သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အကျပ်အတည်းဖြေရှင်းရေး ကမ္ဘာ့ဘုံလုပ်ငန်းစဉ်တရပ်အဖြစ် အင်ဒိုနီးရှားသမ္မတပြောဆို


ကုလ အ ထွေ ထွေညီလာခံမှာ မိန့်ခွန်းပြောကြားနေတဲ့ အင်ဒိုနီးရှားသမ္မတ Joko Widodo (ဓာတ်ပုံ - Reuters)
ကုလ အ ထွေ ထွေညီလာခံမှာ မိန့်ခွန်းပြောကြားနေတဲ့ အင်ဒိုနီးရှားသမ္မတ Joko Widodo (ဓာတ်ပုံ - Reuters)

(Zawgyi/Unicode)

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံတကာအသိုက်အဝန်းရဲ့ ဘုံလုပ်ငန်းစဉ် ၃ ရပ်ထဲက တရပ်အဖြစ် အင်ဒိုနီးရှားသမ္မတ Joko Widodo က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မနေ့ကပြောတဲ့ သူ့မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားသွားပါတယ်။
"အာဖဂန်နစ္စတန်နိုင်ငံမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ပထုတ်ထားပြီး အကြမ်းဖက်တိုက်ခိုက်နေကြတာ၊ ပါလက်စတိုင်းတွေရဲ့ လွဲချော်နေတဲ့ လွတ်လပ်ရေးနဲ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းဟာ ကျနော်တို့ရဲ့ ဘုံလုပ်ငန်းစဉ် ဖြစ်ကြရပါမယ်" လို့ သမ္မတ Joko Widodo က ပြောသွားပါတယ်။

အာဆီယံခေါင်းဆောင်တွေ ဂျကာတာမှာ တွေ့ဆုံခဲ့ကြပြီး သဘောတူညီချက် ၅ ချက် ရရှိခဲ့ကြကြောင်း၊ ဒီ ၅ ချက်ကို အကောင်အထည်ဖော်နိုင်ဖို့ မြန်မာစစ်တပ်က ကတိကဝတ်တည်ဖို့ လိုအပ်ပါတယ်လို့လည်း သမ္မတ Joko Widodo က ဆက်ပြောသွားခဲ့ပါတယ်။
ကမ္ဘာ့အသိုက်အဝန်းက မျှော်လင့်ချက် ကြီးကြီးမားမားထားရှိကြတာကို တိကျတဲ့ ဆောင်ရွက်ချက်တွေ၊ လက်ဆုပ်လက်ကိုင် ပြလို့ရတဲ့ ရလဒ်တွေနဲ့ ဖြည့်ဆည်းရပါမယ်လို့လည်း အင်ဒိုနီးရှားသမ္မတက တောင်းဆိုသွားပါတယ်။

"ဒီတာဝန်တွေ က ကျနော်တို့ ပုခုံးပေါ်မှာ တင်ရှိနေပြီး ကမ္ဘာ့အသိုက်အဝန်းက စောင့်စားနေကြပါတယ်" လို့ သူကဆိုပါတယ်။ ကမ္ဘာကြီးရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေပေးဖို့ က ကျနော်တို့ရဲ့တာဝန် ဖြစ်ပါတယ်လို့လည်း သမ္မတ Widodo က ကုလသမဂ္ဂစင်မြင့်ကနေ ပြောကြားခဲ့တာပါ။

မြန်မာ့နိုင်ငံရေးက အကြပ်ရိုက်နေပြီး စီးပွါးရေးက ၁၈ % ကျဆင်းနေတယ်လို့ ADB ခေါ် အာရှဖွံ့ဖြိုးရေး ဘဏ်က အကဲဖြတ်လိုက်တဲ့အချိန်မှာ အင်ဒိုနီးရှားနိုင်ငံဟာ G-20 နိုင်ငံတွေရဲ့ သဘာပတိတာဝန် ကို ၂၀၂၂ ခုနှစ်မှာ ထမ်းဆောင်ရမှာပါ။ ဒီတာဝန်ကို ထမ်းဆောင်တဲ့အခါ အားလုံးအတွက် ထည့်သွင်းစဉ်းစားပြီး လုပ်ဆောင်ရေးဟာ အဓိက ဦးစားပေးအကြောင်းအရာ ဖြစ်လိမ့်မယ်လို့လည်း သူက ပြောသွားပါတယ်။

................................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)





XS
SM
MD
LG