သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဇန္နဝါရီလကုန္ စစ္ေကာင္စီ ကာလုံအစည္းအေဝးေခၚယူမည္


စစ္တပ္ အာဏာသိမ္းေန႔က အမ်ဳိးသားလုံၿခဳံေရးေကာင္စီ အေရးေပၚအစည္းအေဝးက်င္းပခဲ့စဥ္ (၂၀၂၁ ေဖေဖၚဝါရီလ) (မွတ္တမ္း ဓါတ္ပုံေဟာင္း)

ဇန္နဝါရီလကုန္ပိုင္းမွာ ကာလုံအစည္းအေဝးေခၚယူသြားဖို႔ရွိတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ကေျပာပါတယ္။ ကာလုံေခၚယူၿပီးမွသာ ေ႐ြးေကာက္ပြဲက်င္းပဖို႔အစီအစဥ္ေတြကို ထုတ္ျပန္မယ္လို႔လည္းေျပာပါတယ္။ ဒီသတင္း ရန္ကုန္ကေပးပို႔တာကို ကိုေဇာ္ဝင္းလႈိင္က ေျပာျပမွာပါ။

လာမယ့္ ေဖေဖာ္ဝါရီ ၁ရက္ေန႔မွာ စစ္ေကာင္စီအာဏာသိမ္းယူတာ ၂ႏွစ္ျပည့္ေတာ့မွာျဖစ္ပါတယ္။ အဲလို ၂ႏွစ္ျပည့္မတိုင္ခင္မွာ ကာလုံလို႔ေခၚတဲ့ ကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီ အစည္းအေဝးကို ဒီဇန္နဝါရီလကုန္ ပိုင္းမွာ ေခၚယူသြားဖို႔ရွိတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအ ေျပာပါတယ္။

"အဓိကကေတာ့က်ေနာ္တို႔ ၂ႏွစ္ျပည့္တဲ့ အခါ အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီကို အစီရင္ခံတင္ျပရမွာရွိပါတယ္။ အဲဒီမွာအစီရင္ခံတင္ျပမယ့္ဟာကိုေစာင့္ၾကည့္ေပးဖို႔ ေျပာခ်င္ပါတယ္။"

ကာလုံေခၚယူမယ့္အစီအစဥ္ တင္ျပမယ့္အခ်က္အလက္အေသးစိတ္ကိုထုတ္ေျပာဖို႔ ျငင္းဆိုပါတယ္။ ကာလုံေခၚယူၿပီးမွသာ ေ႐ြးေကာက္ပြဲက်င္းပဖို႔အစီအစဥ္ေတြကို ထုတ္ျပန္မယ္လို႔လည္း ေျပာပါတယ္။

စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က စစ္တပ္က ႏိုင္ငံေတာ္အာဏာသိမ္းခဲ့ရတဲ့ ၂ႏွစ္ျပည့္ တာဝန္ထမ္းေဆာင္ခဲ့တဲ့ အေျခအေနေတြနဲ႔ပတ္သက္လို႔ ကာလုံအစည္း အေဝးမွာေျပာၾကားဖို႔ရွိၿပီး တင္ျပခ်က္ေတြအေပၚအေျခခံကာ တိုင္းျပည္အနာဂတ္ကို ေဖာ္ေဆာင္သြားမွာျဖစ္တယ္လို႔ စစ္ေကာင္စီဘက္ကေျပာပါတယ္။


စစ္ေကာင္စီဘက္က ၂၀၂၃ ခုႏွစ္ ဩဂုတ္လထဲမွာ အေထြေထြေ႐ြးေကာက္ပြဲကို ဥပေဒနဲ႔အညီ ျပန္လည္ က်င္းပေပး မယ္ဆိုတဲ့ ကတိေပးထားဖူးၿပီး လက္ရွိမွာႏိုင္ငံအႏွံအျပား တိုက္ပြဲေတြ ျဖစ္ေနတာေၾကာင့္ က်င္းပျဖစ္မျဖစ္နဲ႔ပတ္သတ္လို႔ ဘာမွရွင္းရွင္းလင္းလင္း မေျပာေသးပါဘူး။

စစ္ေကာင္စီက ဇန္နဝါရီလကုန္မွာ ကာလုံေခၚယူမယ့္အေျခအေနနဲ႔ပတ္သတ္လို႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူ ဦးရဲထြန္း ကေတာ့ အခုလိုသုံးသပ္ေျပာဆိုလိုက္ပါတယ္။

"ဘယ္လိုဆက္လုပ္မလဲဆိုတာ အမွန္က ကာလုံကဆုံးျဖတ္ရမွာ၊ ေ႐ြးေကာက္ပြဲလုပ္မယ္လို႔ ဆုံးျဖတ္မွာလား၊ ဒါမွမဟုတ္ နစကကို ကာကြယ္ေရးဦးစီးခ်ဳပ္ကိုဆက္ၿပီးေတာ့ တာဝန္ေပးမွာလား ၊ တာဝန္ေပးမွာဆိုရင္လည္း ဘယ္ပုဒ္မနဲ႔တာဝန္ေပးမွာလဲ။ ပုဒ္မ ၄၂၅ မွာကေတာ့ သာမာန္အားျဖင့္ ‌၆ လ ၊ ၆ လ ႏွစ္ႀကိမ္ သက္တမ္းတိုးႏိုင္သည္လို႔ အဲ့လိုပဲပါတယ္။ အဲ့ဒီေတာ့ သာမာန္မဟုတ္တဲ့အတြက္ေၾကာင့္မို႔လို႔ အခုက တာဝန္ကမၿပီးဆုံးေသးတဲ့အတြက္ေၾကာင့္မို႔လို႔ ဆက္လက္ၿပီးေတာ့ နစကအေနနဲ႔ အုပ္ခ်ဳပ္ခြင့္ျပဳပါလို႔ ေတာင္းလို႔ရွိရင္လည္း အေျခခံဥပေဒအရက ခြင့္ျပဳတယ္ ေပးႏိုင္တယ္လို႔ ရွင္းရွင္းလင္းလင္းဆိုမထားေပမယ့္ သာမာန္မဟုတ္တဲ့ကိစၥေၾကာင့္မို႔လို႔ ေပးမယ္ဆိုၿပီးေတာ့ တိုးေပးတာမ်ိဳးလည္း ျဖစ္ႏိုင္သလို၊ ေ႐ြးေကာက္ပြဲအတြက္ ျပင္ဆင္မယ္ ဆိုတာမ်ိဳးလည္းျဖစ္ႏိုင္တယ္။ ေျပာခ်င္တဲ့သေဘာက လုပ္ခ်င္ရင္လည္း လုပ္လို႔ရတယ္၊ မလုပ္ခ်င္ဘူး ဆက္ၿပီးေတာ့ သက္တမ္းတိုးမယ္ဆိုလည္း လုပ္လို႔ရတယ္ဆိုတာကို ေျပာခ်င္တာ"

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီကို ႏိုင္ငံေတာ္သမၼတ၊ ဒုတိယသမၼတႏွစ္ဦး၊ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒၊ အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီး ခ်ဳပ္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဝန္ႀကီး၊ ႏိုင္ငံျခားေရးဝန္ႀကီး၊ ျပည္ထဲေရးဝန္ႀကီး၊ နယ္စပ္ေရးရာဝန္ႀကီးတို႔နဲ႔ ဖြဲ႕စည္းထားပါတယ္။

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ စစ္တပ္ကအာဏာသိမ္းယူမႈၿပီးေနာက္မွာ ကာလုံပထမအႀကိမ္ေခၚကာ ဒုသမၼတ ဦးျမင့္ေဆြက ယာယီသမၼတအျဖစ္ရယူၿပီး၊ အေရးေပၚကာလဆိုင္ရာျပဌာန္းခ်က္အရ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္ကို အေရးေပၚကာလျပဌာန္းခ်က္အရဆိုကာ အာဏာကုန္လႊဲခဲ့ပါတယ္။

ဖြဲ႕စည္းပုံျပဌာန္းခ်က္ထဲမွာေတာ့ အေရးေပၚကာလျပဌာန္းခ်က္ တစ္ႏွစ္သတ္မွတ္ၿပီးရင္၊ တစ္ႀကိမ္ကို ၆ လနဲ႔ ႏွစ္ႀကိမ္အထိ သက္တမ္းတိုးႏိုင္တယ္လို႔ ေဖာ္ျပထားတာမို႔ အခု ဇန္နဝါရီ ၃၀ ရက္ဆိုရင္ သက္တမ္းကုန္ပါၿပီ။ စစ္ေကာင္စီဘက္ ကေတာ့ ေဖေဖာ္ဝါရီ စစ္တပ္ကအာဏာ သိမ္းယူမႈဟာ ၂၀၀၈ ခုႏွစ္ဖြဲ႕စည္းပုံနဲ႔အညီျဖစ္တယ္လို႔ စစ္ေကာင္စီက ေျပာထားပါတယ္။ ဒါေပမယ့္လည္း ဒီမိုကေရစီေရး အဖြဲ႕အစည္းေတြ တတ္ႂကြ လႈပ္ ရွားသူေတြကေတာ့ ၂၀၂၁ ေဖေဖာ္ဝါရီလ ၁ ရက္ စစ္တပ္အာဏာ သိမ္းမႈ ဟာ ၂၀၀၈ ဖြဲ႕စည္းပုံနဲ႔မညီ ၫြတ္တာမို႔၊ စစ္တပ္ကိုယ္တိုင္က အဲဒီ ဖြဲ႕စည္းပုံကို ဖ်က္ၿပီးသားျဖစ္ တယ္လို႔ ေျပာဆိုထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

ဇန်နဝါရီလကုန် စစ်ကောင်စီ ကာလုံအစည်းအဝေးခေါ်ယူမည်
ဇန်နဝါရီ ၁၈၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

ဇန်နဝါရီလကုန်ပိုင်းမှာ ကာလုံအစည်းအဝေးခေါ်ယူသွားဖို့ရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ကပြောပါတယ်။ ကာလုံခေါ်ယူပြီးမှသာ ရွေးကောက်ပွဲကျင်းပဖို့အစီအစဉ်တွေကို ထုတ်ပြန်မယ်လို့လည်းပြောပါတယ်။ ဒီသတင်း ရန်ကုန်ကပေးပို့တာကို ကိုဇော်ဝင်းလှိုင်က ပြောပြမှာပါ။

လာမယ့် ဖေဖော်ဝါရီ ၁ရက်နေ့မှာ စစ်ကောင်စီအာဏာသိမ်းယူတာ ၂နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ အဲလို ၂နှစ်ပြည့်မတိုင်ခင်မှာ ကာလုံလို့ခေါ်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ဒီဇန်နဝါရီလကုန် ပိုင်းမှာ ခေါ်ယူသွားဖို့ရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေ ပြောပါတယ်။

"အဓိကကတော့ကျနော်တို့ ၂နှစ်ပြည့်တဲ့ အခါ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အစီရင်ခံတင်ပြရမှာရှိပါတယ်။ အဲဒီမှာအစီရင်ခံတင်ပြမယ့်ဟာကိုစောင့်ကြည့်ပေးဖို့ ပြောချင်ပါတယ်။"

ကာလုံခေါ်ယူမယ့်အစီအစဉ် တင်ပြမယ့်အချက်အလက်အသေးစိတ်ကိုထုတ်ပြောဖို့ ငြင်းဆိုပါတယ်။ ကာလုံခေါ်ယူပြီးမှသာ ရွေးကောက်ပွဲကျင်းပဖို့အစီအစဉ်တွေကို ထုတ်ပြန်မယ်လို့လည်း ပြောပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်တပ်က နိုင်ငံတော်အာဏာသိမ်းခဲ့ရတဲ့ ၂နှစ်ပြည့် တာဝန်ထမ်းဆောင်ခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ကာလုံအစည်း အဝေးမှာပြောကြားဖို့ရှိပြီး တင်ပြချက်တွေအပေါ်အခြေခံကာ တိုင်းပြည်အနာဂတ်ကို ဖော်ဆောင်သွားမှာဖြစ်တယ်လို့ စစ်ကောင်စီဘက်ကပြောပါတယ်။


စစ်ကောင်စီဘက်က ၂၀၂၃ ခုနှစ် ဩဂုတ်လထဲမှာ အထွေထွေရွေးကောက်ပွဲကို ဥပဒေနဲ့အညီ ပြန်လည် ကျင်းပပေး မယ်ဆိုတဲ့ ကတိပေးထားဖူးပြီး လက်ရှိမှာနိုင်ငံအနှံအပြား တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ကျင်းပဖြစ်မဖြစ်နဲ့ပတ်သတ်လို့ ဘာမှရှင်းရှင်းလင်းလင်း မပြောသေးပါဘူး။

စစ်ကောင်စီက ဇန်နဝါရီလကုန်မှာ ကာလုံခေါ်ယူမယ့်အခြေအနေနဲ့ပတ်သတ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း ကတော့ အခုလိုသုံးသပ်ပြောဆိုလိုက်ပါတယ်။

"ဘယ်လိုဆက်လုပ်မလဲဆိုတာ အမှန်က ကာလုံကဆုံးဖြတ်ရမှာ၊ ရွေးကောက်ပွဲလုပ်မယ်လို့ ဆုံးဖြတ်မှာလား၊ ဒါမှမဟုတ် နစကကို ကာကွယ်ရေးဦးစီးချုပ်ကိုဆက်ပြီးတော့ တာဝန်ပေးမှာလား ၊ တာဝန်ပေးမှာဆိုရင်လည်း ဘယ်ပုဒ်မနဲ့တာဝန်ပေးမှာလဲ။ ပုဒ်မ ၄၂၅ မှာကတော့ သာမာန်အားဖြင့် ‌၆ လ ၊ ၆ လ နှစ်ကြိမ် သက်တမ်းတိုးနိုင်သည်လို့ အဲ့လိုပဲပါတယ်။ အဲ့ဒီတော့ သာမာန်မဟုတ်တဲ့အတွက်ကြောင့်မို့လို့ အခုက တာဝန်ကမပြီးဆုံးသေးတဲ့အတွက်ကြောင့်မို့လို့ ဆက်လက်ပြီးတော့ နစကအနေနဲ့ အုပ်ချုပ်ခွင့်ပြုပါလို့ တောင်းလို့ရှိရင်လည်း အခြေခံဥပဒေအရက ခွင့်ပြုတယ် ပေးနိုင်တယ်လို့ ရှင်းရှင်းလင်းလင်းဆိုမထားပေမယ့် သာမာန်မဟုတ်တဲ့ကိစ္စကြောင့်မို့လို့ ပေးမယ်ဆိုပြီးတော့ တိုးပေးတာမျိုးလည်း ဖြစ်နိုင်သလို၊ ရွေးကောက်ပွဲအတွက် ပြင်ဆင်မယ် ဆိုတာမျိုးလည်းဖြစ်နိုင်တယ်။ ပြောချင်တဲ့သဘောက လုပ်ချင်ရင်လည်း လုပ်လို့ရတယ်၊ မလုပ်ချင်ဘူး ဆက်ပြီးတော့ သက်တမ်းတိုးမယ်ဆိုလည်း လုပ်လို့ရတယ်ဆိုတာကို ပြောချင်တာ"

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့နဲ့ ဖွဲ့စည်းထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်တပ်ကအာဏာသိမ်းယူမှုပြီးနောက်မှာ ကာလုံပထမအကြိမ်ခေါ်ကာ ဒုသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ်ရယူပြီး၊ အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်အရ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို အရေးပေါ်ကာလပြဌာန်းချက်အရဆိုကာ အာဏာကုန်လွှဲခဲ့ပါတယ်။

ဖွဲ့စည်းပုံပြဌာန်းချက်ထဲမှာတော့ အရေးပေါ်ကာလပြဌာန်းချက် တစ်နှစ်သတ်မှတ်ပြီးရင်၊ တစ်ကြိမ်ကို ၆ လနဲ့ နှစ်ကြိမ်အထိ သက်တမ်းတိုးနိုင်တယ်လို့ ဖော်ပြထားတာမို့ အခု ဇန်နဝါရီ ၃၀ ရက်ဆိုရင် သက်တမ်းကုန်ပါပြီ။ စစ်ကောင်စီဘက် ကတော့ ဖေဖော်ဝါရီ စစ်တပ်ကအာဏာ သိမ်းယူမှုဟာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံနဲ့အညီဖြစ်တယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။ ဒါပေမယ့်လည်း ဒီမိုကရေစီရေး အဖွဲ့အစည်းတွေ တတ်ကြွ လှုပ် ရှားသူတွေကတော့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာ သိမ်းမှု ဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့မညီ ညွတ်တာမို့၊ စစ်တပ်ကိုယ်တိုင်က အဲဒီ ဖွဲ့စည်းပုံကို ဖျက်ပြီးသားဖြစ် တယ်လို့ ပြောဆိုထားကြပါတယ်။

XS
SM
MD
LG