သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာလႊတ္ေတာ္သစ္ ေမွ်ာ္မွန္းမႈ


ျပည္ေထာင္စုလႊတ္ေတာ္ က်င္းပေနတဲ့ျမင္ကြင္း။ (ဓာတ္ပုံ - MOI)

(Zawgyi / Unicode)

၂၀၂၀ ေရြးေကာက္ပဲြရလဒ္အရ ျပည္ေထာင္စုအဆင့္ လႊတ္ေတာ္ေတြကို အခု ေဖေဖာ္ရီလ ၁ ရက္ေန႔ ေခၚယူမွာျဖစ္ပါတယ္။ အရင္လႊတ္ေတာ္ေတြထက္ ေနာက္အစိုးရသက္တမ္း လႊတ္ေတာ္မွာ ဘာေတြ လိုအပ္ခ်က္ရွိမလဲ၊ ဘယ္လို ေမွ်ာ္လင့္ထားပါသလဲ ဆိုတဲ့ ေလ့လာသူေတြရဲ႕အျမင္ကို ဗြီအိုေအျမန္မာပုိင္း သတင္းေထာက္ မဆုမြန္ ဆက္သြယ္ေမးျမန္းၿပီး တင္ျပထားပါတယ္။

အခုဆိုရင္ေတာ့ ဒုတိယအႀကိမ္ လႊတ္ေတာ္သက္တမ္းဟာ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလ ၃၁ ရက္ေန႔မွာ ကုန္ဆုံးမွာျဖစ္ၿပီး ေရြးေကာက္ပြဲက်င္းပအၿပီး ရက္ေပါင္း ၉၀ အတြင္း လႊတ္ေတာ္အစည္းအေဝးေတြ က်င္းပရမွာျဖစ္တဲ့အတြက္ လာမယ့္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ တတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ စတဲ့ လႊတ္ေတာ္အသီးသီး ျပန္လည္စတင္ေတာ့မွာ ျဖစ္ပါတယ္။

၂၀၂၀ ေရြးေကာက္ပြဲကေန ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ အပါအဝင္ ျပည္နယ္ တုိင္းေဒသႀကီး လႊတ္ေတာ္အသီးသီးမွာ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ေနရာ ၉၂၀ နဲ႔ အမ်ားဆုံး ေရြးေကာက္တင္ေျမႇာက္ အႏုိင္ရခဲ့ၿပီး ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီဘက္က လႊတ္ေတာ္ကိုယ္စားလွယ္ အမတ္ေနရာ ၇၁ ေနရာနဲ႔ ဒုတိယအမ်ားဆုံး ျဖစ္ပါတယ္။ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ၄၂ ေနရာနဲ႔ တတိယအမ်ားဆုံး၊ ရခိုင္အမ်ိဳးသားပါတီက ၁၅ ေနရာနဲ႔ စတုတၳအမ်ားဆုံး လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အသီးသီး ေရြးေကာက္တင္ေျမႇာက္ ခံခဲ့ရပါတယ္။

မၾကာခင္ စတင္ေတာ့မယ့္ လႊတ္ေတာ္အသီးသီးမွာ လႊတ္ေတာ္ရဲ႕ အဓိကအခန္းက႑ျဖစ္တဲ့ အစိုးရကို အျပန္အလွန္ ထိန္းေက်ာင္းႏိုင္ေရးနဲ႔ ျပည္သူလူထုအတြက္ ျပ႒ာန္းသင့္တဲ့ ဥပေဒေတြ ျပင္ဆင္ျပ႒ာန္း ဥပေဒျပဳႏုိင္ေရး ေရွ႕လာမယ့္ လႊတ္ေတာ္သက္တမ္းမွာ ၿပီးခဲ့တဲ့သက္တမ္းထက္ ပုိၿပီး ဗဟိုခ်ဳပ္ကိုင္မႈကင္းၿပီး ထိထိေရာက္ေရာက္ ေဆာင္ရြက္ဖို႔လိုတယ္လို႔ အႀကံျပဳ ေထာက္ျပမႈေတြ ရွိပါတယ္။

လႊတ္ေတာ္အသီးသီးအတြက္ တတိယ ေနရာအမ်ားဆံုး ေရြးေကာက္တင္ေျမႇာက္ ခံထားရတဲ့ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ ဒုဥကၠ႒ ဦးစိုင္းၫြန႔္လြင္ကေတာ့ သူတို႔ပါတီအေနနဲ႔ လႊတ္ေတာ္တက္ရမယ့္ ေ႐ြးခ်ယ္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ အေရအတြက္ နည္းေပမယ့္ ျပည္သူအတြက္ ေ႐ြးေကာက္ပြဲကတိအတိုင္း အေကာင္းဆုံး ေဆာင္ရြက္သြားႏိုင္ဖို႔ ျပင္ဆင္ထားတယ္လို႔ ဆိုပါတယ္။

"က်ေနာ္တို႔ဘက္ကေတာ့ စြမ္းအားရွိသေလာက္ စြမ္းအားျပည့္ က်ေနာ္တို႔ ႀကိဳးစားမွာပါ။ သူက Majority Vote ဆိုတာေတာ့ ရွိတာေပါ့ဗ်ာ။ ဒါေပမယ့္ တျခားတဖက္မွာ အမွန္တရားကလည္း ရွိပါတယ္။ လူထုကို ဘယ္ေလာက္အက်ိဳးျပဳႏုိင္မလဲ ဆိုတဲ့ အခ်က္ေတြလည္း ရွိတာေပါ့။ လူထုအတြက္ အက်ိဳးရွိတဲ့၊ တုိင္းျပည္အတြက္ အက်ိဳးရွိတဲ့ ဥပေဒေတြ အဆိုေတြ တိုက္တြန္းခ်က္ေတြကို လူအမ်ားနဲ႔ ပယ္ခ်ပစ္တယ္ ဆုိရင္ေတာ့လည္း ပယ္ခ်တဲ့သူရဲ႕ တာဝန္ေပါ့ဗ်ာ။ မဲခြဲဆံုးျဖတ္မႈေတြမွာေတာ့ က်ေနာ္တို႔လည္း မႏိုင္ႏုိင္ဘူးေလ။ လူထုေပးထားတဲ့ Mandate ကိုး။ ဒါေပမယ့္ က်ေနာ္တို႔ကေတာ့ လူထုအတြက္ တုိင္းျပည္အတြက္ အက်ိဳးရွိမယ့္ကိစၥေတြကို တတ္ႏိုင္သေလာက္ လုပ္မွာပါပဲ။ ဒါေပမယ့္ အဲ့ဒါကို ေထာက္ခံတာ မေထာက္ခံတာကိုေတာ့ က်ေနာ္တို႔လည္း ဘာမွမတတ္ႏုိင္ဘူး။ ဒါေပမယ့္ လႊတ္ေတာ္မွာလုပ္တဲ့ ကိစၥမွန္သမွ်မွာေတာ့ အကုန္မွတ္တမ္းရွိပါတယ္။ တုိင္းျပည္အတြက္ အက်ိဳးရွိေအာင္ ဘယ္သူေတြ ဘယ္လိုလုပ္ခဲ့သလဲ ဆိုတာကေတာ့ လူမ်ားတာနဲ႔ နည္းတာနဲ႔ေတာ့ မဆိုင္ပါဘူး။"

လာမယ့္ တတိယအႀကိမ္ လႊတ္ေတာ္သက္တမ္းမွာ လႊတ္ေတာ္အသီးသီးအေနနဲ႔ အစိုးရအဖြဲ႔ေတြကို ထိထိေရာက္ေရာက္ ထိန္းေက်ာင္းႏုိင္တဲ့ အေျခအေနျဖစ္ဖို႔ တိုင္းျပည္အတြက္ လိုအပ္တယ္လို႔ ႏိုင္ငံေရးေလ့လာအကဲခတ္ ေဒါက္တာရန္မ်ိဳးသိမ္းက သံုးသပ္ပါတယ္။

"လာမယ့္ တတိယအႀကိမ္ လႊတ္ေတာ္သက္တမ္းအတြင္းမွာ လႊတ္ေတာ္ေတြအေနနဲ႔ သက္ဆုိင္ရာ အစိုးရေတြကို အျပန္အလွန္ ထိန္းေက်ာင္းမႈ ေကာင္းေကာင္းလုပ္ႏုိင္ဖို႔ အေရးႀကီးတယ္လို႔ ျမင္ပါတယ္။ အဲ့သလို အျပန္အလွန္ ထိန္းေက်ာင္းမႈေတြ လုပ္ႏုိင္ပါ့မလားလို႔ စိုးရိမ္မႈေတြကလည္း ရွိေနတယ္ ဆုိတာကလည္း အထင္အရွားပါ။ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္နဲ႔ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္လႊတ္ေတာ္ေတြအေနနဲ႔ အစိုးရအဖြဲ႔ေတြကို ထိထိေရာက္ေရာက္ ထိန္းေက်ာင္းႏုိင္ဖို႔ ျပင္ဆင္ေဆာင္ရြက္သင့္တယ္။ အဲ့သလို ထိန္းေက်ာင္းႏုိင္ဖို႔ကိုလည္း အာဏာရပါတီ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ႕ ေခါင္းေဆာင္ေတြအေနနဲ႔ အထူးအေလးထား ေဆာင္ရြက္သင့္တယ္လို႔ ျမင္ပါတယ္။"

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPPB) ရဲ႕ တြဲဘက္အတြင္းေရးမွဴး ကိုဘိုၾကည္ကေတာ့ လာမယ့္လႊတ္ေတာ္သက္တမ္းမွာ ျပင္ဆင္သင့္ ျပဳျပင္ျပ႒ာန္းသင့္တဲ့ ဥပေဒေတြ နည္းဥပေဒေတြကို အေသအခ်ာ အဆိုျပဳ တင္သြင္းေဆြးေႏြး ေဆာင္ရြက္သင့္တယ္လို႔ အႀကံျပဳပါတယ္။

"လႊတ္ေတာ္ဆိုတာကေတာ့ အဓိကကေတာ့ ဥပေဒေတြကို ျပင္ဆင္ဖို႔ ဖ်က္ပစ္ဖို႔ အသစ္ေရးဆြဲဖို႔ ဆိုတာက လႊတ္ေတာ္ရဲ႕ တာဝန္ေပါ့ေနာ္။ ေနာက္ နည္းဥပေဒေတြကိုလည္း လႊတ္ေတာ္က စိစစ္ဖို႔လိုပါတယ္။ ေနာက္ အစိုးရကို ထိန္းညႇိတာေပါ့ ဒါက လႊတ္ေတာ္ရဲ႕အလုပ္ ဆုိတဲ့အခါက်ေတာ့ လႊတ္ေတာ္ရဲ႕ အလုပ္ေတြကို ပီပီျပင္ျပင္ အေကာင္ထည္ေဖာ္ႏိုင္ေအာင္ လႊတ္ေတာ္အမတ္ေတြက ႀကိဳးစားလိမ့္မယ္လို႔ က်ေနာ္ေမွ်ာ္လင့္ပါတယ္။ ေျပာင္းသင့္တဲ့ ဥပေဒေတြကေတာ့ အမ်ားႀကီးေပါ့ဗ်ာ။ ေနာက္ အဲ့လိုပဲ အသစ္ေရးဆြဲတဲ့ ဥပေဒေတြကလည္း ႏုိင္ငံတကာ စံခ်ိန္စံညႊန္းေတြ ဒီမိုကေရစီ စံခ်ိန္စံညႊန္းေတြ ကိုက္ညီတဲ့ ဥပေဒေတြျဖစ္ေအာင္ ေျပာင္းကိုေျပာင္းရမွာပါ။ ဒါက လက္ရွိ အႏိုင္ရတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ႕တာဝန္ ျဖစ္သြားၿပီေပါ့ေနာ္။"

NLD အစိုးရ တာဝန္ယူခဲ့တဲ့ ပထမသက္တမ္း ၿပီးခဲ့တဲ့ ဒုတိယအႀကိမ္ လႊတ္ေတာ္တုန္းက ဥပေဒျပ႒ာန္းႏုိင္ေရး အဆိုျပဳမႈ ျပ႒ာန္းမႈေတြမွာ စိစစ္မႈေတြ ျဖတ္ခ် ပယ္ခ်ခဲ့တာေတြ ရွိခဲ့တဲ့အတြက္ ဒီႏွစ္သက္တမ္းအတြက္ေတာ့ ဒီ့ထက္ပို ပြင့္လင္းျမင္သာမႈနဲ႔ လြတ္လပ္မႈရွိဖို႔ လိုတယ္လို႔လည္း ေဒါက္တာရန္မ်ိဳးသိမ္းက တိုက္တြန္းပါတယ္။

"လႊတ္ေတာ္ထဲမွာ အဆိုေတြ ေမးခြန္းေတြနဲ႔ ပတ္သက္ၿပီးေတာ့ အာဏာရပါတီဘက္က စိစစ္တဲ့ေကာ္မတီကို ဆက္ၿပီးေတာ့ ထားမယ္လို႔ သတင္းေတြမွာ ေရးသားတာကို ေတြ႔ရပါတယ္။ အဲ့ေတာ့ အဲဒီ စိစစ္တဲ့ေကာ္မတီရဲ႕ မူဝါဒေတြ လုပ္ပိုင္ခြင့္ေတြဟာ ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲေရးကို အေထာက္အကူျပဳတဲ့ မူဝါဒေတြ လုပ္ငန္းစဥ္ေတြျဖစ္ဖို႔ လုိအပ္ပါတယ္။ ေနာက္ၿပီးေတာ့ အစိုးရကို ထိန္းေက်ာင္းမႈကို အျပန္အလွန္ အားေကာင္းေစမယ့္ ေမးခြန္းေတြ အဆိုမ်ိဳးေတြကို ခြင့္ျပဳႏုိင္တဲ့ အားေပးတဲ့ မူဝါဒေတြျဖစ္ဖို႔ လိုအပ္တယ္လို႔လည္း ျမင္ပါတယ္။ အဲ့သလိုျဖစ္မွသာလွ်င္ လာမယ့္ငါးႏွစ္အတြင္းမွာ လႊတ္ေတာ္ေတြအေနနဲ႔ အစိုးရကို ထိန္းေက်ာင္း တည့္မတ္ႏိုင္မယ္လို႔ ျမင္ပါတယ္။"

လာမယ့္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ တနလၤာေန႔မွာ ျပန္လည္က်င္းပမယ့္ တတိယအႀကိမ္ ပထမပုံမွန္အစည္းအေဝးေတြ စတင္မယ့္အခ်ိန္ဟာ ျမန္မာႏိုင္ငံမွာ ကပ္ေရာဂါ ကိုဗစ္ ျဖစ္ပြားေနဆဲ ကာလျဖစ္တာမို႔ ကိုဗစ္ေရာဂါ ကူးစက္ျပန႔္ပြားမႈ ထိန္းခ်ဳပ္ႏိုင္ေရး အစီအမံေတြ ခ်မွတ္ေဆာင္ရြက္ထားႏိုင္ေရး လႊတ္ေတာ္အစည္းအေဝးမ်ား က်င္းပေရး ဗဟိုေကာ္မတီနဲ႔ လုပ္ငန္းေကာ္မတီမ်ားရဲ႕ လုပ္ငန္းညႇိႏႈိင္း အစည္းအေဝးေတြ က်င္းပၿပီး စီစဥ္ေဆာင္ရြက္ေနၿပီ ျဖစ္ပါတယ္။

ျမန္မာလႊတ္ေတာ္သစ္ ေမွ်ာ္မွန္းမႈ
please wait

No media source currently available

0:00 0:04:14 0:00
တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

မြန်မာလွှတ်တော်သစ် မျှော်မှန်းမှု

၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ပြည်ထောင်စုအဆင့် လွှတ်တော်တွေကို အခု ဖေဖော်ရီလ ၁ ရက်နေ့ ခေါ်ယူမှာဖြစ်ပါတယ်။ အရင်လွှတ်တော်တွေထက် နောက်အစိုးရသက်တမ်း လွှတ်တော်မှာ ဘာတွေ လိုအပ်ချက်ရှိမလဲ၊ ဘယ်လို မျှော်လင့်ထားပါသလဲ ဆိုတဲ့ လေ့လာသူတွေရဲ့အမြင်ကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန် ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

အခုဆိုရင်တော့ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပြီး ရွေးကောက်ပွဲကျင်းပအပြီး ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်အစည်းအဝေးတွေ ကျင်းပရမှာဖြစ်တဲ့အတွက် လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် စတဲ့ လွှတ်တော်အသီးသီး ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကနေ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အပါအဝင် ပြည်နယ် တိုင်းဒေသကြီး လွှတ်တော်အသီးသီးမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ်နေရာ ၉၂၀ နဲ့ အများဆုံး ရွေးကောက်တင်မြှောက် အနိုင်ရခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဘက်က လွှတ်တော်ကိုယ်စားလှယ် အမတ်နေရာ ၇၁ နေရာနဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၄၂ နေရာနဲ့ တတိယအများဆုံး၊ ရခိုင်အမျိုးသားပါတီက ၁၅ နေရာနဲ့ စတုတ္ထအများဆုံး လွှတ်တော်ကိုယ်စားလှယ်တွေ အသီးသီး ရွေးကောက်တင်မြှောက် ခံခဲ့ရပါတယ်။

မကြာခင် စတင်တော့မယ့် လွှတ်တော်အသီးသီးမှာ လွှတ်တော်ရဲ့ အဓိကအခန်းကဏ္ဍဖြစ်တဲ့ အစိုးရကို အပြန်အလှန် ထိန်းကျောင်းနိုင်ရေးနဲ့ ပြည်သူလူထုအတွက် ပြဋ္ဌာန်းသင့်တဲ့ ဥပဒေတွေ ပြင်ဆင်ပြဋ္ဌာန်း ဥပဒေပြုနိုင်ရေး ရှေ့လာမယ့် လွှတ်တော်သက်တမ်းမှာ ပြီးခဲ့တဲ့သက်တမ်းထက် ပိုပြီး ဗဟိုချုပ်ကိုင်မှုကင်းပြီး ထိထိရောက်ရောက် ဆောင်ရွက်ဖို့လိုတယ်လို့ အကြံပြု ထောက်ပြမှုတွေ ရှိပါတယ်။

လွှတ်တော်အသီးသီးအတွက် တတိယ နေရာအများဆုံး ရွေးကောက်တင်မြှောက် ခံထားရတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်ကတော့ သူတို့ပါတီအနေနဲ့ လွှတ်တော်တက်ရမယ့် ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် အရေအတွက် နည်းပေမယ့် ပြည်သူအတွက် ရွေးကောက်ပွဲကတိအတိုင်း အကောင်းဆုံး ဆောင်ရွက်သွားနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

"ကျနော်တို့ဘက်ကတော့ စွမ်းအားရှိသလောက် စွမ်းအားပြည့် ကျနော်တို့ ကြိုးစားမှာပါ။ သူက Majority Vote ဆိုတာတော့ ရှိတာပေါ့ဗျာ။ ဒါပေမယ့် တခြားတဖက်မှာ အမှန်တရားကလည်း ရှိပါတယ်။ လူထုကို ဘယ်လောက်အကျိုးပြုနိုင်မလဲ ဆိုတဲ့ အချက်တွေလည်း ရှိတာပေါ့။ လူထုအတွက် အကျိုးရှိတဲ့၊ တိုင်းပြည်အတွက် အကျိုးရှိတဲ့ ဥပဒေတွေ အဆိုတွေ တိုက်တွန်းချက်တွေကို လူအများနဲ့ ပယ်ချပစ်တယ် ဆိုရင်တော့လည်း ပယ်ချတဲ့သူရဲ့ တာဝန်ပေါ့ဗျာ။ မဲခွဲဆုံးဖြတ်မှုတွေမှာတော့ ကျနော်တို့လည်း မနိုင်နိုင်ဘူးလေ။ လူထုပေးထားတဲ့ Mandate ကိုး။ ဒါပေမယ့် ကျနော်တို့ကတော့ လူထုအတွက် တိုင်းပြည်အတွက် အကျိုးရှိမယ့်ကိစ္စတွေကို တတ်နိုင်သလောက် လုပ်မှာပါပဲ။ ဒါပေမယ့် အဲ့ဒါကို ထောက်ခံတာ မထောက်ခံတာကိုတော့ ကျနော်တို့လည်း ဘာမှမတတ်နိုင်ဘူး။ ဒါပေမယ့် လွှတ်တော်မှာလုပ်တဲ့ ကိစ္စမှန်သမျှမှာတော့ အကုန်မှတ်တမ်းရှိပါတယ်။ တိုင်းပြည်အတွက် အကျိုးရှိအောင် ဘယ်သူတွေ ဘယ်လိုလုပ်ခဲ့သလဲ ဆိုတာကတော့ လူများတာနဲ့ နည်းတာနဲ့တော့ မဆိုင်ပါဘူး။"

လာမယ့် တတိယအကြိမ် လွှတ်တော်သက်တမ်းမှာ လွှတ်တော်အသီးသီးအနေနဲ့ အစိုးရအဖွဲ့တွေကို ထိထိရောက်ရောက် ထိန်းကျောင်းနိုင်တဲ့ အခြေအနေဖြစ်ဖို့ တိုင်းပြည်အတွက် လိုအပ်တယ်လို့ နိုင်ငံရေးလေ့လာအကဲခတ် ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

"လာမယ့် တတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်းမှာ လွှတ်တော်တွေအနေနဲ့ သက်ဆိုင်ရာ အစိုးရတွေကို အပြန်အလှန် ထိန်းကျောင်းမှု ကောင်းကောင်းလုပ်နိုင်ဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။ အဲ့သလို အပြန်အလှန် ထိန်းကျောင်းမှုတွေ လုပ်နိုင်ပါ့မလားလို့ စိုးရိမ်မှုတွေကလည်း ရှိနေတယ် ဆိုတာကလည်း အထင်အရှားပါ။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေအနေနဲ့ အစိုးရအဖွဲ့တွေကို ထိထိရောက်ရောက် ထိန်းကျောင်းနိုင်ဖို့ ပြင်ဆင်ဆောင်ရွက်သင့်တယ်။ အဲ့သလို ထိန်းကျောင်းနိုင်ဖို့ကိုလည်း အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တွေအနေနဲ့ အထူးအလေးထား ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။"

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPPB) ရဲ့ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်ကတော့ လာမယ့်လွှတ်တော်သက်တမ်းမှာ ပြင်ဆင်သင့် ပြုပြင်ပြဋ္ဌာန်းသင့်တဲ့ ဥပဒေတွေ နည်းဥပဒေတွေကို အသေအချာ အဆိုပြု တင်သွင်းဆွေးနွေး ဆောင်ရွက်သင့်တယ်လို့ အကြံပြုပါတယ်။

"လွှတ်တော်ဆိုတာကတော့ အဓိကကတော့ ဥပဒေတွေကို ပြင်ဆင်ဖို့ ဖျက်ပစ်ဖို့ အသစ်ရေးဆွဲဖို့ ဆိုတာက လွှတ်တော်ရဲ့ တာဝန်ပေါ့နော်။ နောက် နည်းဥပဒေတွေကိုလည်း လွှတ်တော်က စိစစ်ဖို့လိုပါတယ်။ နောက် အစိုးရကို ထိန်းညှိတာပေါ့ ဒါက လွှတ်တော်ရဲ့အလုပ် ဆိုတဲ့အခါကျတော့ လွှတ်တော်ရဲ့ အလုပ်တွေကို ပီပီပြင်ပြင် အကောင်ထည်ဖော်နိုင်အောင် လွှတ်တော်အမတ်တွေက ကြိုးစားလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ပြောင်းသင့်တဲ့ ဥပဒေတွေကတော့ အများကြီးပေါ့ဗျာ။ နောက် အဲ့လိုပဲ အသစ်ရေးဆွဲတဲ့ ဥပဒေတွေကလည်း နိုင်ငံတကာ စံချိန်စံညွှန်းတွေ ဒီမိုကရေစီ စံချိန်စံညွှန်းတွေ ကိုက်ညီတဲ့ ဥပဒေတွေဖြစ်အောင် ပြောင်းကိုပြောင်းရမှာပါ။ ဒါက လက်ရှိ အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့တာဝန် ဖြစ်သွားပြီပေါ့နော်။"

NLD အစိုးရ တာဝန်ယူခဲ့တဲ့ ပထမသက်တမ်း ပြီးခဲ့တဲ့ ဒုတိယအကြိမ် လွှတ်တော်တုန်းက ဥပဒေပြဋ္ဌာန်းနိုင်ရေး အဆိုပြုမှု ပြဋ္ဌာန်းမှုတွေမှာ စိစစ်မှုတွေ ဖြတ်ချ ပယ်ချခဲ့တာတွေ ရှိခဲ့တဲ့အတွက် ဒီနှစ်သက်တမ်းအတွက်တော့ ဒီ့ထက်ပို ပွင့်လင်းမြင်သာမှုနဲ့ လွတ်လပ်မှုရှိဖို့ လိုတယ်လို့လည်း ဒေါက်တာရန်မျိုးသိမ်းက တိုက်တွန်းပါတယ်။

"လွှတ်တော်ထဲမှာ အဆိုတွေ မေးခွန်းတွေနဲ့ ပတ်သက်ပြီးတော့ အာဏာရပါတီဘက်က စိစစ်တဲ့ကော်မတီကို ဆက်ပြီးတော့ ထားမယ်လို့ သတင်းတွေမှာ ရေးသားတာကို တွေ့ရပါတယ်။ အဲ့တော့ အဲဒီ စိစစ်တဲ့ကော်မတီရဲ့ မူဝါဒတွေ လုပ်ပိုင်ခွင့်တွေဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အထောက်အကူပြုတဲ့ မူဝါဒတွေ လုပ်ငန်းစဉ်တွေဖြစ်ဖို့ လိုအပ်ပါတယ်။ နောက်ပြီးတော့ အစိုးရကို ထိန်းကျောင်းမှုကို အပြန်အလှန် အားကောင်းစေမယ့် မေးခွန်းတွေ အဆိုမျိုးတွေကို ခွင့်ပြုနိုင်တဲ့ အားပေးတဲ့ မူဝါဒတွေဖြစ်ဖို့ လိုအပ်တယ်လို့လည်း မြင်ပါတယ်။ အဲ့သလိုဖြစ်မှသာလျှင် လာမယ့်ငါးနှစ်အတွင်းမှာ လွှတ်တော်တွေအနေနဲ့ အစိုးရကို ထိန်းကျောင်း တည့်မတ်နိုင်မယ်လို့ မြင်ပါတယ်။"

လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ တနင်္လာနေ့မှာ ပြန်လည်ကျင်းပမယ့် တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးတွေ စတင်မယ့်အချိန်ဟာ မြန်မာနိုင်ငံမှာ ကပ်ရောဂါ ကိုဗစ် ဖြစ်ပွားနေဆဲ ကာလဖြစ်တာမို့ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး အစီအမံတွေ ချမှတ်ဆောင်ရွက်ထားနိုင်ရေး လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီများရဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွေ ကျင်းပပြီး စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG