သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေကာ့ကရိတ္ခ႐ိုင္တြင္း KNU နဲ႔ ျမန္မာစစ္တပ္ တိုက္ပဲြျဖစ္


ကရင္ျပည္နယ္တြင္း တေနရာတြင္ေတြ႔ရသည့္ KNU တပ္ဖြဲ႔ဝင္တခ်ဳိ႕။ (ဇန္နဝါရီ ၃၁၊ ၂၀၁၂)

[Zawgyi/Unicode]

ကရင္ျပည္နယ္ေတာင္ပုိင္း ေကာ့ကရိတ္ခရိုင္တြင္းမွာ ေကအန္ယူတပ္ေတြနဲ႔ ျမန္မာစစ္တပ္တို႔ တိုက္ပဲြျဖစ္ျပီး ျမန္မာတပ္မေတာ္ဘက္က ထိခိုက္ေသဆံုးမႈ ရွိတယ္လို႔ ေကအန္ယူက ေျပာဆုိတဲ့သတင္းကုိ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ေျပာျပပါမယ္။

ကရင္ျပည္ေတာင္ပုိင္း ေကာ့ကရိတ္ခရိုင္ထဲမွာ ျမန္မာတပ္မေတာ္နဲ႔ ကရင္တပ္ေတြ ထိေတြ႔မႈျဖစ္စဥ္မွာ ျမန္မာတပ္မေတာ္ဘက္က ထိခိုက္ေသဆံုးမႈေတြ ရွိေၾကာင္း ေကအန္ယူ တဲြဘက္အတြင္းေရးမွဴး (၂) ဖဒိုေစာလွထြန္းကေတာ့ေျပာျပပါတယ္။

"မေန႔ကေတာ့ ဒူးပလာယာခရိုင္တပ္မဟာ ၆ ဘက္မွာ ထိေတြ ့မႈေတာ့ျဖစ္သြားတယ္ေလ။ အဲဒီအျဖစ္ေတာ့ရွိပါတယ္။ ေျပာျပခ်က္အရ တပ္မေတာ္ဘက္က ထိခိုက္မႈနဲ႔ ေသဆံုးမႈေတြရွိပါတယ္။"

ကရင္ျပည္နယ္မွာလည္း စစ္အုပ္ခ်ဳပ္ေရးေကာင္စီကုိ ဆန္က်င့္ကန္႔ကြက္မႈေတြက ေန႔စဥ္ျဖစ္ေပၚေနတာေၾကာင့္ ေကအန္ယူ ထိန္းခ်ဳပ္ရာနယ္ေျမမွာ ပစ္ခတ္သတ္ျဖတ္မႈေတြ မျဖစ္ေအာင္ ေကအန္ယူက ဝန္းရံေပးေနတာေတြ ရွိတယ္လိုို႔လည္း သူဆုိပါတယ္။

"လက္ရွိျပည္သူေတြဘက္ကေတာ့ ဆႏၵထုတ္ေဖာ္မႈနဲ႔ ေတာင္းဆိုမႈေတြ ရွိေနဆဲပဲ။ အဲဒီအေပၚမွာ ရဲနဲ႔ စစ္တပ္က ေျဖရွင္းမႈေတြကေတာ့ ထိေတြ႔တာေတြ ရွိလာတယ္။ က်ေနာ္တို႔ ကရင္ထိန္းခ်ဳပ္မႈေနရာေတြမွာ လူထုကို လိုအပ္တဲ့ ၀န္းရံမႈေတြ ရွိတာေပါ့ေနာ္။"

ျပီးခဲ့တဲ့ ရက္ေတြတုန္းကေတာ့ တပ္မဟာ ၆ နယ္ေျမေတြမွာလည္း တုိက္ပဲြျဖစ္ရတာဟာ နယ္ေျမေက်ာ္လာတာေၾကာင့္ ျဖစ္ရတယ္လုိ႔လည္း ဖဒုိေစာလွထြန္းကေျပာျပပါ။

"ဒီအခ်ိန္ ဒီကာလမွာေတာ့ တပ္မေတာ္ဘက္ကလည္း အာဏာသိမ္းထားတယ္၊ လူထုေတြကလည္း ဆႏၵျပတာေတြ ျဖစ္တယ္။ က်ေနာ္တို႔ေအာက္ေျခမွာလည္း သြားလာတာကအစ ခြင့္ျပဳခ်က္ေတြ သို႔မဟုတ္ အသိေပးမႈေတြ လိုတယ္။ ႏွစ္ဘက္ကလည္း လက္ခံမွ သာ လိုအပ္တာေပါ့ေနာ္။ အသိေပးမႈေတြလိုတယ္။ နယ္ေျမမွာေတာ့ ထိေတြ ့မႈေတြျဖစ္တာေတြရွိတယ္။"

မေန႔တုန္းကေတာ့ ကရင္ျပည္နယ္ျမ၀တီျမိဳ႕မွာ စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပသူေတြကို ဖမ္းဆီးတာနဲ႔ ပတ္သက္လုိ႔ ျပန္လႊတ္ေပးဖို႔ ကရင္လက္နက္ကိုင္ေတြနဲ႔ ရဲေတြၾကား အေျခအတင္ ျပႆနာ တက္ခဲ့တာေတြလည္း ရွိပါတယ္။ ေကအန္ယူကေတာ့ ဆႏၵျပသူေတြက သူတို႔ နယ္ေျမအတြင္း ၀န္းရံေျဖရွင္းမႈေတြသာ လုပ္ခဲ့တယ္လို႔သာေျပာခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကော့ကရိတ်ခရိုင်တွင်း KNU နဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်

ကရင်ပြည်နယ်တောင်ပိုင်း ကော့ကရိတ်ခရိုင်တွင်းမှာ ကေအန်ယူတပ်တွေနဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပြီး မြန်မာတပ်မတော်ဘက်က ထိခိုက်သေဆုံးမှု ရှိတယ်လို့ ကေအန်ယူက ပြောဆိုတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

ကရင်ပြည်တောင်ပိုင်း ကော့ကရိတ်ခရိုင်ထဲမှာ မြန်မာတပ်မတော်နဲ့ ကရင်တပ်တွေ ထိတွေ့မှုဖြစ်စဉ်မှာ မြန်မာတပ်မတော်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိကြောင်း ကေအန်ယူ တွဲဘက်အတွင်းရေးမှူး (၂) ဖဒိုစောလှထွန်းကတော့ပြောပြပါတယ်။

"မနေ့ကတော့ ဒူးပလာယာခရိုင်တပ်မဟာ ၆ ဘက်မှာ ထိတွေ့မှုတော့ဖြစ်သွားတယ်လေ။ အဲဒီအဖြစ်တော့ရှိပါတယ်။ ပြောပြချက်အရ တပ်မတော်ဘက်က ထိခိုက်မှုနဲ့ သေဆုံးမှုတွေရှိပါတယ်။"

ကရင်ပြည်နယ်မှာလည်း စစ်အုပ်ချုပ်ရေးကောင်စီကို ဆန်ကျင့်ကန့်ကွက်မှုတွေက နေ့စဉ်ဖြစ်ပေါ်နေတာကြောင့် ကေအန်ယူ ထိန်းချုပ်ရာနယ်မြေမှာ ပစ်ခတ်သတ်ဖြတ်မှုတွေ မဖြစ်အောင် ကေအန်ယူက ဝန်းရံပေးနေတာတွေ ရှိတယ်လို့လည်း သူဆိုပါတယ်။

"လက်ရှိပြည်သူတွေဘက်ကတော့ ဆန္ဒထုတ်ဖော်မှုနဲ့ တောင်းဆိုမှုတွေ ရှိနေဆဲပဲ။ အဲဒီအပေါ်မှာ ရဲနဲ့ စစ်တပ်က ဖြေရှင်းမှုတွေကတော့ ထိတွေ့တာတွေ ရှိလာတယ်။ ကျနော်တို့ ကရင်ထိန်းချုပ်မှုနေရာတွေမှာ လူထုကို လိုအပ်တဲ့ ဝန်းရံမှုတွေ ရှိတာပေါ့နော်။"

ပြီးခဲ့တဲ့ ရက်တွေတုန်းကတော့ တပ်မဟာ ၆ နယ်မြေတွေမှာလည်း တိုက်ပွဲဖြစ်ရတာဟာ နယ်မြေကျော်လာတာကြောင့် ဖြစ်ရတယ်လို့လည်း ဖဒိုစောလှထွန်းကပြောပြပါ။

"ဒီအချိန် ဒီကာလမှာတော့ တပ်မတော်ဘက်ကလည်း အာဏာသိမ်းထားတယ်၊ လူထုတွေကလည်း ဆန္ဒပြတာတွေ ဖြစ်တယ်။ ကျနော်တို့အောက်ခြေမှာလည်း သွားလာတာကအစ ခွင့်ပြုချက်တွေ သို့မဟုတ် အသိပေးမှုတွေ လိုတယ်။ နှစ်ဘက်ကလည်း လက်ခံမှ သာ လိုအပ်တာပေါ့နော်။ အသိပေးမှုတွေလိုတယ်။ နယ်မြေမှာတော့ ထိတွေ့မှုတွေဖြစ်တာတွေရှိတယ်။"

မနေ့တုန်းကတော့ ကရင်ပြည်နယ်မြဝတီမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ဖမ်းဆီးတာနဲ့ ပတ်သက်လို့ ပြန်လွှတ်ပေးဖို့ ကရင်လက်နက်ကိုင်တွေနဲ့ ရဲတွေကြား အခြေအတင် ပြဿနာ တက်ခဲ့တာတွေလည်း ရှိပါတယ်။ ကေအန်ယူကတော့ ဆန္ဒပြသူတွေက သူတို့ နယ်မြေအတွင်း ဝန်းရံဖြေရှင်းမှုတွေသာ လုပ်ခဲ့တယ်လို့သာပြောခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG