သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောင်ဝင်စာတွေ့ခွင့်မှာ သေဒဏ်နဲ့ နှစ်ကြီးတွေ မပါဝင် (AAPP)


ရန်ကုန်မြို့ရှိ အင်းစိန်ထောင် အဝင်တံခါးတခုကိုတွေ့ရစဉ် (ဧပြီ ၁၇၊ ၂၀၂၃)
ရန်ကုန်မြို့ရှိ အင်းစိန်ထောင် အဝင်တံခါးတခုကိုတွေ့ရစဉ် (ဧပြီ ၁၇၊ ၂၀၂၃)

ကာလရှည်ကြာပိတ်ပင်ထားတဲ့ ထောင်ဝင်စာလူတွေ့ခွင့်ကို ပြန်လည်ခွင့်ပြုလိုက်ပေမယ့် သေဒဏ်၊ တသက်တကျွန်းနဲ့ နှစ် ၂၀ အထက် ထောင်ဒဏ်ကျခံရသူ တွေကိုတော့ ထောင်ဝင်စာတွေ့ခွင့် မပေးဘူးလို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီနေသူတွေကပြောပါတယ်။ သွားရောက် တွေ့ဆုံသူတွေ အတွက်လည်း ကန့်သတ်ချက်တွေချထားတဲ့ အတွက် အခက်အခဲတွေရှိနေတာပါ။ အခြေအနေ အပြည့်အစုံ သတင်းပေးပို့ထားတာကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

သုံးနှစ်ကျော်ကြာ ပိတ်ပင်ထားတဲ့ ထောင်ဝင်စာတွေ့ဆုံခွင့်ကို အောက်တိုဘာ ၂၄ ရက်နေ့က စစ် ကောင်စီဘက်က စတင်ခွင့်ပြုလိုက်တာပါ။ ဒါပေမယ့် သေဒဏ်၊ တစ်သက်တစ်ကျွန်းနဲ့ နှစ် ၂၀ အထက် ထောင်ဒဏ် ကျခံရသူတွေကိုတော့ ထောင်ဝင်စာ လူတွေ့ခွင့်မပေးဘူးလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ကေ ပြာပါတယ်။

"သူတို့ညွှန်ကြားချက်က သေဒဏ်နဲ့ နှစ် ၂၀ အထက်အကျဉ်းသားတွေကိုထောင်ဝင်စာတွေ့ခွင့် မပေးဘူး။ တချို့လည်း ထောင်ဝင်စာသွားတွေ့တဲ့အခါမှာ ထောင်ဝင်စာတွေ့ခွင့် မရလာခဲ့ဘူး။ တချို့ကိုကျ တော့လည်း အကြောင်းပြန်ပေးမယ် ဘာညာ။ ဒါမျိုးတွေလည်း ကြားရတယ်။ ဒါက အကျဉ်းထောင်ထဲမှာ ရှိတဲ့သူ ဘယ်သူကိုဘဲဖြစ်ဖြစ် မိသားစုနဲ့ တွေ့ခွင့်ပေးရမယ်လေ။ အဲဒါကို မိသားစုနဲ့တွေ့ခွင့် မပေးဘူး ဆိုတာကျတော့ နည်းနည်းဆိုးတယ်။ နေရာတော်တော်များများ သူတို့ညွှန်ကြားချက်မှာကိုက သေဒဏ် နဲ့ နှစ်ကြီးတွေ မပါဘူး။ နှစ် ၂၀ အထက်တွေ မပါဘူးဆိုတာမျိုးပေါ့"

အင်းစိန်အကျဉ်းထောင်ဗူးဝမြင်ကွင်း။ (၂၇ ဇွန် ၂၀၁၆)
အင်းစိန်အကျဉ်းထောင်ဗူးဝမြင်ကွင်း။ (၂၇ ဇွန် ၂၀၁၆)

ရန်ကုန်ရဲ့ အထင်ကရ အကျဉ်းထောင် အင်းစိန်ထောင်မှာတော့ ထောင်ဝင်စာ လူတွေ့ခွင့်ကို လာမယ့် နိုဝင်ဘာ ၃ရက် နေ့မှ စတင်တွေ့ခွင့်ပေးမယ်လို့ ထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။ သာယာဝတီ၊ သရက်၊ အိုးဘို၊ မြင်းခြံ၊ ညောင်ရွှေ စတဲ့ အကျဉ်းထောင်တွေမှာတော့ လူတွေ့ခွင့်တွေ စတင်ပေးပြီး မနက် ၉နာရီကနေ ညနေ ၄နာရီထိ တွေ့ခွင့်ပေးတယ်လို့ ထောင်ဝင်စာလူတွေ့သွားတဲ့ မိသားစုဝင် တွေက ပြောပါတယ်။

ထောင်ဝင်စာလူတွေ့ခွင့်ကို တလတကြိမ် တကြိမ်မှာ ၂၅မိနစ်တွေ့ခွင့်ပေးမယ်လို့ စစ်ကောင်စီဘက်က ကြေငြာထားသလို တနေ့ တွေ့ဆုံခွင့်ဦးရေ ကန့်သတ်မထားပေမယ့် လူအနည်းအများလိုက် စိစစ်ခွင့် ပြုမယ်လို့လည်း ပြောဆိုထားပါတယ်။

အကျဉ်းထောင်တခုမှာ တနေ့အတွက် လူအယောက် ၁၀၀ ကျော် တွေ့ခွင့်ပေးဖို့ သတ်မှတ်ထားတာပါ။ အကျဉ်းသားတယောက်ကို မိသားစုဝင် နှစ်ယောက်နဲ့ မိနစ် ၂၀ ကြာ တွေ့ခွင့်ရပေမဲ့လွတ်လပ်စွာ စကားပြောခွင့်မရတာ၊ ကန့်သတ်မှုတွေ များတာတွေကြောင့် တွေ့ဆုံရတာ အခက်အခဲ ဖြစ်ရတယ် လို့ သရက်ထောင်မှာ သားဖြစ်သူကို ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ မိသားစုဝင်တဦးက ခုလိုရင်ဖွင့်ပါတယ်။

"ဖုန်းတွေဘာတွေမယူရဘူး။ အများကြီးနဲ့ ရောတွေ့ရတာ။ ကိုယ်မေးချင်တာတောင် မေးမရပါဘူး။ သူတို့ တွေကစောင့်ကြည့်နေတာ။ မနက် ၄ နာရီ ကတည်းက အန်တီတို့ တန်းစီရတာ။ အကြာကြီး တန်းစီ ရပေမဲ့ တွေ့ တော့ ခဏရယ်။ ရန်ကုန်ကနေ လာရတာလေ ကိုယ့်မောင်မျက်နှာ မြင်ရဖို့ လာတွေ့ရတာ။ ဒီထပ်ပိုပြီး လုပ်ပေးရင် ကောင်းမယ်။ ဘာအမှားမှ မလုပ်ခဲ့ဘူး. ဘယ်ဝဋ်ကြွေးကြောင့် ဒီလိုဒုက္ခခံ နေရလည်းမသိပါဘူး"

ကိုဗစ်ဖြစ်ပွားခဲ့တဲ့ အချိန်ကစလို့ ကိုဗစ်စည်းမျဉ်းစည်းကမ်းအရ ထောင်ဝင်စာတွေ့ခွင့်ကို NLD အစိုးရ လက်ထက်က စတင်ပြီး ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ အဲဒီနောက်အာဏာသိမ်း စစ်ကောင်စီလက် ထက်မှာ လည်း တခြားနေရာတွေမှာ ကိုဗစ်စည်းကမ်းတွေ ဖြေလျော့ပေးခဲ့ပေမဲ့ ထောင်ဝင်စာတွေ့ ခွင့်ကိုတော့ ဖြေလျှော့ခဲ့တာ မရှိဘဲ ခုတကြိမ်မှ လူတွေ့ဖို့ ပြန်လည်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မိသားစုဝင်တွေက အကျဉ်းသားတွေဆီကို အကျဉ်းဦးစီးရဲ့ သတ်မှတ်ချက်အရ ၂ ပတ် တခါ။ တချို့နေ ရာ တွေမှာ ၁ ပါတ် တခါ ထောင်ဝင်စာ ပစ္စည်းပေးခွင့်ကိုတော့ ကိုဗစ်ရောဂါတွေဖြစ်ကတည်းက စည်းကမ်းချက်တွေ အတိုင်းပေးဖို့ ခွင့်ပြုထားခဲ့ပါတယ်။

သေဒဏ်၊ တစ်သက်တစ်ကျွန်းနဲ့ နှစ် ၂၀အထက်ထောင်ဒဏ်ကျခံရသူတွေကို ဘာကြောင့်ထောင်ဝင်စာ တွေ့ခွင့်မပေးလဲဆိုတာနဲ့ပတ်သတ်လို့ စစ်ကောင်စီဘက်ကို မေးမြန်းတာမှာတော့ တုံပြန်ဖြေဆိုတာမရှိ ခဲ့ပါဘူး။

အခု ခွင့်ပြုလိုက်တဲ့ ထောင်ဝင်စာလူတွေ့ခွင့်အတွက် အိမ်ထောင်စုစာရင်းနဲ့ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက် ခံစာနဲ့ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးကြောင်း ထောက်ခံစာတွေပါဖို့ လိုတယ်လို့ အကျဉ်းဦးစီးဌာနက အမည်မဖော်လိုသူ အရာရှိတဦးက ဗွီအိုအေကိုပြောဆိုထားပါတယ်။

ထောင်ဝင်စာလူတွေ့ခွင့်ပြန်ပေးပေမယ့် တွေ့ဆုံနိုင်ဖို့ တင်းကျပ်တဲ့ စည်းကမ်းတွေချမှတ်ထားတာမို့ အကျဉ်းသားမိသားစုတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း များ အဖွဲ့က ဦးထွန်းကြည်က ပြောပါတယ်။

"စနစ်တကျစီစဉ် ဆောင်ရွက်ထားတာမရှိဘူး။ လာရတယ်ဆိုတာ အရင်လိုတော့မဟုတ်တော့ဘူး။ မှတ်ပုံ တင်မူရင်းမိတ္တူ၊ အိမ်ထောင်စု စာရင်းမူရင်းမိတ္တူ၊ ရပ်ကွက်အုပ်ချုပ်ရေး သွားပြီးတော့ နေထိုင်ကြောင်း ထောက်ခံချက်တို့ ရဲစခန်းသွားပြီးတော့ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်တို့ ဆေးရုံဆေးခန်းသွား ကိုဗစ်ကာကွယ်ဆေး ထိုးထားတာတို့ ဆိုတာက၊ လုပ်ကွက်တွေ အဲဒါတွေက စားဂွင်တွေ။ တမင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ရပ်ကွက်အုပ်ချုပ်ရေးက စားပေါ့။ စခန်းကလည်း စားပေါ့ဗျာ ဆေးရုံဆေးခန်းကလည်း စား ပေါ့။ တော်တော်လေး အခက်အခဲ အကျပ်အတည်းနဲ့ ဒုက္ခရောက်နေတာ။ တပူပေါ် ၂ ပူဆင့် ဖြစ်ကြရတယ်။ စေတနာရှိလို့ ဖွင့်ပေးတာမဟုတ်ဘူး။ နိုင်ငံတကာဖိအား အတိုင်းအတာ တခု လျော့အောင် သူတို့ထွက် ပေါက်လဲရအောင်လို့ ဒီလိုပုံစံဖန်တီးတယ်လို့တော့ မြင်တယ်။"

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် စစ်ကောင်စီကိုဆန့်ကျင်လို့ သေဒဏ်ကျခံရတဲ့ နိုင်ငံရေး အကျဉ်းသား ၁၇၀နီးပါး ရှိပြီး ဒီထဲမှာ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ အယောက် ၄၀ကျော် နဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချခံရသူ ၃၀၀ ဝန်းကျင် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးချိန်ကနေ ဒီနှစ် အောက်တိုဘာ ၂၃ရက်နေ့အထိ ရက်ပေါင်း ၉၀၀ကျော် အတွင်း အယောက် ၂၅ ၀၀၀ ကျော် ဖမ်းဆီးခဲ့ကြောင်းနဲ့ လက်ရှိမှာ ဒီထက်ပိုများနိုင်တယ်လို့ လည်း AAPP ကပြောပါတယ်။ စစ်ကောင်စီ ကတော့ AAPP ရဲ့ စာရင်းတွေဟာ အပိုစာရင်းတွေ ပါဝင်တယ်လို့ တုံပြန်ထားပေမယ့် ခုချိန်ထိ အာဏာသိမ်းပြီး ကတည်းက ဖမ်းဆီးခဲ့တဲ့ လူဦးရေစာရင်းကိုတော့ သီးခြားထုတ်ပြန်ထားတာ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG