သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်ထားမဲ့ မြန်မာ ၇ ဦး ထိုင်းမြန်မာနယ်စပ်မှာ အဖမ်းခံရ


ထိုင်းမြန်မာနယ်စပ် တာ့ခရိုင် မဲရမတ်မြို့နယ်ထဲက ကားတစီးပေါ်မှာ သစ်သီးခြင်းတွေကြားထဲ ပုန်းခို လိုက်ပါလာတဲ့ မြန်မာ ၇ ဦးကို နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့တွေက ရှာဖွေဖမ်းဆီးစဥ်။ (ဓာတ်ပုံ- ထိုင်းနယ်မြေခံစစ်တပ်)
ထိုင်းမြန်မာနယ်စပ် တာ့ခရိုင် မဲရမတ်မြို့နယ်ထဲက ကားတစီးပေါ်မှာ သစ်သီးခြင်းတွေကြားထဲ ပုန်းခို လိုက်ပါလာတဲ့ မြန်မာ ၇ ဦးကို နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့တွေက ရှာဖွေဖမ်းဆီးစဥ်။ (ဓာတ်ပုံ- ထိုင်းနယ်မြေခံစစ်တပ်)

ထိုင်းမြန်မာနယ်စပ် တာ့ခရိုင် မဲရမတ်မြို့နယ်ထဲက ကားတစီးပေါ်မှာ သစ်သီးခြင်းတွေကြားထဲ ပုန်းခို လိုက်ပါလာတဲ့ မြန်မာ ၇ ဦးကို နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့တွေက ဒီဇင်ဘာလ ၁၈ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ ဒီတခါဖမ်းဆီးမှုနဲ့ဆိုရင် ၆ ရက်အတွင်း ထိုင်းနိုင်ငံရဲ့ ခရိုင် ၄ ခုမှာ တရားမဝင် လာရောက် တဲ့ မြန်မာ ၆၅ ဦး အဖမ်းဆီးခံခဲ့ရပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် မဲဆောာက်မြို့ရဲ့မြောက်ဘက်မှာရှိတဲ့ မဲမရမတ်မြို့နယ်ထဲမှာ ဘန်ကောက်ကို သွားဖို့ကြိုးစားကြတဲ့ အထောက်ထားမပါတဲ့ မြန်မာ ၇ ဦးကို စစ်ဆေးရေးဂိတ်က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ သူတို့ဟာ သစ်သီးခြင်းတွေကြားထဲမှာ လိုက်ပါလာတာဖြစ်ကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

“ထိုင်းနယ်ခြား တာ့ခရိုင် မဲဆောက်မြို့မြောက်ဘက် မဲရမတ်မြို့နယ် နယ်နမိတ်ထဲမှာ ထိုင်းယာဉ်မောင်း အမျိုးသမီးတဦးနဲ့အတူ တရားမဝင်လာတဲ့ မြန်မာနိုင်ငံသား ၇ ဦး ဖမ်းမိခဲ့ပါတယ်။ သူတို့က ပစ်ကပ်ယာဉ်နောက်ခန်းက သစ်သီးခြင်းတွေထဲမှာ မြန်မာအမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၄ ဦးကို သယ်ဆောင်လာတာဖြစ်ပါတယ်။ အဲဒါကို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ကနေ စစ်ဆေးပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။”

အခုဆိုရင် မြန်မာတွေဆက်တိုက် အဖမ်းခံနေရပြီး ခရိုင် ၄ ခုမှာ ၆ ရက်အတွင်း မြန်မာ ၆၀ ကျော် အဖမ်းခံထားရတယ်လို့လည်း ပြောပါတယ်။

“၁၄ ရက်နေ့က ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ ထိုင်းနိုင်ငံရဲ့ခရိုင် ၄ ခုမှာ တရားမဝင်လာတဲ့ မြန်မာ ၆၅ ယောက်နဲ့ ထိုင်းယာဉ်မောင်းက ၂ ယောက် အဖမ်းခံရပါတယ်။”

အခုလိုမျိုး ဖမ်းဆီးခံရမှုတွေ မကြာခဏ ကြုံနေရပြီး အစုလိုက်အပြုံလိုက် အဖမ်းခံရတာနဲ့ တောတောင်တွေထဲမှာပဲ ပွဲစားတွေက စွန့်ပစ်ထားခဲ့တာတွေရှိနေပေမယ့် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာသူတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။

ထိုင်းနိုင်ငံထဲမှာ ထိုင်းအလုပ်သမားဝန်ကြီးဌာန လက်အောက်ခံ အလုပ်သမားဌာန (Department of employment) ရဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်ထိ ကောက်ခံထားတဲ့စာရင်းအရ မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက လာရောက် အလုပ်လုပ်ကိုင်နေတဲ့ တရားဝင် ရွှေ့ပြောင်းအလုပ်သမားက စုစုပေါင်း ၂ သန်းခွဲကျော် (၂,၇၆၆,၉၉၇) ရှိပြီး ဒီထဲမှာမြန်မာက ၁ သန်းခွဲကျော် (၁,၅၄၃,၃၅၅) ရှိနေတာပါ။

ဒါပေမယ့် ထိုင်းနိုင်ငံထဲမှာ အထောက်အထားမဲ့ မြန်မာတွေ အများအပြားရှိနေပြီး အခုလို တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းထက် ၂ ဆလောက်ပိုများနေတယ်လို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေက ပြောကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG