သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုယ်စားလှယ်ရွေးချယ်ရေး ဆိုင်းငံ့မှုကို အထွေထွေညီလာခံ အတည်ပြု


ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေမှုမြင်ကွင်း။
ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေမှုမြင်ကွင်း။

(Zawgyi / Unicode)

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံနဲ့ အာဖဂန်နစ္စတန် နိုင်ငံတို့အတွက် ဘယ်သူ့ကို ကိုယ်စားပြုခွင့် ပေးမလဲဆိုတာ စဉ်းစားဆုံးဖြတ်မယ့် အစီအစဉ်ကို ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ် စိစစ်လက်ခံရေး ကော်မတီ (Credentials Committee) က ဆိုင်းငံ့လိုက်တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၆ ရက် တနင်္လာနေ့ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အများသဘောတူညီချက်နဲ့ အတည်ပြုလိုက်ကြပါတယ်။

ဒါဟာ မြန်မာစစ်ကောင်စီနဲ့ အာဖဂန်ကို သိမ်းပိုက်ခဲ့တဲ့ တာလီဘန်တွေက တင်သွင်းတဲ့ ကုလဆိုင်ရာ ကိုယ်စားလှယ်တွေကို ထည့်သွင်းစဉ်းစားရွေးချယ်မှု မလုပ်တော့ဘဲ ငြင်းပယ်လိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် တနင်္လာနေ့ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ အတည်ပြု ဆုံးဖြတ်ချက်အရ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ယခင် အာဖဂန်သံအမတ်ကြီးတို့ဟာ ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ်တွေအဖြစ် ဆက်လက် တာဝန်ယူခွင့် ရသွားပါတယ်။

တနင်္လာနေ့ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကိုတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းရော ယခင် အာဖဂန်အစိုးရရဲ့ ကုလဆိုင်ရာ သံအမတ်ကြီးပါ လာရောက်စကားပြောဆိုခြင်း မရှိခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကုလသမဂ္ဂ ညီလာခံမှာ မိန့်ခွန်းပြောခဲ့တဲ့ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို နိုင်ငံတော်သစ္စာဖောက်အဖြစ် စစ်ကောင်စီက စွပ်စွဲထားပြီး ရာထူးက ဖယ်ရှားကြောင်း ကြေညာထားသလို သူ့နေရာမှာ ဝါရှင်တန်ဒီစီက မြန်မာစစ်သံမှူးနဲ့ အစားထိုးဖို့ကိုလည်း ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)







XS
SM
MD
LG