သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေသးစားေငြေခ်းလုပ္ငန္းရွင္ေတြကုိ အစုိးရ ၃ ႏွစ္ ေငြေခ်းေပးဖုိ႔ စီစဥ္ေန


ဘဏ္လုပ္ငန္းတခုေတြ ေငြမ်ား ေရတြက္ေနသည့္ ၀န္ထမ္းမ်ား (သတင္းဓာတ္ပံု- ဧၿပီ၊ ၀၂၊ ၂၀၁၂)

(Zawgyi/Unicode)

ကုိဗစ္ကပ္ေရာဂါကာလ အခက္အခဲႀကံဳေနရတဲ့ အေသးစားေခ်းေငြလုပ္ငန္းေတြကုိ ၃ ႏွစ္ၾကာ ေခ်းေငြထုတ္ေပးဖုိ႔ အစုိးရက စီစဥ္ေနတဲ့အေပၚ လုပ္ငန္းရွင္ေတြ ႀကိဳဆုိလုိက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ အဂၢႏြန္ သတင္းေပးပို႔ထားပါတယ္။

ကပ္ေရာဂါကာလမွာ ေခ်းေငြေတြ ျပန္မဆပ္ႏုိင္သူေတြ ရွိတာေၾကာင့္ ေၾကြးရွင္ျဖစ္တဲ့ အေသးစားေငြေၾကး လုပ္ငန္းေတြမွာ အခက္အခဲ ႀကံဳေနရတာေတြကုိ ေျဖရွင္းႏုိင္ဖုိ႔ ရည္ရြယ္ၿပီး အစုိးရက ကူညီဖုိ႔စီစဥ္ေနတာျဖစ္ပါတယ္။ ႏုိင္ငံအ၀န္းက အေသးစားေငြေၾကးလုပ္ငန္းေတြကုိ ၃ ႏွစ္အစီအစဥ္နဲ႔ ေငြထုတ္ေခ်းမွာျဖစ္တယ္လုိ႔လည္း စီမံကိန္း၊ ဘ႑ာေရးနဲ႔ စက္မႈဝန္ႀကီးဌာန၊ ေငြေရးေၾကးေရး ႀကီးၾကပ္ေရးဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ႏိုင္က ေျပာပါတယ္။

“ဒီ Microfinance (အေသးစားေငြေၾကး) အဖြဲ႕အစည္းေတြ အားလံုးကို က်ေနာ္တို႔က ႏိုင္ငံေတာ္ကေနၿပီးေတာ့ က်ေနာ္တို႔ ကိုဗစ္-၁၉ ေၾကာင့္ သူတို႔လည္း ထိခိုက္မႈရွိခဲ့တာဆိုေတာ့ က်ေနာ္တို႔က သံုးႏွစ္လံုးထုတ္ေခ်းဖို႔လည္း လုပ္ထားတယ္။ ဒီလိုပါ ဒီကိုဗစ္ကာလမွာလည္း သူတို႔က ျပန္ဆပ္ဖို႔မွာ ေကာက္ခံလို႔မရတာရွိတယ္၊ အတိုးေတြေရႊ႕ဆိုင္ေပးရတာရွိတယ္၊ အဲ့ဒါေၾကာင့္မို႔ သူတို႔မွာ ဘာေလ်ာ့သြားလဲဆိုေတာ့ လွည့္ပတ္ေငြေလ်ာ့သြားတာေပါ့ေနာ္၊ liquidity ေလ်ာ့သြားတယ္ေပါ့၊ အဲ့လို liquidity ေလ်ာ့သြားတဲ့အခါက်ေတာ့ က်ေနာ္တို႔က ဘာလုပ္ေပးရလဲဆိုေတာ့ အကယ္လို႔မ်ား liquidity လိုအပ္တယ္ဆိုရင္ က်ေနာ္တို႔ဆီကေနၿပီးေတာ့ သံုး ႏွစ္လံုး ထုတ္ေခ်းဖို႔ဆိုၿပီး ဒါႏိုင္ငံေတာ္က ေပၚလစီခ်ေပးလို႔ လုပ္တာရွိတယ္၊ အဲ့သံုး ႏွစ္လံုးကိုလည္း ေလွ်ာက္ထားၾကတယ္၊ သံုးႏွစ္လံုးက တစ္ႏွစ္ကို ဆိုင္းငံ့ကာလ၊ ႏွစ္ႏွစ္အတြင္းမွာ ျပန္ဆပ္ရမွာ သူက အဲ့ဒါကို ေလ်ာ့နည္းသြားတဲ့ လွည့္ပတ္ေငြေလ်ာ့နည္းသြားကို သူတို႔ျဖည့္ဆီၿပီး ေဆာင္ရြက္ႏိုင္မယ္၊ ဒါကိုလည္း က်ေနာ္တို႔ ေရြးဆိုင္းထားတဲ့အတြက္ေၾကာင့္ လုပ္ငန္းလည္ပတ္ရတာ အဆင္ေျပလိမ္မယ္လို႔ က်ေနာ္တို႔ အဲ့လုိပဲ ယူဆတယ္။”

ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ အမ်ားဆုံး ႀကံဳေနရတဲ့ ရန္ကုန္တုိင္း၊ ပဲခူးတုိင္းနဲ႔ ရခုိင္ျပည္နယ္ေတြမွာ အေၾကြးျပန္မဆပ္ႏုိင္တဲ့သူေတြကုိ အတင္းအၾကပ္ ေကာက္ခံတာေတြ မလုပ္ပဲ ၆ လတာဆုိင္းထားဖုိ႔ အစုိးရက ညႊန္ၾကားခ်က္ ထုတ္ျပန္လုိက္တာေၾကာင့္ အေသးစားေခ်းေငြ လုပ္ငန္းရွင္ေတြ ေငြေၾကးျပႆနာ ႀကံဳရမွာ စုိးရိမ္ေနခ်ိန္မွာပဲ အခုအစီအစဥ္ ထြက္ေပၚလာတာပါ။ အေသးစား ေငြေၾကးလုပ္ငန္းေတြကုိ ေခ်းေငြေပးမယ့္ အစုိးရရဲ႕ အစီအစဥ္ကုိေတာ့ မႏၱေလးၿမိဳ႕က ေဒၚခင္သက္ေမာ္ တုိ႔လုိ အေသးစားေခ်းေငြ လုပ္ငန္းရွင္ေတြက ႀကိဳဆုိၾကပါတယ္။

“အကယ္လို႔ က်မတို႔က ေခ်းေငြရတယ္၊ က်မတို႔လည္း လြတ္လြတ္ကြ်က္ကြ်က္ေခ်းခြင့္ရွိတယ္ဆိုရင္ ႏွစ္ဦး ႏွစ္ဖက္အဆင္ေျပပါတယ္။ ေခ်းေငြရတဲ့ အခ်ိန္ေပၚမူတည္တာေပ့ါေနာ္၊ ေခ်းေငြရတဲ့ အခ်ိန္ေပၚမွာ က်မတို႔က အကယ္လို႔ စိုက္ပ်ဳိးရာသီအခ်ိန္ဆိုလို႔ရွိရင္ က်မတို႔က စိုက္ပ်ဳိးေရးသမားေတြကို မ်ားမ်ားေခ်းလို႔ရတာေပါ့။”

အေသးစားေငြေၾကးလုပ္ငန္းေတြကုိ အစုိးရက ေငြထုတ္ေခ်းမယ္ ဆုိေပမဲ့လည္း တင္းၾကပ္တဲ့ ကန္႔သတ္ခ်က္ေတြ ရွိမွာကုိလည္း လုပ္ငန္းရွင္ေတြ စုိးရိမ္ေနပါတယ္။ ရန္ကုန္ၿမိဳ႕က အေသးစားေခ်းေငြလုပ္ငန္းရွင္ ေဒၚျဖဴယမင္းျမတ္ ကေတာ့သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြေၾကာင့္ လက္ေတြ႔ ေငြေခ်းရာမွာ အခက္အခဲႀကံဳရတာေတြ ရွိတယ္လုိ႔ ေျပာပါတယ္။

“ဥပမာ အရင္တုန္းက ဘာေတြရွိလဲဆိုရင္ အေပါင္ပစၥည္းထားမွ ရမယ္ဆိုတာမ်ဳိးေပါ့ေနာ္၊ အဲ့ေတာ့ အေသးစားေခ်းေငြလုပ္ငန္းေတြမွာ တကယ္လုပ္ေနၾကတဲ့ သူေတြက တခ်ဳိ႕က်ေတာ့လည္း အိမ္ခန္းတို႔ ႐ုံးခန္းတို႔က အပိုင္မဟုတ္ဘူး၊ ကုမၸဏီတို႔ဘာတို႔ သူ႔ဟာနဲ႔သူ အစုရွယ္ယာထည့္ၿပီး ရွိသမွ်ေငြကို လုပ္ငန္းထဲမွာ လွည့္တာ လူေတြကို ထုတ္ေခ်းတာေပါ့ေနာ္။ အဲ့ေတာ့ အေပါင္ပစၥည္းတို႔ဘာတို႔ အဲ့လိုမ်ဳိးျပဖို႔ခက္ခဲတဲ့ အုပ္စုေတြ ရွိတယ္ေပါ့ေနာ္၊ အဲ့ဒါမ်ဳိးေတြေၾကာင့္ မရတာမ်ားတယ္။ ေနာက္တစ္ခုက ဒီအေသးစားေခ်းေငြေတြက တစ္ေယာက္ထဲ ႏွစ္ေယာက္ထဲနဲ႔ ရွယ္ၾကတာမဟုတ္ဘူးေလး ၊ တတိယအဖြဲ႕အစည္းတစ္ခုခု တတိယလူပုဂၢိဳလ္ တစ္ေယာက္ေယာက္ကေနၿပီး ေခ်းမယ့္ ေခ်းေငြကို အာမခံေပးဖို႔ဆိုတဲ့ဟာမ်ဳိး၊ အဲ့လုိမ်ဳိးေတြ နဂိုပံုမွန္ေလ်ွာက္ထားတဲ့ ေနရာမွာ ကန႔္သတ္ခ်က္ေတြရွိတယ္၊ အဲ့ကန္႔သတ္မွတ္က်ေတာ့ အခုအေသးစားေခ်းေငြလုပ္ငန္း ေတာ္ေတာ္မ်ားမ်ားက သိပ္ၿပီး အဆင္မေျပၾကဘူးလို႔ က်မတို႔ၾကားတယ္။”

အေသးစား ေငြေၾကးလုပ္ငန္းေတြကုိေတာ့ ျမန္မာ့စီးပြားေရးဘဏ္ကေန ေခ်းေငြေတြ ထုတ္ေပးမွာျဖစ္ၿပီး အခုအခ်ိန္အထိ ေငြေရးေၾကးေရး အဖဲြ႔အစည္းေပါင္း ၇၈ ခုက ေလွ်ာက္လႊာတင္ထားတယ္လုိ႔လည္း ေငြေရးေၾကးေရး ႀကီးၾကပ္ေရးဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ႏိုင္က ေျပာပါတယ္။ အစုိးရက တရား၀င္ထုတ္ျပန္ထားတဲ့ အခ်က္အလက္ေတြအရ ျမန္မာႏုိင္ငံအ၀န္း အေသးစားေငြေရးေၾကးေရး အဖြဲ႔အစည္းေပါင္း ၁၈၉ ဖြဲ႔ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

မြန်မာ့အသေးစားငွေချေးလုပ်ငန်းရှင်တွေကို အစိုးရ ၃ နှစ် ငွေချေးပေးဖို့ စီစဉ်နေ

(Unicode)

ကိုဗစ်ကပ်ရောဂါကာလ အခက်အခဲကြုံနေရတဲ့ အသေးစားချေးငွေလုပ်ငန်းတွေကို ၃ နှစ်ကြာ ချေးငွေထုတ်ပေးဖို့ အစိုးရက စီစဉ်နေတဲ့အပေါ် လုပ်ငန်းရှင်တွေ ကြိုဆိုလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် အဂ္ဂနွန် သတင်းပေးပို့ထားပါတယ်။

ကပ်ရောဂါကာလမှာ ချေးငွေတွေ ပြန်မဆပ်နိုင်သူတွေ ရှိတာကြောင့် ကြွေးရှင်ဖြစ်တဲ့ အသေးစားငွေကြေး လုပ်ငန်းတွေမှာ အခက်အခဲ ကြုံနေရတာတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး အစိုးရက ကူညီဖို့စီစဉ်နေတာဖြစ်ပါတယ်။ နိုင်ငံအဝန်းက အသေးစားငွေကြေးလုပ်ငန်းတွေကို ၃ နှစ်အစီအစဉ်နဲ့ ငွေထုတ်ချေးမှာဖြစ်တယ်လို့လည်း စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က ပြောပါတယ်။

“ဒီ Microfinance (အသေးစားငွေကြေး) အဖွဲ့အစည်းတွေ အားလုံးကို ကျနော်တို့က နိုင်ငံတော်ကနေပြီးတော့ ကျနော်တို့ ကိုဗစ်-၁၉ ကြောင့် သူတို့လည်း ထိခိုက်မှုရှိခဲ့တာဆိုတော့ ကျနော်တို့က သုံးနှစ်လုံးထုတ်ချေးဖို့လည်း လုပ်ထားတယ်။ ဒီလိုပါ ဒီကိုဗစ်ကာလမှာလည်း သူတို့က ပြန်ဆပ်ဖို့မှာ ကောက်ခံလို့မရတာရှိတယ်၊ အတိုးတွေရွှေ့ဆိုင်ပေးရတာရှိတယ်၊ အဲ့ဒါကြောင့်မို့ သူတို့မှာ ဘာလျော့သွားလဲဆိုတော့ လှည့်ပတ်ငွေလျော့သွားတာပေါ့နော်၊ liquidity လျော့သွားတယ်ပေါ့၊ အဲ့လို liquidity လျော့သွားတဲ့အခါကျတော့ ကျနော်တို့က ဘာလုပ်ပေးရလဲဆိုတော့ အကယ်လို့များ liquidity လိုအပ်တယ်ဆိုရင် ကျနော်တို့ဆီကနေပြီးတော့ သုံး နှစ်လုံး ထုတ်ချေးဖို့ဆိုပြီး
ဒါနိုင်ငံတော်က ပေါ်လစီချပေးလို့ လုပ်တာရှိတယ်၊ အဲ့သုံး နှစ်လုံးကိုလည်း လျှောက်ထားကြတယ်၊ သုံးနှစ်လုံးက တစ်နှစ်ကို ဆိုင်းငံ့ကာလ၊ နှစ်နှစ်အတွင်းမှာ ပြန်ဆပ်ရမှာ သူက အဲ့ဒါကို လျော့နည်းသွားတဲ့ လှည့်ပတ်ငွေလျော့နည်းသွားကို သူတို့ဖြည့်ဆီပြီး ဆောင်ရွက်နိုင်မယ်၊
ဒါကိုလည်း ကျနော်တို့ ရွေးဆိုင်းထားတဲ့အတွက်ကြောင့် လုပ်ငန်းလည်ပတ်ရတာ အဆင်ပြေလိမ်မယ်လို့ ကျနော်တို့ အဲ့လိုပဲ ယူဆတယ်။”

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အများဆုံး ကြုံနေရတဲ့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ အကြွေးပြန်မဆပ်နိုင်တဲ့သူတွေကို အတင်းအကြပ် ကောက်ခံတာတွေ မလုပ်ပဲ ၆ လတာဆိုင်းထားဖို့ အစိုးရက ညွှန်ကြားချက် ထုတ်ပြန်လိုက်တာကြောင့် အသေးစားချေးငွေ လုပ်ငန်းရှင်တွေ ငွေကြေးပြဿနာ ကြုံရမှာ စိုးရိမ်နေချိန်မှာပဲ အခုအစီအစဉ် ထွက်ပေါ်လာတာပါ။ အသေးစား ငွေကြေးလုပ်ငန်းတွေကို ချေးငွေပေးမယ့် အစိုးရရဲ့ အစီအစဉ်ကိုတော့ မန္တလေးမြို့က ဒေါ်ခင်သက်မော် တို့လို အသေးစားချေးငွေ လုပ်ငန်းရှင်တွေက ကြိုဆိုကြပါတယ်။

“အကယ်လို့ ကျမတို့က ချေးငွေရတယ်၊ ကျမတို့လည်း လွတ်လွတ်ကျွက်ကျွက်ချေးခွင့်ရှိတယ်ဆိုရင် နှစ်ဦး နှစ်ဖက်အဆင်ပြေပါတယ်။ ချေးငွေရတဲ့ အချိန်ပေါ်မူတည်တာပေ့ါနော်၊ ချေးငွေရတဲ့ အချိန်ပေါ်မှာ ကျမတို့က အကယ်လို့ စိုက်ပျိုးရာသီအချိန်ဆိုလို့ရှိရင် ကျမတို့က စိုက်ပျိုးရေးသမားတွေကို များများချေးလို့ရတာပေါ့။”
အသေးစားငွေကြေးလုပ်ငန်းတွေကို အစိုးရက ငွေထုတ်ချေးမယ် ဆိုပေမဲ့လည်း တင်းကြပ်တဲ့ ကန့်သတ်ချက်တွေ ရှိမှာကိုလည်း လုပ်ငန်းရှင်တွေ စိုးရိမ်နေပါတယ်။ ရန်ကုန်မြို့က အသေးစားချေးငွေလုပ်ငန်းရှင် ဒေါ်ဖြူယမင်းမြတ် ကတော့သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် လက်တွေ့ ငွေချေးရာမှာ အခက်အခဲကြုံရတာတွေ ရှိတယ်လို့ ပြောပါတယ်။

“ဥပမာ အရင်တုန်းက ဘာတွေရှိလဲဆိုရင် အပေါင်ပစ္စည်းထားမှ ရမယ်ဆိုတာမျိုးပေါ့နော်၊ အဲ့တော့ အသေးစားချေးငွေလုပ်ငန်းတွေမှာ တကယ်လုပ်နေကြတဲ့ သူတွေက တချို့ကျတော့လည်း အိမ်ခန်းတို့ ရုံးခန်းတို့က အပိုင်မဟုတ်ဘူး၊ ကုမ္ပဏီတို့ဘာတို့ သူ့ဟာနဲ့သူ အစုရှယ်ယာထည့်ပြီး ရှိသမျှငွေကို လုပ်ငန်းထဲမှာ လှည့်တာ လူတွေကို ထုတ်ချေးတာပေါ့နော်။ အဲ့တော့ အပေါင်ပစ္စည်းတို့ဘာတို့ အဲ့လိုမျိုးပြဖို့ခက်ခဲတဲ့ အုပ်စုတွေ ရှိတယ်ပေါ့နော်၊ အဲ့ဒါမျိုးတွေကြောင့် မရတာများတယ်။ နောက်တစ်ခုက ဒီအသေးစားချေးငွေတွေက တစ်ယောက်ထဲ နှစ်ယောက်ထဲနဲ့ ရှယ်ကြတာမဟုတ်ဘူးလေး ၊ တတိယအဖွဲ့အစည်းတစ်ခုခု တတိယလူပုဂ္ဂိုလ် တစ်ယောက်ယောက်ကနေပြီး ချေးမယ့် ချေးငွေကို အာမခံပေးဖို့ဆိုတဲ့ဟာမျိုး၊ အဲ့လိုမျိုးတွေ နဂိုပုံမှန်လျှောက်ထားတဲ့ နေရာမှာ ကန့်သတ်ချက်တွေရှိတယ်၊ အဲ့ကန့်သတ်မှတ်ကျတော့ အခုအသေးစားချေးငွေလုပ်ငန်း တော်တော်များများက သိပ်ပြီး အဆင်မပြေကြဘူးလို့ ကျမတို့ကြားတယ်။”

အသေးစား ငွေကြေးလုပ်ငန်းတွေကိုတော့ မြန်မာ့စီးပွားရေးဘဏ်ကနေ ချေးငွေတွေ ထုတ်ပေးမှာဖြစ်ပြီး အခုအချိန်အထိ ငွေရေးကြေးရေး အဖွဲ့အစည်းပေါင်း ၇၈ ခုက လျှောက်လွှာတင်ထားတယ်လို့လည်း ငွေရေးကြေးရေး ကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က ပြောပါတယ်။ အစိုးရက တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံအဝန်း အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းပေါင်း ၁၈၉ ဖွဲ့ ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG