သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာ တရားမဝင် စားသောက်ဆိုင်ဖွင့်မှုနဲ့ မြန်မာ ၁၁ ဦး ဖမ်းဆီးခံရ


ထိုင်းမှာ တရားမဝင် စားသောက်ဆိုင်ဖွင့်မှုနဲ့ မြန်မာ ၁၁ ဦး ဖမ်းဆီးခံရ (ဇူလိုင် ၁၀၊ ၂၀၂၃)
ထိုင်းမှာ တရားမဝင် စားသောက်ဆိုင်ဖွင့်မှုနဲ့ မြန်မာ ၁၁ ဦး ဖမ်းဆီးခံရ (ဇူလိုင် ၁၀၊ ၂၀၂၃)

ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ မနေ့က မြန်မာ ၁၁ ဦး တရားမဝင် စားသောက်ဆိုင်ဖွင့်မှုနဲ့ ဖမ်းဆီးခံလိုက်ရပါတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ အလုပ်လုပ်ခွင့်မရှိတဲ့ အလုပ်တွေထဲက တရားမဝင် စားသောက်ဆိုင်ဖွင့်မှုနဲ့ ဆိုင်ရှင်တဦးပါအဝင် မြန်မာ ၁၁ ဦးကို ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးလိုက်တဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ မြန်မာပြည်သားတွေ အများအပြား အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး မြန်မာ စားသောက်ဆိုင်လေးတွေလည်း အနည်းငယ်ရှိပါတယ်။ ဇူလိုင်လ ၉ ရက် မနေ့တုန်းကတော့ ချင်းမိုင်က မြန်မာဆိုင်ရှင်တဦးနဲ့ အလုပ်သမား ၁၀ ဦးကို ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက တရားမဝင် ဈေးဆိုင်ဖွင့်မှုနဲ့ ဖမ်းဆီးအရေးယူခဲ့တယ်လို့ မြန်မာအလုပ်သမားရေး ဆောင်ရွက်နေသူ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ရုံးတာဝန်ခံ ဦးမိုးကျော်က ပြောပါတယ်။

"ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာဆိုင်ရှင် ဈေးရောင်းတဲ့ဆိုင်ကို ဝင်ရောက် ဖမ်းဆီးအခါမှာ ဆိုင်ရှင်ကော အလုပ်သမား ၁၀ ဦး အားလုံးပေါင်း ၁၁ ဦး ဖမ်းဆီးခံရတယ်။ ထိုင်း လူဝင်မှုကြီးကြပ်ရေးကနေ ထိုင်းနိုင်ငံသားတွေပဲ လုပ်ခွင့်ရတဲ့အလုပ်တွေကို ဝင်ရောက်စစ်ဆေးတဲ့အခါမှာ တရားမဝင် လုပ်နေတာကို တွေ့လို့ ဖမ်းဆီးတာလို့ သိရပါတယ်။"

နိုင်ငံခြားသားတွေ လုပ်ခွင့်မရှိတဲ့ အလုပ်တွေထဲမှာ ဈေးရောင်းတဲ့အလုပ်လည်း ပါဝင်သလို၊ လုပ်ခွင့်မရတဲ့ အလုပ်အမျိုးအစား ၂၀ ကျော်ရှိတယ်လို့လည်း ဦးမိုးကျော်က ပြောပါတယ်။

ထိုင်းမှာ တရားမဝင် စားသောက်ဆိုင်ဖွင့်မှုနဲ့ မြန်မာ ၁၁ ဦး ဖမ်းဆီးခံရ (ဇူလိုင် ၁၀၊ ၂၀၂၃)
ထိုင်းမှာ တရားမဝင် စားသောက်ဆိုင်ဖွင့်မှုနဲ့ မြန်မာ ၁၁ ဦး ဖမ်းဆီးခံရ (ဇူလိုင် ၁၀၊ ၂၀၂၃)

"ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေ လုပ်လို့ မရတဲ့ အလုပ်အကိုင်တွေကို ထိုင်းအလုပ်သမား ဝန်ကြီးဌာနက တရားဝင် ကြေညာထားတာ ရှိတယ်။ အလုပ်အကိုင် ၂၇ မျိုးရှိတယ်။ ဒီထဲမှာ ဈေးရောင်းတဲ့ဆိုင်တွေပါတယ်။ ဆံပင်ညှပ်ဆိုင်တွေ ပါတယ်။ ပရိဘောဂလုပ်ငန်းတွေ ပါတယ်။"

အခုဆိုရင် မြန်မာပြည်တွင်း နိုင်ငံရေး စီးပွားရေး စစ်ရေးမတည်ငြိမ်မှုတွေ ဖြစ်အပြီးမှာ ထိုင်းနိုင်ငံထဲမှာ မြန်မာအစားအသောက် ရောင်းတဲ့ဆိုင်တွေ ပိုများလာတယ်လို့လည်း ဦးမိုးကျော်ကဆိုပါတယ်။

"မြန်မာပြည်သားတွေ ကြိုက်တတ်တဲ့ မုန့်တီ၊ နန်းကြီးသုတ်၊ ကော်ရည်ခေါက်ဆွဲ၊ ရှမ်းခေါက်ဆွဲ ကျနော်တို့ မြန်မာတွေ စားတတ်တဲ့ အစားအစားတွေကို ထုတ်လုပ်ပြီး ရောင်းချတာ၊ ဆိုင်တွေဖွင့်ပြီး ရောင်းချတာတာတွေ ပိုမိုရောင်းချ လာတာကို တွေ့ရပါတယ်။"

ဒီလိုနိုင်ငံခြားသားတွေ လုပ်လို့မရတဲ့ ဈေးဆိုင်တွေ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာလည်း အများအပြားရှိပြီး ချင်းမိုင်မြို့မှာလည်း တဖြည်းဖြည်း များလာတာပါ။ မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီလ က စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေး စီးပွားရေး မတည်ငြိမ်မှုအောက်မှာ လုပ်ကိုင်စားသောက်ဖို့ ခက်ခဲလာတာကြောင့် အလုပ်အကိုင်ရှာဖွေလာကြတဲ့ မြန်မာတွေဟာ ထိုင်းနိုင်ငံထဲမှာ ဈေးဆိုင်လေးတွေ ဖွင့်ပြီး အစားအသောက် ရောင်းချတာတွေ လုပ်လာကြသလို ဘန်ကောက်၊ မဲဆောက် နဲ့ ချင်းမိုင်မြို့တွေမှာ မြန်မာစားသောက်ဆိုင် အတော်များများ ရှိလာတာ ဖြစ်ပါတယ်။ ဒီလိုဆိုင်တွေကို အခုလို ရှောင်တခင် စစ်ဆေးမှုတွေ လုပ်တဲ့အချိန်မှာ မနေ့က မြန်မာ ၁၁ ဦး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG