သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နည္းပညာဆုိင္ရာ အေမရိကန္ရင္းႏွီးျမွဳပ္ႏွံမႈ ျမန္မာေမ ွ်ာ္လင့္


ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြား ဆက္သြယ္ေရးဝန္ႀကီး ဦးေသာင္းထြန္း (ဝဲ) အြန္းလိုင္းကေန ေဆြးေႏြးေနတဲ့ ျမင္ကြင္း။(ဓာတ္ပံု - ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ၾကီးဌာန - ဇန္နဝါရီ ၁၄၊ ၂၀၂၁)

[Zawgyi/Unicode]

ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြား ဆက္သြယ္ေရးဝန္ႀကီး ဦးေသာင္းထြန္း။(ဓာတ္ပံု - ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ၾကီးဌာန - ဇန္နဝါရီ ၁၄၊ ၂၀၂၁)
ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြား ဆက္သြယ္ေရးဝန္ႀကီး ဦးေသာင္းထြန္း။(ဓာတ္ပံု - ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ၾကီးဌာန - ဇန္နဝါရီ ၁၄၊ ၂၀၂၁)

အေမရိကန္အေနနဲ႔ ျမန္မာႏုိင္ငံမွာ ပုိမုိရင္းႏွီးျမႇဳပ္ႏွံဖုိ႔နဲ႔ ၂ ႏုိင္ငံ ဆက္ဆံေရး အားေကာင္းလာေစဖုိ႔ လုံၿခံဳေရးဆုိင္ရာ ေဆြးေႏြးခန္းမွာ ျမန္မာႏုိင္ငံက ေဆြးေႏြးခဲ့တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

အေမရိကန္၊ ဟိုႏိုလူလူအေျခစိုက္ အာရွပစိဖိတ္ လုံၿခဳံေရးဆိုင္ရာ ေလ့လာမႈစင္တာ APCSS ရဲ႕ အြန္လိုင္းအလုပ္႐ုံ ေဆြးေႏြးပြဲမွာ ျမန္မာႏုိင္ငံက ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြား ဆက္သြယ္ေရးဝန္ႀကီး ဦးေသာင္းထြန္းတက္ခဲ့ၿပီး ႏွစ္ ႏုိင္ငံ ဆက္ဆံေရးအပါအဝင္ ရင္းႏွီးျမႇဳပ္ႏွံမႈကိစၥေတြကို အေလးထား ေဆြးေႏြးခဲ့တာပါ။

ျမန္မာအစိုးရစာရင္းေတြမွာ အေမရိကန္ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈ နည္းပါးေပမဲ့ ကိုကာကိုကာ အခ်ိဳရည္ကုမၸဏီလို အေမရိကန္ႏိုင္ငံက တိုက္႐ိုက္ရင္းႏွီး ျမႇဳပ္ႏွံတာ မဟုတ္ဘဲ စကၤာပူကေန လွည့္ၿပီး သြယ္ဝိုက္ရင္းႏွီးျမႇဳပ္ႏွံတာကိုပါ ထည့္တြက္မယ္ဆိုရင္ အေမရိကန္ေဒၚလာ ၂ ဘီလီလံေက်ာ္ရွိေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြား ဆက္သြယ္ေရး ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးေအာင္ႏိုင္ဦးက ဗြီအိုေအကို ေျပာပါတယ္။ အေမရိကန္ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈမွာ နည္းပညာနဲ႔ ဆက္စပ္တဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ိဳးကို ျမန္မာႏိုင္ငံအေနနဲ႔ ပိုၿပီးဆႏၵရွိေၾကာင္း သူကေျပာပါတယ္။

“ဒီအေမရိကန္က လာတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားစုက မ်ားေသာအားျဖင့္ ဒီ technology နဲ႔ဆက္စပ္တဲ့ ဟာေတြေပါ့ေနာ္... ေနာက္ ဝန္ေဆာင္မႈ က႑ေတြမွာ သူတို႔ စိတ္ဝင္စားမႈလည္းမ်ားတယ္။ သူမ်ားႏိုင္ငံေတြ ၾကည့္လို႔ရွိရင္လည္း ဒီက႑ေပါ့ေနာ္။ ေငြေရးေၾကးေရး ဘ႑ာေရးက႑ financial services ေတြေပါ့ေနာ္။ banking တို႔။ ေနာက္တခုက technology နဲ႔ ပတ္သက္တာေတြမွာ မ်ားတယ္။ က်ေနာ္တို႔ တိုင္းျပည္မွာလည္း အဓိက လိုတာကေတာ့ ဒီလို ရင္းႏွီးျမႇဳပ္ႏွံမႈေတြ လိုတာေပါ့ေနာ္။ က်ေနာ္တို႔အေနနဲ႔ကေတာ့ သူတို႔ဆီက ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ဝင္လာလို႔ရွိရင္ က်ေနာ္တို႔ဆီမွာ ကြက္လပ္ျဖစ္ေနတာေတြကို ျဖည့္သြားႏိုင္တာေပါ့။”

အေမရိကန္ရဲ႕ ရင္းႏွီးျမွဳပ္ႏွံမႈမွာ နည္းပညာနဲ႔ ဆက္စပ္တဲ့ ရင္းႏွီးျမွဳပ္ႏွံမႈမ်ိဳးကို ျမန္မာႏိုင္ငံအေနနဲ႔ ပိုၿပီး ဆႏၵရွိေၾကာင္းလည္းေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ႏုိင္ငံတကာက အလြယ္တကူ ရင္းႏွီးျမႇဳပ္ႏွံႏုိင္ေအာင္ ျပင္ဆင္ထားေၾကာင္း ဦးေအာင္ႏိုင္ဦးက ေျပာပါတယ္။

အမ်ိဳသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီဦးေဆာင္တဲ့ အစိုးရတက္ခါစ ၂၀၁၅ ဝန္းက်င္ေလာက္မွာ အေမရိကန္အပါအဝင္ အေနာက္ဥေရာပႏိုင္ငံေတြနဲ႔ ဆက္ဆံေရး ေခ်ာေခ်ာေမြ႕ေမြ႕ရွိခဲ့ေပမဲ့ ေနာက္ပိုင္းမွာေတာ့ ျမန္မာႏုိင္ငံက လူ႔အခြင့္အေရးျပႆနာေတြေၾကာင့္ စိန္ေခၚမႈေတြလည္း ရွိခဲ့ပါတယ္။

အေမရိကန္ ျပည္ေထာင္စုမွာ အစုိးရအေျပာင္းအလဲေတြ ျဖစ္လာတာနဲ႔အမွ် ဆက္ဆံေရးမွာ အေျပာင္းအလဲေတြ ေတြ႔ေကာင္း ေတြ႔ရႏုိင္တယ္လုိ႔လည္း ႏိုင္ငံေရးေဘာဂေဗဒ ပညာရွင္တဦးျဖစ္တဲ့ ေဒါက္တာမိုးေအးက သုံးသပ္ပါတယ္။

“ဒီမိုကရက္ေတြဟာ ႏိုင္ငံတကာကို ျဖန႔္က်က္ၿပီးၾကည့္တတ္တဲ့ အယူအဆ မ်ားေသာအားျဖင့္ ရွိတတ္တဲ့အတြက္ေၾကာင့္မို႔ ႏိုင္ငံတကာ ေရးရာကိစၥေတြမွာ အေမရိကန္အစိုးရအသစ္က ပိုၿပီးေတာ့ စိတ္ဝင္တစားရွိလာမယ္လို႔ ယူဆလို႔ရတယ္ ဒါအၾကမ္းဖ်င္းေပါ့။ ႏိုင္ငံေရးပါတီရႈေထာင့္က ၾကည့္တာနဲ႔ ႏိုင္ငံျခားေရး မူဝါဒနဲ႔က တခါတေလက်ရင္ ထပ္တူက်ခ်င္မွက်မွာ။ ပါတီအေနနဲ႔ ဒီမိုကရက္တစ္ေတြကေတာ့ ႏိုင္ငံတကာေရးရာကို စိတ္ဝင္စားေပမဲ့ တက္လာတဲ့ cabinet အစိုးရသစ္အဖြဲ႕က စဥ္းစားတဲ့ ႏိုင္ငံျခားေရးမူဝါဒက ပါတီရဲ႕ မူဝါဒနဲ႔ ထပ္တူက်ခ်င္မွက်မွာ။ ေနာက္တခ်က္က တ႐ုတ္နဲ႔ အေမရိကန္ရဲ႕ ဆက္ဆံေရးဟာ အခုလိုပဲ ဆက္ၿပီးတင္းမာေနမယ္ဆိုရင္ geopolitics အရ အေမရိကန္သည္ ျမန္မာႏိုင္ငံကို ခါတိုင္းထက္ပိုၿပီး စိတ္ဝင္စားလာမယ္လို႔ ယူဆရတယ္ေပါ့။”

APCSS ရဲ႕ ၾကာသပေတးေန႔ ေဆြးေႏြးပြဲမွာ သဘာဝပတ္ဝန္းက်င္ကိစၥ၊ ကာကြယ္ေဆးကိစၥ၊ ကမာၻ႔စီးပြားေရးနဲ႔ ေဒသတြင္း ပထဝီႏိုင္ငံေရး အေျခအေနေတြ အဓိက ေဆြးေႏြးပါတယ္။ ျမန္မာအစိုးရဘက္ကေတာ့ အေမရိကန္- ျမန္မာဆက္ဆံေရး ပိုခိုင္မာဖို႔နဲ႔ ျပည့္ၿဖိဳးၿမဲစြမ္းအင္ အျမန္ဆုံးေျပာင္းလဲ အသုံးခ်ႏိုင္ဖို႔ ေဆြးေႏြးခဲ့ၾကပါတယ္။

APCSS ရဲ႕ ၾကာသပေတးေန႔က အစည္းအေဝးကို ကမာၻ႔ဘဏ္ အႀကီးတန္းအရာရွိေတြ၊ စီးပြားေရး ပညာရွင္ေတြ၊ အာစီယံႏိုင္ငံေတြနဲ႔ အေမရိကန္ေရတပ္ ပစိဖိတ္ေဒသေရးရာ ကြယ္ကဲေရး အႀကီးအကဲ Louis Tripoli တို႔ ပါဝင္ေဆြးေႏြးခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နည်းပညာဆိုင်ရာ အမေရိကန်ရင်းနှီးမြှုပ်နှံမှု မြန်မာမေ ျှာ်လင့်

အမေရိကန်အနေနဲ့ မြန်မာနိုင်ငံမှာ ပိုမိုရင်းနှီးမြှုပ်နှံဖို့နဲ့ ၂ နိုင်ငံ ဆက်ဆံရေး အားကောင်းလာစေဖို့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံက ဆွေးနွေးခဲ့တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

အမေရိကန်၊ ဟိုနိုလူလူအခြေစိုက် အာရှပစိဖိတ် လုံခြုံရေးဆိုင်ရာ လေ့လာမှုစင်တာ APCSS ရဲ့ အွန်လိုင်းအလုပ်ရုံ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်းတက်ခဲ့ပြီး နှစ် နိုင်ငံ ဆက်ဆံရေးအပါအဝင် ရင်းနှီးမြှုပ်နှံမှုကိစ္စတွေကို အလေးထား ဆွေးနွေးခဲ့တာပါ။

မြန်မာအစိုးရစာရင်းတွေမှာ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှု နည်းပါးပေမဲ့ ကိုကာကိုကာ အချိုရည်ကုမ္ပဏီလို အမေရိကန်နိုင်ငံက တိုက်ရိုက်ရင်းနှီး မြှုပ်နှံတာ မဟုတ်ဘဲ စင်္ကာပူကနေ လှည့်ပြီး သွယ်ဝိုက်ရင်းနှီးမြှုပ်နှံတာကိုပါ ထည့်တွက်မယ်ဆိုရင် အမေရိကန်ဒေါ်လာ ၂ ဘီလီလံကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ဗွီအိုအေကို ပြောပါတယ်။ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုမှာ နည်းပညာနဲ့ ဆက်စပ်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကို မြန်မာနိုင်ငံအနေနဲ့ ပိုပြီးဆန္ဒရှိကြောင်း သူကပြောပါတယ်။

“ဒီအမေရိကန်ကလာတဲ့ ရင်းနှီးမြှုပ်နှံမှု အများစုက များသောအားဖြင့် ဒီ technology နဲ့ဆက်စပ်တဲ့ ဟာတွေပေါ့နော်... နောက် ဝန်ဆောင်မှု ကဏ္ဍတွေမှာ သူတို့ စိတ်ဝင်စားမှုလည်းများတယ်။ သူများနိုင်ငံတွေ ကြည့်လို့ရှိရင်လည်း ဒီကဏ္ဍပေါ့နော်။ ငွေရေးကြေးရေး ဘဏ္ဍာရေးကဏ္ဍ financial services တွေပေါ့နော်။ banking တို့။ နောက်တခုက technology နဲ့ ပတ်သက်တာတွေမှာ များတယ်။ ကျနော်တို့ တိုင်းပြည်မှာလည်း အဓိက လိုတာကတော့ ဒီလို ရင်းနှီးမြှုပ်နှံမှုတွေ လိုတာပေါ့နော်။ ကျနော်တို့အနေနဲ့ကတော့ သူတို့ဆီက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာလို့ရှိရင် ကျနော်တို့ဆီမှာ ကွက်လပ်ဖြစ်နေတာတွေကို ဖြည့်သွားနိုင်တာပေါ့။”

အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုမှာ နည်းပညာနဲ့ ဆက်စပ်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကို မြန်မာနိုင်ငံအနေနဲ့ ပိုပြီး ဆန္ဒရှိကြောင်းလည်းပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံတကာက အလွယ်တကူ ရင်းနှီးမြှုပ်နှံနိုင်အောင် ပြင်ဆင်ထားကြောင်း ဦးအောင်နိုင်ဦးက ပြောပါတယ်။

အမျိုသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဦးဆောင်တဲ့ အစိုးရတက်ခါစ ၂၀၁၅ ဝန်းကျင်လောက်မှာ အမေရိကန်အပါအဝင် အနောက်ဥရောပနိုင်ငံတွေနဲ့ ဆက်ဆံရေး ချောချောမွေ့မွေ့ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံက လူ့အခွင့်အရေးပြဿနာတွေကြောင့် စိန်ခေါ်မှုတွေလည်း ရှိခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ အစိုးရအပြောင်းအလဲတွေ ဖြစ်လာတာနဲ့အမျှ ဆက်ဆံရေးမှာ အပြောင်းအလဲတွေ တွေ့ကောင်း တွေ့ရနိုင်တယ်လို့လည်း နိုင်ငံရေးဘောဂဗေဒ ပညာရှင်တဦးဖြစ်တဲ့ ဒေါက်တာမိုးအေးက သုံးသပ်ပါတယ်။

“ဒီမိုကရက်တွေဟာ နိုင်ငံတကာကို ဖြန့်ကျက်ပြီးကြည့်တတ်တဲ့ အယူအဆ များသောအားဖြင့် ရှိတတ်တဲ့အတွက်ကြောင့်မို့ နိုင်ငံတကာ ရေးရာကိစ္စတွေမှာ အမေရိကန်အစိုးရအသစ်က ပိုပြီးတော့ စိတ်ဝင်တစားရှိလာမယ်လို့ ယူဆလို့ရတယ် ဒါအကြမ်းဖျင်းပေါ့။ နိုင်ငံရေးပါတီရှုထောင့်က ကြည့်တာနဲ့ နိုင်ငံခြားရေး မူဝါဒနဲ့က တခါတလေကျရင် ထပ်တူကျချင်မှကျမှာ။ ပါတီအနေနဲ့ ဒီမိုကရက်တစ်တွေကတော့ နိုင်ငံတကာရေးရာကို စိတ်ဝင်စားပေမဲ့ တက်လာတဲ့ cabinet အစိုးရသစ်အဖွဲ့က စဉ်းစားတဲ့ နိုင်ငံခြားရေးမူဝါဒက ပါတီရဲ့ မူဝါဒနဲ့ ထပ်တူကျချင်မှကျမှာ။ နောက်တချက်က တရုတ်နဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးဟာ အခုလိုပဲ ဆက်ပြီးတင်းမာနေမယ်ဆိုရင် geopolitics အရ အမေရိကန်သည် မြန်မာနိုင်ငံကို ခါတိုင်းထက်ပိုပြီး စိတ်ဝင်စားလာမယ်လို့ ယူဆရတယ်ပေါ့။”

APCSS ရဲ့ ကြာသပတေးနေ့ ဆွေးနွေးပွဲမှာ သဘာဝပတ်ဝန်းကျင်ကိစ္စ၊ ကာကွယ်ဆေးကိစ္စ၊ ကမ္ဘာ့စီးပွားရေးနဲ့ ဒေသတွင်း ပထဝီနိုင်ငံရေး အခြေအနေတွေ အဓိက ဆွေးနွေးပါတယ်။ မြန်မာအစိုးရဘက်ကတော့ အမေရိကန်- မြန်မာဆက်ဆံရေး ပိုခိုင်မာဖို့နဲ့ ပြည့်ဖြိုးမြဲစွမ်းအင် အမြန်ဆုံးပြောင်းလဲ အသုံးချနိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

APCSS ရဲ့ ကြာသပတေးနေ့က အစည်းအဝေးကို ကမ္ဘာ့ဘဏ် အကြီးတန်းအရာရှိတွေ၊ စီးပွားရေး ပညာရှင်တွေ၊ အာစီယံနိုင်ငံတွေနဲ့ အမေရိကန်ရေတပ် ပစိဖိတ်ဒေသရေးရာ ကွယ်ကဲရေး အကြီးအကဲ Louis Tripoli တို့ ပါဝင်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG