သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ILO အုပ္ခ်ဳပ္ေရးအဖြဲ႕ရဲ႕ အလုပ္သမားအစုအဖြဲ႕ကိုယ္စားျပဳအျဖစ္ ျမန္မာတဦးေ႐ြးခ်ယ္ခံရ


႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ CTUM ရဲ႕ အေထြေထြအတြင္းေရးမွဴးျဖစ္သူ ေဒၚၿဖိဳးစႏၵာစိုး (ဓါတ္ပံု-Phyo Sandar Soe facebook)

(Zawgyi/Unicode)

အျပည္ျပည္ဆိုင္ရာ အလုပ္သမားအဖြဲ႕ခ်ဳပ္ - ILO ရဲ႕ အုပ္ခ်ဳပ္ေရးအဖြဲ႕ က သုံးႏွစ္တႀကိမ္ေ႐ြးခ်ယ္တဲ့ အလုပ္သမားအစုအဖြဲ႕မွာ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ CTUM ကအႀကီးတန္းတာဝန္ရွိသူတဦး ေ႐ြးခ်ယ္ခံရပါတယ္။ ဒီလိုေ႐ြးခ်ယ္ခံရတဲ့အတြက္ ILO ရဲ႕ ပုံမွန္အစည္းအေဝးေတြမွာ ျမန္မာကိုယ္စားျပဳအေနနဲ႔ ျမန္မာ့အေရးကိစၥေတြကို ပိုၿပီးထိထိေရာက္ေရာက္ လုပ္ႏိုင္လိမ့္မယ္လို႔ CTUM တာဝန္ရွိသူက ဗြီအိုေအကိုေျပာပါတယ္။ ရန္ကုန္က ေပးပို႔တဲ့ ဒီသတင္း အျပည့္အစုံကိုေတာ့ ရဲမြန္ က ေျပာျပေပးမွာပါ။

Switzerland ႏိုင္ငံ Geneva ၿမိဳ႕မွာ လက္ရွိက်င္းပေနတဲ့ ILO ရဲ႕ (၁၀၉) ႀကိမ္ေျမာက္ညီလာခံမွာ ILO အုပ္ခ်ဳပ္ေရးအဖြဲ႕ရဲ႕ အလုပ္သမားအစုအဖြဲ႔ဝင္တေယာက္အေနနဲ႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ CTUM ရဲ႕ အေထြေထြအတြင္းေရးမွဴးျဖစ္သူ ေဒၚၿဖိဳးစႏၵာစိုး ေ႐ြးခ်ယ္ခံရပါတယ္။ ၃ ႏွစ္တႀကိမ္ အလုပ္သမားအစုအဖဲြ႔ဝင္ ၃၃ ေယာက္ကို ညီလာခံတက္လာတဲ့ ကိုယ္စားလွယ္အားလံုးက လွ်ိဳ ႔ဝွက္ မဲေပးေ႐ြးခ်ယ္ၾကတာျဖစ္ပါတယ္။

အဖဲြ႔ဝင္ ၁၄ ေယာက္၊ ဒုတိယအဖဲြ႔ဝင္ ၁၉ ေယာက္မွာ ေဒၚၿဖိဳးစႏၵာစိုးက ဒုတိယအဖဲြ႔ဝင္အျဖစ္ အေ႐ြးခံရတာပါ။ ေဒသအလိုက္ ကိုယ္စားျပဳတဲ့ ႏိုင္ငံအသီးသီးက အဆိုတင္သြင္းထားသူေတြထဲက ေ႐ြးေကာက္ခံရတာျဖစ္ေၾကာင္း CTUM ရဲ႕ ဗဟိုအလုပ္အမႈနဲ႔ အျပည္ျပည္ဆိုင္ရာ အလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္ ITUC (ILO) ရဲ႕ ကိုယ္စားလွယ္ျဖစ္တဲ့ ေဒၚခိုင္ဇာေအာင္က ဗြီအိုေအကို ေျပာပါတယ္။

အခုလို ျမန္မာႏိုင္ငံ ကိုယ္စားျပဳ တေယာက္က ILO ရဲ႕ အုပ္ခ်ဳပ္ေရးအဖြဲ႕မွာ ပါဝင္ခြင့္ရတဲ့အတြက္ ILO ရဲ႕အစည္းအေဝးေတြမွာ ႏိုင္ငံအလိုက္ အေျခအေနေတြကို တင္ျပတဲ့ အခါမွာ ထိထိေရာက္ေရာက္ လုပ္ႏိုင္လိမ့္မယ္လို႔ ျမင္ေၾကာင္းသူကေျပာပါတယ္။

“ က်မတို႔ ျမန္မာႏိုင္ငံက အလုပ္သမားကိုယ္စားလွယ္ တေယာက္အေနနဲ႔ ILO ရဲ႕ အုပ္ခ်ဳပ္ေရးအဖြဲ႕မွာ ပါဝင္ျခင္းသည္ ျမန္မာႏိုင္ငံမွာရွိတဲ့ အေနအထားေတြကို အခ်ိန္နဲ႔ တေျပးညီ က်မတို႔ တင္ျပႏိုင္တဲ့ အခြင့္အေရးကိုရတယ္။ ၿပီးရင္ လိုအပ္ရင္ လိုအပ္တဲ့အခ်ိန္မွာ ILO ရဲ႕ အုပ္ခ်ဳပ္ေရးအဖြဲ႕အေနနဲ႔ ေသာ္လည္းေကာင္း၊ ILO ရဲ႕ အႀကီးအကဲ တေယာက္ေယာက္က ေသာ္လည္းေကာင္း ျမန္မာႏိုင္ငံဆိုင္ရာနဲ႔ ပတ္သက္ၿပီးေတာ့ ILO ရဲ႕ သေဘာထားေတြ ထုတ္ျပန္တာမ်ိဳးေတြကို ပိုၿပီးေတာ့ နီးနီးကပ္ကပ္ ထိထိေရာက္ေရာက္ လုပ္ႏိုင္မွာ ျဖစ္ပါတယ္။”

ခုလို ILO အုပ္ခ်ဳပ္ေရးအဖြဲ႕ရဲ႕ အလုပ္သမားအစုအဖြဲ႔ဝင္တေယာက္အျဖစ္ ေ႐ြးခ်ယ္ခံရတာနဲ႔ပါတ္သက္လို႔ CTUM ရဲ႕ ထုတ္ျပန္ခ်က္မွာလည္း ေဒၚၿဖိဳးစႏၵာစိုးဟာ ျမန္မာႏိုင္ ဒီမိုကေရစီျပန္လည္ရရွိေရးႏွင့္ ႏိုင္ငံရဲ႕ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးဖြံ႕ၿဖိဳးတိုးတက္မႈတို႔အတြက္ အားသြန္ခြန္စိုက္ ႀကိဳးပမ္းေဆာင္႐ြက္ေနသူ ျဖစ္တယ္လို႔ေျပာထားပါတယ္။

ILO ရဲ႕အျပည္ျပည္ဆိုင္ရာ အလုပ္သမားေရးရာ ညီလာခံကို အာဏာသိမ္းထားတဲ့ စစ္ေကာင္စီရဲ႕ ကိုယ္စားလွယ္ တက္ေရာက္ဖို႔ ႀကိဳးစားခဲ့ေပမဲ့ ႏိုင္ငံစံုက အလုပ္သမား အဖြဲ႕ခ်ဳပ္ေတြ ဝိုင္းဝန္းကန႔္ကြက္ ၾကလို႔ တက္ေရာက္ခြင့္ မရခဲ့ပါဘူး။

“ျမန္မာ စစ္အာဏာရွင္ အစိုးရရဲ႕ ကိုယ္စားလွယ္ကို ILO ညီလာခံကို တက္ေရာက္ခြင့္ မျပဳေရးကို ေဆာင္႐ြက္တဲ့အခါမွာ က်မတို႔ ေအာင္ျမင္မႈ ရခဲ့ပါတယ္။ သို႔ေသာ္လည္း NUG အစိုးရကို အသိအမွတ္ျပဳမႈကိုေတာ့ ILO ကေနၿပီးေတာ့မွ မဆုံးျဖတ္ႏိုင္ခဲ့ဘူးေပါ့ေနာ္။ Case ကို သူတို႔ UN ကို ျပန္ၿပီးေတာ့ လႊဲမယ္၊ လႊဲၿပီး UN က ဆုံးျဖတ္ခ်က္ အတိုင္း ILO ကေန ဆက္လက္ၿပီး ေဆာင္႐ြက္သြားမယ့္ အေျခအေနမ်ိဳး ျဖစ္ပါတယ္။”

စစ္ေကာင္စီက အာဏာသိမ္းယူၿပီးေနာက္ပိုင္း တရားဝင္မွတ္ပုံတင္ထားတဲ့ အလုပ္သမား အဖြဲ႕ခ်ဳပ္ေတြကလြဲလို႔ က်န္တဲ့အရပ္ဘက္ အလုပ္သမား အဖြဲ႕အစည္းေတြကို တရားမဝင္ေၾကာင္း ေၾကညာခဲ့ပါတယ္။ ဆႏၵျပပြဲမွာပါတဲ့ အလုပ္သမားေတြနဲ႔ သမဂၢအဖြဲ႕ဝင္ေတြရဲ႕ စက္႐ုံနဲ႔ ေနအိမ္ေတြကို ဝင္ေရာက္စစ္ေဆး ရွာေဖြတာေတြလည္း ရွိခဲ့ေၾကာင္း ေဒၚခိုင္ဇာေအာင္က ေျပာပါတယ္။ စစ္ေကာင္စီလက္ထက္မွာ အလုပ္ရွင္၊ အလုပ္သမား၊ အလုပ္သမားသမဂၢ ဒီသုံးပြင့္ဆိုင္ အျငင္းပြားမႈ ေျဖရွင္းေရး လုပ္ငန္းေတြလဲ ရပ္ေနပါတယ္။ အျငင္းပြားမႈ ေျဖရွင္းေရး မရွိေတာ့တဲ့အတြက္ အလုပ္သမားအခြင့္အေရး ခ်ိဳးေဖာက္ခံရမႈေတြ လက္တေလာမွာ ပိုမ်ားလာေၾကာင္း ရန္ကုန္အေျခစိုက္ အလုပ္သမားသမဂၢတခုက ေျပာပါတယ္။

“လုပ္ရ၊ ကိုင္ရတဲ့ အေျခအေနကေတာ့ လုံးဝ က်ပ္တည္းသြားတာေပါ့ ဗ်ာ။ တရားဝင္လုပ္ခြင့္ရတဲ့ အဖြဲ႕ခ်ဳပ္ေတြကလည္း သူတို႔နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈ မလုပ္ဘူးဆိုတဲ့ အခါက်ေတာ့ ျပည္တြင္းထဲမွာေတာ့ က်ေနာ္တို႔ gap ျဖစ္ေနတာေပါ့။ လက္ရွိ အလုပ္သမားေတြကို ဘယ္သူက ကူညီေပးမွာလဲ ဆိုတဲ့ဟာကေတာ့ လက္ရွိမွာ သိပ္ေရေရရာရာ မရွိဘူးေပါ့ဗ်ာ။ အခုလိုကာလနဲ႔ ဆိုရင္ေတာ့ ပိုဆိုးတာေပါ့ေနာ္။ အလုပ္သမားေတြ အခြင့္အေရး ခ်ိဳးေဖာက္ခံရမႈေတြ အမ်ားႀကီးရွိေနတယ္။ ကုစားေပးႏိုင္တဲ့ ယႏၲရားေတြလည္း ေကာင္းေကာင္း အလုပ္မလုပ္ႏိုင္ဘူးေပါ့ေနာ္။”

တရားဝင္မွတ္ပုံတင္ထားတဲ့ CTUM၊ MICS၊ AFFM ဒီလို သမဂၢေတြကလြဲၿပီး က်န္တဲ့ အလုပ္သမားအဖြဲ႕အစည္း ၁၆ ခုကို တရားမဝင္ အသင္းေတြအျဖစ္ စစ္ေကာင္စီက ေၾကညာထားတာပါ။ ILO ရဲ႕ အျပည္ျပည္ဆိုင္ရာ အလုပ္သမားေရးရာညီလာခံကို ေမလ ၂၀ ရက္ကေန ဇြန္လ ၁၉ ရက္အထိ Switzerland ႏိုင္ငံမွာ က်င္းပေနပါတယ္။ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီ ျပန္လည္ရ႐ွိေရးနဲ႔ အေျခခံအခြင့္အေရးေတြကို ေလးစားလိုက္နာေရး ေတာင္းဆိုထားတဲ့ ဆံုးျဖတ္ခ်က္မူၾကမ္းကို အလုပ္သမားအစုအဖဲြ႔က ဇြန္လ ၁၁ ရက္ေန႔က တင္ျပခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ILO အုပ်ချုပ်ရေးအဖွဲ့ရဲ့ အလုပ်သမားအစုအဖွဲ့ကိုယ်စားပြုအဖြစ် မြန်မာတဦးရွေးချယ်ခံရ

(Unicode)

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် - ILO ရဲ့ အုပ်ချုပ်ရေးအဖွဲ့ က သုံးနှစ်တကြိမ်ရွေးချယ်တဲ့ အလုပ်သမားအစုအဖွဲ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ကအကြီးတန်းတာဝန်ရှိသူတဦး ရွေးချယ်ခံရပါတယ်။ ဒီလိုရွေးချယ်ခံရတဲ့အတွက် ILO ရဲ့ ပုံမှန်အစည်းအဝေးတွေမှာ မြန်မာကိုယ်စားပြုအနေနဲ့ မြန်မာ့အရေးကိစ္စတွေကို ပိုပြီးထိထိရောက်ရောက် လုပ်နိုင်လိမ့်မယ်လို့ CTUM တာဝန်ရှိသူက ဗွီအိုအေကိုပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ဒီသတင်း အပြည့်အစုံကိုတော့ ရဲမွန် က ပြောပြပေးမှာပါ။

Switzerland နိုင်ငံ Geneva မြို့မှာ လက်ရှိကျင်းပနေတဲ့ ILO ရဲ့ (၁၀၉) ကြိမ်မြောက်ညီလာခံမှာ ILO အုပ်ချုပ်ရေးအဖွဲ့ရဲ့ အလုပ်သမားအစုအဖွဲ့ဝင်တယောက်အနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဒေါ်ဖြိုးစန္ဒာစိုး ရွေးချယ်ခံရပါတယ်။ ၃ နှစ်တကြိမ် အလုပ်သမားအစုအဖွဲ့ဝင် ၃၃ ယောက်ကို ညီလာခံတက်လာတဲ့ ကိုယ်စားလှယ်အားလုံးက လျှို့ဝှက် မဲပေးရွေးချယ်ကြတာဖြစ်ပါတယ်။

အဖွဲ့ဝင် ၁၄ ယောက်၊ ဒုတိယအဖွဲ့ဝင် ၁၉ ယောက်မှာ ဒေါ်ဖြိုးစန္ဒာစိုးက ဒုတိယအဖွဲ့ဝင်အဖြစ် အရွေးခံရတာပါ။ ဒေသအလိုက် ကိုယ်စားပြုတဲ့ နိုင်ငံအသီးသီးက အဆိုတင်သွင်းထားသူတွေထဲက ရွေးကောက်ခံရတာဖြစ်ကြောင်း CTUM ရဲ့ ဗဟိုအလုပ်အမှုနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ITUC (ILO) ရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါ်ခိုင်ဇာအောင်က ဗွီအိုအေကို ပြောပါတယ်။

အခုလို မြန်မာနိုင်ငံ ကိုယ်စားပြု တယောက်က ILO ရဲ့ အုပ်ချုပ်ရေးအဖွဲ့မှာ ပါဝင်ခွင့်ရတဲ့အတွက် ILO ရဲ့အစည်းအဝေးတွေမှာ နိုင်ငံအလိုက် အခြေအနေတွေကို တင်ပြတဲ့ အခါမှာ ထိထိရောက်ရောက် လုပ်နိုင်လိမ့်မယ်လို့ မြင်ကြောင်းသူကပြောပါတယ်။

“ ကျမတို့ မြန်မာနိုင်ငံက အလုပ်သမားကိုယ်စားလှယ် တယောက်အနေနဲ့ ILO ရဲ့ အုပ်ချုပ်ရေးအဖွဲ့မှာ ပါဝင်ခြင်းသည် မြန်မာနိုင်ငံမှာရှိတဲ့ အနေအထားတွေကို အချိန်နဲ့ တပြေးညီ ကျမတို့ တင်ပြနိုင်တဲ့ အခွင့်အရေးကိုရတယ်။ ပြီးရင် လိုအပ်ရင် လိုအပ်တဲ့အချိန်မှာ ILO ရဲ့ အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ သော်လည်းကောင်း၊ ILO ရဲ့ အကြီးအကဲ တယောက်ယောက်က သော်လည်းကောင်း မြန်မာနိုင်ငံဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ ILO ရဲ့ သဘောထားတွေ ထုတ်ပြန်တာမျိုးတွေကို ပိုပြီးတော့ နီးနီးကပ်ကပ် ထိထိရောက်ရောက် လုပ်နိုင်မှာ ဖြစ်ပါတယ်။”

ခုလို ILO အုပ်ချုပ်ရေးအဖွဲ့ရဲ့ အလုပ်သမားအစုအဖွဲ့ဝင်တယောက်အဖြစ် ရွေးချယ်ခံရတာနဲ့ပါတ်သက်လို့ CTUM ရဲ့ ထုတ်ပြန်ချက်မှာလည်း ဒေါ်ဖြိုးစန္ဒာစိုးဟာ မြန်မာနိုင် ဒီမိုကရေစီပြန်လည်ရရှိရေးနှင့် နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေသူ ဖြစ်တယ်လို့ပြောထားပါတယ်။

ILO ရဲ့အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံကို အာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ် တက်ရောက်ဖို့ ကြိုးစားခဲ့ပေမဲ့ နိုင်ငံစုံက အလုပ်သမား အဖွဲ့ချုပ်တွေ ဝိုင်းဝန်းကန့်ကွက် ကြလို့ တက်ရောက်ခွင့် မရခဲ့ပါဘူး။

“မြန်မာ စစ်အာဏာရှင် အစိုးရရဲ့ ကိုယ်စားလှယ်ကို ILO ညီလာခံကို တက်ရောက်ခွင့် မပြုရေးကို ဆောင်ရွက်တဲ့အခါမှာ ကျမတို့ အောင်မြင်မှု ရခဲ့ပါတယ်။ သို့သော်လည်း NUG အစိုးရကို အသိအမှတ်ပြုမှုကိုတော့ ILO ကနေပြီးတော့မှ မဆုံးဖြတ်နိုင်ခဲ့ဘူးပေါ့နော်။ Case ကို သူတို့ UN ကို ပြန်ပြီးတော့ လွှဲမယ်၊ လွှဲပြီး UN က ဆုံးဖြတ်ချက် အတိုင်း ILO ကနေ ဆက်လက်ပြီး ဆောင်ရွက်သွားမယ့် အခြေအနေမျိုး ဖြစ်ပါတယ်။”

စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက်ပိုင်း တရားဝင်မှတ်ပုံတင်ထားတဲ့ အလုပ်သမား အဖွဲ့ချုပ်တွေကလွဲလို့ ကျန်တဲ့အရပ်ဘက် အလုပ်သမား အဖွဲ့အစည်းတွေကို တရားမဝင်ကြောင်း ကြေညာခဲ့ပါတယ်။ ဆန္ဒပြပွဲမှာပါတဲ့ အလုပ်သမားတွေနဲ့ သမဂ္ဂအဖွဲ့ဝင်တွေရဲ့ စက်ရုံနဲ့ နေအိမ်တွေကို ဝင်ရောက်စစ်ဆေး ရှာဖွေတာတွေလည်း ရှိခဲ့ကြောင်း ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။ စစ်ကောင်စီလက်ထက်မှာ အလုပ်ရှင်၊ အလုပ်သမား၊ အလုပ်သမားသမဂ္ဂ ဒီသုံးပွင့်ဆိုင် အငြင်းပွားမှု ဖြေရှင်းရေး လုပ်ငန်းတွေလဲ ရပ်နေပါတယ်။ အငြင်းပွားမှု ဖြေရှင်းရေး မရှိတော့တဲ့အတွက် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေ လက်တလောမှာ ပိုများလာကြောင်း ရန်ကုန်အခြေစိုက် အလုပ်သမားသမဂ္ဂတခုက ပြောပါတယ်။

“လုပ်ရ၊ ကိုင်ရတဲ့ အခြေအနေကတော့ လုံးဝ ကျပ်တည်းသွားတာပေါ့ ဗျာ။ တရားဝင်လုပ်ခွင့်ရတဲ့ အဖွဲ့ချုပ်တွေကလည်း သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘူးဆိုတဲ့ အခါကျတော့ ပြည်တွင်းထဲမှာတော့ ကျနော်တို့ gap ဖြစ်နေတာပေါ့။ လက်ရှိ အလုပ်သမားတွေကို ဘယ်သူက ကူညီပေးမှာလဲ ဆိုတဲ့ဟာကတော့ လက်ရှိမှာ သိပ်ရေရေရာရာ မရှိဘူးပေါ့ဗျာ။ အခုလိုကာလနဲ့ ဆိုရင်တော့ ပိုဆိုးတာပေါ့နော်။ အလုပ်သမားတွေ အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အများကြီးရှိနေတယ်။ ကုစားပေးနိုင်တဲ့ ယန္တရားတွေလည်း ကောင်းကောင်း အလုပ်မလုပ်နိုင်ဘူးပေါ့နော်။”

တရားဝင်မှတ်ပုံတင်ထားတဲ့ CTUM၊ MICS၊ AFFM ဒီလို သမဂ္ဂတွေကလွဲပြီး ကျန်တဲ့ အလုပ်သမားအဖွဲ့အစည်း ၁၆ ခုကို တရားမဝင် အသင်းတွေအဖြစ် စစ်ကောင်စီက ကြေညာထားတာပါ။ ILO ရဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကို မေလ ၂၀ ရက်ကနေ ဇွန်လ ၁၉ ရက်အထိ Switzerland နိုင်ငံမှာ ကျင်းပနေပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိရေးနဲ့ အခြေခံအခွင့်အရေးတွေကို လေးစားလိုက်နာရေး တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို အလုပ်သမားအစုအဖွဲ့က ဇွန်လ ၁၁ ရက်နေ့က တင်ပြခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG