သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မုံ႐ြာ-မႏၲေလးလမ္းမႀကီးတေလွ်ာက္ ေက်း႐ြာေတြမွာ စစ္ေကာင္စီတပ္ ရွာေဖြဖမ္းဆီး 


ျမန္မာ စစ္ယာဥ္တန္းတခု (ဓာတ္ပံု- AP)

စစ္ကိုင္းတိုင္းထဲက မုံ႐ြာ-မႏၲေလး လမ္းမႀကီးတေလွ်ာက္မွာရွိတဲ့ ေက်း႐ြာတခ်ိဳ႕ကို စစ္ေကာင္စီတပ္ေတြက ဒီကေန႔ မနက္ပိုင္းကစၿပီး ဝင္ေရာက္ ရွာေဖြ ရွင္းလင္းခဲ့သလို လမ္းတေလွ်ာက္က ကြမ္း႐ြက္စိုက္ပ်ိဳးၿခံေတြနဲ႔ တဲအိမ္တခ်ိဳ႕ကိုလည္း မီးရႈိ႕ဖ်က္စီးသြားတယ္လို႔ ေဒသခံေျပာပါတယ္။ ႐ြာသား ၁၅ ေယာက္ေလာက္ကို မနက္ပိုင္းက ဖမ္းဆီးေခၚသြားခဲ့ၿပီး ညေနပိုင္း မွာေတာ့ ျပန္လႊတ္ေပးခဲ့တယ္လို႔ေျပာပါတယ္။ စစ္တပ္ေတြေရာက္လာတဲ့အတြက္ တခ်ိဳ႕ေဒသခံေတြလည္း ေဘးလြတ္ရာ ထြက္ေျပးပုန္းေရွာင္ေနၾကပါတယ္။ ရန္ကုန္ကလာတဲ့သတင္းကို မစုျမတ္မြန္က ေျပာျပပါမယ္။

ဇန္နဝါရီ ၂၁ ရက္ ဒီကေန႔ မနက္ပိုင္း ၈ နာရီဝန္းက်င္ေလာက္ကတည္းက စစ္ကိုင္းတိုင္း မုံ႐ြာၿမိဳ႕အနီးက မုံ႐ြာ-မႏၲေလး လမ္းမတစ္ေလ်ာက္က ေက်း႐ြာေတြကို စစ္ေကာင္စီတပ္ေတြက ေျခလ်င္ဝင္ေရာက္ၿပီး လမ္းေပၚမွာ ေတြ႕တဲ့ ေယာက္်ားေတြကို ဖမ္းဆီးတာ၊ လမ္းတစ္ေလ်ာက္မွာ ရွိေနတဲ့ ကြမ္းၿခံတစ္ခ်ိဳ႕ကို မီးရႈိ႕ဖ်က္ဆီးတာေတြ လုပ္ခဲ့ၾကတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

မုံ႐ြာ-မႏၲေလးလမ္းမတစ္ေလွ်ာက္မွာရွိတဲ့ မုဒ္ေပါက္ႀကီး၊ မအူ၊ ေျမနဲ၊ မင္း႐ြာ၊ ေအာင္သာ၊ ေတာင္ပုံ၊ သေရကုန္း႐ြာ ေတာင္/ေျမာက္၊ မုံေ႐ြး-ေၾကးမုံ စတဲ့ ေက်း႐ြာ ၉ ႐ြာေလာက္ကို ဝင္ေရာက္ေမြေႏွာက္ၿပီး ဖမ္းဆီးတာေတြ လုပ္ခဲ့ၾကတာျဖစ္တယ္လို႔ ေျမနဲ႐ြာက ေဒသခံတစ္ဦးက ခုလိုေျပာျပပါတယ္။

“ေတာထဲမွာေတြ႕တဲ့ လူငယ္ေတြ၊ ေတာအလုပ္လုပ္ေနၾကတဲ့သူေတြေပါ့။ ကြၽန္ေတာ္အထင္ေတာ့ သူတို႔ကို လူသားဒိုင္းအျဖစ္ အသုံးခ်ပုံရတယ္။ လူငယ္ေတြဖမ္းသြားတာကေတာ့ ကြၽန္ေတာ္တို႔ ႐ြာအေနနဲ႔ တြက္မယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ ေျမနဲမွာ ေတြ႕တယ္ဆိုရင္ မနက္က ဖမ္းသြားတဲ့ အရအတြက္က ၆ ေယာက္ေလာက္ေတာ့ ရွိမယ္ဗ်။ က်န္တဲ့ ေတာင္ပုံဖက္တို႔ မင္း႐ြာတို႔ဖက္ကလည္း သူတို႔က ေျခလ်င္ စစ္ေၾကာင္းထိုးေတာ့ က်ေတာ့ ေခၚသြားတာေတြ ပါတယ္။ အခု အဲ့လူငယ္ေတြ အကုန္လုံးက သူတို႔နဲ႔အတူ ေျခလ်င္ျပန္ပါသြားတယ္။ မအူ၊မုဒ္ေပါက္ႀကီးေရာက္မွ ျပန္လြတ္မယ္လို႔ ေျပာတယ္။”

စစ္ေကာင္စီတပ္ေတြက ႐ြာတြင္းဝင္ေရာက္တဲ့ လမ္းတစ္ေလ်ာက္ဖမ္းေခၚသြားတဲ့ လူငယ္ ၁၅ ေယာက္ ဝန္းက်င္ေလာက္ကို ညေနပိုင္းမွာ ျပန္လြတ္ေပးတယ္လို႔ ေဒသခံတစ္ဦးက အတည္ျပဳေျပာပါတယ္။

စစ္ေကာင္စီတပ္ေတြက ႐ြာစဥ္တစ္ေလ်ာက္ သြားတဲ့ေနရာေတြမွာ မီးရႈိ႕တာနဲ႔ ေမႊေႏွာက္ ရွာေဖြတာေတြ လုပ္ခဲ့တဲ့ အေျခအေနနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီတပ္ေတြ ျဖတ္သန္းသြားတဲ့ တစ္ေလ်ာက္က ႐ြာတစ္႐ြာက ႐ြာခံတစ္ဦးက ခုလိုေျပာပါတယ္။

“အဲ့မအူဖက္မွာလဲ ကြမ္းၿခံေတြ ေတာ္ေတာ္မ်ားမ်ားက မီးရႈိ႕ခဲ့တယ္။ အခုကြၽန္ေတာ္တို႔ သိသေလာက္ကိုက ၆ ၿခံေလာက္ကေတာ့ အနည္းဆုံးရွိမယ္ဗ်။ ရႈိ႕ၿပီးေတာ့ သူတို႔ အဲ့မအူကေနၿပီးေတာ့ ေတာက္ေလ်ာက္ ေဘးလမ္း အေနာက္ဖက္ ေတာက္ေလ်ာက္ ေျခလ်င္ဆင္းၿပီးေတာ့ သူတို႔က အခု ကြၽန္ေတာ္တို႔႐ြာ ေျမနဲဆိုရင္လဲ ဝင္ေမႊသြားတယ္။ ေမႊတယ္ဆိုေပမယ့္ အႏၲရာယ္ေတာ့မျပဳဘူး။ သူတို႔ဆက္ေလ်ာက္သြားတာ ေ႐ြေတာင္တိုးဂိတ္အထိေပါ့။ ေ႐ြေတာင္တိုးဂိတ္အထိ သူတို႔ တစ္ေနကုန္ ႐ြာစဥ္ပတ္လည္ ေျခလ်င္ေလွ်ာက္ၿပီးေတာ့ ညေနဖက္ ၂ ခ်က္ခြဲ၊ ၃ နာရီေလာက္မွာ ဒီ (မအူ႐ြာ) ဖက္ကို ျပန္လာတာ။”

အခုအခ်ိန္က ေတာင္သူေတြအတြက္ ကြမ္းေဈးေကာင္းခ်ိန္နဲ႔ ေရာင္းရခ်ိန္ျဖစ္ၿပီး ကြမ္းၿခံတစ္ၿခံဟာ ကာလေပါက္ေဈးအရဆိုရင္ သိန္း ၁၀၀ ဝန္းက်င္ေလာက္ ရွိတယ္ဆိုပါတယ္။ စစ္ေကာင္စီဝင္ေရာက္တဲ့ လမ္းတစ္ေလွ်ာက္မွာ ေတာင္သူေတြရဲ႕ ကြမ္းၿခံ ၆ ၿခံေလာက္နဲ႔ တဲတစ္ခ်ိဳ႕ကို မီးရႈိ႕ဖ်က္ဆီးသြားတာျဖစ္တယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။

စစ္ေကာင္စီက ႐ြာေတြကို ဝင္ေရာက္တဲ့အခ်ိန္မွာ ႐ြာသားေတြ ထြက္ေျပးတိမ္းေရွာင္ၾကရတဲ့ အေျခအေနနဲ႔ ပတ္သက္လို႔ ႐ြာသားတစ္ဦး ခုလိုေျပာပါတယ္။

“စစ္ေၾကာင္းထြက္လာၿပီးၾကားတာနဲ႔ ေရွာင္ၾကတဲ့သူကလည္း ေရွာင္ၾကတာေပါ့ေလ။ တစ္ခ်ိဳ႕ၾကလဲ မေရွာင္ဘဲနဲ႔ အိမ္ထဲမွာတင္ အေပါက္ပိတ္ၿပီး အလုံပိတ္ၿပီး ေနၾကတာမ်ိဳးေတြလည္း ရွိတယ္။ လူႀကီးပိုင္း ဘာညာက ေတာေတြထဲ ေရွာင္ၾကတာမ်ိဳးလည္း ရွိတယ္။ ခု ညေနခင္း သူတို႔ျပန္ၿပီဆိုေတာ့ အိမ္ျပန္တဲ့သူေတြလည္း ရွိတယ္၊ မျပန္ဘဲေစာင့္ၾကည့္ေနၾကတဲ့သူေတြလည္း ရွိေတာ့ရွိတယ္။”

လက္ရွိမွာ စစ္ကိုင္းတိုင္းထဲက နယ္တစ္ခ်ိဳ႕ဟာ စစ္ေကာင္စီတပ္ေတြက ေက်း႐ြာေတြကို မီးရႈိ႕ဖ်က္ဆီးတာ၊ ႐ြာသားေတြကို ဖမ္းဆီးတာ သတ္ျဖတ္တာေတြလုပ္ေနသလို စစ္ေကာင္စီတပ္ေတြနဲ႔ ျပင္းထန္တဲ့ ထိေတြ တိုက္ပြဲေတြ ျဖစ္ေနတဲ့ ေဒသျဖစ္ပါတယ္။

.................................................................................

တိုက္႐ိုက္ လင့္ခ္


မုံရွာ-မန္တလေးလမ်းမကြီးတလျှောက် ကျေးရွာတွေမှာ စစ်ကောင်စီတပ် ရှာဖွေဖမ်းဆီး

(Unicode)

စစ်ကိုင်းတိုင်းထဲက မုံရွာ-မန္တလေး လမ်းမကြီးတလျှောက်မှာရှိတဲ့ ကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေက ဒီကနေ့ မနက်ပိုင်းကစပြီး ဝင်ရောက် ရှာဖွေ ရှင်းလင်းခဲ့သလို လမ်းတလျှောက်က ကွမ်းရွက်စိုက်ပျိုးခြံတွေနဲ့ တဲအိမ်တချို့ကိုလည်း မီးရှို့ဖျက်စီးသွားတယ်လို့ ဒေသခံပြောပါတယ်။ ရွာသား ၁၅ ယောက်လောက်ကို မနက်ပိုင်းက ဖမ်းဆီးခေါ်သွားခဲ့ပြီး ညနေပိုင်း မှာတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ပြောပါတယ်။ စစ်တပ်တွေရောက်လာတဲ့အတွက် တချို့ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေးပုန်းရှောင်နေကြပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန်က ပြောပြပါမယ်။

ဇန်နဝါရီ ၂၁ ရက် ဒီကနေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်လောက်ကတည်းက စစ်ကိုင်းတိုင်း မုံရွာမြို့အနီးက မုံရွာ-မန္တလေး လမ်းမတစ်လျောက်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ခြေလျင်ဝင်ရောက်ပြီး လမ်းပေါ်မှာ တွေ့တဲ့ ယောက်ျားတွေကို ဖမ်းဆီးတာ၊ လမ်းတစ်လျောက်မှာ ရှိနေတဲ့ ကွမ်းခြံတစ်ချို့ကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာ-မန္တလေးလမ်းမတစ်လျှောက်မှာရှိတဲ့ မုဒ်ပေါက်ကြီး၊ မအူ၊ မြေနဲ၊ မင်းရွာ၊ အောင်သာ၊ တောင်ပုံ၊ သရေကုန်းရွာ တောင်/မြောက်၊ မုံရွေး-ကြေးမုံ စတဲ့ ကျေးရွာ ၉ ရွာလောက်ကို ဝင်ရောက်မွေနှောက်ပြီး ဖမ်းဆီးတာတွေ လုပ်ခဲ့ကြတာဖြစ်တယ်လို့ မြေနဲရွာက ဒေသခံတစ်ဦးက ခုလိုပြောပြပါတယ်။

“တောထဲမှာတွေ့တဲ့ လူငယ်တွေ၊ တောအလုပ်လုပ်နေကြတဲ့သူတွေပေါ့။ ကျွန်တော်အထင်တော့ သူတို့ကို လူသားဒိုင်းအဖြစ် အသုံးချပုံရတယ်။ လူငယ်တွေဖမ်းသွားတာကတော့ ကျွန်တော်တို့ ရွာအနေနဲ့ တွက်မယ်ဆိုရင်တော့ ကျွန်တော်တို့ မြေနဲမှာ တွေ့တယ်ဆိုရင် မနက်က ဖမ်းသွားတဲ့ အရအတွက်က ၆ ယောက်လောက်တော့ ရှိမယ်ဗျ။ ကျန်တဲ့ တောင်ပုံဖက်တို့ မင်းရွာတို့ဖက်ကလည်း သူတို့က ခြေလျင် စစ်ကြောင်းထိုးတော့ ကျတော့ ခေါ်သွားတာတွေ ပါတယ်။ အခု အဲ့လူငယ်တွေ အကုန်လုံးက သူတို့နဲ့အတူ ခြေလျင်ပြန်ပါသွားတယ်။ မအူ၊မုဒ်ပေါက်ကြီးရောက်မှ ပြန်လွတ်မယ်လို့ ပြောတယ်။”

စစ်ကောင်စီတပ်တွေက ရွာတွင်းဝင်ရောက်တဲ့ လမ်းတစ်လျောက်ဖမ်းခေါ်သွားတဲ့ လူငယ် ၁၅ ယောက် ဝန်းကျင်လောက်ကို ညနေပိုင်းမှာ ပြန်လွတ်ပေးတယ်လို့ ဒေသခံတစ်ဦးက အတည်ပြုပြောပါတယ်။

စစ်ကောင်စီတပ်တွေက ရွာစဉ်တစ်လျောက် သွားတဲ့နေရာတွေမှာ မီးရှို့တာနဲ့ မွှေနှောက် ရှာဖွေတာတွေ လုပ်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်တွေ ဖြတ်သန်းသွားတဲ့ တစ်လျောက်က ရွာတစ်ရွာက ရွာခံတစ်ဦးက ခုလိုပြောပါတယ်။

“အဲ့မအူဖက်မှာလဲ ကွမ်းခြံတွေ တော်တော်များများက မီးရှို့ခဲ့တယ်။ အခုကျွန်တော်တို့ သိသလောက်ကိုက ၆ ခြံလောက်ကတော့ အနည်းဆုံးရှိမယ်ဗျ။ ရှို့ပြီးတော့ သူတို့ အဲ့မအူကနေပြီးတော့ တောက်လျောက် ဘေးလမ်း အနောက်ဖက် တောက်လျောက် ခြေလျင်ဆင်းပြီးတော့ သူတို့က အခု ကျွန်တော်တို့ရွာ မြေနဲဆိုရင်လဲ ဝင်မွှေသွားတယ်။ မွှေတယ်ဆိုပေမယ့် အန္တရာယ်တော့မပြုဘူး။ သူတို့ဆက်လျောက်သွားတာ ရွေတောင်တိုးဂိတ်အထိပေါ့။ ရွေတောင်တိုးဂိတ်အထိ သူတို့ တစ်နေကုန် ရွာစဉ်ပတ်လည် ခြေလျင်လျှောက်ပြီးတော့ ညနေဖက် ၂ ချက်ခွဲ၊ ၃ နာရီလောက်မှာ ဒီ (မအူရွာ) ဖက်ကို ပြန်လာတာ။”

အခုအချိန်က တောင်သူတွေအတွက် ကွမ်းဈေးကောင်းချိန်နဲ့ ရောင်းရချိန်ဖြစ်ပြီး ကွမ်းခြံတစ်ခြံဟာ ကာလပေါက်ဈေးအရဆိုရင် သိန်း ၁၀၀ ဝန်းကျင်လောက် ရှိတယ်ဆိုပါတယ်။ စစ်ကောင်စီဝင်ရောက်တဲ့ လမ်းတစ်လျှောက်မှာ တောင်သူတွေရဲ့ ကွမ်းခြံ ၆ ခြံလောက်နဲ့ တဲတစ်ချို့ကို မီးရှို့ဖျက်ဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီက ရွာတွေကို ဝင်ရောက်တဲ့အချိန်မှာ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်ကြရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရွာသားတစ်ဦး ခုလိုပြောပါတယ်။

“စစ်ကြောင်းထွက်လာပြီးကြားတာနဲ့ ရှောင်ကြတဲ့သူကလည်း ရှောင်ကြတာပေါ့လေ။ တစ်ချို့ကြလဲ မရှောင်ဘဲနဲ့ အိမ်ထဲမှာတင် အပေါက်ပိတ်ပြီး အလုံပိတ်ပြီး နေကြတာမျိုးတွေလည်း ရှိတယ်။ လူကြီးပိုင်း ဘာညာက တောတွေထဲ ရှောင်ကြတာမျိုးလည်း ရှိတယ်။ ခု ညနေခင်း သူတို့ပြန်ပြီဆိုတော့ အိမ်ပြန်တဲ့သူတွေလည်း ရှိတယ်၊ မပြန်ဘဲစောင့်ကြည့်နေကြတဲ့သူတွေလည်း ရှိတော့ရှိတယ်။”

လက်ရှိမှာ စစ်ကိုင်းတိုင်းထဲက နယ်တစ်ချို့ဟာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ရွာသားတွေကို ဖမ်းဆီးတာ သတ်ဖြတ်တာတွေလုပ်နေသလို စစ်ကောင်စီတပ်တွေနဲ့ ပြင်းထန်တဲ့ ထိတွေ တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသဖြစ်ပါတယ်။

XS
SM
MD
LG