(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ ကမ္းလြန္ ေရနံသဘာဝဓာတ္ေငြ႔သုိေလွာင္ရုံတခု တည္ေဆာက္ဖို႔ ကိုရီးယား သေဘာၤတည္ေဆာက္ေရးနဲ႔ ကမ္းလြန္အင္ဂ်င္နီယာလုပ္ငန္းကုမၸဏီအေနနဲ႔ ေဒၚလာ သန္း ၄၅၀ တန္ဖိုးရွိတဲ့ သေဘာတူခ်က္တစ္ခု ရလိုက္ပါၿပီ။
ဒီေတာင္ကိုရီးယားကုမၸဏီအေနနဲ႔ Posco International ကုမၸဏီႀကီးကေန၊ ဒီ တည္ေဆာက္ေရးသေဘာတူမူ ရရွိလိုက္တာျဖစ္ၿပီး၊ ၂၀၂၄ မွာ အၿပီးေဆာက္လုပ္ေပးရမယ္လို႔ ေတာင္ကိုရီးယား Yonhap သတင္းဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ဒီ ေတာင္ကိုရီးယား သေဘၤာတည္ေဆာက္ေရးကုမၸဏီကပဲ၊ အခုေရနံသဘာဝဓာတ္ေငြ႔ သုိေလွာင္ရုံကို ဘဂၤလားပင္လယ္ေအာ္ထဲက ေရႊ Gas သဘာဝဓာတ္ေငြ႔အကြက္မွာ တည္ေဆာက္မွာျဖစ္တယ္လို႔ ဆိုပါတယ္။
ဒီေရႊ Gas သဘာဝဓာတ္ေငြ႔စီမံကိန္းႀကီးမွာ သဘာဝဓာတ္ေငြ႔ကြက္မ်ာစြာပါဝင္ၿပီး၊ ရခိုင္ျပည္နယ္ကမ္းလြန္က A-1 နဲ႔ A-3 အကြက္ထဲက ေရႊ၊ ေရႊျဖဴနဲ႔ ျမ ကမ္းလြန္သဘာဝဓာတ္ေငြ႔အကြက္ေတြပါဝင္ပါတယ္။
Posco International ကုမၸဏီဦးေဆာင္ၿပီး ကုမၸဏီ ၆ ခုပါတဲ့၊ ဒီစီမံကိန္းရဲ့ အဆင့္ ၃ ဆင့္ထဲက ပထမအဆင့္ျဖစ္တဲ့၊ ေရြ Gas သဘာဝဓာတ္ေငြ႔ထုတ္လုပ္မူကို ၂၀၁၃ ႏွစ္လယ္မွာ စႏုိင္ခဲ့ၿပီး၊ က်န္ ၂ ဆင့္ကိုဆက္လုပ္ေနရာမွာ၊ ဒုတိယအဆင့္အေနနဲ႔ ၂၀၂၂ ဒုတိယေလးလပတ္မွာ စထုတ္ႏိုင္ဖို႔ ေမွ်ာ္မွန္းထားပါတယ္။
Posco ကုမၸဏီအေနနဲ႔ အစုရွယ္ရာ ၅၁% ထည့္ဝင္ထားၿပီး၊ အိႏိၵယရဲ့ ONGC ကုမၸဏီက ၁၇%၊ ျမန္မာ့ေရနံနဲ႔သဘာဝဓာတ္ေငြ႔လုပ္ငန္းက ၁၅%၊ ေနာက္အိႏၵယရဲ့ GAIL ကုမၸဏီက ၈.၅% နဲ႔ ေတာင္ကိုရီးယားရဲ့ KOGAS ကုမၸဏီက ၈% ထည့္ဝင္ထားပါတယ္။
.................
ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းအတွက် ဓါတ်ငွေ့သိုလှောင်ရုံ ကိုရီးယားကုမ္ပဏီ တည်ဆောက်မည်
(Unicode)
မြန်မာနိုင်ငံမှာ ကမ်းလွန် ရေနံသဘာဝဓာတ်ငွေ့သိုလှောင်ရုံတခု တည်ဆောက်ဖို့ ကိုရီးယား သဘောၤတည်ဆောက်ရေးနဲ့ ကမ်းလွန်အင်ဂျင်နီယာလုပ်ငန်းကုမ္ပဏီအနေနဲ့ ဒေါ်လာ သန်း ၄၅၀ တန်ဖိုးရှိတဲ့ သဘောတူချက်တစ်ခု ရလိုက်ပါပြီ။
ဒီတောင်ကိုရီးယားကုမ္ပဏီအနေနဲ့ Posco International ကုမ္ပဏီကြီးကနေ၊ ဒီ တည်ဆောက်ရေးသဘောတူမူ ရရှိလိုက်တာဖြစ်ပြီး၊ ၂၀၂၄ မှာ အပြီးဆောက်လုပ်ပေးရမယ်လို့ တောင်ကိုရီးယား Yonhap သတင်းဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီ တောင်ကိုရီးယား သင်္ဘောတည်ဆောက်ရေးကုမ္ပဏီကပဲ၊ အခုရေနံသဘာဝဓာတ်ငွေ့ သိုလှောင်ရုံကို ဘင်္ဂလားပင်လယ်အော်ထဲက ရွှေ Gas သဘာဝဓာတ်ငွေ့အကွက်မှာ တည်ဆောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီရွှေ Gas သဘာဝဓာတ်ငွေ့စီမံကိန်းကြီးမှာ သဘာဝဓာတ်ငွေ့ကွက်မျာစွာပါဝင်ပြီး၊ ရခိုင်ပြည်နယ်ကမ်းလွန်က A-1 နဲ့ A-3 အကွက်ထဲက ရွှေ၊ ရွှေဖြူနဲ့ မြ ကမ်းလွန်သဘာဝဓာတ်ငွေ့အကွက်တွေပါဝင်ပါတယ်။
Posco International ကုမ္ပဏီဦးဆောင်ပြီး ကုမ္ပဏီ ၆ ခုပါတဲ့၊ ဒီစီမံကိန်းရဲ့ အဆင့် ၃ ဆင့်ထဲက ပထမအဆင့်ဖြစ်တဲ့၊ ရွေ Gas သဘာဝဓာတ်ငွေ့ထုတ်လုပ်မူကို ၂၀၁၃ နှစ်လယ်မှာ စနိုင်ခဲ့ပြီး၊ ကျန် ၂ ဆင့်ကိုဆက်လုပ်နေရာမှာ၊ ဒုတိယအဆင့်အနေနဲ့ ၂၀၂၂ ဒုတိယလေးလပတ်မှာ စထုတ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။
Posco ကုမ္ပဏီအနေနဲ့ အစုရှယ်ရာ ၅၁% ထည့်ဝင်ထားပြီး၊ အိန္ဒိယရဲ့ ONGC ကုမ္ပဏီက ၁၇%၊ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းက ၁၅%၊ နောက်အိန္ဒယရဲ့ GAIL ကုမ္ပဏီက ၈.၅% နဲ့ တောင်ကိုရီးယားရဲ့ KOGAS ကုမ္ပဏီက ၈% ထည့်ဝင်ထားပါတယ်။