သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္အပါအဝင္ ေဒသတခ်ဳိ႕မွာ ေပါက္ကြဲမႈေတြရွိခဲ့


ဧၿပီလအတြင္းက ေတာင္ဥကၠလာပၿမိဳ႕နယ္ ဘတ္စ္ကားဂိတ္တခုမွာ ေပါက္ကြဲမႈျဖစ္အၿပီး လုံၿခဳံေရးတင္းက်ပ္ထားတဲ့ျမင္ကြင္း။ (ဧၿပီ ၆၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ အာဏာသိမ္းစစ္ေကာင္စီကို ဆန႔္က်င္တဲ့ တိုက္ခိုက္မႈေတြ အခုရက္ပိုင္းအတြင္း အရွိန္ျမင့္ ျဖစ္ေပၚေနတာမွာ ဒီကေန႔ ရန္ကုန္အပါအဝင္ နယ္ၿမိဳ႕တခ်ိဳ႕မွာ ဗုံးေပါက္ကြဲမႈေတြ ရွိခဲ့သလို ဒီမိုကေရစီအေရး ေတာင္းဆို ဆႏၵေဖာ္ထုတ္ပြဲေတြလည္း ၿမိဳ႕နယ္တခ်ိဳ႕မွာ ျဖစ္ေပၚခဲ့ပါတယ္။

ရန္ကုန္ၿမိဳ႕တဝိုက္ ေပါက္ကြဲမႈေတြ ျဖစ္ေပၚႏိုင္ေၾကာင္း သတိေပးေၾကညာခ်က္ေတြ ထြက္ေပၚၿပီး မၾကာခင္မွာပဲ ဒီကေန႔ ေအာက္တိုဘာလ ၁၀ ရက္ေန႔မွာ ရန္ကုန္ၿမိဳ႕တဝိုက္ ဗုံးေပါက္ကြဲမႈ အေတာ္မ်ားမ်ား ဆက္တိုက္ဆိုသလို ျဖစ္ေပၚခဲ့ပါတယ္။

ရန္ကုန္ၿမိဳ႕၊ သုဝဏၰနဲ႔ ဒလရဲစခန္းအနီးတို႔မွာ ဗုံးေပါက္ကြဲမႈေတြ ျဖစ္ေပၚခဲ့သလို ေဒါပုံအုပ္ခ်ဳပ္ေရးမွဴး႐ုံး၊ သန္လ်င္တရား႐ုံး၊ သာေကတၿမိဳ႕နယ္အတြင္းက စစ္ေကာင္စီတပ္ဖြဲ႔ စခန္းခ်ရာ ေနရာေတြမွာလည္း ဗုံးေပါက္ကြဲမႈေတြ ျဖစ္ခဲ့ပါတယ္။

ဒါ့အျပင္ ကမာရြတ္ ရြာမေက်ာင္းလမ္း၊ ဗဟန္းၿမိဳ႕ ဓမၼေစတီလမ္းနဲ႔ အင္းယားလမ္းေထာင့္ အပါအဝင္ သဃၤန္းကၽြန္းနဲ႔ လႈိင္ၿမိဳ႕နယ္ေတြမွာလည္း ေပါက္ကြဲမႈေတြ ျဖစ္ခဲ့ပါတယ္။

ေပါက္ကြဲမႈေတြေၾကာင့္ စစ္ေကာင္စီတပ္ဖြဲ႔ဝင္တခ်ိဳ႕ ထိခိုက္ဒဏ္ရာရတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနေပမယ့္ ဗြီအိုေအက သီးျခား အတည္ျပဳလို႔ မရေသးပါဘူး။

ေျမာက္ဒဂုံ ဗထူးအိမ္ရာ အနီးမွာလည္း ဗုံးေပါက္ကြဲမႈႏွစ္ႀကိမ္ ရွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီေပါက္ကြဲမႈေတြေၾကာင့္ ထိခိုက္ဒဏ္ရာရတဲ့ သတင္းေတာ့ မသိရေသးပါဘူး။

စစ္ကိုင္းတိုင္း၊ ပုလဲၿမိဳ႕နယ္၊ ကိုးေလာင္းၿပိဳင္ေကြ႔အနီးမွာ ဆိုင္ကယ္စီးလာတဲ့ စစ္ေကာင္စီတပ္ဖြဲ႔ေတြကို ဒီကေန႔မနက္ ၉ နာရီေလာက္က ပုလဲျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ (PPDF) က မိုင္းဆြဲတိုက္ခိုက္ခဲ့တာမွာ စစ္ေကာင္စီတပ္ဖြဲ႔ဝင္ ၆ ဦးေသဆုံးၿပီး ဆိုင္ကယ္ ၃ စီး ပ်က္ဆီးသြားေၾကာင္း ပုလဲျပည္သူ႔ကာကြယ္ေရးအဖြဲ႔က သတင္းထုတ္ျပန္ပါတယ္။ ဒီထုတ္ျပန္ခ်က္နဲ႔ ပတ္သက္လို႔ သီးျခားအတည္ျပဳလို႔ မရေသးပါဘူး။

ဗုံးခြဲတိုက္ခိုက္တာေတြ ရွိခဲ့တဲ့ တခ်ိန္တည္းမွာပဲ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့ ဆႏၵျပပြဲေတြလည္း ၿမိဳ႕နယ္တခ်ိဳ႕မွာ ဆက္ရွိေနဆဲပါ။

မေကြးတိုင္း၊ ပခုကၠဴၿမိဳ႕မွာ ဒီကေန႔မနက္ပိုင္းက ဆႏၵျပခဲ့ၾကသလို အလားတူပဲ ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕မွာ “သံမဏိႏွင္းဆီ” အမ်ိဳးသမီး သပိတ္စစ္ေၾကာင္း ခ်ီတက္ဆႏၵျပခဲ့ပါတယ္။ စစ္ကိုင္းတိုင္းအတြင္းက ယင္းမာပင္၊ ေရႊဘို၊ ကေလးၿမိဳ႕၊ ဆားလင္းႀကီး၊ တန႔္ဆည္ စတဲ့ ၿမိဳ႕နယ္ေတြမွာလည္း စစ္အာဏာသိမ္းမႈ ဆန႔္က်င္ေရး ဆႏၵျပပြဲေတြ အသီးသီး ျပဳလုပ္ခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ရန်ကုန်အပါအဝင် ဒေသတချို့မှာ ပေါက်ကွဲမှုတွေရှိခဲ့

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ တိုက်ခိုက်မှုတွေ အခုရက်ပိုင်းအတွင်း အရှိန်မြင့် ဖြစ်ပေါ်နေတာမှာ ဒီကနေ့ ရန်ကုန်အပါအဝင် နယ်မြို့တချို့မှာ ဗုံးပေါက်ကွဲမှုတွေ ရှိခဲ့သလို ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒဖော်ထုတ်ပွဲတွေလည်း မြို့နယ်တချို့မှာ ဖြစ်ပေါ်ခဲ့ပါတယ်။

ရန်ကုန်မြို့တဝိုက် ပေါက်ကွဲမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးကြေညာချက်တွေ ထွက်ပေါ်ပြီး မကြာခင်မှာပဲ ဒီကနေ့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ရန်ကုန်မြို့တဝိုက် ဗုံးပေါက်ကွဲမှု အတော်များများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့ပါတယ်။

ရန်ကုန်မြို့၊ သုဝဏ္ဏနဲ့ ဒလရဲစခန်းအနီးတို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့သလို ဒေါပုံအုပ်ချုပ်ရေးမှူးရုံး၊ သန်လျင်တရားရုံး၊ သာကေတမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ စခန်းချရာ နေရာတွေမှာလည်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ကမာရွတ် ရွာမကျောင်းလမ်း၊ ဗဟန်းမြို့ ဓမ္မစေတီလမ်းနဲ့ အင်းယားလမ်းထောင့် အပါအဝင် သင်္ဃန်းကျွန်းနဲ့ လှိုင်မြို့နယ်တွေမှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။

ပေါက်ကွဲမှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဗွီအိုအေက သီးခြား အတည်ပြုလို့ မရသေးပါဘူး။

မြောက်ဒဂုံ ဗထူးအိမ်ရာ အနီးမှာလည်း ဗုံးပေါက်ကွဲမှုနှစ်ကြိမ် ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီပေါက်ကွဲမှုတွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့ သတင်းတော့ မသိရသေးပါဘူး။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကိုးလောင်းပြိုင်ကွေ့အနီးမှာ ဆိုင်ကယ်စီးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဒီကနေ့မနက် ၉ နာရီလောက်က ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) က မိုင်းဆွဲတိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ဆိုင်ကယ် ၃ စီး ပျက်ဆီးသွားကြောင်း ပုလဲပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။

ဗုံးခွဲတိုက်ခိုက်တာတွေ ရှိခဲ့တဲ့ တချိန်တည်းမှာပဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေလည်း မြို့နယ်တချို့မှာ ဆက်ရှိနေဆဲပါ။

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဒီကနေ့မနက်ပိုင်းက ဆန္ဒပြခဲ့ကြသလို အလားတူပဲ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့မှာ “သံမဏိနှင်းဆီ” အမျိုးသမီး သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက ယင်းမာပင်၊ ရွှေဘို၊ ကလေးမြို့၊ ဆားလင်းကြီး၊ တန့်ဆည် စတဲ့ မြို့နယ်တွေမှာလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG