သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာခေါင်းဆောင်တွေရဲ့ နှစ်သစ်ဆုတောင်း


နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်

၂၀၁၉ ဇန်နဝါရီလ ၁ ရက်နေ့မှာ ကျရောက်တဲ့ နှစ်သစ်အခါသမယမှာ မြန်မာသမ္မတ ဦးဝင်းမြင့်က မြန်မာ ပြည်သူတွေကို နှုတ်ခွန်းဆက်ရင်း မြန်မာနိုင်ငံဟာ လာမယ့် နှစ်တွေ အတွင်း နိုင်ငံရေး၊ စီးပွါးရေးနဲ့ လူမှုရေးကဏ္ဍတွေမှာ အခွင့်လန်းကောင်းတွေ ပိုပြီး ရလာဖို့ရှိကြောင်း သတင်းကောင်း ပါးခဲ့ပါတယ်။ အမျိုးသား အကျိုးစီးပွါးအတွက် အစိုးရက အပြင်းအထန် ကြိုးပမ်းနေချိန်မှာ ပြည်သူတွေကလည်း ပိုမိုပူးပေါင်း ဆောင်ရွက်ဖို့ပါ ပန်ကြားခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဌအနေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကို နှစ်သစ်ကူး သဝဏ်လွှာ ပေးပို့ပြီး နှစ်သစ်မှာ ပျော်ရွှင်စေဖို့ ဆုတောင်းပေးခဲ့ပါတယ်။

နိုင်ငံတော် ဒုသမ္မတဦးမြင့်ဆွေက နှစ်သစ်မှာ တိုင်းရင်းသားအားလုံး တောင့်တနေတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး အမြန်ရပြီး လူမှုစီးပွား အဘက်ဘက်က တိုးတက်စေဖို့ ဆုတောင်း ပေးခဲ့တာပါ။

ဒုသမ္မတ ဦးဟန်နရီဗန်ထီးယူ ကတော့ အများမျှော်လင့်တောင့်တတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့ အရေးပါတဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ လူမှုစီးပွါး တိုးတက် ဖွံ့ဖြိုးရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ကျော်ဖြတ်ရမယ့် အခက်အခဲတွေကို စည်းစည်းလုံးလုံး ဝိုင်းဝန်းဖြေရှင်းကြဖို့ ပန်ကြားပြီး နှစ်သစ် ဆုမွန်တောင်းပေးခဲ့တာပါ။

ဒါ့အပြင် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေကလည်း နှစ်သစ်မှာ မြန်မာပြည်သူအားလုံး ငြိမ်းချမ်းသာယာဖို့ ဆုတောင်းပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG