သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖမ္းဆီးခံရသူ ဆရာဝန္ ၇ ဦး ေနာက္ဆက္တြဲမေရမရာျဖစ္ေန


ကေလးၿမိဳ႔က ကိုဗစ္လူနာတဦးကို ေစတနာ့၀န္ထမ္းတဦးက ေအာက္ဆီဂ်င္ပိုက္တပ္ဆင္ေပးေနပုံ၊ ဂ်ဴလုိင္ ၅၊ ၂၀၂၁။

(Zawgyi/Unicode)

က်န္းမာေရးဝန္ထမ္းေတြ စိုးရိမ္ေၾကာင့္ၾကမႈမရွိဘဲ လုပ္ငန္းခြင္ျပန္လည္ဝင္ေရာက္ၾကပါလို႔ စစ္ေကာင္စီက တိုက္တြန္းေနခ်ိန္မွာပဲ ရန္ကုန္နဲ႔ မႏၲေလးၿမိဳ႕ေတြက ကိုဗစ္တိုက္ဖ်က္ေရးမွာ ပါဝင္ေနတဲ့ ဆရာဝန္ေတြဖမ္းဆီးခံခဲ့ရပါတယ္။ ရန္ကုန္ၿမိဳ႕က ဆရာဝန္ ၅ ေယာက္၊ မႏၲေလးၿမိဳ႕က ဆရာဝန္ ၂ ေယာက္ ဖမ္းဆီးခံခဲ့ရပါတယ္။ သူတို႔ေတြကို ဘယ္မွာ ဖမ္းဆီးထားသလဲဆိုတာ အပါအဝင္ သူတို႔နဲ႔ပါတ္သက္တဲ့ ေနာက္ဆက္တြဲသတင္း မသိရေသးတဲ့အတြက္ စိုးရိမ္ေနၾကတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းအျပည့္အစုံကို အလိမၼာေျပာျပပါမယ္။

ျပည္တြင္းမွာ ကိုဗစ္တတိယလႈိင္း ျပင္းထန္ေနခ်ိန္ လူနာေတြကို အိမ္တိုင္ရာေရာက္ က်န္းမာေရးေစာင့္ေရွာက္မႈေပးေနတဲ့ ေျမာက္ဒဂုံ ကိုဗစ္ေရာဂါကာကြယ္ေရးနဲ႔ ျပည္သူ႔အက်ိဳးျပဳအဖြဲ႕က ဆရာဝန္ ၅ ဦး ဇူလိုင္လ ၁၉ ရက္ေန႔က ဖမ္းဆီးခံခဲ့ၾကရပါတယ္။ မေန႔က မနက္ ၉နာရီဝန္းက်င္မွာ ေအာက္စီဂ်င္က်ေနတဲ့ လူနာကို လာေရာက္ကုသေပးဖို႔ ဆက္သြယ္လာၿပီး အဲဒီေနရာကိုေရာက္သြားတဲ့ ဆရာဝန္ ၃ ဦးကို စစ္တပ္က ဖမ္းဆီးခဲ့ပါတယ္။ အဲဒီေနာက္မၾကာခင္မွာပဲ ႐ုံးမွာက်န္ေနခဲ့တဲ့ ဆရာဝန္ ၂ ဦးကိုလည္း စစ္ေကာင္စီတပ္ေတြက လာေရာက္ဖမ္းဆီးသြားခဲ့ပါတယ္။

ကိုဗစ္လူနာေတြကို အြန္လိုင္းကေန ကုသမႈေပးေနတဲ့ ဆရာဝန္ ႏွစ္ဦးနဲ႔ ေျမျပင္မွာကြင္းဆင္းကုသေပးေနတဲ့ ဆရာဝန္ သုံးဦးဖမ္းဆီးခံခဲ့ရတဲ့အျပင္ ကိုဗစ္အေထာက္အကူျပဳပစၥည္းေတြျဖစ္တဲ့ PPE ၊ ေအာက္စီဂ်င္အိုးနဲ႔ ေဆးပုံးေတြကိုပါ စစ္ေကာင္စီက ဖမ္းဆီးသြားပါတယ္။ သူတို႔ရဲ႕႐ံုးကိုလည္း စစ္ေကာင္စီက ခ်ိတ္ပိတ္သြားပါတယ္။ ဖမ္းဆီးခံထားရတဲ့ ဆရာဝန္ေတြကေတာ့ ေဒါက္တာ မင္းေက်ာ္စြာေခါင္၊ ေဒါက္တာ ကိုကိုဦး၊ ေဒါက္တာ သူရ၊ ေဒါက္တာ ႏွင္းဝတ္ရည္ခ်ိဳနဲ႔ ဒါက္တာ ႏွင္းခ်ိဳနံ႔သာေမာင္တို႔ျဖစ္ၾကပါတယ္။ သူတို႔ ၅ ဦးရဲ႕ အေျခအေနနဲ႔ပတ္သက္ၿပီး ဘာမွမသိရေသးလို႔ ဆက္လက္စုံစမ္းေနတယ္လို႔ အဖြဲ႕ေခါင္းေဆာင္ ကိုခ်မ္းေလးက ေျပာပါတယ္။

"လက္ရွိကေတာ့ က်ေနာ္တို႔ အဆက္အသြယ္ လုံးဝမရေသးဘူး။ အဲအတြက္လည္း က်ေနာ္တို႔ ဒီမွာလိုက္စုံစမ္းေနပါတယ္။ ဖမ္းဆီးတဲ့အေၾကာင္းရင္း မသိရေသးေပမယ့္ တျခားကိစၥနဲ႔လည္း ဆိုင္တယ္လို႔လည္း ထင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ေတြက CDM ဝင္ထားေတာ့။ ဒီလို ဖမ္းဆီးတာက လုံးဝမျဖစ္သင့္ဘူး။"

စစ္ေကာင္စီဘက္ကေတာ့ ေျမာက္ဒဂံုမွာ CDM ဆရာဝန္၊ ေစတနာ႔ဝန္ထမ္းေတြကို ဖမ္းဆီးထားျခင္းမ႐ွိဘူးလို႔ သတင္းထုတ္ျပန္ထားပါတယ္။ သူတို႔ဖမ္းခံရတယ္ဆိုတဲ့ သတင္းကလည္း အမွန္တကယ္ျဖစ္ပြားမႈ မ႐ွိခဲ့တဲ့သတင္းလို႔ ေျပာၾကားထားပါတယ္။

ခုလို ရန္ကုန္ၿမိဳ႕မွာ ကိုဗစ္လူနာေတြကို ကုသေပးေနတဲ့ ဆရာဝန္ေတြ ဖမ္းဆီးခံထားရသလို မႏၱေလးၿမိဳ႕မွာလည္း ၿပီးခဲ့တဲ့ သီတင္းပါတ္ အဂၤါနဲ႔ ေသာၾကာေန႔ေတြတုန္းက ဆရာဝန္ ၂ ေယာက္ဖမ္းဆီးခံခဲ့ရပါတယ္။ ကိုဗစ္လူနာေတြကို ကုသမႈေပးေနတဲ့ ခဲြစိတ္အထူးကုဆရာဝန္ႀကီး ေဒါက္တာသက္ေဌးနဲ႔ အြန္လိုင္းကေန ေဆးပညာရပ္ကို ျပန္လည္မွ်ေဝ သင္ၾကားေပးေနတဲ့ ေဒါက္တာေက်ာ္ေက်ာ္သက္တို႔ကို ဖမ္းဆီးခဲ့တာပါ။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းထဲက ပရဟိတေဆး႐ုံ၊ ေဆးခန္းေတြမွာ လူနာေတြကို အခမဲ့ ခြဲစိတ္ကုသေပးေနတဲ့ ေဒါက္တာသက္ေဌးကို ဇူလိုင္လ ၁၆ ရက္၊ ၿပီးခဲ့တဲ့ ေသာၾကာေန႔က စစ္တပ္က အၾကမ္းဖက္ဖမ္းဆီးသြားခဲ့ပံုကို သူတို႔နဲ႔ခင္မင္ရင္းႏွီးတဲ့ CDM ဆရာဝန္က ခုလိုေျပာျပပါတယ္။

"သူအဖမ္းခံရတဲ့ေန႔ပဲ ည ၈နာရီေလာက္မွာ သူအရင္ Volunteer ဆင္းေပးခဲ့တဲ့ ပရဟိတေဆး႐ုံတခုမွာ ေဒါက္တာသက္ေဌးကို ေခၚလာၿပီးေတာ့မွ စစ္ေကာင္စီတပ္ေတြက သူ႔ရဲ႕ပစၥည္းေတြကို လာသိမ္းတယ္။ အဲဒီေန႔မွာ ေတြ႕လိုက္ရတာဆိုရင္ ေဒါက္တာသက္ေဌးက လက္ထိပ္နဲ႔ပါလာတယ္။ ၿပီးေတာ့ ေဒါက္တာသက္ေဌး Mask အုပ္ထားတာေတာင္မွ Mask ရဲ႕ေအာက္မွာ ေသြးစေတြျမင္ရတယ္ေပါ့ေနာ္။ မ်က္ႏွာလည္း ဖူးေယာင္ေနတယ္။ ခႏၶာကိုယ္မွာလည္း ဒဏ္ရာဒဏ္ခ်က္ေတြ ေတြ႕ရတယ္ဆိုၿပီးေတာ့မွ အဲေန႔က ျမင္လိုက္ရတဲ့သူေတြက ျပန္ေျပာျပတယ္။ ဒါပဲ က်ေနာ္တို႔သိလိုက္ရတယ္။ ဒီထက္ပိုၿပီး က်ေနာ္တို႔ ခုခ်ိန္မွာ အဆက္အသြယ္လည္း မရဘူးေပါ့ေနာ္။ အဲေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ အသက္အႏၲရာယ္ပါ က်ေနာ္တို႔က စိုးရိမ္ရတဲ့အေနအထားမွာ ရွိေနပါတယ္ဗ်။"

ေဆးပညာဘာသာရပ္မွာ ထူးခြၽန္ၿပီး အရည္အခ်င္းရွိတဲ့ မႏၲေလးေဆးတကၠသိုလ္က ေဒါက္တာေက်ာ္ေက်ာ္သက္ကိုလည္း ဇူလိုင္လ ၁၃ ရက္၊ ၿပီးခဲ့တဲ့ အဂၤါေန႔ ညသန္းေခါင္အခ်ိန္မွာ စစ္ေကာင္စီတပ္ေတြဟာ အၾကမ္းဖက္႐ိုက္ႏွက္ ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ ဆက္ေျပာပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ ေႏြဦးေတာ္လွန္ေရးကာလတေလွ်ာက္လုံး ေဆးပညာဘာသာရပ္ေတြကို ေက်ာင္းသား၊ ေက်ာင္းသူေတြကို္ သင္ၾကားေပးေနသူလည္းျဖစ္ပါတယ္။ ဒီေန႔အခ်ိန္ထိ ဆရာဝန္ ၂ ဦးလုံးရဲ႕ အေျခအေနနဲ႔ပတ္သက္လို႔ ဘာမွမသိရေသးဘူးလို႔လည္းသူကေျပာပါတယ္။

"က်ေနာ္တို႔ အမွန္အတိုင္းေျပာရလို႔ ရွိရင္ေတာ့ အဖမ္းခံရၿပီးကတည္းက ဒီဆရာဝန္ႏွစ္ဦးနဲ႔ ပတ္သက္တဲ့သတင္းကို က်ေနာ္တို႔ ဘာမွမရဘူးဗ်။ ဘယ္မွာအဖမ္းခံထားရတယ္ ဆိုတာလဲ မသိရဘူး။ ဘာေၾကာင့္ဖမ္းတယ္ ဆိုတာလဲ မသိရဘူး။ ေနာက္ၿပီးေတာ့ သူတို႔ရဲ႕ က်န္းမာေရးအေျခအေန ဘယ္လိုရွိတယ္ဆိုတာလဲ မသိရဘူး။ မိသားစုကလည္း အဆက္အသြယ္ မရဘူး။ အဲေတာ့ အင္မတန္စိုးရိမ္စရာေကာင္းတဲ့ အေနအထားတခုမွာ ရွိေနပါတယ္ခင္ဗ်။"

ဒီလို စစ္အာဏာသိမ္းခံထားရတဲ့ကာလမွာ ကပ္ေရာဂါတတိယလႈိင္းဒဏ္ကို ခက္ခက္ခဲခဲရင္ဆိုင္ေနရၿပီး၊ ေသဆုံးႏႈန္းတက္ေနတဲ့ အခ်ိန္မွာ လူနာေတြရဲ႕အသက္ကို ကယ္တင္ေပးေနတဲ့ က်န္းမာေရးဝန္ထမ္းေတြကို အၾကမ္းဖက္ၿခိမ္းေျခာက္တာေတြ၊ ဖမ္းဆီးေခၚေဆာင္တာေတြလုပ္ေဆာင္ေနတဲ့ စစ္ေကာင္စီရဲ႕လုပ္ရပ္အေပၚ ေမးခြန္းထုတ္စရာျဖစ္ေနၿပီလို႔ ဆရာဝန္အမ်ားက ေျပာေနၾကပါတယ္။ CDM ဆရာဝန္ကလည္း

"အခုလိုမ်ိဳး ကပ္ေရာဂါကာလ အေတာအတြင္းမွာ ဆရာဝန္ေတြကို ေမြးထုတ္ေပးဖို႔အတြက္ ပညာသင္ေပးေနတဲ့ ဆရာဝန္လိုအပ္သလို၊ ေရွ႕တန္းကေနၿပီး လူနာေတြကို ျပဳစုကုသေပးေနတဲ့ ဆရာဝန္လည္း အမ်ားႀကီးလိုအပ္တယ္ဗ်။ အဲေတာ့ ဒီလိုအခ်ိန္မွာမွ ဒီေလာက္တိုင္းျပည္အတြက္ကို မိုးထဲေလထဲ အေရးႀကီးေနတဲ့အခ်ိန္မွာမွ ဒီဆရာဝန္ေတြကို ဖမ္းဆီးခ်ဳပ္ေႏွာင္ထားတယ္ဆိုတာ စစ္ေကာင္စီက ဘာကိုရည္႐ြယ္ေနသလဲ၊ က်ေနာ္တို႔က ေမးခြန္းထုတ္ရမယ့္ အေနအထားျဖစ္လာၿပီ။ အဲေတာ့ ဒီဆရာဝန္ေတြကို ဖမ္းခ်င္တာလား၊ ဒါမွမဟုတ္လို႔ရွိရင္ ျပည္သူလူထုကို ကိုဗစ္ေရာဂါနဲ႔ ဒုကၡမေရာက္ ေရာက္ေအာင္ စစ္ေကာင္စီက တမင္လုပ္ေနတာလားဆိုတာ က်ေနာ္တို႔က ေမးခြန္းထုတ္ရမယ့္အေနအထား ျဖစ္လာပါၿပီ။"

ကိုဗစ္ကပ္ေရာဂါပထမလႈိင္းနဲ႔ ဒုတိယလႈိင္းဒဏ္ ျဖတ္သန္းစဥ္က ပါဝင္ခဲ့ၾကတဲ့ က်န္းမာေရးဝန္ထမ္းေတြ၊ ေစတနာရွင္လုပ္အားေပးေတြနဲ႔ အလႉရွင္ေတြရဲ႕အင္အား သိသိသာသာေလွ်ာ့နည္းေနတဲ့ အေျခအေနျဖစ္ေနပါတယ္။ ကိုဗစ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းေတြမွာပါဝင္ဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနကေတာ့ ေစတနာ့ဝန္ထမ္းေတြကို ဖိတ္ေခၚထားပါတယ္။ စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ကလည္း ကုသေရးပိုင္းတာဝန္ထမ္းေဆာင္ေနတဲ့ ႏုိင္ငံ့ဝန္ထမ္းေတြသာမက အျပင္မွာ႐ွိေနတဲ့ ကၽြမ္းက်င္တဲ့ ေဆးဘက္ပညာ႐ွင္ေတြကလည္း အမ်ားနဲ႔ပါတ္သက္တဲ့ ကိစၥျဖစ္လို႔ အားလံုးပူးေပါင္းေဆာင္႐ြက္ေပးေစလိုတယ္လို႔ ေျပာၾကားထားပါတယ္။ ဒီလိုေျပာၾကားထားခ်ိန္မွာပဲ ကိုဗစ္လူနာေတြ ကုသေပးေနတဲ့ ဆရာဝန္ေတြ ဖမ္းဆီးခံခဲ့ရတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ပြည်တွင်းမှာ ကိုဗစ်တတိယလှိုင်း ပြင်းထန်နေချိန် လူနာတွေကို အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ မြောက်ဒဂုံ ကိုဗစ်ရောဂါကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးပြုအဖွဲ့က ဆရာဝန် ၅ ဦး ဇူလိုင်လ ၁၉ ရက်နေ့က ဖမ်းဆီးခံခဲ့ကြရပါတယ်။ မနေ့က မနက် ၉နာရီဝန်းကျင်မှာ အောက်စီဂျင်ကျနေတဲ့ လူနာကို လာရောက်ကုသပေးဖို့ ဆက်သွယ်လာပြီး အဲဒီနေရာကိုရောက်သွားတဲ့ ဆရာဝန် ၃ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက်မကြာခင်မှာပဲ ရုံးမှာကျန်နေခဲ့တဲ့ ဆရာဝန် ၂ ဦးကိုလည်း စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။

ကိုဗစ်လူနာတွေကို အွန်လိုင်းကနေ ကုသမှုပေးနေတဲ့ ဆရာဝန် နှစ်ဦးနဲ့ မြေပြင်မှာကွင်းဆင်းကုသပေးနေတဲ့ ဆရာဝန် သုံးဦးဖမ်းဆီးခံခဲ့ရတဲ့အပြင် ကိုဗစ်အထောက်အကူပြုပစ္စည်းတွေဖြစ်တဲ့ PPE ၊ အောက်စီဂျင်အိုးနဲ့ ဆေးပုံးတွေကိုပါ စစ်ကောင်စီက ဖမ်းဆီးသွားပါတယ်။ သူတို့ရဲ့ရုံးကိုလည်း စစ်ကောင်စီက ချိတ်ပိတ်သွားပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဆရာဝန်တွေကတော့ ဒေါက်တာ မင်းကျော်စွာခေါင်၊ ဒေါက်တာ ကိုကိုဦး၊ ဒေါက်တာ သူရ၊ ဒေါက်တာ နှင်းဝတ်ရည်ချိုနဲ့ ဒါက်တာ နှင်းချိုနံ့သာမောင်တို့ဖြစ်ကြပါတယ်။ သူတို့ ၅ ဦးရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဘာမှမသိရသေးလို့ ဆက်လက်စုံစမ်းနေတယ်လို့ အဖွဲ့ခေါင်းဆောင် ကိုချမ်းလေးက ပြောပါတယ်။

"လက်ရှိကတော့ ကျနော်တို့ အဆက်အသွယ် လုံးဝမရသေးဘူး။ အဲအတွက်လည်း ကျနော်တို့ ဒီမှာလိုက်စုံစမ်းနေပါတယ်။ ဖမ်းဆီးတဲ့အကြောင်းရင်း မသိရသေးပေမယ့် တခြားကိစ္စနဲ့လည်း ဆိုင်တယ်လို့လည်း ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက CDM ဝင်ထားတော့။ ဒီလို ဖမ်းဆီးတာက လုံးဝမဖြစ်သင့်ဘူး။"

စစ်ကောင်စီဘက်ကတော့ မြောက်ဒဂုံမှာ CDM ဆရာဝန်၊ စေတနာ့ဝန်ထမ်းတွေကို ဖမ်းဆီးထားခြင်းမရှိဘူးလို့ သတင်းထုတ်ပြန်ထားပါတယ်။ သူတို့ဖမ်းခံရတယ်ဆိုတဲ့ သတင်းကလည်း အမှန်တကယ်ဖြစ်ပွားမှု မရှိခဲ့တဲ့သတင်းလို့ ပြောကြားထားပါတယ်။

ခုလို ရန်ကုန်မြို့မှာ ကိုဗစ်လူနာတွေကို ကုသပေးနေတဲ့ ဆရာဝန်တွေ ဖမ်းဆီးခံထားရသလို မန္တလေးမြို့မှာလည်း ပြီးခဲ့တဲ့ သီတင်းပါတ် အင်္ဂါနဲ့ သောကြာနေ့တွေတုန်းက ဆရာဝန် ၂ ယောက်ဖမ်းဆီးခံခဲ့ရပါတယ်။ ကိုဗစ်လူနာတွေကို ကုသမှုပေးနေတဲ့ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာသက်ဌေးနဲ့ အွန်လိုင်းကနေ ဆေးပညာရပ်ကို ပြန်လည်မျှဝေ သင်ကြားပေးနေတဲ့ ဒေါက်တာကျော်ကျော်သက်တို့ကို ဖမ်းဆီးခဲ့တာပါ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းထဲက ပရဟိတဆေးရုံ၊ ဆေးခန်းတွေမှာ လူနာတွေကို အခမဲ့ ခွဲစိတ်ကုသပေးနေတဲ့ ဒေါက်တာသက်ဌေးကို ဇူလိုင်လ ၁၆ ရက်၊ ပြီးခဲ့တဲ့ သောကြာနေ့က စစ်တပ်က အကြမ်းဖက်ဖမ်းဆီးသွားခဲ့ပုံကို သူတို့နဲ့ခင်မင်ရင်းနှီးတဲ့ CDM ဆရာဝန်က ခုလိုပြောပြပါတယ်။

"သူအဖမ်းခံရတဲ့နေ့ပဲ ည ၈နာရီလောက်မှာ သူအရင် Volunteer ဆင်းပေးခဲ့တဲ့ ပရဟိတဆေးရုံတခုမှာ ဒေါက်တာသက်ဌေးကို ခေါ်လာပြီးတော့မှ စစ်ကောင်စီတပ်တွေက သူ့ရဲ့ပစ္စည်းတွေကို လာသိမ်းတယ်။ အဲဒီနေ့မှာ တွေ့လိုက်ရတာဆိုရင် ဒေါက်တာသက်ဌေးက လက်ထိပ်နဲ့ပါလာတယ်။ ပြီးတော့ ဒေါက်တာသက်ဌေး Mask အုပ်ထားတာတောင်မှ Mask ရဲ့အောက်မှာ သွေးစတွေမြင်ရတယ်ပေါ့နော်။ မျက်နှာလည်း ဖူးယောင်နေတယ်။ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာဒဏ်ချက်တွေ တွေ့ရတယ်ဆိုပြီးတော့မှ အဲနေ့က မြင်လိုက်ရတဲ့သူတွေက ပြန်ပြောပြတယ်။ ဒါပဲ ကျနော်တို့သိလိုက်ရတယ်။ ဒီထက်ပိုပြီး ကျနော်တို့ ခုချိန်မှာ အဆက်အသွယ်လည်း မရဘူးပေါ့နော်။ အဲတော့ သူတို့နှစ်ယောက်ရဲ့ အသက်အန္တရာယ်ပါ ကျနော်တို့က စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေပါတယ်ဗျ။"

ဆေးပညာဘာသာရပ်မှာ ထူးချွန်ပြီး အရည်အချင်းရှိတဲ့ မန္တလေးဆေးတက္ကသိုလ်က ဒေါက်တာကျော်ကျော်သက်ကိုလည်း ဇူလိုင်လ ၁၃ ရက်၊ ပြီးခဲ့တဲ့ အင်္ဂါနေ့ ညသန်းခေါင်အချိန်မှာ စစ်ကောင်စီတပ်တွေဟာ အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆက်ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလတလျှောက်လုံး ဆေးပညာဘာသာရပ်တွေကို ကျောင်းသား၊ ကျောင်းသူတွေကို သင်ကြားပေးနေသူလည်းဖြစ်ပါတယ်။ ဒီနေ့အချိန်ထိ ဆရာဝန် ၂ ဦးလုံးရဲ့ အခြေအနေနဲ့ပတ်သက်လို့ ဘာမှမသိရသေးဘူးလို့လည်းသူကပြောပါတယ်။

"ကျနော်တို့ အမှန်အတိုင်းပြောရလို့ ရှိရင်တော့ အဖမ်းခံရပြီးကတည်းက ဒီဆရာဝန်နှစ်ဦးနဲ့ ပတ်သက်တဲ့သတင်းကို ကျနော်တို့ ဘာမှမရဘူးဗျ။ ဘယ်မှာအဖမ်းခံထားရတယ် ဆိုတာလဲ မသိရဘူး။ ဘာကြောင့်ဖမ်းတယ် ဆိုတာလဲ မသိရဘူး။ နောက်ပြီးတော့ သူတို့ရဲ့ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိတယ်ဆိုတာလဲ မသိရဘူး။ မိသားစုကလည်း အဆက်အသွယ် မရဘူး။ အဲတော့ အင်မတန်စိုးရိမ်စရာကောင်းတဲ့ အနေအထားတခုမှာ ရှိနေပါတယ်ခင်ဗျ။"

ဒီလို စစ်အာဏာသိမ်းခံထားရတဲ့ကာလမှာ ကပ်ရောဂါတတိယလှိုင်းဒဏ်ကို ခက်ခက်ခဲခဲရင်ဆိုင်နေရပြီး၊ သေဆုံးနှုန်းတက်နေတဲ့ အချိန်မှာ လူနာတွေရဲ့အသက်ကို ကယ်တင်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အကြမ်းဖက်ခြိမ်းခြောက်တာတွေ၊ ဖမ်းဆီးခေါ်ဆောင်တာတွေလုပ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် မေးခွန်းထုတ်စရာဖြစ်နေပြီလို့ ဆရာဝန်အများက ပြောနေကြပါတယ်။ CDM ဆရာဝန်ကလည်း

"အခုလိုမျိုး ကပ်ရောဂါကာလ အတောအတွင်းမှာ ဆရာဝန်တွေကို မွေးထုတ်ပေးဖို့အတွက် ပညာသင်ပေးနေတဲ့ ဆရာဝန်လိုအပ်သလို၊ ရှေ့တန်းကနေပြီး လူနာတွေကို ပြုစုကုသပေးနေတဲ့ ဆရာဝန်လည်း အများကြီးလိုအပ်တယ်ဗျ။ အဲတော့ ဒီလိုအချိန်မှာမှ ဒီလောက်တိုင်းပြည်အတွက်ကို မိုးထဲလေထဲ အရေးကြီးနေတဲ့အချိန်မှာမှ ဒီဆရာဝန်တွေကို ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာ စစ်ကောင်စီက ဘာကိုရည်ရွယ်နေသလဲ၊ ကျနော်တို့က မေးခွန်းထုတ်ရမယ့် အနေအထားဖြစ်လာပြီ။ အဲတော့ ဒီဆရာဝန်တွေကို ဖမ်းချင်တာလား၊ ဒါမှမဟုတ်လို့ရှိရင် ပြည်သူလူထုကို ကိုဗစ်ရောဂါနဲ့ ဒုက္ခမရောက် ရောက်အောင် စစ်ကောင်စီက တမင်လုပ်နေတာလားဆိုတာ ကျနော်တို့က မေးခွန်းထုတ်ရမယ့်အနေအထား ဖြစ်လာပါပြီ။"

ကိုဗစ်ကပ်ရောဂါပထမလှိုင်းနဲ့ ဒုတိယလှိုင်းဒဏ် ဖြတ်သန်းစဉ်က ပါဝင်ခဲ့ကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာရှင်လုပ်အားပေးတွေနဲ့ အလှူရှင်တွေရဲ့အင်အား သိသိသာသာလျှော့နည်းနေတဲ့ အခြေအနေဖြစ်နေပါတယ်။ ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာပါဝင်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ စေတနာ့ဝန်ထမ်းတွေကို ဖိတ်ခေါ်ထားပါတယ်။ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ကုသရေးပိုင်းတာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေသာမက အပြင်မှာရှိနေတဲ့ ကျွမ်းကျင်တဲ့ ဆေးဘက်ပညာရှင်တွေကလည်း အများနဲ့ပါတ်သက်တဲ့ ကိစ္စဖြစ်လို့ အားလုံးပူးပေါင်းဆောင်ရွက်ပေးစေလိုတယ်လို့ ပြောကြားထားပါတယ်။ ဒီလိုပြောကြားထားချိန်မှာပဲ ကိုဗစ်လူနာတွေ ကုသပေးနေတဲ့ ဆရာဝန်တွေ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG