သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်နေရပ်ပြန်ရေး ဖိအားပေးမှု မရှိသေး


ရိုဟင်ဂျာ ဒုက္ခသည်များ
ရိုဟင်ဂျာ ဒုက္ခသည်များ

ဘင်္ဂလားဒေရှ့်က ရိုဟင်ဂျာ ဒုက္ခသည်တွေ ထဲက ပထမ အသုတ် အဖြစ် မနက်ဖြန်မှာ ဌာနေပြန်ရေး လုပ်ငန်းစဉ် စတင်ဖို့ ရှိနေချိန်မှာဘဲ ဖိအားပေးပြီး ဌာနေပြန်ခိုင်းမယ့် အရေးကို ဒုက္ခသည်တွေ စိုးရိမ်နေကြပါတယ်။ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကနေ ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေးမှာ ဘေးကင်းလုံခြုံမှု ရှိရှိ၊ လူ့ဂုဏ်သိက္ခာနဲ့ အညီ ဆန္ဒ အလျောက် ဖြစ်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက တိုက်တွန်းထားသလို ဘင်္ဂလားဒေရှ့် အစိုးရဘက်ကလည်း ဒုက္ခသည်တွေကို ဖိအားပေးပြီး ပြန်ခိုင်းမှာ မဟုတ်ဘူးလို့ ပြောဆိုထားတာပါ။ Unchiprang ဒုက္ခသည် စခန်းမှာက ဌာနေပြန်ပို့မယ့် စာရင်းမှာ ပါဝင်နေသူလို့ ဆိုတဲ့ ကိုတင်မောင်ဆန်း ကတော့ ဒီကနေ့ ဒီအချိန်ထိ ဌာနေပြန်ရေး ဖိအားပေးတာ မရှိသေးပေမယ့်လည်း စိုးရိမ်နေတယ်လို့ ပြောပါတယ်။ မသိဂီ ၤထိုက် ဆက်သွယ် မေးမြန်းထားပါတယ်။

သိင်္ဂ ီထိုက် ။ ။ မနက်ဖြန်မှာ စပြီးတော့ ပြန်ပို့မယ့် စာရင်းထဲမှာ ပါတာပါလားရှင့်။

ကိုတင်မောင်ဆန်း။ ။ ပါပါတယ် ခင်ဗျ။

သိင်္ဂ ီထိုက် ။ ။ ဘင်္ဂလားဒေရှ့် အစိုးရဘက်က ဘာတွေများ ပြင်ဆင်နေပါသလဲရှင့်။ ဘာတွေ လုပ်နေပါသလဲ အခု လောလောဆယ်။

ကိုတင်မောင်ဆန်း။ ။ သူတို့ အနေနဲ့ကတော့ ကျနော်တို့ကို အတင်းအကျပ် မလုပ်ဘူးလို့ ပြောနေတယ်။ လောလောဆယ်မှာတော့ သူတို့ အတင်း လုပ်မလား မလုပ်ဘူးလား မနက်ဖြန်မှဘဲ သိရှိပါမယ်။

သိင်္ဂ ီထိုက် ။ ။ ဟုတ်ကဲ့။ အခု ကိုတင်မောင်ဆန်းတို့ကို ပြန်ပို့မယ်ဆိုတော့ ဘယ်မှာ ထားထားပါသလဲရှင့်။ လူစုထားပါသလား။

ကိုတင်မောင်ဆန်း။ ။ အခုကတော့ မစုပါဘူး။ မနက်ဖြန်တော့ အစောကြီးဘဲ စုမယ်လို့ ထင်ပါတယ်။ ဒီမှာ ဌာနဆိုင်ရာတော့ ဒီမှာ ရေးနေပြီ။

သိင်္ဂ ီထိုက် ။ ။ ကိုတင်မောင်ဆန်းက အခု ဘယ်စခန်းမှာလဲရှင့်။

ကိုတင်မောင်ဆန်း။ ။ ကျနော်ကတော့ Unchiprang ဒုက္ခသည် စခန်းမှာပါ။

သိင်္ဂ ီထိုက် ။ ။ စခန်းထဲမှာ ဘယ်နှယောက်လောက် ရှိပါသလဲ။

ကိုတင်မောင်ဆန်း။ ။ ကျနော်လည်း ပါပါတယ်။ ကျနော့် ဆွေမျိုးတွေလည်း ပါပါတယ်။ ကျနော်တို့ စခန်းမှာ လူတွေ အများကြီး ပါပါတယ်။ အိမ်ထောင်စု ၃၀၀ ကျော်ကျော် ပါပါတယ် ခင်ဗျ။

သိင်္ဂ ီထိုက် ။ ။ ပြန်ပို့မယ့်သူတွေကို ဘယ်လို ရွေးပါသလဲရှင့်။

ကိုတင်မောင်ဆန်း။ ။ ဘာမှ ရွေးတာ မရှိပါဘူး။ အစိုးရက သူတို့ အချင်းချင်းဘဲ ပြောပါတယ်။ ကျနော်တို့ မြို့မှာ သွားရမယ်။ ပြန်ရမယ် ဒါဘဲ ပြောတယ်။ အတင်းကြီးတော့ လုပ်တာ မရှိပါဘူး။ မနက်ဖြန်တော့ အတင်းလုပ်လား မလုပ်လား မနက်ဖြန်မှ သိမှာပါ ခင်ဗျ။

သိင်္ဂ ီထိုက် ။ ။ ကိုတင်မောင်ဆန်းတို့ ဒီနေ့ အထိပေါ့နော်။ အခုကတော့ မိုးချုပ်ပါပြီ။ ဒီနေ့ အထိရော ပြန်ရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ အာဏာပိုင်တွေ ဘက်က လာပြီးတော့ ပြောတာမျိုး စီစဉ်တာမျိုး ဘာများ ရှိပါသလဲ။

ကိုတင်မောင်ဆန်း။ ။ အခုကတော့ အာဏာပိုင်တွေက လူကြီးတွေကိုဘဲ ပြောပါတယ်။ လူကြီးတွေက အိမ်ထောင် ဦးစီးတွေကို သွားပြီး ပြောပါတယ် ခင်ဗျ။

သိင်္ဂ ီထိုက် ။ ။ ကိုတင်မောင်ဆန်းတို့ကရော အခု အထုပ်အပိုး ပြင်ထားပြီလား မနက်ဖြန် ပြန်ရမယ်ဆိုတော့။

ကိုတင်မောင်ဆန်း။ ။ ကျနော်တို့ကို စာရင်းချတာ။ စာရင်းမှာတော့ မြင်ပါတယ် ခင်ဗျ။ ကျနော်တို့ကို စာရင်းချတာနဲ့ တော်တော်လေးကို စိုးရိမ်နေပါတယ် ခင်ဗျ။ အဲဒါကြောင့် မို့လို့ ကျနော် ပြောပါတယ် ခင်ဗျ။

သိင်္ဂ ီထိုက် ။ ။ အဲတော့ ကိုတင်မောင်ဆန်းတို့ အနေနဲ့ အထုပ် အပိုး ပြင်ထားတာ ဘာညာ ဘာမှ မရှိဘူးပေါ့။

ကိုတင်မောင်ဆန်း။ ။ ဘာမှ မရှိပါဘူး ခင်ဗျ။

သိင်္ဂ ီထိုက် ။ ။ အဲဒီတော့ အာဏာပိုင်တို့ဘက်ကရော ဖိအားပေးနေတာမျိုး မဖြစ်မနေ ပြန်ရမယ်။ ကားပေါ်ဆွဲတင်မယ်ဆိုတဲ့ အနေအထားရော ရှိပါသလားရှင့်။

ကိုတင်မောင်ဆန်း။ ။ အဲလို ကတော့ အခုထိ မရှိပါဘူး။ ကျနော်တို့နဲ့ ဌာနေပြန်ဖို့နဲ့က သိပ်တော့ မကွာပါဘူးခင်ဗျာ။ ၅ မိုင် ၆ မိုင် လောက်ဘဲ ဝေးတာပါ။

သိင်္ဂ ီထိုက် ။ ။ ၅ မိုင် ၆ မိုင် လောက်ဘဲ ကွာတယ်ဆိုတော့ မနက်ဖြန်မှာ စကြမယ်ဆိုတဲ့ အခါရောက်တော့ ဌာနေပြန်ရေး အတွက် လှုပ်လှုပ်ရှားရှား ဖြစ်နေတာမျိုး အာဏာပိုင်တွေ လာပြီးတော့ သွားဖို့ လာဖို့ ပြင်ဆင်တာမျိုးတွေလည်း ဘာမှ မရှိသေးဘူးပေါ့နော်။

ကိုတင်မောင်ဆန်း။ ။ လောလောဆယ်တော့ မရှိပါဘူး။ အာဏာပိုင်တွေက လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားတာ ရှိပါတယ်။

သိင်္ဂ ီထိုက် ။ ။ ဌာနေပြန်ရေးမှာ ကိုတင်မောင်ဆန်းတို့လို မပြန်ချင်တဲ့သူတွေက ဘာဖြစ်လို့ စာရင်းထဲမှာ ပါနေရတာလဲ။

ကိုတင်မောင်ဆန်း။ ။ အဲဒါက ဘင်္ဂလား အစိုးရက။ ကျနော်တို့ သဘောထားနဲ့ စာရင်းလုပ်ထားတာ မဟုတ်ပါဘူး။ ကိုယ့်သဘောနဲ့ကိုယ် လုပ်ထားပြီး ကျနော်တို့ကို အကြောင်းကြားတာဘဲ ဖြစ်တယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG