သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္း ဆန႔္က်င္သူေတြ ဖမ္းဆီး စြဲခ်က္တင္ခံမႈ ၉,၀၀၀ ေက်ာ္ၿပီ


ရန္ကုန္၊ သာေကတၿမိဳ႕နယ္တြင္ ဆႏၵျပသူတဦးကို ႐ိုက္ႏွက္ဖမ္းဆီးေနသည့္ ရဲတပ္ဖြဲ႔ဝင္မ်ား။ (ေမ ၆၊ ၂၀၂၁။)

(Zawgyi / Unicode)

စစ္တပ္က အာဏာသိမ္းယူခဲ့တဲ့ ေန႔ကတည္းက ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔အထိဆိုရင္ စစ္အာဏာသိမ္းမႈကို နည္းအမ်ိဳးမ်ိဳးနဲ႔ ဆန႔္က်င္တာေၾကာင့္ ဖမ္းဆီးခံထားရသူ၊ စြဲခ်က္တင္ခံရသူ ဒါမွမဟုတ္ အက်ဥ္းခ်ခံရသူ စုစုေပါင္း ၉,၀၈၇ ေယာက္ရွိၿပီလို႔ ေစာင့္ၾကည့္ မွတ္တမ္းတင္ေနတဲ့ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က ထုတ္ျပန္ထားပါတယ္။

စစ္ေကာင္စီလက္ခ်က္ေၾကာင့္ ေသဆုံးသူ အေရအတြက္က ၁,၅၄၇ ေယာက္ရွိၿပီလို႔လည္း AAPP က ေျပာပါတယ္။

စစ္ေကာင္စီက ဖမ္းဆီးတာေတြ၊ ႏွိပ္စက္ညႇဥ္းပန္းၿပီးေတာ့ သတ္ပစ္တာေတြ၊ လမ္းမွာ ပစ္သတ္တာေတြ ႏိုင္ငံတဝန္းမွာ ေန႔စဥ္လို ဆက္လုပ္ေနသလို အာဏာသိမ္းမႈကို ကန႔္ကြက္သူေတြကလည္း နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ဆက္ၿပီး ဆန႔္က်င္ေနၾကဆဲပါ။

ႏိုင္ငံတြင္း ေဒသတခ်ိဳ႕မွာ ၿငိမ္းခ်မ္းတဲ့ ဆႏၵျပပြဲေတြ ဒီကေန႔အခ်ိန္ထိ ဆက္ရွိေနသလို စစ္ေကာင္စီရဲ႕ လက္နက္ကိုင္အဖြဲ႔ေတြကို ဗုံးခြဲတိုက္ခိုက္တာေတြ၊ လက္နက္ကိုင္ ဝင္တိုက္တာေတြလည္း ေဒသတခ်ိဳ႕မွာ အျပင္းအထန္ ဆက္ျဖစ္ေနပါတယ္။

တိုက္ပြဲအျပင္းအထန္ျဖစ္တဲ့ ေဒသေတြမွာ ေဒသခံေတြ ဖမ္းဆီးခံရတာ၊ မီး႐ိႈ႕သတ္တာ အပါအဝင္ နည္းလမ္းအမ်ဳိးမ်ဳိးနဲ႔ သတ္ျဖတ္ခံရတာ၊ အရပ္သားေတြရဲ႕ ေနအိမ္ေတြ မီး႐ႈိ႕ဖ်က္ဆီးခံရတာ၊ ပိုင္ဆိုင္ပစၥည္းေတြ အတင္းအဓမၼ လုယူခံရတာေတြ ရွိေနသလို အိုးအိမ္စြန္႔ထြက္ေျပးရသူ အေရအတြက္ဟာလည္း သိန္းနဲ႔ခ်ီရွိေနၿပီ ျဖစ္ပါတယ္။

ဒီကေန႔မွာ စစ္ေကာင္စီက ၇၅ ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ အခမ္းအနားဆိုၿပီး ေနျပည္ေတာ္မွာ က်င္းပခဲ့ၿပီးေတာ့ ရန္ကုန္ၿမိဳ႕က ၿမိဳ႕နယ္အေတာ္မ်ားမ်ားမွာ မိုဘိုင္းဖုန္းနဲ႔ အသံုးျပဳတဲ့ အင္တာနက္ ဆက္သြယ္ေရးကို ျဖတ္ေတာက္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

စစ်အာဏာသိမ်း ဆန့်ကျင်သူတွေ ဖမ်းဆီး စွဲချက်တင်ခံမှု ၉,၀၀၀ ကျော်ပြီ

စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ နေ့ကတည်းက ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိဆိုရင် စစ်အာဏာသိမ်းမှုကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်တာကြောင့် ဖမ်းဆီးခံထားရသူ၊ စွဲချက်တင်ခံရသူ ဒါမှမဟုတ် အကျဉ်းချခံရသူ စုစုပေါင်း ၉,၀၈၇ ယောက်ရှိပြီလို့ စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူ အရေအတွက်က ၁,၅၄၇ ယောက်ရှိပြီလို့လည်း AAPP က ပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီးတာတွေ၊ နှိပ်စက်ညှဉ်းပန်းပြီးတော့ သတ်ပစ်တာတွေ၊ လမ်းမှာ ပစ်သတ်တာတွေ နိုင်ငံတဝန်းမှာ နေ့စဉ်လို ဆက်လုပ်နေသလို အာဏာသိမ်းမှုကို ကန့်ကွက်သူတွေကလည်း နည်းလမ်းအမျိုးမျိုးနဲ့ ဆက်ပြီး ဆန့်ကျင်နေကြဆဲပါ။

နိုင်ငံတွင်း ဒေသတချို့မှာ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေ ဒီကနေ့အချိန်ထိ ဆက်ရှိနေသလို စစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဗုံးခွဲတိုက်ခိုက်တာတွေ၊ လက်နက်ကိုင် ဝင်တိုက်တာတွေလည်း ဒေသတချို့မှာ အပြင်းအထန် ဆက်ဖြစ်နေပါတယ်။

တိုက်ပွဲအပြင်းအထန်ဖြစ်တဲ့ ဒေသတွေမှာ ဒေသခံတွေ ဖမ်းဆီးခံရတာ၊ မီးရှို့သတ်တာ အပါအဝင် နည်းလမ်းအမျိုးမျိုးနဲ့ သတ်ဖြတ်ခံရတာ၊ အရပ်သားတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာ၊ ပိုင်ဆိုင်ပစ္စည်းတွေ အတင်းအဓမ္မ လုယူခံရတာတွေ ရှိနေသလို အိုးအိမ်စွန့်ထွက်ပြေးရသူ အရေအတွက်ဟာလည်း သိန်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။

ဒီကနေ့မှာ စစ်ကောင်စီက ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားဆိုပြီး နေပြည်တော်မှာ ကျင်းပခဲ့ပြီးတော့ ရန်ကုန်မြို့က မြို့နယ်အတော်များများမှာ မိုဘိုင်းဖုန်းနဲ့ အသုံးပြုတဲ့ အင်တာနက် ဆက်သွယ်ရေးကို ဖြတ်တောက်ထားပါတယ်။

XS
SM
MD
LG