သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံမွာ ေရႊ႕ေျပာင္းေနထိုင္သူ ျမန္မာပိုမ်ားလာ


(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ထိုင္းႏိုင္ငံကို ေရႊ႕ေျပာင္းေနထိုင္တဲ့ ျမန္မာ လူခ်မ္းသာေတြနဲ႔ လူလတ္တန္းစားေတြလည္း ပိုမ်ားလာၿပီး ၂၀၂၂ ခုႏွစ္ ပထမ ၉ လအတြင္း ခ်င္းမိုင္တၿမိဳ႕တည္းမွာတင္ ျမန္မာႏိုင္ငံသားေတြ တရား၀င္ ၀ယ္ယူထားတဲ့ တိုက္ခန္းေပါင္း ၁၈၈ ခန္းဟာ ဘတ္ေငြတန္ဖိုး ၁ ဒသမ ၃၄ ဘီလ်ံဖိုး ရွိတယ္လို႔ အဂၤလိပ္လို ထုတ္ေ၀တဲ့ Thai Enquirer စီးပြားေရးနဲ႔ ေစ်းကြက္ေစာင့္ၾကည့္ေရး စာေစာင္မွာ ေဖၚျပထားပါတယ္။

ခ်င္းမိုင္ၿမိဳ႕မွာ တ႐ုတ္ႏိုင္ငံသားေတြက အမ်ားဆံုး ဝယ္ၾကၿပီး တိုက္ခန္း ေပါင္း ၃,၅၆၂ ခန္းက ဘတ္ေငြတန္ဖိုး ၁၈ ဘီလ်ံ နီးပါးတန္ဖိုး ရွိသလို ဒုတိယအမ်ားဆံုးဝယ္တဲ့ ႐ုရွားႏိုင္ငံသားေတြရဲ႕ တိုက္ခန္းေပါင္း ၄၂၀ က ဘတ္ေငြ ၁ ဒသမ ၃၆ ဘီလ်ံဖိုး ရွိ ပါတယ္။ Thai Enquirer စာရင္းအရ ျမန္မာေတြ၀ယ္ယူတဲ့ ခ်င္းမိုင္က တိုက္ခန္းအေရအတြက္ဟာ ႐ုရွားရဲ႕ ထက္ဝက္ေတာင္ မရွိေပမဲ႔ တန္ဖိုး အားျဖင့္ေတာ့ သိပ္မကြြာလွပါဘူး။

ထိုင္းႏိုင္ငံကို ျမန္မာေတြ အလုပ္အကိုင္ ရွာေဖြဖို႔ သြားေလ့ရွိၾကၿပီး ျမန္မာႏိ္ုင္ငံသား ၂ သန္းခဲြကေန ၃ သန္းေလာက္အထိ ရွိေနႏိုင္တယ္လို႔ ေရႊ႕ေျပာင္းအလုပ္သမားအေရး ေဆာင္ရြက္တဲ့ အဖဲြ႔အစည္းေတြက ခန္႔မွန္းထားတာပါ။ အခုအခါမွာေတာ့ ျမန္မာႏိုင္ငံကေန ေငြေၾကးတတ္ႏိုင္သူေတြပါ ထိုင္းႏိုင္ငံကို ေရႊ႕ေျပာင္းေနထိုင္မႈ မ်ားလာေနၿပီး ၿမိဳ႕ေတာ္ ဘန္ေကာက္မွာလည္း ျမန္မာႏိုင္ငံသားေတြ တိုက္ခန္း၀ယ္မႈေတြ ျမင့္တက္လာေန တယ္လို႔ ဘန္ေကာက္ ျမန္မာအသိုင္းအဝိုင္းက ေျပာဆိုပါတယ္။

ထိုင္းႏိုင္ငံကို လာေရာက္တဲ့ အထဲမွာ ႐ုရွားႏိုင္ငံသားေတြလည္း တိုးလာေနတာ ျဖစ္ၿပီး ႏို၀င္ဘာအတြင္း ႐ုရွားႏိုင္ငံသား လာေရာက္မႈဟာ စက္တင္ဘာလကထက္ ၇ ဆ မ်ားလာတယ္လို႔ ထိုင္းမွတ္တမ္းေတြမွာေဖၚျပပါတယ္။ Covid-19 ကူးစက္မႈေတြ က်ဆင္းလာခဲ့တဲ့ေနာက္ ထိုင္းႏိုင္ငံမွာ ခရီးသြားလုပ္ငန္း ျပန္လည္ ဖြံ႔ၿဖိဳး လာၿပီး ႏို၀င္ဘာလ ၁ လ ထဲမွာတင္ လာေရာက္လည္ပတ္သူ ခရီးသြား ၁ ဒသမ ၇ သန္းေက်ာ္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်သူ မြန်မာပိုများလာ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံကို ရွှေ့ပြောင်းနေထိုင်တဲ့ မြန်မာ လူချမ်းသာတွေနဲ့ လူလတ်တန်းစားတွေလည်း ပိုများလာပြီး ၂၀၂၂ ခုနှစ် ပထမ ၉ လအတွင်း ချင်းမိုင်တမြို့တည်းမှာတင် မြန်မာနိုင်ငံသားတွေ တရားဝင် ဝယ်ယူထားတဲ့ တိုက်ခန်းပေါင်း ၁၈၈ ခန်းဟာ ဘတ်ငွေတန်ဖိုး ၁ ဒသမ ၃၄ ဘီလျံဖိုး ရှိတယ်လို့ အင်္ဂလိပ်လို ထုတ်ဝေတဲ့ Thai Enquirer စီးပွားရေးနဲ့ ဈေးကွက်စောင့်ကြည့်ရေး စာစောင်မှာ ဖေါ်ပြထားပါတယ်။

ချင်းမိုင်မြို့မှာ တရုတ်နိုင်ငံသားတွေက အများဆုံး ဝယ်ကြပြီး တိုက်ခန်း ပေါင်း ၃,၅၆၂ ခန်းက ဘတ်ငွေတန်ဖိုး ၁၈ ဘီလျံ နီးပါးတန်ဖိုး ရှိသလို ဒုတိယအများဆုံးဝယ်တဲ့ ရုရှားနိုင်ငံသားတွေရဲ့ တိုက်ခန်းပေါင်း ၄၂၀ က ဘတ်ငွေ ၁ ဒသမ ၃၆ ဘီလျံဖိုး ရှိ ပါတယ်။ Thai Enquirer စာရင်းအရ မြန်မာတွေဝယ်ယူတဲ့ ချင်းမိုင်က တိုက်ခန်းအရေအတွက်ဟာ ရုရှားရဲ့ ထက်ဝက်တောင် မရှိပေမဲ့ တန်ဖိုး အားဖြင့်တော့ သိပ်မကွာလှပါဘူး။

ထိုင်းနိုင်ငံကို မြန်မာတွေ အလုပ်အကိုင် ရှာဖွေဖို့ သွားလေ့ရှိကြပြီး မြန်မာနိုင်ငံသား ၂ သန်းခွဲကနေ ၃ သန်းလောက်အထိ ရှိနေနိုင်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေက ခန့်မှန်းထားတာပါ။ အခုအခါမှာတော့ မြန်မာနိုင်ငံကနေ ငွေကြေးတတ်နိုင်သူတွေပါ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းနေထိုင်မှု များလာနေပြီး မြို့တော် ဘန်ကောက်မှာလည်း မြန်မာနိုင်ငံသားတွေ တိုက်ခန်းဝယ်မှုတွေ မြင့်တက်လာနေ တယ်လို့ ဘန်ကောက် မြန်မာအသိုင်းအဝိုင်းက ပြောဆိုပါတယ်။

ထိုင်းနိုင်ငံကို လာရောက်တဲ့ အထဲမှာ ရုရှားနိုင်ငံသားတွေလည်း တိုးလာနေတာ ဖြစ်ပြီး နိုဝင်ဘာအတွင်း ရုရှားနိုင်ငံသား လာရောက်မှုဟာ စက်တင်ဘာလကထက် ၇ ဆ များလာတယ်လို့ ထိုင်းမှတ်တမ်းတွေမှာဖေါ်ပြပါတယ်။ Covid-19 ကူးစက်မှုတွေ ကျဆင်းလာခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ခရီးသွားလုပ်ငန်း ပြန်လည် ဖွံ့ဖြိုး လာပြီး နိုဝင်ဘာလ ၁ လ ထဲမှာတင် လာရောက်လည်ပတ်သူ ခရီးသွား ၁ ဒသမ ၇ သန်းကျော်ရှိပါတယ်။

XS
SM
MD
LG