သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာေတြ အေထာက္အထားအျပည့္အစုံကုိင္ထားဖုိ႔ ယူနန္တာ၀န္ရွိသူေတြေၾကညာ


က်န္းမာေရးဆုိင္ရာ အေထာက္အထား အပါအ၀င္ တရား၀င္ေနထုိင္ခြင့္ လက္မွတ္မ်ား

(Zawgyi/Unicode)

ျမန္မာႏုိင္ငံနဲ႔နယ္စပ္ တ႐ုတ္ႏုိင္ငံ ယူနန္ျပည္နယ္မွာ ေရာက္ေနၾကတဲ့ ျမန္မာႏုိင္ငံသားေတြ အေနနဲ႔ က်န္းမာေရးဆုိင္ရာ အေထာက္အထား အပါအ၀င္ တရား၀င္ေနထုိင္ခြင့္ လက္မွတ္ေတြကုိ ျပည့္ျပည့္စုံစုံကုိင္ေဆာင္ထားၾကဖုိ႔ ေဒသခံအာဏာပုိင္ေတြ သတိေပးထားတဲ့အေၾကာင္း ကိုေဇာ္ထက္ ေျပာျပပါမယ္။

ယူနန္ျပည္နယ္၊ တယ္ဟုန္ျပည္နယ္ခြဲထဲမွာပါတဲ့ တ႐ုတ္ေ႐ႊလီနဲ႔ က်ယ္ေခါင္ၿမိဳ႕ထဲက ျမန္မာႏုိင္ငံသားေတြအေနနဲ႔ ၂ ႏိုင္ငံခ်စ္ၾကည္ေရးအရ ထုတ္ေပးထားတဲ့ ေပါက္ေဖာ္ကဒ္လုိ႔ လူသိမ်ားတဲ့ ျမန္မာႏိုင္ငံသား အသိအမွတ္ျပဳကဒ္၊ စာအုပ္အစိမ္းလို႔ေခၚတဲ့ ေနထိုင္ခြင့္ကဒ္ေတြအျပင္၊ အခုေနာက္ပိုင္း ထုတ္ေပးတဲ့ ကိုဗစ္ေရာဂါ စစ္ေဆးၿပီးေၾကာင္း အေထာက္အထားကဒ္ျပားကုိပါ ကုိင္ေဆာင္ထားဖို႔ ေဒသခံတာဝန္ရွိသူေတြက သတိေပးေနပါတယ္။

ဒီရက္ပိုင္းေတာ့ ယာယီေနထိုင္ခြင့္ လက္မွတ္နဲ႔ ေနထိုင္ခြင့္ေပးထားတာ ရွိေပမဲ့ လိုက္လံစစ္ေဆးတာေတြေတာ့ ပိုမ်ားလာေၾကာင္းလည္း ေ႐ႊလီၿမိဳ႕က တေအာင္းလူငယ္ ပရဟိတအဖြဲ႕ ဥကၠ႒ မိုင္ဦးလႈိင္ေအးက ေျပာပါတယ္။

“ ေနထိုင္ခြင့္ရွိရမယ္၊ ဒီေနထိုင္ခြင့္ တမ်ိဳးတည္းမဟုတ္ဘူး၊ ေပါက္ေဖာ္ကဒ္လည္း ရွိေသးတယ္၊ အဲဒီေပါက္ေဖာ္ကဒ္ကလည္း အေၾကာင္း မဟုတ္ဘူး ဒီေနာက္ပိုင္းက က်န္းမာေရးကဒ္အဓိက ဦးစားေပးေနတာ။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔ ႏိုင္ငံသားေတြ ဒီလိုရွိေတာ့ တ႐ုတ္ဘက္ ခိုးဝင္လာတဲ့သူေတြရွိတယ္၊ ခိုးဝင္လာေတာ့ တ႐ုတ္ေတြက ဒီေရာဂါကို ေၾကာက္ေနလို႔ လိုက္လံစစ္ေဆးေနတယ္၊ ဘယ္ေနရာမဆို သူတို႔လမ္းမွာႀကဳံရင္လည္း ဖုန္းနဲ႔ QR ကုဒ္နဲ႔႐ိုက္ၿပီးေတာ့ ပုံေပၚမေပၚ၊ မေပၚဘူးဆိုရင္ ဖမ္းသြားၿပီ။ ဖမ္းၿပီးေတာ့ တခါတည္း ျမန္မာႏိုင္ငံကို ပို႔ေပးတယ္၊ ဒါမွမဟုတ္ဒီက quarantine ဝင္ခိုင္းတယ္။”

ေနထိုင္ခြင့္ အေထာက္အထားမရွိလို႔ ဖမ္းဆီးထားတဲ့သူေတြလည္း ပုိမ်ားလာေနတယ္လို႔ မၾကာေသးခင္ကမွ ထိန္းသိမ္းခံရၿပီး ျပန္လြတ္လာတဲ့ ျမန္မာတဦးက ေျပာပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း အေထာက္အထားမရွိလို႔ ထိန္းသိမ္းခံရတဲ့ ျမန္မာေတြကို တ႐ုတ္ဘက္က လႊဲေျပာင္းေပးခဲ့တယ္လို႔ မူဆယ္ခ႐ိုင္ အုပ္ခ်ဳပ္ေရးဌာနက လက္ေထာက္ ၫႊန္ၾကားေရးမႉး ဦးေမာင္ေမာင္သန္းက ဗြီအိုေအကို ေျပာပါတယ္။

“ ၿပီးခဲ့တဲ့ ႏွစ္ရက္ေလာက္က ၁၀၆ ေယာက္ လႊဲတယ္ေလ။ အဲဒါေတြက သူတို႔ဘက္က အေရးယူထားတဲ့ အက်ဥ္းသားေပါ့၊ အဲဒီအထဲမွာ ခိုးဝင္ခိုးထြက္ လုပ္တဲ့သူေတြလည္း ပါတာေပါ့။ တ႐ုတ္ႏိုင္ငံကေတာ့ ျမန္မာႏိုင္ငံဘက္မွာ ေရာဂါျဖစ္ပြားႏႈန္းလည္း ျမင့္ေနတယ္ဆိုေတာ့ ဒီဘက္ကေန ဝင္တာထြက္တာ၊ ၿပီးေတာ့ ဒီကႏိုင္ငံသားေတြနဲ႔ပတ္သက္တာ ဒါေတြနဲ႔ပတ္သက္ၿပီး တင္းက်ပ္တဲ့စည္းကမ္းေတြ ထပ္ထုတ္လာတာ မ်ားတာေပါ့။ အဲဒါလည္း ဒီဘက္ကို အေၾကာင္းၾကားတာရွိတယ္၊ အေၾကာင္း မၾကားတာရွိတယ္။ ညႇိႏႈိင္းတာလည္း ရွိတာေပါ့ေလ။”

ျမန္မာ- တ႐ုတ္ ကုန္သြယ္ေရးကိစၥ၊ ႏွစ္ႏိုင္ငံေျဖရွင္းမွရတဲ့ လူကုန္ကူးမႈလို ကိစၥေတြကို တ႐ုတ္ယူနန္ အစိုးရဘက္က ျမန္မာဘက္ အသိေပးတာမ်ိဳး ရွိေပမဲ့ သူ႔ႏိုင္ငံအတြင္း မၾကာခဏ ေျပာင္းလဲထုတ္ျပန္တဲ့ အလုပ္သမားကိစၥ ေတြကိုေတာ့ မ်ားေသာအားျဖင့္ အသိမေပးေလ့မရွိေၾကာင္း ဦးေမာင္ေမာင္သန္းက ေျပာပါတယ္။

ျမန္မာႏိုင္ငံသားတခ်ိဳ႕မွာ ကိုဗစ္ေရာဂါေတြ႕ရွိၿပီး ေ႐ႊလီနဲ႔ က်ယ္ေခါင္ၿမိဳ႕ႏွစ္ခုလုံးကို က်န္းမာေရးစစ္ေဆးမႈေတြ ယူနန္အစိုးရက လုပ္ခဲ့တာပါ။ အဲဒီေနာက္ပိုင္း ကိုဗစ္စစ္ေဆးၿပီးတဲ့ ေထာက္ခံခ်က္ကို ေနရာအႏွံ႔အျပားမွာ စစ္ေဆးတာေတြ လုပ္ေနတယ္လုိ႔လည္း ေ႐ႊလီၿမိဳ႕မွာေနတဲ့ ကိုျမတ္သူက ေျပာပါတယ္။

“ က်ေနာ္တို႔ အစတုန္းကေတာ့ နယ္စပ္ျဖတ္သန္းခြင့္ စာအုပ္အနီေပါ့၊ အဲဒါကေန ေ႐ႊလီမွာသြားၿပီးေတာ့ စာအုပ္အစိမ္းဆိုၿပီးေတာ့ လုပ္ခိုင္းပါတယ္၊ စာအုပ္အစိမ္းကေနအခု ၂၀၂၀ မွာ ၅လပိုင္း ၂၉ ရက္ေန႔မွာ ေပါက္ေဖာ္ကဒ္ စၿပီးအသုံးျပဳခြင့္ေပးတယ္၊ အခုဒီရက္ပိုင္းမွာေတာ့ ေပါက္ေဖာ္ကဒ္ လုပ္ေပးတဲ့သူ တခါ စာအုပ္အစိမ္းျပန္ၿပီးေတာ့ လဲလွယ္ေပးတယ္ဆိုၿပီး သတင္းေတြထြက္ေနတယ္။ သူတို႔ကေတာ့ စစ္ခ်င္တဲ့အခ်ိန္ ေကာက္ၿပီးေတာ့ ေကာက္စစ္တာပဲ က်ေနာ္တို႔ကို။ မနက္ကေတာာင္မွ က်ေနာ္အစစ္ခံရတယ္။ လမ္းသြားလမ္းလာ သူတို႔မထင္တဲ့သူကို ေကာက္စစ္တာေပါ့။”

ေ႐ႊလီၿမိဳ႕မွာ အလုပ္လုပ္ေနတဲ့ ျမန္မာႏိုင္ငံသားက တသိန္း ေလာက္ရွိၿပီး အဲဒီအထဲက ၂၆၀၀၀ ေက်ာ္မွာ ေပါက္ေဖာ္ကဒ္ ရွိေနၿပီလို႔တ႐ုတ္ႏုိင္ငံက သတင္းေတြမွာ ေဖာ္ျပၾကပါတယ္။ တ႐ုတ္ျပည္ထဲ တရားမဝင္ေရာက္လာတဲ့ ျမန္မာႏိုင္ငံသားေတြကိုလည္း အလုပ္ရွင္ေတြက လက္မခံထားဖို႔နဲ႔ ျမန္မာေငြ သိန္း ၁၀၀ နီးပါးရွိတဲ့ တ႐ုတ္ယြမ္ေငြ ၅၀၀၀၀ ကိုဒဏ္ေငြအေနနဲ႔ ေပးေဆာင္ရမယ္လို႔လည္း တ႐ုတ္အာဏာပိုင္ေတြက သတိေပးထားပါတယ္။ ျမန္မာႏုိင္ငံမွာ မၾကာေသးခင္လေတြကစလုိ႔ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တုိးလာရာက တ႐ုတ္ႏုိင္ငံ အပါအ၀င္ အိမ္နီးခ်င္းႏုိင္ငံေတြက နယ္စပ္ေဒသေတြမွာ လုံၿခံဳေရးေတြ တင္းၾကပ္ထားသလုိ၊ ၀င္ထြက္သြားလာမႈေတြ ကုိလည္း ကန္႔သတ္စစ္ေဆးတာေတြ တုိးျမွင့္လာေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...........

မြန်မာတွေ အထောက်အထားအပြည့်အစုံကိုင်ထားဖို့ ယူနန်တာဝန်ရှိသူတွေကြေညာ (Unicode)

မြန်မာနိုင်ငံနဲ့နယ်စပ် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အထား အပါအဝင် တရားဝင်နေထိုင်ခွင့် လက်မှတ်တွေကို ပြည့်ပြည့်စုံစုံကိုင်ဆောင်ထားကြဖို့ ဒေသခံအာဏာပိုင်တွေ သတိပေးထားတဲ့အကြောင်း ကိုဇော်ထက် ပြောပြပါမယ်။

ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲထဲမှာပါတဲ့ တရုတ်ရွှေလီနဲ့ ကျယ်ခေါင်မြို့ထဲက မြန်မာနိုင်ငံသားတွေအနေနဲ့ ၂ နိုင်ငံချစ်ကြည်ရေးအရ ထုတ်ပေးထားတဲ့ ပေါက်ဖော်ကဒ်လို့ လူသိများတဲ့ မြန်မာနိုင်ငံသား အသိအမှတ်ပြုကဒ်၊ စာအုပ်အစိမ်းလို့ခေါ်တဲ့ နေထိုင်ခွင့်ကဒ်တွေအပြင်၊ အခုနောက်ပိုင်း ထုတ်ပေးတဲ့ ကိုဗစ်ရောဂါ စစ်ဆေးပြီးကြောင်း အထောက်အထားကဒ်ပြားကိုပါ ကိုင်ဆောင်ထားဖို့ ဒေသခံတာဝန်ရှိသူတွေက သတိပေးနေပါတယ်။

ဒီရက်ပိုင်းတော့ ယာယီနေထိုင်ခွင့် လက်မှတ်နဲ့ နေထိုင်ခွင့်ပေးထားတာ ရှိပေမဲ့ လိုက်လံစစ်ဆေးတာတွေတော့ ပိုများလာကြောင်းလည်း ရွှေလီမြို့က တအောင်းလူငယ် ပရဟိတအဖွဲ့ ဥက္ကဋ္ဌ မိုင်ဦးလှိုင်အေးက ပြောပါတယ်။

“ နေထိုင်ခွင့်ရှိရမယ်၊ ဒီနေထိုင်ခွင့် တမျိုးတည်းမဟုတ်ဘူး၊ ပေါက်ဖော်ကဒ်လည်း ရှိသေးတယ်၊ အဲဒီပေါက်ဖော်ကဒ်ကလည်း အကြောင်း မဟုတ်ဘူး ဒီနောက်ပိုင်းက ကျန်းမာရေးကဒ်အဓိက ဦးစားပေးနေတာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ နိုင်ငံသားတွေ ဒီလိုရှိတော့ တရုတ်ဘက် ခိုးဝင်လာတဲ့သူတွေရှိတယ်၊ ခိုးဝင်လာတော့ တရုတ်တွေက ဒီရောဂါကို ကြောက်နေလို့ လိုက်လံစစ်ဆေးနေတယ်၊ ဘယ်နေရာမဆို သူတို့လမ်းမှာကြုံရင်လည်း ဖုန်းနဲ့ QR ကုဒ်နဲ့ရိုက်ပြီးတော့ ပုံပေါ်မပေါ်၊ မပေါ်ဘူးဆိုရင် ဖမ်းသွားပြီ။ ဖမ်းပြီးတော့ တခါတည်း မြန်မာနိုင်ငံကို ပို့ပေးတယ်၊ ဒါမှမဟုတ်ဒီက quarantine ဝင်ခိုင်းတယ်။”

နေထိုင်ခွင့် အထောက်အထားမရှိလို့ ဖမ်းဆီးထားတဲ့သူတွေလည်း ပိုများလာနေတယ်လို့ မကြာသေးခင်ကမှ ထိန်းသိမ်းခံရပြီး ပြန်လွတ်လာတဲ့ မြန်မာတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အထောက်အထားမရှိလို့ ထိန်းသိမ်းခံရတဲ့ မြန်မာတွေကို တရုတ်ဘက်က လွှဲပြောင်းပေးခဲ့တယ်လို့ မူဆယ်ခရိုင် အုပ်ချုပ်ရေးဌာနက လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ဗွီအိုအေကို ပြောပါတယ်။

“ ပြီးခဲ့တဲ့ နှစ်ရက်လောက်က ၁၀၆ ယောက် လွှဲတယ်လေ။ အဲဒါတွေက သူတို့ဘက်က အရေးယူထားတဲ့ အကျဉ်းသားပေါ့၊ အဲဒီအထဲမှာ ခိုးဝင်ခိုးထွက် လုပ်တဲ့သူတွေလည်း ပါတာပေါ့။ တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံဘက်မှာ ရောဂါဖြစ်ပွားနှုန်းလည်း မြင့်နေတယ်ဆိုတော့ ဒီဘက်ကနေ ဝင်တာထွက်တာ၊ ပြီးတော့ ဒီကနိုင်ငံသားတွေနဲ့ပတ်သက်တာ ဒါတွေနဲ့ပတ်သက်ပြီး တင်းကျပ်တဲ့စည်းကမ်းတွေ ထပ်ထုတ်လာတာ များတာပေါ့။ အဲဒါလည်း ဒီဘက်ကို အကြောင်းကြားတာရှိတယ်၊ အကြောင်း မကြားတာရှိတယ်။ ညှိနှိုင်းတာလည်း ရှိတာပေါ့လေ။”

မြန်မာ- တရုတ် ကုန်သွယ်ရေးကိစ္စ၊ နှစ်နိုင်ငံဖြေရှင်းမှရတဲ့ လူကုန်ကူးမှုလို ကိစ္စတွေကို တရုတ်ယူနန် အစိုးရဘက်က မြန်မာဘက် အသိပေးတာမျိုး ရှိပေမဲ့ သူ့နိုင်ငံအတွင်း မကြာခဏ ပြောင်းလဲထုတ်ပြန်တဲ့ အလုပ်သမားကိစ္စ တွေကိုတော့ များသောအားဖြင့် အသိမပေးလေ့မရှိကြောင်း ဦးမောင်မောင်သန်းက ပြောပါတယ်။

မြန်မာနိုင်ငံသားတချို့မှာ ကိုဗစ်ရောဂါတွေ့ရှိပြီး ရွှေလီနဲ့ ကျယ်ခေါင်မြို့နှစ်ခုလုံးကို ကျန်းမာရေးစစ်ဆေးမှုတွေ ယူနန်အစိုးရက လုပ်ခဲ့တာပါ။ အဲဒီနောက်ပိုင်း ကိုဗစ်စစ်ဆေးပြီးတဲ့ ထောက်ခံချက်ကို နေရာအနှံ့အပြားမှာ စစ်ဆေးတာတွေ လုပ်နေတယ်လို့လည်း ရွှေလီမြို့မှာနေတဲ့ ကိုမြတ်သူက ပြောပါတယ်။

“ ကျနော်တို့ အစတုန်းကတော့ နယ်စပ်ဖြတ်သန်းခွင့် စာအုပ်အနီပေါ့၊ အဲဒါကနေ ရွှေလီမှာသွားပြီးတော့ စာအုပ်အစိမ်းဆိုပြီးတော့ လုပ်ခိုင်းပါတယ်၊ စာအုပ်အစိမ်းကနေအခု ၂၀၂၀ မှာ ၅လပိုင်း ၂၉ ရက်နေ့မှာ ပေါက်ဖော်ကဒ် စပြီးအသုံးပြုခွင့်ပေးတယ်၊ အခုဒီရက်ပိုင်းမှာတော့ ပေါက်ဖော်ကဒ် လုပ်ပေးတဲ့သူ တခါ စာအုပ်အစိမ်းပြန်ပြီးတော့ လဲလှယ်ပေးတယ်ဆိုပြီး သတင်းတွေထွက်နေတယ်။ သူတို့ကတော့ စစ်ချင်တဲ့အချိန် ကောက်ပြီးတော့ ကောက်စစ်တာပဲ ကျနော်တို့ကို။ မနက်ကတောာင်မှ ကျနော်အစစ်ခံရတယ်။ လမ်းသွားလမ်းလာ သူတို့မထင်တဲ့သူကို ကောက်စစ်တာပေါ့။”

ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားက တသိန်း လောက်ရှိပြီး အဲဒီအထဲက ၂၆၀၀၀ ကျော်မှာ ပေါက်ဖော်ကဒ် ရှိနေပြီလို့တရုတ်နိုင်ငံက သတင်းတွေမှာ ဖော်ပြကြပါတယ်။ တရုတ်ပြည်ထဲ တရားမဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း အလုပ်ရှင်တွေက လက်မခံထားဖို့နဲ့ မြန်မာငွေ သိန်း ၁၀၀ နီးပါးရှိတဲ့ တရုတ်ယွမ်ငွေ ၅၀၀၀၀ ကိုဒဏ်ငွေအနေနဲ့ ပေးဆောင်ရမယ်လို့လည်း တရုတ်အာဏာပိုင်တွေက သတိပေးထားပါတယ်။ မြန်မာနိုင်ငံမှာ မကြာသေးခင်လတွေကစလို့ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာရာက တရုတ်နိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေက နယ်စပ်ဒေသတွေမှာ လုံခြုံရေးတွေ တင်းကြပ်ထားသလို၊ ဝင်ထွက်သွားလာမှုတွေ ကိုလည်း ကန့်သတ်စစ်ဆေးတာတွေ တိုးမြှင့်လာနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG