သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေလတပ္ဦးစီးခ်ဳပ္ရဲ႕ ရုရွားခရီးစဥ္ ဘာထူးျခားသလဲ 


ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ ။ (ေဖေဖာ္ဝါရီ ၀၃၊ ၂၀၁၈)

(Zawgyi/Unicode)

ျမန္မာေလတပ္အႀကီးအကဲရဲ့ ရုရွားရဟတ္ယာဥ္ျပပြဲခရီးစဥ္က၊ လက္ရွိေလေၾကာင္းစစ္ဆင္ေရးေတြပိုျဖစ္လာတာနဲ႔ ဆက္စပ္မူရွိႏိုင္တယ္လို႔ သံုးသပ္သူေတြက ဆိုပါတယ္။

ေလတပ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္အေနနဲ႔၊ အခု ေမလ ၂၀ ကေန ၂၂ ရက္အထိ ရုရွားမွာ က်င္းပေနတဲ့ ေနာက္ဆံုးေပၚေခတ္မီ ရဟတ္ယာဥ္ျပပြဲကိုလာတက္တာက၊ ဘယ္လိုထူးျခားမူနဲ႔ သက္ေရာက္မူေတြရွိႏိုင္ပါလဲ။

ရုရွားမွာ ၂ ႏွစ္ၾကာပညာသင္ယူခဲ့တဲ့ ျမန္မာတပ္မေတာ္အရာရွိေဟာင္းတစ္ဦးကို ကိုဝင္းမင္းက ေမးထားပါတယ္။

ေလေၾကာင္းစစ္ဆင္ေရးလက္နက္ေတြကိုပါ ေလ့လာထားတဲ့ ေသနဂၤမဟာဗ်ဴဟာေလ့လာေရးအဖြဲ႔ အမႈေဆာင္ဒါရိုက္တာ ေဒါက္တာ ႏိုင္ေဆြဦးက အခု ရုရွားရဟတ္ယာဥ္ျပပြဲရဲ႕ ထူးျခားပံုကို

“ ဒီ HeliRussia 2021 ကေတာ့ ရုရွားႏိုင္ငံမွာအၾကီးမားဆံုး ရုရွားရဟတ္ယာဥ္ျပပြဲေပါ့ေနာ္ ။ ရုရွားႏိုင္ငံမွာရွိတဲ့ ရဟတ္ယာဥ္ကုမၸဏီေတြ စုေပါင္းၿပီးမွ ျပတဲ့ အျပည္ျပည္ဆိုင္ရာ ရဟတ္ယာဥ္ျပပြဲေပါ့ေနာ္၊ ဒါကို ၂၀၀၇ ကတည္းကေနၿပီးေတာ့မွ စၿပီးေတာ့ လုပ္တာျဖစ္ပါတယ္။”

အဲဒီေတာ့ ျမန္မာစစ္တပ္ေခါင္းေဆာင္ပိုင္းက အခုလို ရဟတ္ယာဥ္ျပပြဲ သြားတက္ရတဲ့ ထူးျခားမႈကို ေမးရာမွာ ေဒါက္တာ ႏိုင္ေဆြဦးက

“ တပ္မေတာ္အႀကီးအကဲေတြဟာလည္း ႏိုင္ငံတကာမွာ ျပဳလုပ္တဲ့ လက္နက္ျပပြဲေတြ ဖိုရမ္ေတြကို ပံုမွန္တက္ေရာက္ေလ့ရွိတယ္ ဆိုတာကို က်ေနာ္တို႔ ေတြ႔ရတယ္၊ Army forum ေတြ၊ ရုရွားမွာ လုပ္တဲ့အခါ သူတို႔ လာတက္ေလ့ရွိတယ္။ ဟိုအရင္တုန္းက ျပင္သစ္မွာလုပ္တဲ့ EUROSATORY လက္နက္ျပပြဲေတြမွာ သြားေလ့ရွိတယ္။ ဒါ့အျပင္ တရုတ္လို အစၥေရးတို႔လိုစတဲ့ႏိုင္ငံေတြမွာလုပ္တဲ့ လက္နက္ျပပြဲေတြ သြားတာေတြလည္း ေတြ႔ရတယ္။ အဓိကအားျဖင့္ေတာ့ ကမာၻႀကီးမွာ လက္နက္စနစ္ေတြဆိုတာက ေန႔စဥ္နဲ႔အမွ် တိုးတက္ေျပာင္းလဲေနတာျဖစ္ပါတယ္။ ဒါေတြကို လိုက္မီဖို႔ဆိုရင္ ဒီလိုမ်ိဳးျပပြဲေတြရွိမွသာလွ်င္ က်ေနာ္တုိ႔က သြားၿပီးေတာ့မွ မ်က္၀ါးထင္ထင္ ျမင္ရတာျဖစ္ပါတယ္။”

ဒီေနရာမွာ ျမန္မာေလတပ္အတြက္ဆိုရင္ေရာ အခု ရုရွားရဟတ္ယာဥ္ျပပြဲက ဘယ္လိုထူးျခားမႈရွိပါသလဲ ေမးရာမွာ ေဒါက္တာ ႏိုင္ေဆြဦးက

“အဓိကအားျဖင့္ က်ေနာ္တို႔ႏိုင္ငံမွာလည္း တရား၀င္ထုတ္ေဖာ္ျပသမႈေတြအရတာ့ က်ေနာ္တို႔ႏုိင္ငံမွာ သံုးတဲ့ ရဟတ္ယာဥ္အားလံုးနီးပါး အမ်ားစုကေတာ့ ရုရွားထုတ္ရဟတ္ယာဥ္ေတြျဖစ္ေနတယ္။ ထိုနည္းတူပါပဲ ေလယာဥ္ပ်ံေတြလည္း ရုရွားထုတ္ေတြျဖစ္တာ တခ်က္ျဖစ္တယ္။ ေနာက္ၿပီးေတာ့ က်ေနာ္တို႔နဲ႔ ရုရွားဆိုတာကလည္း မဟာဗ်ဴဟာ မိတ္ဖက္ေပါ့ေနာ္ ႏိုင္ငံျဖစ္ပါတယ္။ ဆိုတဲ့အခါက်ေတာ့ ေရွ႕ကိုဆက္ၿပီးမွ အဆင့္ျမင့္မယ္ဆိုရင္လည္း လက္ရွိသံုးေနတဲ့ ပလက္ေဖာင္းေတြကိုပဲ ထပ္ၿပီးေတာ့ အဆင့္ျမင့္တာ က်ေနာ္တို႔အတြက္ ေကာင္းတဲ့အရာျဖစ္တယ္ေပါ့ေနာ္။ ဆိုေတာ့ က်ေနာ္တို႔မွာ သံုးေနတဲ့ ရဟတ္ယာဥ္ေတြကို ထပ္ၿပီးေတာ့ အဆင့္ျမင့္တာျဖစ္ေစ ဒါေတြကိုအေျခခံၿပီး ေနာက္ထပ္အသစ္၀ယ္တာ ျဖစ္ေစေပါ့ေနာ္။”

အဲဒီေတာ့ အခုျမန္မာ ႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီး ပိုျဖစ္လာတဲ့ တိုက္ပြဲေတြထဲ ေလေၾကာင္းအင္အားပိုသံုးၿပီး ရဟတ္ယာဥ္ေတြပိုသံုးလာတဲ့ အေနအထားနဲ႔ ဒီျပပြဲ ဆက္စပ္မႈ ရွိႏိုင္ပံုကို ေမးရာမွာ ေဒါက္တာ ႏိုင္ေဆြဦးကဆက္ၿပီး

“တိုက္ခိုက္တဲ့ ရဟတ္ယာဥ္ေတြကို ၾကည့္မယ္ဆိုရင္ က်ေနာ္တို႔မွာ သံုးေနတာ Mi-35 လို ရဟတ္ယာဥ္မ်ိဳး တရား၀င္ျပသမူအရ ျမင္ေနရတာ၊ ဆိုေတာ့ တခ်ိန္မွာလည္း က်ေန္ာတို႔က အနာဂတ္မွာေပါ့ေလ Mi-28NE လိုမ်ိဳး တိုက္ခိုက္ေရး ရဟတ္ယာဥ္မ်ိဳးေတြပိုင္ဆိုင္လာႏိုင္မလားတာလည္း တြက္ခ်က္ရတာျဖစ္တဲ့အတြက္။ ဆိုေတာ့၊ ေနာက္ထပ္ ထပ္ထြက္လာတဲ့ Mi-38 လိုမ်ိဳး သယ္ယူပို႔ေဆာင္တဲ့ ရဟတ္ယာဥ္မ်ိဳးေတြ ထပ္ၿပီးေတာ့မွ လိုအပ္လာတဲ့အခ်ိန္မွာ တိုးခ်ဲ႕၀ယ္ယူတာ ဒါမ်ိဳးလည္း ရွိလာႏိုင္တာေပါ့ေနာ္။ ျပတာက ျပတာေပါ့ေနာ္၊ က်ေနာ္တို႔ကလည္း မိမိႏိုင္ငံအနာဂတ္ စစ္အင္အားအတြက္ကို ႀကိဳၿပီးေတာ့မွ ေလ့လာထားဖို႔ ျဖစ္ပါတယ္။ ၀ယ္မယ္ မ၀ယ္ဘူးလို႔ ကံေသကံမ ဘာမွ ေျပာလို႔မရပါဘူး။”

ဒါ့အျပင္ အခုရုရွားခရီးစဥ္မွာက ေလတပ္ဦးစီးခ်ဳပ္အျဖစ္ သြားတာအျပင္ စစ္အုပ္ခ်ဳပ္ေရးေကာင္စီ အဖြဲ႔၀င္လည္းျဖစ္ေနတာမို႔ ႏိုင္ငံေရးအရ အေရးပါမႈကို ေမးရာမွာ ေဒါက္တာ ႏိုင္ေဆြဦးက

“ႏိုင္ငံေရးအရ ေျပာဆိုေဆြးေႏြးမႈက သိပ္ၿပီးေတာ့မွ မရွိဘူးလို႔ က်ေနာ္ထင္တယ္ေပါ့ေနာ္။ ဒါေပမယ့္ အခြင့္အခါသင့္ရင္ေတာ့လည္း ျမန္မာႏိုင္ငံနဲ႔ ပတ္သက္တဲ့ လက္ရွိ ျဖစ္ေပၚတုိးတက္မႈေတြကိုေတာ့လည္း သက္ဆိုင္ရာ တဖက္က တာ၀န္ရွိသူတဦးကိုလည္း ဒါေျပာခ်င္လည္း ေျပာမွာေပါ့ေနာ္။”

ဒီိေနရာမွာ စစ္အာဏာသိမ္းၿပီး ျမန္မာႏိုင္ငံထဲကို ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈေတြ ၀င္လာဖို႔ ခက္လာခ်ိန္မွာ ရုရွားရဲ့ ရင္းႏွီးျမွဳပ္ႏွံမႈေတြကို ဖိတ္ေခၚႏိုင္ဖို႔ အပိုင္းကို ေမးရာမွာလည္း ေဒါက္တာ ႏိုင္ေဆြဦးက

“တဖက္က ရင္းႏွီးျမွဳပ္ႏွံမႈကို ဖိတ္ေခၚတဲ့အပိုင္းကေတာ့ မဟုတ္ဘူးလို႔ က်ေနာ္ျမင္ပါတယ္။ ေနာက္ၿပီးေတာ့ ရုရွားနဲ႔ ျမန္မာဆိုတာကလည္း စီးပြားေရးအရ ရင္းႏွီးျမွဳပ္ႏွံမႈက သိပ္ၿပီးေတာ့မရွိဘူး။ ႏိုင္ငံအေနရဲ့ ေရေျမအေနအထားရ ေ၀းကြာေနတာလည္း ပါတာေပါ့ေနာ္။ ဆိုေတာ့ အဲဒီဘက္ကေတာ့ သိပ္ၿပီးေတာ့ သြားမယ္လို႔ မထင္ပါဘူး။”

အဲဒီေတာ့ အခုရုရွားခရီးစဥ္ကေန ေရွ႕မွာ ဘယ္လိုထူးျခားတဲ့ သက္ေရာက္မႈ ရွိလာႏိုင္တာကိုလည္း ေဒါက္တာ ႏိုင္ေဆြဦးက

“ဒါက ရွိၿပီးသား မဟာဗ်ဴဟာဆက္ဆံေရး ပိုၿပီးေတာ့မွ တိုးတက္ေစတဲ့ ခရီးစဥ္လို႔ ျမင္တာေပါ့ေနာ္။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔ ႏိုင္ငံရဲ႕ တည္ရွိေနမႈအေနအထားအရလည္း တရုတ္နဲ႔ အိႏိၵယလိုမ်ိဳး အင္အားႀကီးႏိုင္ငံ ၾကားမွာ ရွိၿပီးေတာ့မွ အာရွပစိဖိတ္ေဒသမွာ အေရးပါတဲ့ မဟာဗ်ဴဟာအရ အခ်က္အျခာက်တဲ့ ေနရာမွာ ရွိေနတာေပါ့ေနာ္။ ဆိုေတာ့ ရုရွားသည္လည္း ကမာၻေပၚမွာ အင္အားႀကီးႏိုင္ငံ တဖန္ျပန္ျဖစ္လာဖို႔အတြက္ ႀကိဳးပမ္းေနတယ္ တာဆူေနတဲ့ ႏိုင္ငံျဖစ္တယ္ေပါ့ေနာ္။ ဆိုေတာ့ က်ေနာ္တို႔ ႏိုင္ငံနဲ႔ မဟာဗ်ဴဟာ မဟာမိတ္အျဖစ္ တည္ေဆာက္ထားတာလည္း ဒီေဒသမွာ ရုရွားရဲ႕ အင္အားႀကီးထြားလာမႈကို ျပခ်င္တာလည္း တပိုင္းပါလိမ့္မယ္ေပါ့ေနာ္ ဆိုေတာ့ ဒါေတြကို ၾကည့္ၿပီး ရုရွားနဲ႔ ျမန္မာ ဆက္ဆံေရးက ပိုၿပီးေတာ့ ခိုင္မာ တိုးတက္လာမယ္လို႔ က်ေနာ္ျမင္ပါတယ္။”

တကယ္ေတာ့ ရုရွားမႈ ၾသဇာႀကီးတဲ့ ကာကြယ္ေရး၀န္ႀကီးနဲ႔ ဒု၀န္ႀကီးေတြလည္း ျမန္မာစစ္အာဏာ မသိမ္းခင္ေလးနဲ႔ သိမ္းအၿပီးမွာ ျမန္မာစစ္တပ္အရာရွိေတြနဲ႔ နီးနီးကပ္ကပ္ ေတြ႔ဆံုေဆြးေႏြးခဲ့ၾကၿပီး အခုလက္ရွိမွာလည္း စစ္အာဏာ သိမ္းထားတဲ့ ျမန္မာႏိုင္ငံအေပၚ ႏိုင္ငံတကာက လက္နက္ေရာင္းခ်မႈ ပိတ္ဆို႔ေရး ကုလသမ ဂၢ မွာ ႀကိဳးပမ္းလာခ်ိန္မွာ၊ ဒီခရီးစဥ္ျဖစ္လာတာက ထူးျခားတယ္လို႔ သံုးသပ္သူေတြက ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

လေတပ်ဦးစီးချုပ်ရဲ့ ရုရှားခရီးစဉ် ဘာထူးခြားသလဲ

(Unicode)

မြန်မာလေတပ်အကြီးအကဲရဲ့ ရုရှားရဟတ်ယာဉ်ပြပွဲခရီးစဉ်က၊ လက်ရှိလေကြောင်းစစ်ဆင်ရေးတွေပိုဖြစ်လာတာနဲ့ ဆက်စပ်မူရှိနိုင်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်အနေနဲ့၊ အခု မေလ ၂၀ ကနေ ၂၂ ရက်အထိ ရုရှားမှာ ကျင်းပနေတဲ့ နောက်ဆုံးပေါ်ခေတ်မီ ရဟတ်ယာဉ်ပြပွဲကိုလာတက်တာက၊ ဘယ်လိုထူးခြားမူနဲ့ သက်ရောက်မူတွေရှိနိုင်ပါလဲ။

ရုရှားမှာ ၂ နှစ်ကြာပညာသင်ယူခဲ့တဲ့ မြန်မာတပ်မတော်အရာရှိဟောင်းတစ်ဦးကို ကိုဝင်းမင်းက မေးထားပါတယ်။

လေကြောင်းစစ်ဆင်ရေးလက်နက်တွေကိုပါ လေ့လာထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ နိုင်ဆွေဦးက အခု ရုရှားရဟတ်ယာဉ်ပြပွဲရဲ့ ထူးခြားပုံကို

“ ဒီ HeliRussia 2021 ကတော့ ရုရှားနိုင်ငံမှာအကြီးမားဆုံး ရုရှားရဟတ်ယာဉ်ပြပွဲပေါ့နော် ။ ရုရှားနိုင်ငံမှာရှိတဲ့ ရဟတ်ယာဉ်ကုမ္ပဏီတွေ စုပေါင်းပြီးမှ ပြတဲ့ အပြည်ပြည်ဆိုင်ရာ ရဟတ်ယာဉ်ပြပွဲပေါ့နော်၊ ဒါကို ၂၀၀၇ ကတည်းကနေပြီးတော့မှ စပြီးတော့ လုပ်တာဖြစ်ပါတယ်။”

အဲဒီတော့ မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းက အခုလို ရဟတ်ယာဉ်ပြပွဲ သွားတက်ရတဲ့ ထူးခြားမှုကို မေးရာမှာ ဒေါက်တာ နိုင်ဆွေဦးက

“ တပ်မတော်အကြီးအကဲတွေဟာလည်း နိုင်ငံတကာမှာ ပြုလုပ်တဲ့ လက်နက်ပြပွဲတွေ ဖိုရမ်တွေကို ပုံမှန်တက်ရောက်လေ့ရှိတယ် ဆိုတာကို ကျနော်တို့ တွေ့ရတယ်၊ Army forum တွေ၊ ရုရှားမှာ လုပ်တဲ့အခါ သူတို့ လာတက်လေ့ရှိတယ်။ ဟိုအရင်တုန်းက ပြင်သစ်မှာလုပ်တဲ့ EUROSATORY လက်နက်ပြပွဲတွေမှာ သွားလေ့ရှိတယ်။ ဒါ့အပြင် တရုတ်လို အစ္စရေးတို့လိုစတဲ့နိုင်ငံတွေမှာလုပ်တဲ့ လက်နက်ပြပွဲတွေ သွားတာတွေလည်း တွေ့ရတယ်။ အဓိကအားဖြင့်တော့ ကမ္ဘာကြီးမှာ လက်နက်စနစ်တွေဆိုတာက နေ့စဉ်နဲ့အမျှ တိုးတက်ပြောင်းလဲနေတာဖြစ်ပါတယ်။ ဒါတွေကို လိုက်မီဖို့ဆိုရင် ဒီလိုမျိုးပြပွဲတွေရှိမှသာလျှင် ကျနော်တို့က သွားပြီးတော့မှ မျက်ဝါးထင်ထင် မြင်ရတာဖြစ်ပါတယ်။”

ဒီနေရာမှာ မြန်မာလေတပ်အတွက်ဆိုရင်ရော အခု ရုရှားရဟတ်ယာဉ်ပြပွဲက ဘယ်လိုထူးခြားမှုရှိပါသလဲ မေးရာမှာ ဒေါက်တာ နိုင်ဆွေဦးက

“အဓိကအားဖြင့် ကျနော်တို့နိုင်ငံမှာလည်း တရားဝင်ထုတ်ဖော်ပြသမှုတွေအရတာ့ ကျနော်တို့နိုင်ငံမှာ သုံးတဲ့ ရဟတ်ယာဉ်အားလုံးနီးပါး အများစုကတော့ ရုရှားထုတ်ရဟတ်ယာဉ်တွေဖြစ်နေတယ်။ ထိုနည်းတူပါပဲ လေယာဉ်ပျံတွေလည်း ရုရှားထုတ်တွေဖြစ်တာ တချက်ဖြစ်တယ်။ နောက်ပြီးတော့ ကျနော်တို့နဲ့ ရုရှားဆိုတာကလည်း မဟာဗျူဟာ မိတ်ဖက်ပေါ့နော် နိုင်ငံဖြစ်ပါတယ်။ ဆိုတဲ့အခါကျတော့ ရှေ့ကိုဆက်ပြီးမှ အဆင့်မြင့်မယ်ဆိုရင်လည်း လက်ရှိသုံးနေတဲ့ ပလက်ဖောင်းတွေကိုပဲ ထပ်ပြီးတော့ အဆင့်မြင့်တာ ကျနော်တို့အတွက် ကောင်းတဲ့အရာဖြစ်တယ်ပေါ့နော်။ ဆိုတော့ ကျနော်တို့မှာ သုံးနေတဲ့ ရဟတ်ယာဉ်တွေကို ထပ်ပြီးတော့ အဆင့်မြင့်တာဖြစ်စေ ဒါတွေကိုအခြေခံပြီး နောက်ထပ်အသစ်ဝယ်တာ ဖြစ်စေပေါ့နော်။”

အဲဒီတော့ အခုမြန်မာ နိုင်ငံမှာ စစ်အာဏာသိမ်းပြီး ပိုဖြစ်လာတဲ့ တိုက်ပွဲတွေထဲ လေကြောင်းအင်အားပိုသုံးပြီး ရဟတ်ယာဉ်တွေပိုသုံးလာတဲ့ အနေအထားနဲ့ ဒီပြပွဲ ဆက်စပ်မှု ရှိနိုင်ပုံကို မေးရာမှာ ဒေါက်တာ နိုင်ဆွေဦးကဆက်ပြီး

“တိုက်ခိုက်တဲ့ ရဟတ်ယာဉ်တွေကို ကြည့်မယ်ဆိုရင် ကျနော်တို့မှာ သုံးနေတာ Mi-35 လို ရဟတ်ယာဉ်မျိုး တရားဝင်ပြသမူအရ မြင်နေရတာ၊ ဆိုတော့ တချိန်မှာလည်း ကျနေ်ာတို့က အနာဂတ်မှာပေါ့လေ Mi-28NE လိုမျိုး တိုက်ခိုက်ရေး ရဟတ်ယာဉ်မျိုးတွေပိုင်ဆိုင်လာနိုင်မလားတာလည်း တွက်ချက်ရတာဖြစ်တဲ့အတွက်။ ဆိုတော့၊ နောက်ထပ် ထပ်ထွက်လာတဲ့ Mi-38 လိုမျိုး သယ်ယူပို့ဆောင်တဲ့ ရဟတ်ယာဉ်မျိုးတွေ ထပ်ပြီးတော့မှ လိုအပ်လာတဲ့အချိန်မှာ တိုးချဲ့ဝယ်ယူတာ ဒါမျိုးလည်း ရှိလာနိုင်တာပေါ့နော်။ ပြတာက ပြတာပေါ့နော်၊ ကျနော်တို့ကလည်း မိမိနိုင်ငံအနာဂတ် စစ်အင်အားအတွက်ကို ကြိုပြီးတော့မှ လေ့လာထားဖို့ ဖြစ်ပါတယ်။ ဝယ်မယ် မဝယ်ဘူးလို့ ကံသေကံမ ဘာမှ ပြောလို့မရပါဘူး။”

ဒါ့အပြင် အခုရုရှားခရီးစဉ်မှာက လေတပ်ဦးစီးချုပ်အဖြစ် သွားတာအပြင် စစ်အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်လည်းဖြစ်နေတာမို့ နိုင်ငံရေးအရ အရေးပါမှုကို မေးရာမှာ ဒေါက်တာ နိုင်ဆွေဦးက

“နိုင်ငံရေးအရ ပြောဆိုဆွေးနွေးမှုက သိပ်ပြီးတော့မှ မရှိဘူးလို့ ကျနော်ထင်တယ်ပေါ့နော်။ ဒါပေမယ့် အခွင့်အခါသင့်ရင်တော့လည်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လက်ရှိ ဖြစ်ပေါ်တိုးတက်မှုတွေကိုတော့လည်း သက်ဆိုင်ရာ တဖက်က တာဝန်ရှိသူတဦးကိုလည်း ဒါပြောချင်လည်း ပြောမှာပေါ့နော်။”

ဒီနေရာမှာ စစ်အာဏာသိမ်းပြီး မြန်မာနိုင်ငံထဲကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ ခက်လာချိန်မှာ ရုရှားရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နိုင်ဖို့ အပိုင်းကို မေးရာမှာလည်း ဒေါက်တာ နိုင်ဆွေဦးက

“တဖက်က ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်တဲ့အပိုင်းကတော့ မဟုတ်ဘူးလို့ ကျနော်မြင်ပါတယ်။ နောက်ပြီးတော့ ရုရှားနဲ့ မြန်မာဆိုတာကလည်း စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုက သိပ်ပြီးတော့မရှိဘူး။ နိုင်ငံအနေရဲ့ ရေမြေအနေအထားရ ဝေးကွာနေတာလည်း ပါတာပေါ့နော်။ ဆိုတော့ အဲဒီဘက်ကတော့ သိပ်ပြီးတော့ သွားမယ်လို့ မထင်ပါဘူး။”

အဲဒီတော့ အခုရုရှားခရီးစဉ်ကနေ ရှေ့မှာ ဘယ်လိုထူးခြားတဲ့ သက်ရောက်မှု ရှိလာနိုင်တာကိုလည်း ဒေါက်တာ နိုင်ဆွေဦးက

“ဒါက ရှိပြီးသား မဟာဗျူဟာဆက်ဆံရေး ပိုပြီးတော့မှ တိုးတက်စေတဲ့ ခရီးစဉ်လို့ မြင်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ နိုင်ငံရဲ့ တည်ရှိနေမှုအနေအထားအရလည်း တရုတ်နဲ့ အိန္ဒိယလိုမျိုး အင်အားကြီးနိုင်ငံ ကြားမှာ ရှိပြီးတော့မှ အာရှပစိဖိတ်ဒေသမှာ အရေးပါတဲ့ မဟာဗျူဟာအရ အချက်အခြာကျတဲ့ နေရာမှာ ရှိနေတာပေါ့နော်။ ဆိုတော့ ရုရှားသည်လည်း ကမ္ဘာပေါ်မှာ အင်အားကြီးနိုင်ငံ တဖန်ပြန်ဖြစ်လာဖို့အတွက် ကြိုးပမ်းနေတယ် တာဆူနေတဲ့ နိုင်ငံဖြစ်တယ်ပေါ့နော်။ ဆိုတော့ ကျနော်တို့ နိုင်ငံနဲ့ မဟာဗျူဟာ မဟာမိတ်အဖြစ် တည်ဆောက်ထားတာလည်း ဒီဒေသမှာ ရုရှားရဲ့ အင်အားကြီးထွားလာမှုကို ပြချင်တာလည်း တပိုင်းပါလိမ့်မယ်ပေါ့နော် ဆိုတော့ ဒါတွေကို ကြည့်ပြီး ရုရှားနဲ့ မြန်မာ ဆက်ဆံရေးက ပိုပြီးတော့ ခိုင်မာ တိုးတက်လာမယ်လို့ ကျနော်မြင်ပါတယ်။”

တကယ်တော့ ရုရှားမှု သြဇာကြီးတဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ ဒုဝန်ကြီးတွေလည်း မြန်မာစစ်အာဏာ မသိမ်းခင်လေးနဲ့ သိမ်းအပြီးမှာ မြန်မာစစ်တပ်အရာရှိတွေနဲ့ နီးနီးကပ်ကပ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အခုလက်ရှိမှာလည်း စစ်အာဏာ သိမ်းထားတဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက လက်နက်ရောင်းချမှု ပိတ်ဆို့ရေး ကုလသမ ဂ္ဂ မှာ ကြိုးပမ်းလာချိန်မှာ၊ ဒီခရီးစဉ်ဖြစ်လာတာက ထူးခြားတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG