သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးထင်ကျော် ရာထူးမှ အနားယူ


မြန်မာသမ္မတ ဦးထင်ကျော် ရာထူးက အနားယူလိုက်ကြောင်း ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။ တာဝန်က အနားယူမှာဖြစ်ကြောင်း သမ္မတရုံး ကြေညာချက်က ဖော်ပြခဲ့ပေမဲ့ မကြာသေးခင် လတွေက ကျန်းမာရေးကြောင့် ပြည်ပမှာ ဆေးကုသမှု ခံယူခဲ့ရတဲ့ သမ္မတ ဦးထင်ကျော် အနားယူသွားတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ ပြောမသွားပါဘူး။

လစ်လပ်သွားတဲ့ သမ္မတ နေရာမှာတော့ လတ်တလောမှာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တာဝန်ယူမှာပါ။ သမ္မတရာထူးနေရာကို အလုပ်လုပ်ရက် ၇ ရက်အတွင်း အစားထိုးခန့်အပ်သွားမှာ ဖြစ်ကြောင်းလည်း သမ္မတရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သမ္မတဦးထင်ကျော် တာဝန်က အနားယူကြောင်း ကြေညာခဲ့တဲ့ တနေ့တည်းမှာပဲ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ဟာလည်း နှုတ်ထွက်ကြောင်း ကြေညာခဲ့တာပါ။ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကိုတော့ သမ္မတ ဦးထင်ကျော် နေရာမှာ အစားထိုးမှာ ဖြစ်ကြောင်းလည်း အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ မုံရွာအောင်ရှင် ကို ကိုးကားပြီး Reuters သတင်းက ဖော်ပြပါတယ်။

ဦးဝင်းမြင့်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ စတင်ထူထောင်စဉ်ကစလို့ ပါတီတာဝန်တွေကို ထမ်းဆောင်ခဲ့ပြီး၊ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်စိတ်ချမှု ရရှိထားသူတဦး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ NLD ပါတီ တခဲနက် အနိုင်ရခဲ့ပေမဲ့၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ နိုင်ငံခြားသားနဲ့ ဆွေမျိုးတော်စပ်သူအဖြစ် ဒေါ်အောင်ဆန်းစုကြည် ဟာ သမ္မတတာဝန် ယူခွင့်မရှိတဲ့အတွက် အသက် ၇၁ နှစ်အရွယ် ဦးထင်ကျော် ကို သမ္မတအဖြစ် ခန့်အပ်ခဲ့တာပါ။

နိုင်ငံခြားရေးဝန်ကြီးအဖြစ် အစောပိုင်းမှာ တာဝန်ယူခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကတော့ နောက်ပိုင်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်နဲ့ပါ တာဝန်ယူခဲ့ပြီး အစိုးရကို ဦးဆောင်နေတာ ဖြစ်ပါတယ်။

သမ္မတဦးထင်ကျော် ရာထူးမှ အနားယူ
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG