သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပစ္ခတ္ ဖမ္းဆီးတာေတြ ပိုမ်ားလာေနတဲ့ ရန္ကုန္မွာ ေဒသခံေတြ စိုးရိမ္ေန


တက္ၾကြလွုပ္ရွားသူတခ်ိုဳ ့အား လံုျခံဳေရးတပ္ဖြဲ ့၀င္မ်ားဖမ္းဆီးစဥ္ (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

ရန္ကုန္မွာ အခုရက္ပိုင္းေတြအတြင္း စစ္တပ္နဲ႔ရဲက စစ္ေဆးတာေတြ၊ ပစ္ခတ္ ဖမ္းဆီးတာေတြ အရွိန္ျမႇင့္ၿပီး လုပ္လာေနတာေၾကာင့္ လံုျခံဳမႈကင္းမဲ့သလို ခံစားေနရတယ္လုိ႔ ၿမိဳ႕ခံတဦးက ဗီြအိုေအကိုေျပာပါတယ္။ အေျခအေနေတြ ဒီ့ထက္ပိုဆိုးလာမလားဆိုိတဲ့ စိုးရိမ္မႈေတြလည္းရွိေနတာပါ။ ဒီအေျခအေတြကိုစုစည္းၿပီး ရန္ကုန္က ေပးပို႔ထားတဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္းက ေျပာျပပါမယ္။

ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္က လႈိင္ျမစ္ကူးတံတားေပၚမွာ လုံၿခဳံေရးယူေနတဲ့ စစ္ေကာင္စီတပ္သားတခ်ိဳ႕ကို ဘယ္သူဘယ္ဝါေတြမွန္း ေသခ်ာမသိရတဲ့ လက္နက္ကိုင္တစုက တနဂၤေႏြေန႔မွာ ပစ္ခတ္ထြက္ေျပးသြားၿပီးတဲ့ေနာက္ စစ္ေကာင္စီဘက္က အဖမ္းအဆီးေတြ တိုးလုပ္လာတာပါ။ အဲဒီေန႔က စစ္သားတေယာက္ေသဆုံးခဲ့လို႔ ရန္ကုန္ၿမိဳ႕ထဲ သြားလာေနတဲ့ မသကၤာတဲ့ အငွားယာဥ္ေတြကို ရပ္တန႔္စစ္ေဆးတာ၊ ညပိုင္းမွာ လူေနအိမ္ေတြထဲအထိ ရွာေဖြတာေတြ ခပ္စိပ္စိပ္လုပ္ခဲ့ပါတယ္။

အဲဒီေနာက္ပိုင္း ဖမ္းဆီးခံရတဲ့လူငယ္ေတြလည္း တစစမ်ားလာၿပီး ရန္ကုန္ၿမိဳ႕မွာ လုံၿခဳံမႈမရွိေတာ့ဘူးလို႔ ခံစားရေၾကာင္ စမ္းေခ်ာင္းေဒသခံတဦးက ဗြီအိုေအကို ေျပာပါတယ္။
“အားလုံးကေတာ့ အာဏာရွင္ကို မႀကိဳက္ၾကတဲ့သူေတြခ်ည္းပါပဲ။ မလႈပ္သာလို႔သာ ေနေနၾကတာပါ။ သြားေရး လာေရးကလည္း လုံၿခဳံမႈမရွိေတာ့ဘူး။ စစ္တာေဆးတာေတြ၊ ေကာင္းေကာင္းမြန္မြန္ စစ္ေဆးၿပီး ျပန္ၿပီးေတာ့လႊတ္တဲ့ဟာမ်ိဳးဆိုရင္ တမ်ိဳးေပါ့။ စိတ္မထင္ရင္ မထင္သလို ႐ိုက္ႏွက္ညွဥ္းပန္းၿပီးေတာ့ စစ္ေဆးတယ္ဆိုရင္ အမ်ားႀကီး ထိခိုက္နစ္နာမႈ ရွိလာမွာေပါ့။”

ဗုံးေပါက္ကြဲမႈ၊ ဖမ္းဆီးခံရမႈ၊ စစ္ေဆးေမးျမန္းမႈေတြ တျဖည္းျဖည္းမ်ားလာတဲ့ ရန္ကုန္မွာ စိုးရိမ္မႈေတြနဲ႔ ေနေနရေၾကာင္း မရမ္းကုန္းေဒသခံတဦးကလည္း ေျပာပါတယ္။
“ေလာေလာဆယ္ ျပည္သူေတြကေတာ့ စိုးရိမ္ထိတ္လန႔္စြာနဲ႔ ေနေနရတယ္။ ဘာျဖစ္မလဲ၊ ဘာျဖစ္မလဲေပါ့။ တခ်ိဳ႕ကလည္း ဟိုဟာေတြ စုေဆာင္းထား၊ ဒီဟာေတြစုေဆာင္းထား။ အဲဒီမွာတင္လူေတြက စိတ္ေတြေျခာက္ျခားၿပီးေတာ့ ေနလို႔မထိ၊ ထိုင္လို႔မထိ၊ စားလို႔မဝင္၊ အိပ္လို႔မေပ်ာ္ေတြ ျဖစ္ကုန္ၾကတာေပါ့။”

တရားဥပေဒစိုးမိုးေရးနဲ႔ လုံၿခဳံေရးယႏၲရားဟာ ပ်က္စီးေနၿပီး ျပည္သူေတြအတြက္ လုံၿခဳံမႈဆိုတာ မရွိေတာ့ေၾကာင္း ေျမာက္ဒဂုံက ေက်ာင္းသားတဦးက ဗြီအိုေအကို ေျပာပါတယ္။
“ရပ္ကြက္ထဲမွာ ေနေနတဲ့ သာမန္ျပည္သူေတြကို ဖမ္းဆီးတာမ်ိဳး၊ ႏွိပ္စက္တာမ်ိဳး လုပ္ေနတာေတြ ေတြ႕ရတယ္ေပါ့ေနာ္။ ဒါက အရွိတရားပဲေပါ့ေနာ္။ အဲဒီေတာ့ ဘယ္လိုေတြပဲ ဝါဒျဖန႔္ျဖန႔္၊ ဘယ္လိုေတြပဲ သတင္းေတြလႊင့္ေန လႊင့္ေန၊ တကယ္လက္ရွိ အရွိတရားမွာ အဖမ္းခံေနရတာက ျပည္သူေတြပဲ။ အရင္တုံးကေတာ့ Criminal ေပါ့ေနာ္။ ရာဇဝတ္မႈတခုလုပ္ထားလို႔ စိတ္မလုံမလဲ ျဖစ္ရတယ္ဆိုရင္ သာမန္ျပည္သူေတြက ေအးေအးေဆးေဆး ေနလို႔ရတယ္။ ဒါေပမဲ့ အခုက်ေတာ့ ျပည္သူေတြကိုယ္တိုင္ကို ရန္သူလိုသေဘာထားၿပီး ဆက္ဆံ လိုက္ဖမ္းေနတာ ျဖစ္တဲ့အတြက္ သူတို႔ရဲ႕ အျခားတဖက္မွာရွိတဲ့ ျပည္သူေတြ အကုန္လုံးက ညစဥ္ညတိုင္းမွာ မလုံၿခဳံဘူးလို႔ပဲ ခံစားရပါတယ္။ ဒါလူငယ္တေယာက္ အေနနဲ႔ေပါ့ေနာ္။”

ဒီရက္ပိုင္း ဖမ္းဆီးမႈေတြထဲက တခ်ိဳ႕ကို ျပန္ၾကည့္မယ္ဆိုရင္ ဩဂုတ္လ ၂၁ ရက္မွာ သာေကတၿမိဳ႕နယ္က က်ဴရွင္ဆရာတဦး အဖမ္းခံရၿပီးေနာက္ ေသဆုံးခဲ့ပါတယ္။ ဩဂုတ္လ ၂၂ ရက္က ဘုရင့္ေနာင္တံတားအေပၚမွာ ပစ္ခတ္ခံရမႈေၾကာင့္ ရန္ကုန္တၿမိဳ႕လုံးကို လုံၿခဳံေရးယူၿပီး ဝင္ေရာက္စစ္ေဆးတာေတြ လုပ္ခဲ့ပါတယ္။ အဲဒီေန႔မွာပဲ ေတာင္ဥကၠလာပ ေထြအုပ္႐ုံး ေပါက္ကြဲမႈနဲ႔ လူငယ္တဦး ဖမ္းဆီးခံရပါတယ္။
ဩဂုတ္လ ၂၃ ရက္မွာေတာ့ စမ္းေခ်ာင္းကစားေသာက္ဆိုင္၊ ဒဂုံဆိပ္ကမ္း (၆၀) ရပ္ကြက္က လရိပ္ခ်ိဳ တည္းခိုခန္း၊ ဒဂုံဆိပ္ကမ္း (၉၀) ရပ္ကြက္က ေနအိမ္တလုံး စတဲ့ေနရာေတြကို ဝင္ေရာက္ပစ္ခတ္ခဲ့ၿပီး လူ ၁၅ ေယာက္ထက္မနည္း ဖမ္းဆီးခံရပါတယ္။

ဩဂုတ္လ ၂၄ ရက္မွာေတာ့ သာေကတၿမိဳ႕နယ္ နဝရတ္ ၁၀ လမ္းထဲကလူငယ္တခ်ိဳ႕၊ သကၤန္းကြၽန္း စံပယ္ျဖဴကြန္ဒိုက လူငယ္တဦးနဲ႔ ဗုိလ္ကံၫြန္႔ရပ္ကြက္က လူငယ္ ၁၀ ဦးထက္မနည္း၊ ဒဂုံဆိပ္ကမ္း (၆၀) ရပ္ကြက္က လူငယ္ ၃ ဦး စသည္ျဖင့္ ဖမ္းဆီးခံခဲ့ရပါတယ္။ တခ်ိဳ႕ကိုေတာ့ လက္နက္ေတြနဲ႔မိခဲ့ေၾကာင္း အြန္လိုင္းသတင္းဌာနတခ်ိဳ႕မွာ ေဖာ္ျပၾကေပမယ့္ သီးျခား အတည္ျပဳလုိ႔ေတာ့ မရႏုိင္ပါဘူး။

အခုလို အဖမ္းအဆီးေတြ ဆက္တုိက္လုပ္ၿပီး အေရအတြက္ အေတာ္မ်ားမ်ားကို ဖမ္းဆီးထားတာနဲ႔ ပတ္သက္လို႔လည္း စစ္ေကာင္စီဘက္က တရားဝင္ အေသးစိတ္ထုတ္ျပန္တာ မရွိေသးပါဘူး။

............................................................................................

တိုက္႐ိုက္ လင့္ခ္


ပစ်ခတ် ဖမ်းဆီးတာတွေ ပိုများလာနေတဲ့ ရန်ကုန်မှာ ဒေသခံတွေ စိုးရိမ်နေ

(Unicode)

ရန်ကုန်မှာ အခုရက်ပိုင်းတွေအတွင်း စစ်တပ်နဲ့ရဲက စစ်ဆေးတာတွေ၊ ပစ်ခတ် ဖမ်းဆီးတာတွေ အရှိန်မြှင့်ပြီး လုပ်လာနေတာကြောင့် လုံခြုံမှုကင်းမဲ့သလို ခံစားနေရတယ်လို့ မြို့ခံတဦးက ဗွီအိုအေကိုပြောပါတယ်။ အခြေအနေတွေ ဒီ့ထက်ပိုဆိုးလာမလားဆိုတဲ့ စိုးရိမ်မှုတွေလည်းရှိနေတာပါ။ ဒီအခြေအတွေကိုစုစည်းပြီး ရန်ကုန်က ပေးပို့ထားတဲ့သတင်းကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်က လှိုင်မြစ်ကူးတံတားပေါ်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတချို့ကို ဘယ်သူဘယ်ဝါတွေမှန်း သေချာမသိရတဲ့ လက်နက်ကိုင်တစုက တနင်္ဂနွေနေ့မှာ ပစ်ခတ်ထွက်ပြေးသွားပြီးတဲ့နောက် စစ်ကောင်စီဘက်က အဖမ်းအဆီးတွေ တိုးလုပ်လာတာပါ။ အဲဒီနေ့က စစ်သားတယောက်သေဆုံးခဲ့လို့ ရန်ကုန်မြို့ထဲ သွားလာနေတဲ့ မသင်္ကာတဲ့ အငှားယာဉ်တွေကို ရပ်တန့်စစ်ဆေးတာ၊ ညပိုင်းမှာ လူနေအိမ်တွေထဲအထိ ရှာဖွေတာတွေ ခပ်စိပ်စိပ်လုပ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ဖမ်းဆီးခံရတဲ့လူငယ်တွေလည်း တစစများလာပြီး ရန်ကုန်မြို့မှာ လုံခြုံမှုမရှိတော့ဘူးလို့ ခံစားရကြောင် စမ်းချောင်းဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။
“အားလုံးကတော့ အာဏာရှင်ကို မကြိုက်ကြတဲ့သူတွေချည်းပါပဲ။ မလှုပ်သာလို့သာ နေနေကြတာပါ။ သွားရေး လာရေးကလည်း လုံခြုံမှုမရှိတော့ဘူး။ စစ်တာဆေးတာတွေ၊ ကောင်းကောင်းမွန်မွန် စစ်ဆေးပြီး ပြန်ပြီးတော့လွှတ်တဲ့ဟာမျိုးဆိုရင် တမျိုးပေါ့။ စိတ်မထင်ရင် မထင်သလို ရိုက်နှက်ညှဉ်းပန်းပြီးတော့ စစ်ဆေးတယ်ဆိုရင် အများကြီး ထိခိုက်နစ်နာမှု ရှိလာမှာပေါ့။”

ဗုံးပေါက်ကွဲမှု၊ ဖမ်းဆီးခံရမှု၊ စစ်ဆေးမေးမြန်းမှုတွေ တဖြည်းဖြည်းများလာတဲ့ ရန်ကုန်မှာ စိုးရိမ်မှုတွေနဲ့ နေနေရကြောင်း မရမ်းကုန်းဒေသခံတဦးကလည်း ပြောပါတယ်။
“လောလောဆယ် ပြည်သူတွေကတော့ စိုးရိမ်ထိတ်လန့်စွာနဲ့ နေနေရတယ်။ ဘာဖြစ်မလဲ၊ ဘာဖြစ်မလဲပေါ့။ တချို့ကလည်း ဟိုဟာတွေ စုဆောင်းထား၊ ဒီဟာတွေစုဆောင်းထား။ အဲဒီမှာတင်လူတွေက စိတ်တွေခြောက်ခြားပြီးတော့ နေလို့မထိ၊ ထိုင်လို့မထိ၊ စားလို့မဝင်၊ အိပ်လို့မပျော်တွေ ဖြစ်ကုန်ကြတာပေါ့။”

တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးယန္တရားဟာ ပျက်စီးနေပြီး ပြည်သူတွေအတွက် လုံခြုံမှုဆိုတာ မရှိတော့ကြောင်း မြောက်ဒဂုံက ကျောင်းသားတဦးက ဗွီအိုအေကို ပြောပါတယ်။
“ရပ်ကွက်ထဲမှာ နေနေတဲ့ သာမန်ပြည်သူတွေကို ဖမ်းဆီးတာမျိုး၊ နှိပ်စက်တာမျိုး လုပ်နေတာတွေ တွေ့ရတယ်ပေါ့နော်။ ဒါက အရှိတရားပဲပေါ့နော်။ အဲဒီတော့ ဘယ်လိုတွေပဲ ဝါဒဖြန့်ဖြန့်၊ ဘယ်လိုတွေပဲ သတင်းတွေလွှင့်နေ လွှင့်နေ၊ တကယ်လက်ရှိ အရှိတရားမှာ အဖမ်းခံနေရတာက ပြည်သူတွေပဲ။ အရင်တုံးကတော့ Criminal ပေါ့နော်။ ရာဇဝတ်မှုတခုလုပ်ထားလို့ စိတ်မလုံမလဲ ဖြစ်ရတယ်ဆိုရင် သာမန်ပြည်သူတွေက အေးအေးဆေးဆေး နေလို့ရတယ်။ ဒါပေမဲ့ အခုကျတော့ ပြည်သူတွေကိုယ်တိုင်ကို ရန်သူလိုသဘောထားပြီး ဆက်ဆံ လိုက်ဖမ်းနေတာ ဖြစ်တဲ့အတွက် သူတို့ရဲ့ အခြားတဖက်မှာရှိတဲ့ ပြည်သူတွေ အကုန်လုံးက ညစဉ်ညတိုင်းမှာ မလုံခြုံဘူးလို့ပဲ ခံစားရပါတယ်။ ဒါလူငယ်တယောက် အနေနဲ့ပေါ့နော်။”

ဒီရက်ပိုင်း ဖမ်းဆီးမှုတွေထဲက တချို့ကို ပြန်ကြည့်မယ်ဆိုရင် ဩဂုတ်လ ၂၁ ရက်မှာ သာကေတမြို့နယ်က ကျူရှင်ဆရာတဦး အဖမ်းခံရပြီးနောက် သေဆုံးခဲ့ပါတယ်။ ဩဂုတ်လ ၂၂ ရက်က ဘုရင့်နောင်တံတားအပေါ်မှာ ပစ်ခတ်ခံရမှုကြောင့် ရန်ကုန်တမြို့လုံးကို လုံခြုံရေးယူပြီး ဝင်ရောက်စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ တောင်ဥက္ကလာပ ထွေအုပ်ရုံး ပေါက်ကွဲမှုနဲ့ လူငယ်တဦး ဖမ်းဆီးခံရပါတယ်။
ဩဂုတ်လ ၂၃ ရက်မှာတော့ စမ်းချောင်းကစားသောက်ဆိုင်၊ ဒဂုံဆိပ်ကမ်း (၆၀) ရပ်ကွက်က လရိပ်ချို တည်းခိုခန်း၊ ဒဂုံဆိပ်ကမ်း (၉၀) ရပ်ကွက်က နေအိမ်တလုံး စတဲ့နေရာတွေကို ဝင်ရောက်ပစ်ခတ်ခဲ့ပြီး လူ ၁၅ ယောက်ထက်မနည်း ဖမ်းဆီးခံရပါတယ်။

ဩဂုတ်လ ၂၄ ရက်မှာတော့ သာကေတမြို့နယ် နဝရတ် ၁၀ လမ်းထဲကလူငယ်တချို့၊ သင်္ကန်းကျွန်း စံပယ်ဖြူကွန်ဒိုက လူငယ်တဦးနဲ့ ဗိုလ်ကံညွန့်ရပ်ကွက်က လူငယ် ၁၀ ဦးထက်မနည်း၊ ဒဂုံဆိပ်ကမ်း (၆၀) ရပ်ကွက်က လူငယ် ၃ ဦး စသည်ဖြင့် ဖမ်းဆီးခံခဲ့ရပါတယ်။ တချို့ကိုတော့ လက်နက်တွေနဲ့မိခဲ့ကြောင်း အွန်လိုင်းသတင်းဌာနတချို့မှာ ဖော်ပြကြပေမယ့် သီးခြား အတည်ပြုလို့တော့ မရနိုင်ပါဘူး။
အခုလို အဖမ်းအဆီးတွေ ဆက်တိုက်လုပ်ပြီး အရေအတွက် အတော်များများကို ဖမ်းဆီးထားတာနဲ့ ပတ်သက်လို့လည်း စစ်ကောင်စီဘက်က တရားဝင် အသေးစိတ်ထုတ်ပြန်တာ မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG