သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်မှု ကန်ဝေဖန် 


အမေရိကန်နိုင်ငံခြားရေးဌာနမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌနာ ပြောခွင့်ရ Matthew Miller (မတ် ၁၄၊ ၂၀၂၄)
အမေရိကန်နိုင်ငံခြားရေးဌာနမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌနာ ပြောခွင့်ရ Matthew Miller (မတ် ၁၄၊ ၂၀၂၄)

မြန်မာလူငယ်တွေကို စစ်တပ်ထဲ အတင်းအကြပ်သွပ်သွင်းမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ဆောင်ရွက်မှုကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဝေဖန်ရှုတ်ချတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Matthew Miller က သူ့ကိုယ်ပိုင် X လူမှုမီဒီယာပေါ်မှာ ရေးပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့လကကြေညာပြီး စတင်အကောင်အထည်ဖော်နေပြီဆိုတဲ့ သတင်းတွေရရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ မြန်မာနိုင်ငံတွင်း သန်းနဲ့ချီတဲ့ အရပ်သားတွေဟာ စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေကို ခံစားနေရပြီး စစ်ကောင်စီအနေနဲ့ သူ့ရဲ့ ဖိနှိပ်ရက်စက်မှုတွေမှာ ကိုယ့်လူထုကိုပါ ဆွဲမသွင်းသင့်ဘူးလို့ နိုင်ငံခြားရေးဌာနပြောခွင့်ရသူက VOA ကို ပြောဆိုပါတယ်။ စစ်ကောင်စီအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ဖို့ ထပ်မံတိုက်တွန်းတယ်လို့လည်း ပြောခွင့်ရသူက တုံ့ပြန်ပါတယ်။

မြန်မာနိုင်ငံတွင်း အားလုံးပါဝင်တဲ့ ဒီမိုကရေစီအုပ်ချုပ်မှုဖြစ်လာစေဖို့ သက်ဆိုင်ရာအစုအဖွဲ့တွေအားလုံး တွေ့ဆုံဆွေးနွေးပြီး အကျပ်အတည်းကို ငြိမ်ငြိမ်းချမ်းချမ်းအဖြေရှာဖို့ကိုလည်း တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံတွင်းမှာတော့ ပြည်သူစစ်မှုထမ်းဥပဒေ စတင်အကောင်အထည်ဖော်လာတာကြောင့် လူငယ်တွေနဲ့ မိသားစုတွေကြားမှာ လှုပ်ခတ် စိုးရိမ်မှုတွေဖြစ်နေပြီး လူငယ်တချို့ နည်းအမျိုးမျိုးနဲ့ ပြည်ပထွက်တိမ်းရှောင်တာတွေ ရှိနေပါတယ်။

Forum

XS
SM
MD
LG