင်းတာကတော့ လုံးဝ တရားမဝင်ဘူးပေါ့။ အခုက သူတို့ဘက်က မှားတဲ့ကိစ္စ။ ဒါပေမယ့် အဲဒါကို ရပ်ကျေးကော်မရှင်ကတော့ Justification ပြန်ရေးမှရမယ်ထင်တယ်။ မဲဆန္ဒရှင်တယောက်အနေနဲ့ကတော့ ဒါ ကော်မရှင်က တာဝန်ယူပြီး သူ့ကို ပြန်ပေးသင့်တယ်။ ဒါကတော့ သူမှားတဲ့အမှား မဟုတ်ဘူးလေ။ မဲဆန္ဒရှင်မှားတဲ့ အမှား မဟုတ်ဘူးလေ။ ကော်မရှင်ရဲ့အမှားဆိုတော့။”

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG