သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖ႐ူဆိုနဲ႔ေဘာလခဲမွာ ကရင္နီကာကြယ္ေရးနဲ႔ျမန္မာစစ္တပ္တိုက္ပြဲျဖစ္ပြား


ေႏြဦးတော္လွန္ေရးစာတမ္းေရးထိုးထားသည့္ အိမ္လုပ္ေသနက္ကိုင္ေဆာင္ထားတဲ့ KPDF တပ္ဖြဲ ့၀င္တဦး (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

ကယားျပည္နယ္အတြင္း ထိုးစစ္ဆင္လာတဲ့ျမန္မာစစ္တပ္နဲ႔ ကရင္နီကာကြယ္ေရးအဖြဲ႕တို႔ ဒီကေန႔ညေနပိုင္း ဖ႐ူဆိုၿမိဳ႕နယ္မွာ တိုက္ပြဲျဖစ္ပြားေနပါတယ္။ မေန႔က ဖ႐ူဆိုၿမိဳ႕နယ္နဲ႔ ေဘာလခဲၿမိဳ႕နယ္တို႔ မွာ ျဖစ္ပြါးတဲ့တိုက္ပြဲအတြင္း စစ္ေကာင္စီဘက္က ထိခိုက္မႈမ်ားတယ္လို႔ ကရင္နီအမ်ိဳးသားကာကြယ္ေရးတပ္ KNDF သတင္းႏွင့္ ျပန္ၾကားေရးအဖြဲ႕က သတင္းထုတ္ျပန္ပါတယ္။ ကရင္နီေဒသစစ္ေရးအေျခအေနေတြကို ဗြီအိုေအသတင္းေထာက္ႏိုင္ကြန္းအိန္ ကေန သတင္းေပးပို႔ထားပါတယ္။

ကယားျပည္နယ္ ဖ႐ူဆိုၿမိဳ႕နယ္အေနာက္ဖက္မွာ စစ္အင္အားျဖည့္တင္းလာတဲ့ ျမန္မာစစ္တပ္နဲ႔ ကရင္နီတပ္မေတာ္ (KA) ကရင္နီအမ်ိဳးသားကာကြယ္ေရးတပ္ (KNDF) ပူးေပါင္းတပ္ဖြဲ႕တို႔ ဒီကေန႔မွာတိုက္ပြဲျဖစ္ပြါးတယ္လို႔ KNDF သတင္းႏွင့္ ျပန္ၾကား ေရးအဖြဲ႕တာဝန္ရွိသူတဦးကေျပာပါတယ္။

“ တိုက္ပြဲကေတာ့ ဒီရက္ ေ႐ႊေတာင္တန္းနဲ႔ မိတူအထက္႐ြာနားမွာ ျဖစ္ေနၾကတယ္။ (၂)နာရီ (၄၅)ကဘဲ စပစ္ေနၾကတယ္။ တိုက္ပြဲကသူတို႔ဖက္က နယ္ေျမကြၽံတာေပါ့ေလ။ ”

ကယားျပည္နယ္ ဖ႐ူဆိုၿမိဳ႕နယ္နဲ႔ေဘာလခဲၿမိဳ႕နယ္တို႔မွာ စစ္အင္အားျဖည့္တင္းလာတဲ့ ျမန္မာစစ္တပ္ကို ကရင္နီတပ္မေတာ္ (KA) နဲ႔ ကရင္နီအမ်ိဳးသားကာကြယ္ေရးတပ္ (KNDF) ပူးေပါင္းတပ္ဖြဲ႕တို႔ကေန ၾသဂုတ္ (၃)ရက္ေန႔မွာ ပစ္ခတ္တိုက္ခိုက္ ခဲ့တယ္လို႔ KNDF သတင္းႏွင့္ျပန္ၾကားေရးအဖြဲ႕ တာဝန္ရွိသူတဦးက ေျပာပါတယ္။

“ (၇)နာရီခြဲေက်ာ္ေလာက္မွာ ပထမတစီးသူတို႔ထြက္လာတယ္။ လူအင္အာအျပည့္နဲ႔ဆိုေတာ့ အဲဒီတစီးကို ဖ႐ူဆိုၿမိဳ႕ ၿမိဳ႕ရဲ႕ အေက်ာ္နားေလး အဲဒီ မားခရာေရွ႕ေက်း႐ြာနားေလးမွာ ကရင္နီတပ္မေတာ္ကသူ႔ကိုလွမ္းၿပီးေတာ့ပစ္တာေပါ့ေလ။ ဆိုေတာ့ အဲဒီမွာပစ္ခတ္မႈရွိတယ္။ မနက္(၈)နာရီတိတိမွာလြိဳင္ေကာ္ကေန ေဘာ္လခဲဦးတည္သြားတဲ့ ဒကစက ကား(၁၇)စီးနဲ႔ သူတို႔ဆင္း သြားတယ္။ လမ္းမွာဘဲ ကရင္နီတပ္မေတာ္နဲ႔ KNDF ကရင္နီအမ်ိဳးသားကာကြယ္ေရးတပ္ပူးေပါင္းၿပီးေတာ့မွ မိုင္းဆြဲတိုက္တယ္ ေလ။ ၿပီးေတာ့မွလက္နက္ငယ္ေတြနဲ႔သူတို႔ကိုၿခဳံခိုတိုက္ခိုက္တယ္ေပါ့။ ထိခိုက္မႈအေျခအေနေတာ့(၁၁)ေလာက္က်တာေပါ့ေလ။ သူတို႔ထိခိုက္ပိုၿပီးေတာ့မ်ားသြားတာေတာ့ ဒီမိုင္းဆြဲတိုက္ခိုက္တဲ့ေနရာေပါ့။ ဒဏ္ရာေတာ့(၂၀)ဝန္းက်င္ေလာက္သူတို႔ရတယ္။ ”

ၾသဂုတ္(၃)ရက္ေန႔က ဖ႐ူဆိုၿမိဳ႕နယ္နဲ႔ေဘာလခဲၿမိဳ႕နယ္အတြင္း တိုက္ပြဲ(၄)ႀကိမ္ျဖစ္ပြါးခဲ့ၿပီး တိုက္ပြဲမွာ ျမန္မာစစ္တပ္ဘက္က ထိခိုက္က်ဆုံးမႈမ်ားတယ္လို႔ KNDFဘက္ကသတင္းထုတ္ျပန္ထားေပမဲ့ သီးျခားအတည္မျပဳႏိုင္ေသးပါဘူး။

တိုက္ပြဲအေျခအေနကိုသိရွိဖို႔ တပ္မေတာ္ေျပာခြင့္ရကို ဆက္သြယ္ခဲ့ရာမွာ ဆက္သြယ္လို႔မရခဲ့ပါဘူး။ တပ္မေတာ္ျပန္ၾကားဌာနက အရာရွိတဦးကို ေမးျမန္းရာမွာ သူ႔အေနနဲ႔တိုက္ပြဲအေျခအေနကိုမသိရေသးဘူးလို႔ေျပာပါတယ္။

“ ကြၽန္ေတာ္တို႔က ဘာမွေျပာလို႔အဆင္မေျပဘူးဗ်။ အဲဒီအေၾကာင္း ကြၽန္ေတာ္သိပ္မသိေသးဘူး။ ”

မေန႔ကလဲ ကယားျပည္နယ္အစပ္ ရွမ္းျပည္နယ္ဖယ္ခုံၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမမွာ ကိုဗစ္-၁၉ ကာကြယ္ေဆး ထိုးခ်ိန္ ဗုံးေပါက္ကြဲ ခဲ့လို႔ ထိခိုက္မႈေတြရွိခဲ့တယ္လို႔ KNDF ျပန္ၾကားေရးတာဝန္ရွိသူက ေျပာပါတယ္။

“ကိုဗစ္-၁၉ေဆးေတြကို ျပည္သူလူထုကို ထိုးႏွံေပးတဲ့ေန႔ေပါ့ေလ။ မိုးၿဗဲPDFအဖြဲ႕ေတြက ဗုံးေဖာက္ခြဲမႈလုပ္တယ္။ ရဲတဦးနဲ႔ မီးသတ္တဦးေတာ့က်ဆုံးသြားတာေပါ့။”

ျမန္မာစစ္တပ္ကေန ႏိုင္ငံေတာ္အာဏာထိန္းသိမ္းခဲ့ၿပီးေနာက္ပိုင္း မိုးၿဗဲၿမိဳ႕ လြိဳင္ေကာ္ ဒီေမာ့ဆိုအစရွိတဲ့ၿမိဳ႕နယ္ေတြမွာ စစ္အာ ဏာရွင္ဆန႔္က်င္ေရး သပိတ္ေမွာက္ဆႏၵျပမႈအတြင္း စစ္တပ္ဘက္ကအၾကမ္းဖက္ၿဖိဳခြင္းခဲ့ၿပီး ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ ေတြကေန ရရာလက္နက္စြဲကိုင္ၿပီးေတာ့ စစ္ေကာင္စီတပ္ကို ေမလကစလို႔ ပစ္ခတ္တိုက္ခိုက္မႈ ေတြျဖစ္ပြားလာပါတယ္။

တိုက္ပြဲျဖစ္ပြါးမႈေၾကာင့္ ေဒသခံေတြ တသိန္းနီးပါးေလာက္ ေဘးလြတ္ရာ ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။

.............................................................................................

တိုက္႐ိုက္ လင့္ခ္


ဖရူဆိုနဲ့ဘောလခဲမှာ ကရင်နီကာကွယ်ရေးနဲ့မြန်မာစစ်တပ်တိုက်ပွဲဖြစ်ပွား

(Unicode)

ကယားပြည်နယ်အတွင်း ထိုးစစ်ဆင်လာတဲ့မြန်မာစစ်တပ်နဲ့ ကရင်နီကာကွယ်ရေးအဖွဲ့တို့ ဒီကနေ့ညနေပိုင်း ဖရူဆိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပွါးနေပါတယ်။ မနေ့က ဖရူဆိုမြို့နယ်နဲ့ ဘောလခဲမြို့နယ်တို့ မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်မှုများတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF သတင်းနှင့် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ကရင်နီဒေသစစ်ရေးအခြေအနေတွေကို ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန် ကနေ သတင်းပေးပို့ထားပါတယ်။

ကယားပြည်နယ် ဖရူဆိုမြို့နယ်အနောက်ဖက်မှာ စစ်အင်အားဖြည့်တင်းလာတဲ့ မြန်မာစစ်တပ်နဲ့ ကရင်နီတပ်မတော် (KA) ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်ဖွဲ့တို့ ဒီကနေ့မှာတိုက်ပွဲဖြစ်ပွါးတယ်လို့ KNDF သတင်းနှင့် ပြန်ကြား ရေးအဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။

“ တိုက်ပွဲကတော့ ဒီရက် ရွှေတောင်တန်းနဲ့ မိတူအထက်ရွာနားမှာ ဖြစ်နေကြတယ်။ (၂)နာရီ (၄၅)ကဘဲ စပစ်နေကြတယ်။ တိုက်ပွဲကသူတို့ဖက်က နယ်မြေကျွံတာပေါ့လေ။ ”

ကယားပြည်နယ် ဖရူဆိုမြို့နယ်နဲ့ဘောလခဲမြို့နယ်တို့မှာ စစ်အင်အားဖြည့်တင်းလာတဲ့ မြန်မာစစ်တပ်ကို ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်ဖွဲ့တို့ကနေ သြဂုတ် (၃)ရက်နေ့မှာ ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ (၇)နာရီခွဲကျော်လောက်မှာ ပထမတစီးသူတို့ထွက်လာတယ်။ လူအင်အာအပြည့်နဲ့ဆိုတော့ အဲဒီတစီးကို ဖရူဆိုမြို့ မြို့ရဲ့ အကျော်နားလေး အဲဒီ မားခရာရှေ့ကျေးရွာနားလေးမှာ ကရင်နီတပ်မတော်ကသူ့ကိုလှမ်းပြီးတော့ပစ်တာပေါ့လေ။ ဆိုတော့ အဲဒီမှာပစ်ခတ်မှုရှိတယ်။ မနက်(၈)နာရီတိတိမှာလွိုင်ကော်ကနေ ဘော်လခဲဦးတည်သွားတဲ့ ဒကစက ကား(၁၇)စီးနဲ့ သူတို့ဆင်း သွားတယ်။ လမ်းမှာဘဲ ကရင်နီတပ်မတော်နဲ့ KNDF ကရင်နီအမျိုးသားကာကွယ်ရေးတပ်ပူးပေါင်းပြီးတော့မှ မိုင်းဆွဲတိုက်တယ် လေ။ ပြီးတော့မှလက်နက်ငယ်တွေနဲ့သူတို့ကိုခြုံခိုတိုက်ခိုက်တယ်ပေါ့။ ထိခိုက်မှုအခြေအနေတော့(၁၁)လောက်ကျတာပေါ့လေ။ သူတို့ထိခိုက်ပိုပြီးတော့များသွားတာတော့ ဒီမိုင်းဆွဲတိုက်ခိုက်တဲ့နေရာပေါ့။ ဒဏ်ရာတော့(၂၀)ဝန်းကျင်လောက်သူတို့ရတယ်။ ”

သြဂုတ်(၃)ရက်နေ့က ဖရူဆိုမြို့နယ်နဲ့ဘောလခဲမြို့နယ်အတွင်း တိုက်ပွဲ(၄)ကြိမ်ဖြစ်ပွါးခဲ့ပြီး တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုများတယ်လို့ KNDFဘက်ကသတင်းထုတ်ပြန်ထားပေမဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲအခြေအနေကိုသိရှိဖို့ တပ်မတော်ပြောခွင့်ရကို ဆက်သွယ်ခဲ့ရာမှာ ဆက်သွယ်လို့မရခဲ့ပါဘူး။ တပ်မတော်ပြန်ကြားဌာနက အရာရှိတဦးကို မေးမြန်းရာမှာ သူ့အနေနဲ့တိုက်ပွဲအခြေအနေကိုမသိရသေးဘူးလို့ပြောပါတယ်။

“ ကျွန်တော်တို့က ဘာမှပြောလို့အဆင်မပြေဘူးဗျ။ အဲဒီအကြောင်း ကျွန်တော်သိပ်မသိသေးဘူး။ ”

မနေ့ကလဲ ကယားပြည်နယ်အစပ် ရှမ်းပြည်နယ်ဖယ်ခုံမြို့ မြို့တော်ခန်းမမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးချိန် ဗုံးပေါက်ကွဲ ခဲ့လို့ ထိခိုက်မှုတွေရှိခဲ့တယ်လို့ KNDF ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

“ကိုဗစ်-၁၉ဆေးတွေကို ပြည်သူလူထုကို ထိုးနှံပေးတဲ့နေ့ပေါ့လေ။ မိုးဗြဲPDFအဖွဲ့တွေက ဗုံးဖောက်ခွဲမှုလုပ်တယ်။ ရဲတဦးနဲ့ မီးသတ်တဦးတော့ကျဆုံးသွားတာပေါ့။”

မြန်မာစစ်တပ်ကနေ နိုင်ငံတော်အာဏာထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း မိုးဗြဲမြို့ လွိုင်ကော် ဒီမော့ဆိုအစရှိတဲ့မြို့နယ်တွေမှာ စစ်အာ ဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒပြမှုအတွင်း စစ်တပ်ဘက်ကအကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့ တွေကနေ ရရာလက်နက်စွဲကိုင်ပြီးတော့ စစ်ကောင်စီတပ်ကို မေလကစလို့ ပစ်ခတ်တိုက်ခိုက်မှု တွေဖြစ်ပွားလာပါတယ်။

တိုက်ပွဲဖြစ်ပွါးမှုကြောင့် ဒေသခံတွေ တသိန်းနီးပါးလောက် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Kayah fighting
please wait

No media source currently available

0:00 0:03:09 0:00
တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG