သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး နိုင်ငံတကာအကြံပေးအဖွဲ့ အတွင်းရေးမှူးဟောင်း ပြောဆိုချက် ဥက္ကဌ ပယ်ချ


နိုင်ငံတကာ အကြံပေးအဖွဲ့ ရခိုင်ကို သွားရောက်လေ့လာစဉ်
နိုင်ငံတကာ အကြံပေးအဖွဲ့ ရခိုင်ကို သွားရောက်လေ့လာစဉ်

ရိုဟင်ဂျာအရေးကိစ္စနဲ့ပတ်သက်ပြီး အကြံပြုဖို့အတွက် မြန်မာအစိုးရက ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ အကြံပေးအဖွဲ့ အတွင်းရေးမှူးအဖြစ်ကနေ နုတ်ထွက်သွားသူရဲ့ ဝေဖန်ပြောဆိုချက်တွေကို အဖွဲ့ဥက္ကဌက ငြင်းဆိုလိုက်ပြီး အကြံပေးအဖွဲ့ဟာ ထိရောက်မှုရှိသလို အစိုးရကလည်း အကြံပေးအဖွဲ့ရဲ့ ထောက်ခံတင်ပြချက်တွေအတိုင်း လုပ်ဆောင်လျှက်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုံးက အကြံပေးအဖွဲ့ကို ဦးဆောင်ဖို့အတွက် မြန်မာအစိုးရက ရွေးချယ်ခဲ့သူ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဆူရာကီယတ် ဆတ်သီရာထိုင်း က အဖွဲ့က အစိုးရထံကို ပေးတဲ့ အကြံပြုချက်တွေအတိုင်း လုပ်ဆောင်နေတဲ့အတွက် အကြမ်းဖက်မှုတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် အတွင်းမှာ တိုးတက်ဖြစ်ထွန်းမှုတွေ ရှိနေကြောင်း စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

အငြိမ်းစားသံအမတ်ကြီးတဦးလည်းဖြစ် ထိုင်းလွှတ်တော်အဖွဲ့ဝင်ဟောင်းလည်းဖြစ်တဲ့ ကော့ဘ်ဆတ် ချူတီခူ က အကြံပေးအဖွဲ့ရဲ့ လုပ်ငန်းအဖွဲ့အတွင်းရေးမှုး အဖြစ်ကနေ နှုတ်ထွက်သွားပြီးတဲ့နောက် အခုလို မှတ်ချက်ပြုစကား ထွက်ပေါ်လာတာပါ။

အကြံပေးအဖွဲ့ဟာ လွတ်လပ်မှုမရှိဘဲ ထိန်းချုပ်မှုတွေ ကြုံနေရကြောင်း၊ အဖွဲ့ကို ဇန်နဝါရီလက စတင်ဖွဲ့စည်းခဲ့ပြီး ၆ လအတွင်း တိုးတက်မှု အနည်းငယ်သာရရှိကြောင်း ကော့ဘ်ဆက် က ရိုက်တာသတင်းဌာနကို သောကြာနေ့က ပြောဆိုပါတယ်။

နိုင်ငံတကာအကြံပေးအဖွဲ့ဟာ အတည်တကျ ရုံးခန်းဖွင့်ခွင့်မရရှိသလို နိုင်ငံတကာရဲ့ ထောက်ပံ့မှု အကူငွေကို လက်ခံခွင့်မရှိဘဲ အစည်းအဝေးတွေကိုလည်း Online က တဆင့်သာ လုပ်ကြဖို့ တိုက်တွန်းထားပြီး စစ်တပ်ခေါင်းဆောင်တွေကို တွေ့ခွင့်တောင်းတဲ့အခါ မတွေ့ကြဘဲ ငြင်းဆန်နေကြတယ်လို့ သူက Reuters ကိုပြောပါတယ်။

တိုးတက်မှုမရှိဘူးလို့ ပြောဆိုတာဟာ မမှန်ကန်သလို မျှတမှုမရှိပါဘူး၊ မကြာခင်ကပဲ မြန်မာအစိုးရဟာ ကုလသမဂ္ဂနဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြန်လုပ်လာနေပြီ ဖြစ်တယ်လို့ မစ္စတာ ဆူရာကီယတ် က ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG