သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထားဝယ်ကြက်ခြံများအနီး အထူးဧရိယာ သတ်မှတ်စောင့်ကြည့်


h5n1 ကူးစက်မှုမရှိအောင် မြိတ်မြို့တွင် စစ်ဆေးနေ (MOI)
h5n1 ကူးစက်မှုမရှိအောင် မြိတ်မြို့တွင် စစ်ဆေးနေ (MOI)

တနင်္သာရီတိုင်းထားဝယ်က ကြက်ခြံအချို့မှာ ကြက်တွေ အစုအပြုံလိုက် သေဆုံးမှုဖြစ်ပြီး ဓါတ်ခွဲစမ်းသပ်ရာမှာတော့ကြက်ခြံတခုမှာ H5N1 ကြက်ငှက်တုတ်ကွေး ဖြစ်တယ်ဆိုတာ အတည်ပြုခဲ့ပြီးတဲ့ နောက်မှာတော့ ထားဝယ်မြိုက ဖျားနာတဲ့ကလေးတဦးကို စောင့်ကြည့် ကုသတဲ့အနေနဲ့ ဆေးရုံတင်ခဲ့ရာမှာကနဦးစမ်းသပ်ချက်အရ ရောဂါပိုးတွေရှိခြင်းမရှိဘူးလို့တိုင်းကျန်းမာရေးဦးစီးဌာနကပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ထားဝယ်မြို့က ကြက်ခြံတခုမှာ ကြက်တွေထောင်ဂဏန်းနဲ့ သေဆုံးမူဖြစ်ပြီးတဲ့နောက်မှာတော့ ဓါတ်ခွဲစမ်းသပ်ရလဒ်အရ H5N1 ကြက်ငှက်တုတ်ကွေးဖြစ်တယ်ဆိုတာကို အတည်ပြုခဲ့ပါတယ်။ ကြက်ခြံအနီးတဝိုက် နေထိုင်နေတဲ့ ပြည်သူများထဲက ကလေးငယ်တဦး စောင့်ကြည့် ကုသအဆင့်နဲ့ ဆေးရုံပို့ကုသမူလုပ်ခဲ့ရာမှ ကနဦးစမ်းသပ်စစ်ဆေးချက်အရ ရောဂါပိုး တွေရှိခြင်း မရှိဘူးလို့တိုင်းကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါက်တာကျော်ဇေယျကပြောပါတယ်။

“ဖြစ်ပွားတဲ့ နယ်မြေပတ်ဝန်းကျင်ရပ်ကွက်က ကလေးတယောက်ကတော့ကျနော်တို့ ဆေးရုံတင်ပါတယ်။ စောင့်ကြည်ကုသပါတယ်။ ဒါပေမယ့် အခုတော့ ကလေးက အဖျားကျသွားတယ် ကျနော်တို့ ပဏမ စမ်းသပ်တွေ့ရှိချက်အရဖြစ်ပွားတဲ့ ပိုးတွေ့ရှိခြင်း မရှိပါဘူး”

ဓါတ်ခွဲစမ်းသပ်ရလဒ်အရ H5N1 ကြက်ငှက်တုတ်ကွေးဖြစ်တယ်ဆိုတာကိုအတည်ပြုထားတဲ့ နောက်မွေးမြူရေးကုသရေးဦးစီးဌာနက ဦးစီးပြီး ကြက်ဌက်တုတ်ကွေး စတင်ဖြစ်ပွားတဲ့ ကြက်ခြံတခုကကြက်တွေကို မြေမြုပ်ထားတာတွေ ကို လုပ်ခဲ့တယ်လို့ လည်းထားဝယ်မြိုခံတဦးက ပြောပြပါတယ်။

“ထားဝယ်က အများဆုံးလုပ်တဲ့ကြက်တွေက ဒေါက်တာဦးမောင်နီပေါ့နော်။ သူူကြက်ခြံက အများဆုံးကြက်တွေ အများကြီး၊ သူကြက်ခြံကစပြီးဖြစ်တယ်လို့ ပြောတယ် သူကထားဝယ် မြို့ပေါ်မှာ အကြီးဆုံးမွေးမြူးရေးလုပ်ငန်းလေ အခုသူ့ခြံမှာကြက် ၈၀၀၀လောက်ကို ဆလာအိပ်နဲ့ထည့်ပြီး မြေမြုပ်ပြီးတော့ အခုနေ့လည်က စလုပ်ကြတယ်။ ကြက်ခြံနဲ့ နီးတဲ့နေရာကလူတွေအများကြီးပဲ နေမကောင်းဖြစ်နေကြတယ် သူတို့ တွေက ဆေးခန်းသွာပြနေကြတယ်။ ကျမတူလေးဆိုရင်လည်းနေမကောင်းလို့နေမကောင်းဖြစ်ပြီး ဆေးခန်းသွားရတယ်”

လူအများ ဖျားနာမူဖြစ်တာတွေတော့ရှိတဲ့အကြောင်း ဆေးခန်းတွေကို လာရောက်ကြတာရှိတယ် ဆိုတာရှိတယ်ဆိုတဲ့ကြောင်းကိုတော့ ဒေါက်တာကျော်ဇေယျကလည်းပြောပြပါတယ်

“ရောက်ပါတယ် ခင်ဗျ ကျနော်တိုကပုံမှန်အားဖြင့်ကြက်ခြံရဲ့ဘေးပတ်ဝန်ကျင်းအထူးဧရိယာ သတ်မှတ်ပါတယ်။ အထူးဧရိယာ၃ဆင့် သတ်မှတ်ပါတယ်။ အနီးဆုံး ဧရိယာတွေကတော့ နေ့စဉ် ၊မနက်၊ ည အကုန်လုံးပဲ ၊ အထူးစောင့်ကြပ်စစ်ဆေးမူ လုပ်ပါတယ်။ အကုန်လုံး အိမ်တွေအားလုံးကို အမြဲ စောင့်ကြည့်ပါတယ်။ ကျနော်တို့ ဆေးခန်းလည်း ဖွင့်ပါတယ်။ ပုံမှန်အားဖြင့် ထူးခြားတဲ့ ဖျားနာမူကိုတော့ မတွေရသေးဘူး။ ထူးခြားတဲ့ဖျားနာမူကို ဆေးရုံးတင်နိုင်ဖို့ ကျနော်တို့အားလုံးအဆင်သင့် ပြင်ဆင်ထားပါတယ်”

ဒီအတွက်ထားဝယ်မြို့ မှာ စာသင်ကျောင်းအားလုံးပိတ်ထားရတယ်လို့လည်း ထားဝယ်မြိုခံက ဆက်ပြောပြပါတယ်။

“ထားဝယ်မှာ အ.ထ.က ၆ကျောင်း ပိတ်ထားတယ်။ အမှတ် ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ပေါ့ နော် အ.ထ.က ၆ကျောင်းတော့ ပိတ်ထားရတယ်။ ဘော်ဒါတွေပါ ကလေးတွေအားလုံး ရွာပြန်ကုန်ပြီ။ အစိုးရကလည်း အားနည်းပါတယ်။ အခုလိုကြေညာချက် ထွက်တာပဲ ကျမတို့ အံ့သြဖြစ်နေရတယ်။ ကလေးတွေကျောင်းတွေပိတ်တယ်ဆိုတာက ကလေးတွေကပဲ စပြီးဖြစ်တတ်တာဆိုတော့ ကျောင်းတွေကကြောက်စရာကောင်းတယ်လေ။ ကျောင်းတွေကို စောစောစီးစီး ညွန်ကြားချက်ကမလုပ် နောက်ကျတဲ့အတွက် ကျမတို့ စိတ်မကောင်းဖြစ်ရတာပေါ့နော်”

ထားဝယ်က ကြက်ခြံအချို့မှာ အခုလို ကြက်တွေ အစုအပြုံလိုက် သေဆုံးမှုကြောင့် အနီးအနားဒေသနဲ့ မြိတ်မြို့တွေမှာပါ ကြက်မွေးမြူရေးခြံတွေကို တိုင်းကျန်းမာရေးဌာနက စစ်ဆေးမှုတွေလုပ်နေပါတယ်။ ထားဝယ် ကြက်ခြံက ကြက်ရောဂါပိုးတွေကို ဓါတ်ခွဲစမ်းသပ်ရလဒ် မှာတော့ H5N1 ကြက်ငှက်တုတ်ကွေးဖြစ်တယ်ဆိုတာ ကို အတည်ပြုယူရပြီလို့ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဒေါက်တာထွန်းလွင်က ဗွီအိုအေကို အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG