သံုးရလြယ္ကူေစသည့္ Link မ်ား

အိုးဘိုေထာင္တြင္း ႏိုင္ငံေရးအက်ဥ္းသူေတြ အၾကမ္းဖက္ခံရမႈ လွ်ိဳ႕ဝွက္စာထြက္လာ


႐ိုက္တာသတင္းဌာနကရရွိထားတဲ့ အိုးဘိုေထာင္တြင္းက လက္ေရးစာ (မတ္လ ၈၊ ၂၀၂၃)

မႏၲေလး အိုးဘိုအက်ဥ္းေထာင္ထဲမွာ အမ်ိဳးသမီး ႏိုင္ငံေရးအက်ဥ္းသားေတြအေပၚ စစ္ေကာင္စီ လုံျခဳေရးတပ္ဖြဲ႕ဝင္ေတြက အၾကမ္းဖက္ ႏိုင့္ထက္စီးနင္းလုပ္ခဲ့တဲ့အေၾကာင္း လက္ေရးနဲ႔ေရးထားတဲ့ လွ်ိဳ႕ဝွက္ စာတေစာင္ကို ႐ိုက္တာသတင္းက ဒီကေန႔ ေဖာ္ျပလိုက္ပါတယ္။ အာဏာရွင္စနစ္ ဆန႔္က်င္ေရး ျပည္သူ႔အင္အားမ်ား ခ်ိတ္ဆက္ညႇိႏႈိင္းေရး ေကာ္မတီ (မႏၲေလး) ကရရွိတဲ့ ေထာင္တြင္းက ထြက္လာတဲ့စာကို သတင္းမွာ ေဖာ္ျပထားပါတယ္။ မႏၲေလး အိုဘိုအက်ဥ္းေထာင္ အမ်ိဳးသမီးအေဆာင္မွာ ေဖေဖာ္ဝါရီလ ၃ ရက္နဲ႔ ၄ ရက္ေန႔ကျဖစ္ပြားခဲ့တဲ့ ျဖစ္ရပ္ကို စာထဲမွာ ေရးသားထားပါတယ္။

အမ်ိဳးသမီးႏိုင္ငံေရးအက်ဥ္းသူတခ်ိဳ႕က ေထာင္အာဏာပိုင္ေတြရဲ႕ မတရားလုပ္မႈေတြကို လက္မခံတာကေန အမ်ိဳးသမီးေဆာင္ထဲကို အမ်ိဳးသားလုံၿခဳံေရး ဝန္ထမ္းေတြအပါအဝင္ အက်ဥ္းေထာင္ လုံၿခဳံေရး ၁၅၀ ေလာက္က ဝင္႐ိုက္တာ၊ ေလးဂြနဲ႔ ပစ္တာ၊ အစားေသာက္နဲ႔ လူသုံးကုန္ ပစၥည္းေတြကို ဝင္ေရာက္ ဖ်က္ဆီးတာေတြ လုပ္ခဲ့တယ္လို႔ စာထဲမွာေရးထားပါတယ။ အမ်ိဳးသမီးေတြ ဝတ္ထားတဲ့ အဝတ္အစားကို ဆုတ္ၿဖဲတာ၊ မဖြယ္မရာ ျပဳတာ၊ မ်က္ႏွာေတြကို ဖိနပ္နဲ႔နင္းၿပီး ေလးဂြနဲ႔ ထုေထာင္းတာ စတဲ့ အႏိုင္က်င့္တဲ့ လုပ္ရပ္ေတြကို လုပ္ခဲ့တာကိုလည္း အေသးစိတ္ေရးထားပါတယ္။ ဒီျဖစ္ရပ္မွာ အမ်ိဳးသမီး ၁၀၀ ေက်ာ္ အျပင္းအထန္ ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ ေျပာပါတယ္။ အက်ဥ္းသူ ၇၂ ဦးကို အဝတ္တစ္ထည္ ကိုယ္တခုနဲ႔ ျပစ္ဒဏ္တိုက္ကို ပို႔ခဲ့တဲ့အျပင္ ေထာင္ဝင္စာနဲ႔ ပါဆယ္ေပးပို႔ခြင့္ကိုပါ ၁ လပိတ္ထားခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

႐ိုက္တာသတင္းဌာနကရရွိထားတဲ့ အိုးဘိုေထာင္တြင္းက လက္ေရးစာ (မတ္လ ၈၊ ၂၀၂၃)
႐ိုက္တာသတင္းဌာနကရရွိထားတဲ့ အိုးဘိုေထာင္တြင္းက လက္ေရးစာ (မတ္လ ၈၊ ၂၀၂၃)

ႏိုင္ငံေရးအက်ဥ္သူေတြရဲ႕ မိသားစုဝင္တခ်ိဳ႕ကို ေထာင္အာဏာပိုင္ေတြက ေထာင္ဝင္စာေပးလို႔မရဘူးလို႔ ေျပာခဲ့ၿပီးေနာက္မွာ သူတို႔က ႏိုင္ငံေရးအက်ဥ္းသားေတြအက်ိဳးေဆာင္ေပးေနတဲ့ ေရွ႕ေနေတြနဲ႔ တက္ႂကြလႈပ္ရွားသူေတြပါတယ္ အာဏာရွင္စနစ္ ဆန႔္က်င္ေရး ျပည္သူ႔အင္အားမ်ား ခ်ိတ္ဆက္ညႇိႏႈိင္းေရး ေကာ္မတီကို ဆက္သြယ္ခဲ့ၾကပါတယ္။ အဲဒါေၾကာင့္ ဒီအဖြဲ႕က စုံစမ္းတဲ့အခါ ခုလို ေထာင္တြင္းက လက္ေရးစာကို ရခဲ့ၿပီး အျဖစ္အပ်က္ေတြ သိခဲ့ရတာျဖစ္တယ္လို႔ ႐ိုက္တာသတင္းက ေျပာပါတယ္။ ဒီစာနဲ႔ပါတ္သက္လို႔ ဗြီအိုေအ အေနနဲ႔ သီးျခား အတည္မျပဳႏိုင္ေသးသလို၊ စစ္ေကာင္စီဘက္က တုံ႔ျပန္ခ်က္ တစုံတရာ ထြက္မလာေသးပါဘူး။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး AAPP ရဲ႕ စာရင္းေတြအရ အက်ဥ္းသား စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးခံထားရသူ တေသာင္း ေျခာက္ေထာင္ေလာက္ ရွိတဲ့အထဲမွာ အမ်ိဳးသမီး အက်ဥ္းသူ ၃၀၀၀ ေက်ာ္ပါဝင္ပါတယ္။ စစ္တပ္ အာဏာသိမ္းထားတဲ့ ၂ ႏွစ္တာ ကာလအတြင္း အမ်ိဳးသမီး ၅၀၀ နီးပါး သတ္ျဖတ္ခံရၿပီး ေနာက္ထပ္ ၃,၀၀၀ ေက်ာ္ မတရား ဖမ္းဆီး ခ်ဳပ္ေႏွာင္ခံခဲ့ရတယ္လို႔ ၾကားကာလ အမ်ိဳးသားညီၫြတ္ေရး အစိုးရ NUG ကလည္း ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။ အမ်ိဳးသမီး ၄၈၃ ဦး သတ္ျဖတ္ခံရၿပီး ၃၁၂၅ ဦး မတရား ဖမ္းဆီးခ်ဳပ္ေႏွာင္ခံရတဲ့ အျပင္ ေသဒဏ္ေပး ခံရတဲ့ အမ်ိဳးသမီး ၁၁ ဦး၊ တသက္တကြၽန္း ခ်မွတ္ခံရတဲ့ အမ်ိဳးသမီး ၁၅ ဦးနဲ႔ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ခံရတဲ့ အမ်ိဳးသမီး ၁၂၂ ဦး ရွိတဲ့အေၾကာင္း မတ္လ ၈ ရက္ေန႔ က်ေရာက္တဲ့ အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားေန႔မွာ NUG ျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ဝန္ႀကီးဌာနက ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

အိုးဘိုထောင်တွင်း နိုင်ငံရေးအကျဉ်းသူတွေ အကြမ်းဖက်ခံရမှု လျှို့ဝှက်စာထွက်လာ

မန္တလေး အိုးဘိုအကျဉ်းထောင်ထဲမှာ အမျိုးသမီး နိုင်ငံရေးအကျဉ်းသားတွေအပေါ် စစ်ကောင်စီ လုံခြုရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် နိုင့်ထက်စီးနင်းလုပ်ခဲ့တဲ့အကြောင်း လက်ရေးနဲ့ရေးထားတဲ့ လျှို့ဝှက် စာတစောင်ကို ရိုက်တာသတင်းက ဒီကနေ့ ဖော်ပြလိုက်ပါတယ်။ အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး) ကရရှိတဲ့ ထောင်တွင်းက ထွက်လာတဲ့စာကို သတင်းမှာ ဖော်ပြထားပါတယ်။ မန္တလေး အိုဘိုအကျဉ်းထောင် အမျိုးသမီးအဆောင်မှာ ဖေဖော်ဝါရီလ ၃ ရက်နဲ့ ၄ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကို စာထဲမှာ ရေးသားထားပါတယ်။

အမျိုးသမီးနိုင်ငံရေးအကျဉ်းသူတချို့က ထောင်အာဏာပိုင်တွေရဲ့ မတရားလုပ်မှုတွေကို လက်မခံတာကနေ အမျိုးသမီးဆောင်ထဲကို အမျိုးသားလုံခြုံရေး ဝန်ထမ်းတွေအပါအဝင် အကျဉ်းထောင် လုံခြုံရေး ၁၅၀ လောက်က ဝင်ရိုက်တာ၊ လေးဂွနဲ့ ပစ်တာ၊ အစားသောက်နဲ့ လူသုံးကုန် ပစ္စည်းတွေကို ဝင်ရောက် ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ စာထဲမှာရေးထားပါတယ။ အမျိုးသမီးတွေ ဝတ်ထားတဲ့ အဝတ်အစားကို ဆုတ်ဖြဲတာ၊ မဖွယ်မရာ ပြုတာ၊ မျက်နှာတွေကို ဖိနပ်နဲ့နင်းပြီး လေးဂွနဲ့ ထုထောင်းတာ စတဲ့ အနိုင်ကျင့်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာကိုလည်း အသေးစိတ်ရေးထားပါတယ်။ ဒီဖြစ်ရပ်မှာ အမျိုးသမီး ၁၀၀ ကျော် အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ အကျဉ်းသူ ၇၂ ဦးကို အဝတ်တစ်ထည် ကိုယ်တခုနဲ့ ပြစ်ဒဏ်တိုက်ကို ပို့ခဲ့တဲ့အပြင် ထောင်ဝင်စာနဲ့ ပါဆယ်ပေးပို့ခွင့်ကိုပါ ၁ လပိတ်ထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်သူတွေရဲ့ မိသားစုဝင်တချို့ကို ထောင်အာဏာပိုင်တွေက ထောင်ဝင်စာပေးလို့မရဘူးလို့ ပြောခဲ့ပြီးနောက်မှာ သူတို့က နိုင်ငံရေးအကျဉ်းသားတွေအကျိုးဆောင်ပေးနေတဲ့ ရှေ့နေတွေနဲ့ တက်ကြွလှုပ်ရှားသူတွေပါတယ် အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီကို ဆက်သွယ်ခဲ့ကြပါတယ်။ အဲဒါကြောင့် ဒီအဖွဲ့က စုံစမ်းတဲ့အခါ ခုလို ထောင်တွင်းက လက်ရေးစာကို ရခဲ့ပြီး အဖြစ်အပျက်တွေ သိခဲ့ရတာဖြစ်တယ်လို့ ရိုက်တာသတင်းက ပြောပါတယ်။ ဒီစာနဲ့ပါတ်သက်လို့ ဗွီအိုအေ အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို၊ စစ်ကောင်စီဘက်က တုံ့ပြန်ချက် တစုံတရာ ထွက်မလာသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး AAPP ရဲ့ စာရင်းတွေအရ အကျဉ်းသား စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသူ တသောင်း ခြောက်ထောင်လောက် ရှိတဲ့အထဲမှာ အမျိုးသမီး အကျဉ်းသူ ၃၀၀၀ ကျော်ပါဝင်ပါတယ်။ စစ်တပ် အာဏာသိမ်းထားတဲ့ ၂ နှစ်တာ ကာလအတွင်း အမျိုးသမီး ၅၀၀ နီးပါး သတ်ဖြတ်ခံရပြီး နောက်ထပ် ၃,၀၀၀ ကျော် မတရား ဖမ်းဆီး ချုပ်နှောင်ခံခဲ့ရတယ်လို့ ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကလည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အမျိုးသမီး ၄၈၃ ဦး သတ်ဖြတ်ခံရပြီး ၃၁၂၅ ဦး မတရား ဖမ်းဆီးချုပ်နှောင်ခံရတဲ့ အပြင် သေဒဏ်ပေး ခံရတဲ့ အမျိုးသမီး ၁၁ ဦး၊ တသက်တကျွန်း ချမှတ်ခံရတဲ့ အမျိုးသမီး ၁၅ ဦးနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီး ၁၂၂ ဦး ရှိတဲ့အကြောင်း မတ်လ ၈ ရက်နေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ NUG ပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG