(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ လက္ရွိမွာလည္း တိုက္ပြဲေတြဆက္လက္ ျဖစ္ပြားေနဆဲျဖစ္တဲ့အတြက္ အရပ္သားေသဆံုးမႈေတြနဲ႔ ျပည္တြင္းမွာ အိုးအိမ္ေျပာင္းေရႊ႕ေနထိုင္ရမႈေတြ ခုထိ ရွိေနဆဲပဲလို႔ ျမန္မာႏိုင္ငံမွာရွိတဲ့ ကုလသမဂၢလူသားခ်င္းစာနာမႈဆိုင္ရာ အဖြဲ႔က ေျပာေၾကာင္း ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ရဲ႕ ေျပာခြင့္ရ Stephane Dujarric က ေသာၾကာေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။
“ျမန္မာစစ္တပ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္ေတြၾကား ျဖစ္ပြားတဲ့ တိုက္ပြဲေတြေၾကာင့္ ေဖေဖၚဝါရီလဆန္းမွာ ရွမ္းျပည္ေျမာက္ပိုင္းမွာ ျပည္တြင္းအိုးအိမ္ေရႊ႕ေျပာင္းရသူ ၂၀၀၀ ေက်ာ္ရွိခဲ့သလို အရပ္သား ၉ ဦးေသဆံုးၿပီး ကေလးငယ္ေတြ အပါအဝင္ ၈ ဦးဒဏ္ရာရခဲ့တယ္” လို႔ ေျပာသြားတာပါ။
ကရင္ျပည္နယ္နဲ႔ ပဲခူးတိုင္းေတြမွာလည္း တပ္မေတာ္နဲ႔ KNU တို႔ၾကား တိုက္ပြဲေတြေၾကာင့္ အိုးအိမ္ေရႊ႕ေျပာင္းေနထိုင္ရသူ ၅၀၀၀ ေက်ာ္ရွိေနတဲ့ အတြက္ စိုးရိမ္စိတ္ပူေၾကာင္းလည္း ေျပာပါတယ္။
ျမန္မာႏိုင္ငံတြင္း ဘဏ္ေတြပိတ္ထားတာအျပင္ ဝန္ထမ္းေတြရဲ႕ လံုျခံဳစိတ္ခ်ရမႈအပါအဝင္ စိန္ေခၚမႈေတြၾကံဳေနရေပမယ့္ တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ ေဒသေတြမွာ ကုလသမဂၢက အကူညီေတြ ဆက္ေပးေနဆဲ ျဖစ္ေၾကာင္းနဲ႔ လူသားခ်င္းစာနာမႈ အကူညီလိုအပ္တဲ့ ေဒသေတြကို သြားေရာက္ႏိုင္ဖို႔ သက္ဆိုင္ရာ အဖြဲ႔အစည္းေတြအားလံုးအေနနဲ႔ အရပ္သားေတြ ထိခိုက္မႈမရွိေအာင္ အကာကြယ္ေပးဖို႔နဲ႔ အႏၲရာယ္မျဖစ္ေအာင္ သတိထားၾကဖို႔လည္း ေတာင္းဆိုလိုက္ပါတယ္။
ျမန္မာႏိုင္ငံတြင္း ပဋိပကၡေဒသေန လူေပါင္း တသန္းနီးပါးကို ဒီႏွစ္အတြက္ လူသားခ်င္းစာနာမႈဆိုင္ရာ အကူညီေပးေရး အစီအစဥ္အတြက္ ကုလသမဂၢက ရန္ပံုေငြ ေဒၚလာ သန္း၂၆၀ ေက်ာ္ လိုအပ္ေၾကာင္းလည္း ေျပာပါတယ္။
............
လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံတွင်း အိုးအိမ်စွန့်ခွာရမှု အခြေအနေ ကုလစိုးရိမ်
(Unicode)
မြန်မာနိုင်ငံမှာ လက်ရှိမှာလည်း တိုက်ပွဲတွေဆက်လက် ဖြစ်ပွားနေဆဲဖြစ်တဲ့အတွက် အရပ်သားသေဆုံးမှုတွေနဲ့ ပြည်တွင်းမှာ အိုးအိမ်ပြောင်းရွှေ့နေထိုင်ရမှုတွေ ခုထိ ရှိနေဆဲပဲလို့ မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့က ပြောကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ ပြောခွင့်ရ Stephane Dujarric က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဖေဖေါ်ဝါရီလဆန်းမှာ ရှမ်းပြည်မြောက်ပိုင်းမှာ ပြည်တွင်းအိုးအိမ်ရွှေ့ပြောင်းရသူ ၂၀၀၀ ကျော်ရှိခဲ့သလို အရပ်သား ၉ ဦးသေဆုံးပြီး ကလေးငယ်တွေ အပါအဝင် ၈ ဦးဒဏ်ရာရခဲ့တယ်” လို့ ပြောသွားတာပါ။
ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းတွေမှာလည်း တပ်မတော်နဲ့ KNU တို့ကြား တိုက်ပွဲတွေကြောင့် အိုးအိမ်ရွှေ့ပြောင်းနေထိုင်ရသူ ၅၀၀၀ ကျော်ရှိနေတဲ့ အတွက် စိုးရိမ်စိတ်ပူကြောင်းလည်း ပြောပါတယ်။
မြန်မာနိုင်ငံတွင်း ဘဏ်တွေပိတ်ထားတာအပြင် ဝန်ထမ်းတွေရဲ့ လုံခြုံစိတ်ချရမှုအပါအဝင် စိန်ခေါ်မှုတွေကြုံနေရပေမယ့် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ ကုလသမဂ္ဂက အကူညီတွေ ဆက်ပေးနေဆဲ ဖြစ်ကြောင်းနဲ့ လူသားချင်းစာနာမှု အကူညီလိုအပ်တဲ့ ဒေသတွေကို သွားရောက်နိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးအနေနဲ့ အရပ်သားတွေ ထိခိုက်မှုမရှိအောင် အကာကွယ်ပေးဖို့နဲ့ အန္တရာယ်မဖြစ်အောင် သတိထားကြဖို့လည်း တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံတွင်း ပဋိပက္ခဒေသနေ လူပေါင်း တသန်းနီးပါးကို ဒီနှစ်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး အစီအစဉ်အတွက် ကုလသမဂ္ဂက ရန်ပုံငွေ ဒေါ်လာ သန်း၂၆၀ ကျော် လိုအပ်ကြောင်းလည်း ပြောပါတယ်။