သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဌာေနျပန္ ျမန္မာေတြ ေလယာဥ္ေပၚ ကိုဗစ္မကူးစက္ေရး ေဆာင္ရြက္ခ်က္


၂၀၂၀ ေအာက္တိုဘာ ၂၂ တုန္းက ျမန္မာႏိုင္ငံကို ျပန္လာၾကတဲ့ ျပည္ပေရာက္ ျမန္မာႏိုင္ငံသားမ်ား (ဓါတ္ပံု-myanmar national airlines)

(Zawgyi/Unicode)

ကုိဗစ္ကပ္ေရာဂါကာလမွာ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ျပည္ပေရာက္ေနတဲ့ ျမန္မာႏုိင္ငံသားေတြကုိ အစုိးရက ကယ္ဆယ္ေရး ေလယာဥ္ေတြနဲ႔ ျပန္ေခၚေပးေနတာေတြ ရွိပါတယ္။ ေနရပ္ျပန္မယ့္သူေတြကုိ ဒီလုိေလေၾကာင္းကေန ျပန္ေခၚရာမွာ ေရာဂါကူးစက္မႈေတြမျဖစ္ေအာင္လည္း စီစဥ္ရတယ္လုိ႔ ကယ္ဆယ္ေရး ေလယာဥ္ေတြေမာင္းႏွင္ေပးေနတဲ့ ျမန္မာအမ်ိဳးသား ေလေၾကာင္းလိုင္းက ေလယာဥ္မႉးႀကီး ဦးေအာင္ပိုကေျပာပါတယ္။ ေနရပ္ျပန္မယ့္ ျမန္မာႏုိင္ငံသားေတြအတြက္ ကယ္ဆယ္ေရး ေလယာဥ္ေတြနဲ႔ ျပင္ဆင္ရတာေတြကုိ ကိုေဇာ္ထက္က ဆက္သြယ္ ေမးျမန္းထားပါတယ္။ အရင္ဆုံး ကယ္ဆယ္ေရးေလယာဥ္ေတြ မထြက္ခင္စီစဥ္ရတဲ့အပုိင္းကုိ ေမးျမန္းရာမွာေတာ့ သူက အခုလုိ စေျပာပါတယ္။

ေလယာဥ္မႉးႀကီး ဦးေအာင္ပို ။ ။ “က်ေနာ္တို႔ ေလယာဥ္က ခရီးသည္ေတြမတင္ခင္ကတည္းက maintenance engineer ေတြက ေလယာဥ္ကို disinfection ေရာဂါပိုးေတြ ကင္းစင္ေအာင္လို႔ လုပ္ထားၿပီးသားေပါ့ေနာ္။ အဲဒီေလယာဥ္ကို က်ေနာ္တို႔က လက္ခံယူတယ္၊ ယူၿပီးတဲ့အခါမွာ ေလယာဥ္ေပၚကို ခရီးသည္ စတင္ၿပီေပါ့။”

ေမး။ ။ ဟိုဘက္အျခမ္းမွာ ခရီးသည္က ေလယာဥ္ေပၚမတက္ခင္ ဘာေတြျပင္ဆင္ထားရမလဲဆရာ။

ေလယာဥ္မႉးႀကီး ဦးေအာင္ပို ။ ။ “ ေလယာဥ္ေပၚတက္မယ့္ ခရီးသည္ေတြကိုသက္ဆိုင္ရာ ေဒသမွာရွိတဲ့ ဥပမာ စကၤာပူဆိုလည္း စကၤာပူေပါ့၊ မေလးရွားဆိုလည္း မေလးရွားေပါ့၊ အဲဒီက သက္ဆိုင္ရာ authority ရဲ႕ ေဆးေထာက္ခံခ်က္ေတြ၊ အဲဒါေတြ ပါရမယ္ေပါ့၊ အဲဒါေတြရွိမယ္။ က်ေနာ္ သတိထားမိသေလာက္ကေတာ့ တခ်ိဳ႕ ေနရာေပၚ မူတည္ၿပီးေတာ့ သူ႔ရဲ႕ regulation ( စည္းကမ္းခ်က္ေတြ) ကြာတာကို သတိထားမိတယ္၊ ဥပမာအားျဖင့္ စကၤာပူလိုမ်ိဳး အဲလိုဆိုရင္ သူတို႔က သာမန္အဝတ္အစား ေတြနဲ႔ပဲ တက္လာတာ ရွိတယ္၊ ကိုရီးယားလိုမ်ိဳး သြားသယ္တာမ်ိဳးဆိုရင္ အကုန္လုံးက PPE ဝတ္တဲ့ဟာမ်ိဳးရွိတယ္၊ သူ႔ရဲ႕ ေဒသဆိုင္ရာ စည္းကမ္းေတြနဲ႔လည္း ဆိုင္တယ္ေပါ့ေနာ္၊ အားလုံး PPE ဝတ္ႏိုင္ရင္ေတာ့ အေကာင္းဆုံေပါ့။ ဒါကေတာ့ ခရီးသည္ လက္ခံတဲ့အပိုင္းေပါ့။ ေလဆိပ္မွာ အပူတိုင္း၊ လက္ေဆးတာကေတာ့ ထုံးစံ လုပ္ရမယ္ေပါ့ေနာ္။”

ေမး။ ။ ေလယာဥ္ေပၚကို ခရီးသည္လာတဲ့အခါ ဘာေတြမျဖစ္မေန လုပ္ရမလဲဆရာ ေရာဂါကာကြယ္ဖို႔။

ေလယာဥ္မႉးႀကီး ဦးေအာင္ပို ။ ။ “ ေလယာဥ္ေပၚေရာက္သြားတဲ့ ခရီးသည္ေတြ အကုန္လုံးကို က်ေနာ္တို႔က hand sanitizer နဲ႔ ျဖန္းပါတယ္၊ ၿပီးရင္ အပူတိုင္းတယ္ေပါ့။ ကိုယ့္ကိုယ္ကိုယ္ prevention လုပ္တဲ့အပိုင္းကေတာ့ ေခါင္းမွာ cap ေတြ ဝတ္မယ္ေပါ့၊ ေနာက္ face-shield ေတြ တပ္မယ္ေပါ့၊ ေနာက္ N95 mask ေတြရွိမယ္၊ ဒါမွမဟုတ္ရင္ PPE တို႔ surgical gown ေတြရွိမယ္၊ ေနာက္ shoe cover ေတြကအစ တပ္ထားတယ္၊ ဖိနပ္ကာဗာေတြေပါ့ေနာ္၊ ေနာက္လက္အိတ္ေတြေပါ့ေနာ္ glove ေတြ အဲဒါေတြအကုန္လုံး က်ေနာ္တို႔ ေလယာဥ္သားေတြ အကုန္လုံး ဝတ္ဆင္ၾကတယ္။”

ေမး။ ။ ကိုယ္တိုင္ ေရာဂါမရွိေပမဲ့ ေလယာဥ္တစီးထဲမွာ အခ်ိန္အၾကာၾကာ စီးရေတာ့ ကူးစက္ႏိုင္ေျခ ရွိတယ္ဆိုတဲ့ စိုးရိမ္မႈေတြလည္း ရွိတယ္ေပါ့။ အဲဒီအေျခအေနကို ဘယ္လိုျပင္ဆင္ထားပါလဲ။

ေလယာဥ္မႉးႀကီး ဦးေအာင္ပို ။ ။ “ ေလယာဥ္ေပၚမွာ ရွိတဲ့ေလက ေလကိုလွည့္ေပးတယ္ေပါ့ေနာ္၊ အဲဒီအခ်ိန္မွာ ခရီးသည္ခန္းထဲမွာရွိတဲ့ေလကို ခရီးသည္ရဲ႕ ေအာက္ပိုင္း ေျခေထာက္ေတြ ေဘးနားမွာရွိတဲ့ absorb ေပါက္ေတြကေန ေလကိုျပန္စုပ္သြားတယ္၊ တခ်ိဳ႕တဝက္သည္ အျပင္ဘက္ကို out flow ေလေပါက္ေတြကေန အျပင္ကို ထြက္သြားတယ္၊ တခ်ိဳ႕တဝက္ေတြကို က်ေနာ္တို႔က filter တခုခံၿပီး ေလကိုစုပ္ထုတ္ပစ္လိုက္တယ္၊ သေဘာကေတာ့ အဲဒီ filter ကို HEPA ( ဟီပါ) filter လို႔လည္း ေခၚတယ္။ သူက high efficiency particulate air ေပါ့၊ အဲဒီေလထဲမွာ အမႈန္အမႊားေတြ၊ ေရာဂါပိုးေတြကို အဲဒီ filter ကေန စုပ္ထုတ္ပစ္လိုက္တယ္ စစ္ထုတ္ပစ္လိုက္တယ္။ စစ္ၿပီးေတာ့ regulate လုပ္ၿပီး ေလက အျပင္ကရတဲ့ outside air နဲ႔ ျပန္ေပါင္းၿပီး ခရီးသည္ေတြေခါင္းေပၚ ေလေပါက္ေတြကေန ေလျပန္က်တယ္။ ကိုဗစ္ဆိုတာ ေပၚမလာခင္ကတည္းက ခရီးအရွည္ႀကီး သြားရတဲ့ ဟာေတြအတြက္ ပိတ္ထားတဲ့ေလထုထဲမွာ ေရာဂါပိုးရွိတဲ့လူေတြကေန ေနာက္လူေတြကို မကူးေအာင္ လုပ္ထားတဲ့ စနစ္တခုျဖစ္တယ္၊ ကိုဗစ္က N95 လိုမ်က္ႏွာဖုံးက စစ္ႏိုင္တယ္၊ ခုနကေျပာတဲ့ HEPA ကေန ေကာင္းေကာင္းလုပ္ႏိုင္တယ္ဆိုေတာ့ ေလကတဆင့္ ကူးႏိုင္စရာအေၾကာင္းမရွိဘူး ၁ အခ်က္၊ ေနာက္တခုက လူက PPE ဝတ္ထားမယ္ ဆိုလို႔ရွိရင္ေတာ့ တေယာက္နဲ႔တေယာက္ ကူးစရာအေၾကာင္း မရွိဘူးေပါ့ က်ေနာ္ေျပာခ်င္တာ။”

ေမး။ ။ ေလယာဥ္ေပၚကဝန္ထမ္းေတြ ေရာဂါကာကြယ္ဖို႔အတြက္ေရာ ဘာေတြျပင္ဆင္ရပါလဲ။

ေလယာဥ္မႉးႀကီး ဦးေအာင္ပို ။ ။ “ က်ေနာ္တို႔ ပိုင္းေလာ့ေတြနဲ႔ ေလယာဥ္ေမာင္မယ္ေတြနဲ႔မွာ ပိုၿပီး risk မ်ားတာက ေလယာဥ္ေမာင္မယ္ေတြက risk မ်ားတယ္ေပါ့။ ေလယာဥ္ေပၚမွာ အစားအေသာက္ေတြ ေကြၽးတဲ့အခ်ိန္က်ရင္ ခရီးသည္ေတြစားၿပီးသားကေန သူတို႔ခႏၶာကိုယ္ကထြက္တဲ့ တံေတြးတို႔ အဲလိုဟာေတြကေန ေပေနႏိုင္တယ္၊ အဲဒါကို မေတာ္တဆထိမိတဲ့ အခါမ်ိဳးေတြဆိုရင္လည္း သူတို႔အေနနဲ႔ ကူးႏိုင္တယ္ေပါ့ေနာ္။ အဲဒီအတြက္ က်ေနာ္တို႔က အကာအကြယ္ အျပည့္အစုံနဲ႔ ေသခ်ာဝတ္ထားတယ္ေပါ့။ ၿပီးေတာ့ ခုနကေျပာတဲ့ HEPA filter ေတြဆိုတာလည္း သူ႔အခ်ိန္နဲ႔တေျပးညီ က်ေနာ္တို႔ လဲေပးေနတယ္၊ ေလယာဥ္ေပၚမွာ positive ရွိတယ္ဆိုရင္ အဲဒီ filter ေတြအကုန္ျဖဳတ္လဲတယ္။ ေနာက္ ခရီးသည္ ျပန္ခ်တဲ့ အပိုင္းဆိုရင္လည္း MOHS ကေန သူတို႔ရဲ personal individual health declaration form ေတြ သူတို႔လက္ခံထားတယ္၊ ဟိုတယ္ quarantine ဆိုရင္လည္း ဟိုတယ္ quarantine စင္တာေတြ တခါတည္းပို႔တယ္ေပါ့။ ေနာက္ facility ဆိုရင္လည္း facility ( quarantine စင္တာေတြ) ကို တန္းၿပီးပို႔တယ္ေပါ့။”

ေမး။ ။ ဟုတ္ကဲ့ ခရီးစဥ္ဆုံးသြားၿပီဆိုရင္ ေနာက္ပိုင္း လုပ္ေဆာင္တဲ့အပိုင္း ေျပာျပေပးပါဦးခင္ဗ်။

ေလယာဥ္မႉးႀကီး ဦးေအာင္ပို ။ ။ “ သူတို႔ဆင္းသြားၿပီ ဆိုတဲ့အခ်ိန္မွာ ေလယာဥ္ႀကီးကို disinfection ဆိုၿပီး ျပန္လုပ္တယ္၊ အဲဒါကလည္း ဥပမာ ရန္ကုန္ကေန မေလးရွားကိုသြားတယ္၊ မေလးရွားေရာက္တယ္ ဒီကေနခရီးသည္ ပါသြားရင္ အဲဒီလူေတြအကုန္ဆင္းၿပီး ေလယာဥ္ကိုပိတ္ၿပီးေတာ့ disinfection လုပ္ပစ္လိုက္တယ္ေပါ့ သက္ဆိုင္ရာ ဟိုဘက္က။ ထိုနည္းတူစြာပဲ ျမန္မာႏိုင္ငံ ျပန္ေရာက္လာရင္ အကုန္လုံး ဆင္းသြားၿပီးတဲ့အခ်ိန္မွာ disinfection ျပန္လုပ္တယ္။ အဲဒီလို စနစ္တက် လုပ္ထားတဲ့အတြက္ ေလယာဥ္ေပၚမွာ ကူးစရာေတာ့ အေၾကာင္း တအားနည္းတယ္ေပါ့။ ဒီအတိုင္း ထိေတြ႕မႈ မရွိခဲ့ဘူးဆိုရင္ေတာ့။”

ျပည္ပေရာက္ ျမန္မာေတြအတြက္ ကယ္ဆယ္ေရး ေလယာဥ္ခရီးစဥ္ေတြ ပ်ံသန္းေပးေနတဲ့ ေလယာဥ္မႉးႀကီး ဦးေအာင္ပိုကို ဗြီအိုေအက ကိုေဇာ္ထက္ ေမးျမန္းခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

(Unicode)

ကိုဗစ်ကပ်ရောဂါကာလမှာ အကြောင်းအမျိုးမျိုးနဲ့ ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရက ကယ်ဆယ်ရေး လေယာဉ်တွေနဲ့ ပြန်ခေါ်ပေးနေတာတွေ ရှိပါတယ်။ နေရပ်ပြန်မယ့်သူတွေကို ဒီလိုလေကြောင်းကနေ ပြန်ခေါ်ရာမှာ ရောဂါကူးစက်မှုတွေမဖြစ်အောင်လည်း စီစဉ်ရတယ်လို့ ကယ်ဆယ်ရေး လေယာဉ်တွေမောင်းနှင်ပေးနေတဲ့ မြန်မာအမျိုးသား လေကြောင်းလိုင်းက လေယာဉ်မှူးကြီး ဦးအောင်ပိုကပြောပါတယ်။ နေရပ်ပြန်မယ့် မြန်မာနိုင်ငံသားတွေအတွက် ကယ်ဆယ်ရေး လေယာဉ်တွေနဲ့ ပြင်ဆင်ရတာတွေကို ကိုဇော်ထက်က ဆက်သွယ် မေးမြန်းထားပါတယ်။ အရင်ဆုံး ကယ်ဆယ်ရေးလေယာဉ်တွေ မထွက်ခင်စီစဉ်ရတဲ့အပိုင်းကို မေးမြန်းရာမှာတော့ သူက အခုလို စပြောပါတယ်။

လေယာဉ်မှူးကြီး ဦးအောင်ပို ။ ။ “ကျနော်တို့ လေယာဉ်က ခရီးသည်တွေမတင်ခင်ကတည်းက maintenance engineer တွေက လေယာဉ်ကို disinfection ရောဂါပိုးတွေ ကင်းစင်အောင်လို့ လုပ်ထားပြီးသားပေါ့နော်။ အဲဒီလေယာဉ်ကို ကျနော်တို့က လက်ခံယူတယ်၊ ယူပြီးတဲ့အခါမှာ လေယာဉ်ပေါ်ကို ခရီးသည် စတင်ပြီပေါ့။”

မေး။ ။ ဟိုဘက်အခြမ်းမှာ ခရီးသည်က လေယာဉ်ပေါ်မတက်ခင် ဘာတွေပြင်ဆင်ထားရမလဲဆရာ။

လေယာဉ်မှူးကြီး ဦးအောင်ပို ။ ။ “ လေယာဉ်ပေါ်တက်မယ့် ခရီးသည်တွေကိုသက်ဆိုင်ရာ ဒေသမှာရှိတဲ့ ဥပမာ စင်္ကာပူဆိုလည်း စင်္ကာပူပေါ့၊ မလေးရှားဆိုလည်း မလေးရှားပေါ့၊ အဲဒီက သက်ဆိုင်ရာ authority ရဲ့ ဆေးထောက်ခံချက်တွေ၊ အဲဒါတွေ ပါရမယ်ပေါ့၊ အဲဒါတွေရှိမယ်။ ကျနော် သတိထားမိသလောက်ကတော့ တချို့ နေရာပေါ် မူတည်ပြီးတော့ သူ့ရဲ့ regulation ( စည်းကမ်းချက်တွေ) ကွာတာကို သတိထားမိတယ်၊ ဥပမာအားဖြင့် စင်္ကာပူလိုမျိုး အဲလိုဆိုရင် သူတို့က သာမန်အဝတ်အစား တွေနဲ့ပဲ တက်လာတာ ရှိတယ်၊ ကိုရီးယားလိုမျိုး သွားသယ်တာမျိုးဆိုရင် အကုန်လုံးက PPE ဝတ်တဲ့ဟာမျိုးရှိတယ်၊ သူ့ရဲ့ ဒေသဆိုင်ရာ စည်းကမ်းတွေနဲ့လည်း ဆိုင်တယ်ပေါ့နော်၊ အားလုံး PPE ဝတ်နိုင်ရင်တော့ အကောင်းဆုံပေါ့။ ဒါကတော့ ခရီးသည် လက်ခံတဲ့အပိုင်းပေါ့။ လေဆိပ်မှာ အပူတိုင်း၊ လက်ဆေးတာကတော့ ထုံးစံ လုပ်ရမယ်ပေါ့နော်။”

မေး။ ။ လေယာဉ်ပေါ်ကို ခရီးသည်လာတဲ့အခါ ဘာတွေမဖြစ်မနေ လုပ်ရမလဲဆရာ ရောဂါကာကွယ်ဖို့။

လေယာဉ်မှူးကြီး ဦးအောင်ပို ။ ။ “ လေယာဉ်ပေါ်ရောက်သွားတဲ့ ခရီးသည်တွေ အကုန်လုံးကို ကျနော်တို့က hand sanitizer နဲ့ ဖြန်းပါတယ်၊ ပြီးရင် အပူတိုင်းတယ်ပေါ့။ ကိုယ့်ကိုယ်ကိုယ် prevention လုပ်တဲ့အပိုင်းကတော့ ခေါင်းမှာ cap တွေ ဝတ်မယ်ပေါ့၊ နောက် face-shield တွေ တပ်မယ်ပေါ့၊ နောက် N95 mask တွေရှိမယ်၊ ဒါမှမဟုတ်ရင် PPE တို့ surgical gown တွေရှိမယ်၊ နောက် shoe cover တွေကအစ တပ်ထားတယ်၊ ဖိနပ်ကာဗာတွေပေါ့နော်၊ နောက်လက်အိတ်တွေပေါ့နော် glove တွေ အဲဒါတွေအကုန်လုံး ကျနော်တို့ လေယာဉ်သားတွေ အကုန်လုံး ဝတ်ဆင်ကြတယ်။”

မေး။ ။ ကိုယ်တိုင် ရောဂါမရှိပေမဲ့ လေယာဉ်တစီးထဲမှာ အချိန်အကြာကြာ စီးရတော့ ကူးစက်နိုင်ခြေ ရှိတယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိတယ်ပေါ့။ အဲဒီအခြေအနေကို ဘယ်လိုပြင်ဆင်ထားပါလဲ။

လေယာဉ်မှူးကြီး ဦးအောင်ပို ။ ။ “ လေယာဉ်ပေါ်မှာ ရှိတဲ့လေက လေကိုလှည့်ပေးတယ်ပေါ့နော်၊ အဲဒီအချိန်မှာ ခရီးသည်ခန်းထဲမှာရှိတဲ့လေကို ခရီးသည်ရဲ့ အောက်ပိုင်း ခြေထောက်တွေ ဘေးနားမှာရှိတဲ့ absorb ပေါက်တွေကနေ လေကိုပြန်စုပ်သွားတယ်၊ တချို့တဝက်သည် အပြင်ဘက်ကို out flow လေပေါက်တွေကနေ အပြင်ကို ထွက်သွားတယ်၊ တချို့တဝက်တွေကို ကျနော်တို့က filter တခုခံပြီး လေကိုစုပ်ထုတ်ပစ်လိုက်တယ်၊ သဘောကတော့ အဲဒီ filter ကို HEPA ( ဟီပါ) filter လို့လည်း ခေါ်တယ်။ သူက high efficiency particulate air ပေါ့၊ အဲဒီလေထဲမှာ အမှုန်အမွှားတွေ၊ ရောဂါပိုးတွေကို အဲဒီ filter ကနေ စုပ်ထုတ်ပစ်လိုက်တယ် စစ်ထုတ်ပစ်လိုက်တယ်။ စစ်ပြီးတော့ regulate လုပ်ပြီး လေက အပြင်ကရတဲ့ outside air နဲ့ ပြန်ပေါင်းပြီး ခရီးသည်တွေခေါင်းပေါ် လေပေါက်တွေကနေ လေပြန်ကျတယ်။ ကိုဗစ်ဆိုတာ ပေါ်မလာခင်ကတည်းက ခရီးအရှည်ကြီး သွားရတဲ့ ဟာတွေအတွက် ပိတ်ထားတဲ့လေထုထဲမှာ ရောဂါပိုးရှိတဲ့လူတွေကနေ နောက်လူတွေကို မကူးအောင် လုပ်ထားတဲ့ စနစ်တခုဖြစ်တယ်၊ ကိုဗစ်က N95 လိုမျက်နှာဖုံးက စစ်နိုင်တယ်၊ ခုနကပြောတဲ့ HEPA ကနေ ကောင်းကောင်းလုပ်နိုင်တယ်ဆိုတော့ လေကတဆင့် ကူးနိုင်စရာအကြောင်းမရှိဘူး ၁ အချက်၊ နောက်တခုက လူက PPE ဝတ်ထားမယ် ဆိုလို့ရှိရင်တော့ တယောက်နဲ့တယောက် ကူးစရာအကြောင်း မရှိဘူးပေါ့ ကျနော်ပြောချင်တာ။”

မေး။ ။ လေယာဉ်ပေါ်ကဝန်ထမ်းတွေ ရောဂါကာကွယ်ဖို့အတွက်ရော ဘာတွေပြင်ဆင်ရပါလဲ။

လေယာဉ်မှူးကြီး ဦးအောင်ပို ။ ။ “ ကျနော်တို့ ပိုင်းလော့တွေနဲ့ လေယာဉ်မောင်မယ်တွေနဲ့မှာ ပိုပြီး risk များတာက လေယာဉ်မောင်မယ်တွေက risk များတယ်ပေါ့။ လေယာဉ်ပေါ်မှာ အစားအသောက်တွေ ကျွေးတဲ့အချိန်ကျရင် ခရီးသည်တွေစားပြီးသားကနေ သူတို့ခန္ဓာကိုယ်ကထွက်တဲ့ တံတွေးတို့ အဲလိုဟာတွေကနေ ပေနေနိုင်တယ်၊ အဲဒါကို မတော်တဆထိမိတဲ့ အခါမျိုးတွေဆိုရင်လည်း သူတို့အနေနဲ့ ကူးနိုင်တယ်ပေါ့နော်။ အဲဒီအတွက် ကျနော်တို့က အကာအကွယ် အပြည့်အစုံနဲ့ သေချာဝတ်ထားတယ်ပေါ့။ ပြီးတော့ ခုနကပြောတဲ့ HEPA filter တွေဆိုတာလည်း သူ့အချိန်နဲ့တပြေးညီ ကျနော်တို့ လဲပေးနေတယ်၊ လေယာဉ်ပေါ်မှာ positive ရှိတယ်ဆိုရင် အဲဒီ filter တွေအကုန်ဖြုတ်လဲတယ်။ နောက် ခရီးသည် ပြန်ချတဲ့ အပိုင်းဆိုရင်လည်း MOHS ကနေ သူတို့ရဲ personal individual health declaration form တွေ သူတို့လက်ခံထားတယ်၊ ဟိုတယ် quarantine ဆိုရင်လည်း ဟိုတယ် quarantine စင်တာတွေ တခါတည်းပို့တယ်ပေါ့။ နောက် facility ဆိုရင်လည်း facility ( quarantine စင်တာတွေ) ကို တန်းပြီးပို့တယ်ပေါ့။”

မေး။ ။ ဟုတ်ကဲ့ ခရီးစဉ်ဆုံးသွားပြီဆိုရင် နောက်ပိုင်း လုပ်ဆောင်တဲ့အပိုင်း ပြောပြပေးပါဦးခင်ဗျ။

လေယာဉ်မှူးကြီး ဦးအောင်ပို ။ ။ “ သူတို့ဆင်းသွားပြီ ဆိုတဲ့အချိန်မှာ လေယာဉ်ကြီးကို disinfection ဆိုပြီး ပြန်လုပ်တယ်၊ အဲဒါကလည်း ဥပမာ ရန်ကုန်ကနေ မလေးရှားကိုသွားတယ်၊ မလေးရှားရောက်တယ် ဒီကနေခရီးသည် ပါသွားရင် အဲဒီလူတွေအကုန်ဆင်းပြီး လေယာဉ်ကိုပိတ်ပြီးတော့ disinfection လုပ်ပစ်လိုက်တယ်ပေါ့ သက်ဆိုင်ရာ ဟိုဘက်က။ ထိုနည်းတူစွာပဲ မြန်မာနိုင်ငံ ပြန်ရောက်လာရင် အကုန်လုံး ဆင်းသွားပြီးတဲ့အချိန်မှာ disinfection ပြန်လုပ်တယ်။ အဲဒီလို စနစ်တကျ လုပ်ထားတဲ့အတွက် လေယာဉ်ပေါ်မှာ ကူးစရာတော့ အကြောင်း တအားနည်းတယ်ပေါ့။ ဒီအတိုင်း ထိတွေ့မှု မရှိခဲ့ဘူးဆိုရင်တော့။”

ပြည်ပရောက် မြန်မာတွေအတွက် ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်တွေ ပျံသန်းပေးနေတဲ့ လေယာဉ်မှူးကြီး ဦးအောင်ပိုကို ဗွီအိုအေက ကိုဇော်ထက် မေးမြန်းခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG