သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအေနာက္ေျမာက္ တိုက္ပဲြေၾကာင္႔ စာနာမႈအေျခအေန ယိုယြင္း (UNOCHA)


ထန္တလန္

ျမန္မာအေနာက္ေျမာက္ တိုက္ပဲြေၾကာင္႔ စာနာမႈအေျခအေန ယိုယြင္း (UNOCHA)

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံ အေနာက္ေျမာက္ဖက္ ခ်င္းျပည္နယ္နဲ႔ ကပ္လ်က္ရွိေနတဲ့ မေကြးနဲ႔ စစ္ကိုင္းတိုင္းေတြမွာ စစ္တပ္နဲ႔ ေဒသခံ လက္နက္ကိုင္ အဖဲြ႕ေတြၾကား တိုက္ခိုက္မႈေတြေၾကာင့္ လူသားခ်င္းစာနာမႈ၊ လူ႔အခြင့္အေရးနဲ႔ လုံျခံဳေရး အေျခအေနေတြ ယိုယြင္းလာေနေၾကာင္း ကုလသမဂၢက သတိေပးလိုက္ပါတယ္။

လက္နက္ကိုင္ တင္းမာမႈေတြ ေပၚေပါက္ေနတဲ့ ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕မွာေတာ့ ေအာက္တိုဘာလ ၂၉ ရက္ေန႔က မီးေလာင္မႈေၾကာင့္ ေနအိမ္အေဆာက္အဦး ၁၆၀ ေက်ာ္နဲ႔ ခရစ္ယာန္ဘုရားေက်ာင္း ၂ ခု မီးေလာင္ပ်က္စီးခဲ့တဲ့ သတင္းေတြ ရရွိခဲ့ေၾကာင္းလည္း ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ႐ုံး (UNOCHA) က ဗုဒၶဟူးေန႔မွာ သတင္းထုတ္ျပန္ခဲ့တာပါ။

တျခားၿမိဳ႕နယ္ေတြမွာလည္း ၾသဂုတ္လ ကတည္းက ပ်က္စီးဆုံး႐ႈံးမႈေတြ ၾကံဳေနရၿပီး လက္နက္ကိုင္ ပဋိပကၡေတြကို စိုးရိမ္မႈေၾကာင့္ ၿမိဳ႕ခံအမ်ားစုကေတာ့ စက္တင္ဘာလ ေႏွာင္းပိုင္းကတည္းက ေဘးလြတ္ရာ တိမ္းေရွာင္ေနရေၾကာင္းလည္း ေျပာပါတယ္။

ေမလကစ လက္နက္ကိုင္ ပဋိပကၡေတြ ေပၚေပါက္ေနတဲ့ ျမန္မာႏိ္ုင္ငံ အေနာက္ေျမာက္ဖက္ေဒသမွာ အမ်ဳိးသမီးနဲ႔ ကေလးေတြ အပါအ၀င္ လူေပါင္း ၃၇,၀၀၀ ေလာက္ အိုးအိမ္စြန္႔ခြာ ထြက္ေျပးေနရၿပီး အိႏၵိယႏိုင္ငံနယ္စပ္အနီး ထန္တလန္ၿမိဳ႕နယ္မွာ ခိုလႈံေနသူ ၁ ေသာင္းေက်ာ္ အပါအ၀င္ ခ်င္းျပည္နယ္မွာ ၁၈,၃၀၀ ထက္မနည္း ရွိေနေၾကာင္းလည္း ေဖာ္ျပထားတာပါ။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း အိႏၵိယႏိုင္ငံကို နယ္စပ္ျဖတ္ေက်ာ္ တိမ္းေရွာင္သြားသူေပါင္း ၁ ေသာင္းခဲြေလာက္ ရွိပါတယ္။

ပဋိပကၡေတြေၾကာင့္ အေရးေပၚ အကူအညီ လိုအပ္သူေတြကို ကူညီေထာက္ပံ့တဲ့ လုပ္ငန္းေတြမွာလည္း လုံျခံဳေရးအေျခအေနေတြေၾကာင့္ အကန္႔အသတ္ေတြ ရွိေနတာပါ။

စက္တင္ဘာလလယ္ ကတည္းက ခ်င္းျပည္နယ္၊ စစ္ကိုင္းနဲ႔ မေကြးတိုင္းတို႔မွာ အင္တာနက္ ဆက္သြယ္မႈေတြ ျဖတ္ေတာက္ထားတာ အပါအ၀င္ အကန္႔အသတ္ေတြေၾကာင့္ ေနရပ္စြန္႔ခြာ ထြက္ေျပးေနရသူေတြနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြနဲ႔ လိုအပ္ခ်က္ေတြကို တိတိက်က် သိရဖို႔ စိန္ေခၚမႈေတြ ၾကံဳေနရတယ္လို႔လည္း UNOCHA ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

......................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာအနောက်မြောက် တိုက်ပွဲကြောင့် စာနာမှုအခြေအနေ ယိုယွင်း (UNOCHA)

{{Unicode}}

မြန်မာနိုင်ငံ အနောက်မြောက်ဖက် ချင်းပြည်နယ်နဲ့ ကပ်လျက်ရှိနေတဲ့ မကွေးနဲ့ စစ်ကိုင်းတိုင်းတွေမှာ စစ်တပ်နဲ့ ဒေသခံ လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ခိုက်မှုတွေကြောင့် လူသားချင်းစာနာမှု၊ လူ့အခွင့်အရေးနဲ့ လုံခြုံရေး အခြေအနေတွေ ယိုယွင်းလာနေကြောင်း ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

လက်နက်ကိုင် တင်းမာမှုတွေ ပေါ်ပေါက်နေတဲ့ ချင်းပြည်နယ်၊ ထန်တလန်မြို့မှာတော့ အောက်တိုဘာလ ၂၉ ရက်နေ့က မီးလောင်မှုကြောင့် နေအိမ်အဆောက်အဦး ၁၆၀ ကျော်နဲ့ ခရစ်ယာန်ဘုရားကျောင်း ၂ ခု မီးလောင်ပျက်စီးခဲ့တဲ့ သတင်းတွေ ရရှိခဲ့ကြောင်းလည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံး (UNOCHA) က ဗုဒ္ဓဟူးနေ့မှာ သတင်းထုတ်ပြန်ခဲ့တာပါ။

တခြားမြို့နယ်တွေမှာလည်း သြဂုတ်လ ကတည်းက ပျက်စီးဆုံးရှုံးမှုတွေ ကြုံနေရပြီး လက်နက်ကိုင် ပဋိပက္ခတွေကို စိုးရိမ်မှုကြောင့် မြို့ခံအများစုကတော့ စက်တင်ဘာလ နှောင်းပိုင်းကတည်းက ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်းလည်း ပြောပါတယ်။

မေလကစ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံ အနောက်မြောက်ဖက်ဒေသမှာ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် လူပေါင်း ၃၇,၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး အိန္ဒိယနိုင်ငံနယ်စပ်အနီး ထန်တလန်မြို့နယ်မှာ ခိုလှုံနေသူ ၁ သောင်းကျော် အပါအဝင် ချင်းပြည်နယ်မှာ ၁၈,၃၀၀ ထက်မနည်း ရှိနေကြောင်းလည်း ဖော်ပြထားတာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံကို နယ်စပ်ဖြတ်ကျော် တိမ်းရှောင်သွားသူပေါင်း ၁ သောင်းခွဲလောက် ရှိပါတယ်။

ပဋိပက္ခတွေကြောင့် အရေးပေါ် အကူအညီ လိုအပ်သူတွေကို ကူညီထောက်ပံ့တဲ့ လုပ်ငန်းတွေမှာလည်း လုံခြုံရေးအခြေအနေတွေကြောင့် အကန့်အသတ်တွေ ရှိနေတာပါ။

စက်တင်ဘာလလယ် ကတည်းက ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ အင်တာနက် ဆက်သွယ်မှုတွေ ဖြတ်တောက်ထားတာ အပါအဝင် အကန့်အသတ်တွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေနဲ့ လိုအပ်ချက်တွေကို တိတိကျကျ သိရဖို့ စိန်ခေါ်မှုတွေ ကြုံနေရတယ်လို့လည်း UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG