သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတသမီး Ivanka ဦးဆောင်မည့်ဆွေးနွေးပွဲ မြန်မာစီးပွားရေးလုပ်ငန်းရှင် မစန္ဒာမျိုးတက်ရောက်မည်


အရေးကြီးတဲ့ ကမ္ဘာ့ရေးရာတွေကို ဆွေးနွေးတဲ့ Concordia နှစ်ပတ်လည်ညီလာခံမှာ အမျိုးသမီးအခွင့်အရေးနဲ့ အမျိုးသမီးစွမ်းဆောင်ရည် မြှင့်တင်ရေးကိစ္စကို အမေရိကန်သမ္မတရဲ့ သမီး Ivanka Trump က ဒီကနေ့ ဦးဆောင်နွေးမှာဖြစ်ပါတယ်။ ကမ္ဘာတဝန်း အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနဲ့ သာယာဝပြောရေး (W-GDP) အစပြုအစီအစဉ်မှာ Ivanka Trump ပါဝင်ဆောင်ရွက်နေတဲ့ ကိစ္စတွေကို ဆွေးနွေးမှာပါ။

စီးပွားရေးနဲ့ နိုင်ငံရေးအဆင့်တိုင်းမှာ အမျိုးသမီးတွေအနေနဲ့ အမျိုးသားတွေနဲ့ တန်းတူပါဝင်နိုင်မှသာ ကမ္ဘာကြီတည်ငြိမ်မှုရှိမယ်ဆိုတဲ့ အချက်ကို အသားပေး ဆောင်ရွက်နေတဲ့ Trump အစိုးရရဲ့လုပ်ငန်းတွေမှာ သမ္မတသမီး Ivanka Trump ကဦးဆောင်လုပ်နေတာဖြစ်ပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပနေချိန်နဲ့ တချိန်ထဲကျင်းပတဲ့ Concordia ညီလာခံက အရေးပါတဲ့ ဆုံးဖြတ်ချက်ချမှတ်သူတွေအပြင် အစိုးရ၊ ပုဂ္ဂလိကနဲ့ ပရဟိတကဏ္ဍစုံက အတွေ့အကြုံရှိသူတွေပါဝင်ဆွေးနွေးကြတဲ့ ညီလာဖြစ်ပါတယ်။

ဒီကနေ့ ပြုလုပ်မယ့်ဆွေးနွေးပွဲကို မြန်မာနိုင်ငံက လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ အတွေ့အကြုံများတဲ့ မစန္ဒာမျိုးလည်း တက်ရောက်ပါလိမ့်မယ်။ သစ်သီးဝလံ၊ ပန်းမံနဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းရဲ့အထွေထွေအတွင်းရေးမှုး မစန္ဒာမျိုးဟာ မြန်မာနိုင်ငံက သရက်သီး၊ ထောပါတ်သီး၊ ပိန်းဥနဲ့ ကော်ဖီထွက်ကုန်တွေကို နိုင်ငံခြားတင်ပို့ရေးနဲ့ ရင်းနှီးမြှပ်နှံရေးအတွက် ဆောင်ရွက်နေသူဖြစ်ပါတယ်။

အမေရိကန်အစိုးရအစီအစဉ်တခုဖြစ်တဲ့ စီးပွားရေးမှာ အမျိုးသမီးများပါဝင်နိုင်မှု အခက်အခဲကျော်လွှားရေး နိုင်ငံတကာဦးဆောင်သူများအစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတာဖြစ်ပါတယ်။ မစန္ဒာမျိုးအပါအဝင် နိုင်ငံတကာကစီးပွားရေးဦးဆောင်သူ ၁၈ ယောက်ပါတဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့တပတ်က ဝါရှင်တန်မြို့တော်ကို လာရောက်စဉ်မှာ သမ္မတအကြံပေးလည်းဖြစ်တဲ့ Ivanka Trump နဲ့တေ့ွဆုံခဲ့ပါတယ်။

.................

{Unicode}






တိုက်ရိုက် လင့်ခ်


XS
SM
MD
LG