သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္တိုင္းရင္းသား လက္နက္ကိုင္ AA အဖဲြ႔ဝင္ေတြကို ကိုဗစ္ကာကြယ္ေဆး ထိုးေပးမည္ ( ျပည္နယ္ေကာင္စီေျပာခြင္႔ရ)


AA Army (ရကၡိဳင့္တပ္မေတာ္ - သတင္းႏွင့္ ျပန္ၾကားေရးဌာန)

(Zawgyi / Unicode)

ရခိုင္ျပည္နယ္မွာရွိတဲ့ EAOေတြကို ကိုဗစ္ကာကြယ္ေဆးထိုးေပးသြားမွာျဖစ္တယ္ကို ရခိုင္ျပည္နယ္ေကာင္စီေျပာခြင့္ရကေျပာပါတယ္။ ဒါေပမယ့္ ကိုဗစ္ကာကြယ္ ေဆး ထိုးမယ့္ကိစၥနဲ႔ ပတ္သတ္ၿပီး အေသးစိတ္မသိရေသးဘူးလို႔ ေကာင္စီေျပာခြင့္ရက ဗြီအိုေအက ကိုေျပာပါတယ္။ ရန္ကုန္က လာတဲ႔ သတင္းကို ကိုရဲမြန္ က တင္ျပေပးပါမယ္။

ရခိုင္ျပည္နယ္မွာရွိတဲ့ ကိုဗစ္ကာကြယ္ေဆးထိုးမယ့္ အုပ္စုေတြထဲမွာ ရခိုင္လက္နက္ကိုင္ AAအဖြဲ႔လည္း ပါဝင္တယ္လို႔ ျပည္နယ္ေကာင္စီ ေျပာခြင့္ရ ရခိုင္ျပည္နယ္ဥပေဒခ်ဳပ္ ဦးလွသိန္းက ေျပာပါတယ္။

“ ဒီဟာကေတာ့ ႏုိင္ငံေတာ္ဝန္ႀကီးခ်ုပ္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ုပ္က အစည္း အေဝးေတြမွာ လမ္းညႊန္ၿပီး ျဖစ္ပါတယ္။ တီဗီသတင္းေတြ၊ သတင္းစာေတြမွာလည္း ေဖာ္ျပၿပီး ျဖစ္ပါ တယ္။ EAOေတြကိုလည္း ထိုးေပးသြားဖို႔ေပါ့။ အခုက်ေနာ္တို႔ အုပ္စု ၁၆ခုခြဲတဲ့ အခါမွာ ထည့္သြင္းထားပါတယ္ EAOေတြကို။ သို႔ေသာ္ က်ေနာ္တို႔ EAOေတြကို ထိုးဖို႔ဆိုတာက ျပည္ ေထာင္စုမွာ ညွိႏိုင္းမွုေတြရွိပါတယ္။ ဆိုေတာ့ သူတို႔က ညွိႏို္င္းေပးၿပီးေတာ့မွ ဘယ္လိုထိုးပါ ဆိုၿပီး ညႊန္ၾကားခ်က္ရလာတဲ့ အခါမွာ က်ေနာ္တို႔ထိုးမွာ ျဖစ္ပါတယ္။ ေဆးကေတာ့ အဆင္သင့္ရွိ ပါတယ္။”

တိုင္းရင္းသားလက္နက္ကိုင္ေတြကို ကိုဗစ္ကာကြယ္ေဆးထိုးေပးမယ့္ ကိစၥ ျပည္ေထာင္စုက ညႊန္ၾကားထားတာျဖစ္ေပမယ့္ ေဆးထိုးခံမယ့္ အဖြဲ႔အစည္းေတြဖက္ကလည္း လိုက္နာဖို႔ လုိေသးတယ္လို႔ ျပည္နယ္ေကာင္စီေျပာခြင့္ရ ဦးလွသိန္းကေျပာပါတယ္။

“ အဲဒီလိုလည္း မဟုတ္ဘူး။ အထက္က ထိုးပါဆိုလို႔ ထိုးရတာလည္းမဟုတ္ဘူး။ က်ေနာ္ ေျပာလိုတာက ထိုးပါလို႔ ဆိုတဲ့ အခါက်ေတာ့ ထိုးမယ့္ အဖြဲ႔အစည္းကလည္း လက္ခံၿပီး ျဖစ္မယ့္ အေနအထားျဖစ္မွရမယ္။ ဒီသေဘာမ်ိဳးပါ။ ထိုးပါဆိုတိုင္းလည္း လိုက္ထိုးလို႔ရတာမဟုတ္။ အထက္မွာ အိုေကတယ္ ဘယ္ေန႔ထိုးမယ္၊ ဘယ္ေနရာထိုးမယ္ဆိုရင္ေတာ့ က်ေနာ္တုိ႔က ျပည္နယ္အစိုးရကေနၿပီးေတာ့ ထိုးမယ့္ ေဆးဝန္ထမ္းအဖြဲ႔ေတြ ေပါ့ေနာ္။ က်န္းမာေရးဦးစီးဌာန ျပည္သူ႔ ေဆးရံုရွိတယ္။ ေက်းလက္က်န္းမာေရး ဌာနာေတြ ရွိတယ္။ အဲတာေတြကို က်ေနာ္တို႔ ဘယ္ပံုဘယ္နည္းထုိးမယ္။ လိုအပ္တာေတြကို ပံံ့ပို႔ၿပီးေတာ့ ေဆာင္ရြက္သြားရမွာေပါ့။”

ဒါေပမယ့္လည္း AAတပ္ဖြဲ႔ဝင္ေတြကို ကိုဗစ္ကာကြယ္းေဆးထိုးေပးမွာ ေသခ်ာေပမယ့္ ေဆးထိုးမယ့္ ကိစၥနဲ႔ ပတ္သတ္ၿပီး အေသးစိတ္မသိရေသးဘူးလို႔လည္း ဦးလွသိန္းက ေျပာပါတယ္။

“ ထိုးေတာ့မွာေပါ့ေလ။ အခု က်ေနာ္တို႔သိတာကေတာ့ ထိုးမယ္။ ဘယ္လိုထိုးမယ္ ဘယ္ေန ရာမွာထိုးမယ္။ ဦးေရအားျဖင့္ ဘယ္ေလာက္ထိုးမယ္။ အသက္ဘယ္ေလာက္ကို ထိုးမယ္ အစရွိသျဖင့္ အဲဒီလို တိတိက်က် ညြန္ၾကားခ်က္သာ က်ေနာ္တို႔ မရေသးတာပါခင္မ်ာ။

ၿပီးခဲ့တဲ့ နွစ္ေတြက တိုက္ပြဲ အႀကီးအက်ယ္ျဖစ္ခဲ့တဲ့ ရခိုင္ျပည္နယ္မွာ ရခိုင္လက္နက္ကိုင္တပ္ဖြဲ႔ AAနဲ႔ အစိုးရတပ္တို႔ၾကား တိုက္ပြဲေတြ ရပ္တန္႔ေနတာ အခုဆိုရင္ တစ္နွစ္နီးပါးရွိေနတာလည္း ျဖစ္ပါတယ္။ဒီၾကားထဲမွာပဲ ရခိုင္လက္နက္ကိုင္ AAအဖြဲ႔ဖက္က ရခိုင္ျပည္နယ္ရဲ႕ တရားစီရင္ေရးနဲ႔ အုပ္ခ်ဳပ္ေရး ပိုင္းေတြမွာ ဝင္ေရာက္လုပ္ေနတာေတြလည္း ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ရခိုင်တိုင်းရင်းသား လက်နက်ကိုင် AA အဖွဲ့ဝင်တွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည် ( ပြည်နယ်ကောင်စီပြောခွင့်ရ)

ရခိုင်ပြည်နယ်မှာရှိတဲ့ EAOတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမှာဖြစ်တယ်ကို ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရကပြောပါတယ်။ ဒါပေမယ့် ကိုဗစ်ကာကွယ် ဆေး ထိုးမယ့်ကိစ္စနဲ့ ပတ်သတ်ပြီး အသေးစိတ်မသိရသေးဘူးလို့ ကောင်စီပြောခွင့်ရက ဗွီအိုအေက ကိုပြောပါတယ်။ ရန်ကုန်က လာတဲ့ သတင်းကို ကိုရဲမွန် က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ ကိုဗစ်ကာကွယ်ဆေးထိုးမယ့် အုပ်စုတွေထဲမှာ ရခိုင်လက်နက်ကိုင် AAအဖွဲ့လည်း ပါဝင်တယ်လို့ ပြည်နယ်ကောင်စီ ပြောခွင့်ရ ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

“ ဒီဟာကတော့ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အစည်း အဝေးတွေမှာ လမ်းညွှန်ပြီး ဖြစ်ပါတယ်။ တီဗီသတင်းတွေ၊ သတင်းစာတွေမှာလည်း ဖော်ပြပြီး ဖြစ်ပါ တယ်။ EAOတွေကိုလည်း ထိုးပေးသွားဖို့ပေါ့။ အခုကျနော်တို့ အုပ်စု ၁၆ခုခွဲတဲ့ အခါမှာ ထည့်သွင်းထားပါတယ် EAOတွေကို။ သို့သော် ကျနော်တို့ EAOတွေကို ထိုးဖို့ဆိုတာက ပြည် ထောင်စုမှာ ညှိနိုင်းမှုတွေရှိပါတယ်။ ဆိုတော့ သူတို့က ညှိနိုင်းပေးပြီးတော့မှ ဘယ်လိုထိုးပါ ဆိုပြီး ညွှန်ကြားချက်ရလာတဲ့ အခါမှာ ကျနော်တို့ထိုးမှာ ဖြစ်ပါတယ်။ ဆေးကတော့ အဆင်သင့်ရှိ ပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင်တွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ့် ကိစ္စ ပြည်ထောင်စုက ညွှန်ကြားထားတာဖြစ်ပေမယ့် ဆေးထိုးခံမယ့် အဖွဲ့အစည်းတွေဖက်ကလည်း လိုက်နာဖို့ လိုသေးတယ်လို့ ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကပြောပါတယ်။

“ အဲဒီလိုလည်း မဟုတ်ဘူး။ အထက်က ထိုးပါဆိုလို့ ထိုးရတာလည်းမဟုတ်ဘူး။ ကျနော် ပြောလိုတာက ထိုးပါလို့ ဆိုတဲ့ အခါကျတော့ ထိုးမယ့် အဖွဲ့အစည်းကလည်း လက်ခံပြီး ဖြစ်မယ့် အနေအထားဖြစ်မှရမယ်။ ဒီသဘောမျိုးပါ။ ထိုးပါဆိုတိုင်းလည်း လိုက်ထိုးလို့ရတာမဟုတ်။ အထက်မှာ အိုကေတယ် ဘယ်နေ့ထိုးမယ်၊ ဘယ်နေရာထိုးမယ်ဆိုရင်တော့ ကျနော်တို့က ပြည်နယ်အစိုးရကနေပြီးတော့ ထိုးမယ့် ဆေးဝန်ထမ်းအဖွဲ့တွေ ပေါ့နော်။ ကျန်းမာရေးဦးစီးဌာန ပြည်သူ့ ဆေးရုံရှိတယ်။ ကျေးလက်ကျန်းမာရေး ဌာနာတွေ ရှိတယ်။ အဲတာတွေကို ကျနော်တို့ ဘယ်ပုံဘယ်နည်းထိုးမယ်။ လိုအပ်တာတွေကို ပံံ့ပို့ပြီးတော့ ဆောင်ရွက်သွားရမှာပေါ့။”

ဒါပေမယ့်လည်း AAတပ်ဖွဲ့ဝင်တွေကို ကိုဗစ်ကာကွယ်းဆေးထိုးပေးမှာ သေချာပေမယ့် ဆေးထိုးမယ့် ကိစ္စနဲ့ ပတ်သတ်ပြီး အသေးစိတ်မသိရသေးဘူးလို့လည်း ဦးလှသိန်းက ပြောပါတယ်။

“ ထိုးတော့မှာပေါ့လေ။ အခု ကျနော်တို့သိတာကတော့ ထိုးမယ်။ ဘယ်လိုထိုးမယ် ဘယ်နေ ရာမှာထိုးမယ်။ ဦးရေအားဖြင့် ဘယ်လောက်ထိုးမယ်။ အသက်ဘယ်လောက်ကို ထိုးမယ် အစရှိသဖြင့် အဲဒီလို တိတိကျကျ ညွန်ကြားချက်သာ ကျနော်တို့ မရသေးတာပါခင်မျာ။

ပြီးခဲ့တဲ့ နှစ်တွေက တိုက်ပွဲ အကြီးအကျယ်ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AAနဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေ ရပ်တန့်နေတာ အခုဆိုရင် တစ်နှစ်နီးပါးရှိနေတာလည်း ဖြစ်ပါတယ်။ဒီကြားထဲမှာပဲ ရခိုင်လက်နက်ကိုင် AAအဖွဲ့ဖက်က ရခိုင်ပြည်နယ်ရဲ့ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး ပိုင်းတွေမှာ ဝင်ရောက်လုပ်နေတာတွေလည်း ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG