သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ ပစ္ခတ္ႏွိမ္နင္းမႈေတြေၾကာင့္ ေသဆုံးသူ ကေလးငယ္ ၅၀ ေက်ာ္ရွိ (ကုလသမဂၢ)


မတ္လ ၂၁ ရက္ေန႔က ျပဳလုပ္တဲ့ စစ္တပ္ရဲ႕ ၿဖိဳခြဲမႈေၾကာင့္ ဆံုးသြားတဲ့ ဆယ္ေက်ာ္သက္အရြက္ ေအာင္ေကာင္းထက္ရဲ႕ စ်ာပန

(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းၿပီးခ်ိန္ကစၿပီး စစ္တပ္နဲ႔ ရဲေတြရဲ႕ပစ္ခတ္မႈေတြေၾကာင့္ အခုခ်ိန္ထိ ေသဆံုးရတဲ့ ကေလးငယ္ ၅၀ ေက်ာ္ရွိေနၿပီး အခုခ်ိန္အထိလည္း က်ည္အစစ္နဲ႔ပါ ဆက္လက္ပစ္ခတ္မႈ ရွိေနတာအတြက္ ကုလသမဂၢက အထူးစိုးရိမ္ေၾကာင္း အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ရဲ႕ ေျပာခြင့္ရ Stephane Dujarric က ၾကာသပေတးေန႔ ကုလသမဂၢရံုးခ်ဳပ္ သတင္းစာရွင္းလင္းပဲြမွာ ေျပာပါတယ္။

ကေလးငယ္ေတြကို စစ္တပ္နဲ႔ရဲေတြက က်ည္အစစ္ေတြနဲ႔ ပစ္ခတ္တာ အပါအဝင္ အင္အားသံုးႏွိမ္နင္းမႈေတြ ဆက္လုပ္ေနတာအတြက္ ျမန္မာႏိုင္ငံထဲမွာရွိတဲ့ ကုလသမဂၢအဖြဲ႔ႀကီးက အထူးစိုးရိမ္ဆဲ ျဖစ္ေၾကာင္း၊ ေျပာသြားတာပါ။

ကုလသမဂၢကေလးမ်ားရံပံုေငြအဖြဲ႔ႀကီးရဲ႕ စစ္တမ္းအရ ေဖေဖဓဝါရီလ ၁ ရက္ စစ္တပ္အာဏာသိမ္းခဲ့ခ်ိန္က စၿပီး အခုခ်ိန္အထိ ေသဆံုးခဲ့ရတဲ့ ကေလးငယ္ေပါင္းက အနည္းဆံုး ၅၃ ေယာက္ ရွိေနၿပီျဖစ္ၿပီး ဒဏ္ရာရတဲ့ ကေလးငယ္ေတြကေတာ့ အမ်ားအျပား ရွိေနတယ္လို႔ ေျပာပါတယ္။

ဒါေၾကာင့္ စစ္တပ္နဲ႔ရဲ လံုျခံဳေရးတပ္ေတြ အေနနဲ႔ အၾကမ္းဖက္မႈေတြ မလုပ္ပဲ ကေလးေတြ၊ လူငယ္လူရြယ္ ကေလးေတြ အႏၲရာယ္ကင္းေအာင္ လုပ္ေဆာင္ၾကဖို႔ ျမန္မာႏိုင္ငံတြင္းက UNICEF အဖြဲ႔က ထပ္မံေတာင္းဆိုလိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းခဲ့တဲ့ ေ ဖေဖၚဝါရီလ ၁ ရက္ ကစၿပီး ေမလ ၆ ရက္ေန႔ အထိ စစ္တပ္နဲ႔ရဲေတြရဲ႕ အၾကမ္းဖက္ၿဖိဳခြဲမႈေတြ အတြင္း ကေလးငယ္ေတြ အပါအဝင္ ေသဆံုးခဲ့ရသူစုစုေပါင္းက ၇၇၂ ေယာက္ ရွိေနၿပီလို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး အသင္း AAPP က သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


........

မြန်မာနိုင်ငံမှာ ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် သေဆုံးသူ ကလေးငယ် ၅၀ ကျော်ရှိ (ကုလသမဂ္ဂ)
(Unicode)
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး စစ်တပ်နဲ့ ရဲတွေရဲ့ပစ်ခတ်မှုတွေကြောင့် အခုချိန်ထိ သေဆုံးရတဲ့ ကလေးငယ် ၅၀ ကျော်ရှိနေပြီး အခုချိန်အထိလည်း ကျည်အစစ်နဲ့ပါ ဆက်လက်ပစ်ခတ်မှု ရှိနေတာအတွက် ကုလသမဂ္ဂက အထူးစိုးရိမ်ကြောင်း အတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ ပြောခွင့်ရ Stephane Dujarric က ကြာသပတေးနေ့ ကုလသမဂ္ဂရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကလေးငယ်တွေကို စစ်တပ်နဲ့ရဲတွေက ကျည်အစစ်တွေနဲ့ ပစ်ခတ်တာ အပါအဝင် အင်အားသုံးနှိမ်နင်းမှုတွေ ဆက်လုပ်နေတာအတွက် မြန်မာနိုင်ငံထဲမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့ကြီးက အထူးစိုးရိမ်ဆဲ ဖြစ်ကြောင်း၊ ပြောသွားတာပါ။

ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ကြီးရဲ့ စစ်တမ်းအရ ဖေဖေဓဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့ချိန်က စပြီး အခုချိန်အထိ သေဆုံးခဲ့ရတဲ့ ကလေးငယ်ပေါင်းက အနည်းဆုံး ၅၃ ယောက် ရှိနေပြီဖြစ်ပြီး ဒဏ်ရာရတဲ့ ကလေးငယ်တွေကတော့ အများအပြား ရှိနေတယ်လို့ ပြောပါတယ်။

ဒါကြောင့် စစ်တပ်နဲ့ရဲ လုံခြုံရေးတပ်တွေ အနေနဲ့ အကြမ်းဖက်မှုတွေ မလုပ်ပဲ ကလေးတွေ၊ လူငယ်လူရွယ် ကလေးတွေ အန္တရာယ်ကင်းအောင် လုပ်ဆောင်ကြဖို့ မြန်မာနိုင်ငံတွင်းက UNICEF အဖွဲ့က ထပ်မံတောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ေ ဖဖေါ်ဝါရီလ ၁ ရက် ကစပြီး မေလ ၆ ရက်နေ့ အထိ စစ်တပ်နဲ့ရဲတွေရဲ့ အကြမ်းဖက်ဖြိုခွဲမှုတွေ အတွင်း ကလေးငယ်တွေ အပါအဝင် သေဆုံးခဲ့ရသူစုစုပေါင်းက ၇၇၂ ယောက် ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG