သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္နဲ႔ စစ္ေရးတင္းမာမႈအေပၚ ထိုင္၀မ္ေရာက္ ျမန္မာေတြစိုးရိမ္


(Zawgyi / Unicode)

ထိုင္ဝမ္နဲ႔ပတ္သက္လို႔ ၿပီးခဲ့တဲ့ လပိုင္းေတြအတြင္း တ႐ုတ္ႏိုင္ငံက ႀကီးမားတဲ့ စစ္အင္အားျပ ၿခိမ္းေျခာက္မႈေတြ လုပ္ခဲ့ၿပီးေနာက္ ထိုင္ဝမ္ ကြၽန္းသားေတြၾကား စိုးရိမ္စိတ္တခ်ိဳ႕ ဝင္ခဲ့ေပမဲ့ တ႐ုတ္ႏိုင္ငံဟာ စစ္ေရးနည္းအစား ထိုင္ဝမ္ကို စီးပြားေရးလမ္းေၾကာင္း ျဖတ္ေတာက္ ပိတ္ဆို႔တဲ့နည္းနဲ႔ အင္အားခ်ိနဲ႔ေအာင္ လုပ္ႏိုင္ေျခ ပိုမ်ားတယ္လို႔ ထိုင္ဝမ္မွာ အေျခခ်ေနထိုင္ေနၾကတဲ့ တ႐ုတ္ႏြယ္ဖြား ျမန္မာတခ်ိဳ႕က သုံးသပ္ၾကပါတယ္။ ဒါေပမဲ့လည္း တ႐ုတ္က တကယ္ တိုက္ခိုက္လာခဲ့ရင္ စစ္ေရးနည္းနဲ႔ ျပန္တုန႔္႔ျပန္ဖို႔ ထိုင္ဝမ္မွာ အစီအစဥ္ရွိေၾကာင္း သူတို႔က ေျပာၾကပါတယ္။ ဆက္သြယ္ေမးျမန္းထားတဲ့ ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ေပါင္း(၃၀) ဝန္းက်င္ကတည္းက လိုအပ္လာရင္ ထိုင္ဝမ္ကို စစ္ေရးနည္းနဲ႔ ဝင္သိမ္းမယ္လို႔ ၿခိမ္းေျခာက္လာခဲ့တဲ့ တ႐ုတ္အစိုးရဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လထဲမွာ အေမရိကန္ ေအာက္လႊတ္ေတာ္ဥကၠဌ Nancy Pelosi ထိုင္ဝမ္ကို သြားေရာက္လည္ပတ္ခဲ့ၿပီးေနာက္ တ႐ုတ္ရဲ႕ ေလတပ္နဲ႔ ေရတပ္ေတြက ထိုင္ဝမ္ေရလက္ၾကားမွာ ႀကီးမားတဲ့ စစ္အင္အားျပ ၿခိမ္းေျခာက္မႈေတြ လုပ္ခဲ့တဲ့အတြက္ ႏိုင္ငံတကာကေရာ ထိုင္ဝမ္ ျပည္သူ ေတြကပါ တုန္လႈပ္ခဲ့ရပါတယ္။

စစ္မႈ မထမ္းမေနရ ဥပေဒသတ္မွတ္ခ်က္ ရွိတဲ့ ထိုင္ဝမ္မွာ စစ္သာျဖစ္လာခဲ့မယ္ဆိုရင္ ဆိုတဲ့အေတြးနဲ႔ ထိုင္၀မ္စစ္တပ္က အစမ္းေလ့က်င့္မႈေတြ ရွိေၾကာင္း တိုင္ေပျမဳိ႕ေတာ္မွာ ေနတဲ့ ကိုေက်ာ္ကိုေမာင္က ေျပာပါတယ္။

“အေမရိကန္ လႊတ္ေတာ္ ဥကၠဌ Nancy Pelosi လာတဲ႔ ေန႔က စၿပီးေတာ့ တ႐ုတ္က ထိုင္၀မ္ ပတ္ပတ္လည္ ေနရာ ၆ ေနရာမွာ စစ္ေရး ေလ႔က်င့္မႈေတြ လုပ္တယ္။ ၿခိမ္းေျခာက္တဲ႔ သေဘာေပါ့ေနာ္။ ထိုင္၀မ္မွာကေတာ့ အရြယ္ေရာက္ၿပီးသား သူတိုင္း စစ္မႈ မထမ္းမေနရ ဥပေဒ ရွိတယ္ ခင္ဗ်။ အေရးေပၚ ဥၾသဆြဲၿပီးေတာ့ လမ္းေပၚက ကားေတြ ဆိုလည္း လမ္းေဘးမွာ ကပ္ရပ္။ အိမ္ထဲမွာ ရွိတဲ႔ လူေတြလည္း အျပင္မထြက္ရ ဒီလိုမ်ိဳး စည္းမ်ဥ္း စည္းကမ္းေတြနဲ႔ ေလ႔က်င့္မႈေတြ လုပ္ခဲ႔တယ္ေပါ့ေနာ္။ တကယ္လို႔ စစ္သာ ျဖစ္ခဲ႔ရင္ ဘယ္လိုမ်ိဳး ေလ႔က်င့္ရမလဲ၊ ဘယ္လိုမ်ိဳး ေရွာင္ရွားၾကမလဲ ပံုစံ အစမ္းေလ႔က်င့္တဲ႔ သေဘာေပါ့ေလ။ ”

တ႐ုတ္ ျပည္မႀကီးက ထိုင္ဝမ္ကို တကယ္ပဲ စစ္ေရးအရ ဝင္တိုက္မွာလား ဆိုတာကိုေတာ့ ခုခ်ိန္ထိ သံသယ ဝင္ေနသူက ထိုင္ဝမ္ ႏိုင္ငံသားအျဖစ္ ခံယူထားတဲ့ ကိုထြန္းေဇာ္ခင္ ျဖစ္ပါတယ္။

“ ဒီ တ႐ုတ္ျပည္မက ဒံုးက်ည္နဲ႔ လွမ္းပစ္ၿပီး စစ္တိုက္လာရင္ ဘယ္လို ေနရာမွာ ဗံုးခိုက်င္းေတြ ရွိမယ္။ ဘယ္လို ေနရာမွာ သြားၿပီးေတာ့ ေရွာင္ရမလဲ ဒါေတြကေတာ့ သူတို႔က ေျပာျပေပးတယ္။ ဒါေပမဲ႔ အထူးတလည္ ေလ႔က်င့္ေပးတာမ်ိဳးေတာ့ မရွိဘူးေပါ့ေနာ္။ ဒါေၾကာင့္ ေျပာရမယ္ဆိုရင္ေတာ့ တကယ္တန္း ျဖစ္လာၿပီ ဆိုရင္လည္း ေလ႔က်င့္ထားတာ မရွိတဲ႔ အတြက္ တကယ္ေတာ့လည္း စိတ္ပူစရာ တခုေပါ့။ ဒါေပမဲ႔လည္း အမ်ားသူငါလည္း ဒီဥစၥာေတြကို လစ္လ်ဴရႈထားတာေတြ ရွိတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ တဖက္က ဒီလိုမ်ိဳးဘဲ ၿခိမ္းေျခာက္ေနတာ အေျပာနဲ႔ ၿပီးၿပီးသြားတာ ျဖစ္တဲ႔ အတြက္ေၾကာင့္ ျပည္သူေတြ စိတ္ထဲမွာေတာ့ ေၾကာက္ရြံ႔ စိုးရိမ္ ပူပန္ ေၾကာက္ရြံ႔မႈေတာ့ မရွိပါဘူး။ ”

ၾသဂုတ္လထဲ တ႐ုတ္ရဲ႕ စစ္အင္အားျပ ၿခိမ္းေျခာက္မႈ ၾကဳံလာၿပီးေနာက္ ထိုင္ဝမ္စာသင္ေက်ာင္း တခ်ဳိ႕မွာ ကေလးေတြ ဘယ္ေနရာမွာ ဗုံးခိုရမယ္၊ ေသြးထြက္သံယို ျဖစ္လာရင္ ဘယ္လို ျပဳစုရမယ္ဆိုတဲ့ ေရွးဦးသူနာျပဳနည္းေတြကို သက္ဆိုင္သူေတြက လက္ေတြ႕ျပသၾကတဲ့ ဗြီဒီယိုဖိုင္ေတြ ထြက္ေပၚလာပါတယ္။

အကယ္၍ တ႐ုတ္ျပည္မႀကီးကသာ စစ္ေရးအရ ဝင္တိုက္လာရင္ ထိုင္ဝမ္အေနနဲ႔လည္း စစ္ေရးအရ ကာကြယ္သြားဖို႔ ထိုင္ဝမ္အစိုးရက ျပည္သူကို အသိေပးထားၿပီးျဖစ္ေၾကာင္း ထိုင္ဝမ္အေနာက္ဖက္ျခမ္း ကမ္း႐ိုးတန္း Taichung ျမဳိ႕မွာေနတဲ့ မပြင့္သက္မိုက ေျပာပါတယ္။

“ ထိုင္၀မ္ အစိုးရက သူတို႔ အႏိုင္က်င့္လာရင္ေတာ့ လံုး၀ မခံဘူး။ ရတဲ႔နည္းနဲ႔ ခုခံသြားမယ္လို႔ အဲလိုမ်ိဳးေတာ့ ေျပာတာ သတင္းေတြမွာေတာ့ ေတြ႕ရပါတယ္။ ဒီ ကြ်န္းမႀကီးရဲ႕ ေဘးက ကြ်န္းေလးေတြမွာေတာ့ အဲလိုမ်ိဳး ရွိတယ္ေပါ့။ ကာကြယ္ထားတာ။ ဒီလိုမ်ိဳး တပ္ေတြ၊ ေနာက္ၿပီးေတာ့ အထူးကြန္မန္ဒို တပ္ေတြ ဘာေတြ ကေတာ့ အရင္ကတည္းက ရွိတာ။ ထိုင္၀မ္ လူမ်ိဳးေတြကေရာ သူတို႔ လိုအပ္လာလို႔ ရွိရင္ တိုင္းျပည္ အတြက္ေပါ့ေနာ္ တိုက္ဖို႔ အဆင္သင့္ဘဲလို႔ ေျပာၾကပါတယ္။ ”
ဒါေပမဲ့လည္း တ႐ုတ္အစိုးရက လိုအပ္လို႔ ဖိအားေပးမယ္ဆိုရင္ေတာင္ ထိုင္ဝမ္ကို စစ္ေရးနည္းထက္စာရင္ စီးပြားေရးလမ္းေၾကာင္း ပိတ္ဆို႔ ျဖတ္ေတာက္တဲ့နည္းမ်ဳိးကို ပိုသုံးႏိုင္ေၾကာင္း ကိုထြန္းေဇာ္ခင္က သုံးသပ္ပါတယ္။

“ တကယ္ေတာ့ ႏွစ္ ၃၀ ကာလ အတြင္းမွာ ဒီလိုမ်ိဳး ၿခိမ္းေျခာက္မႈက ေတာက္ေလွ်ာက္ ျဖစ္ေနတဲ႔ အတြက္ေၾကာင့္ အမ်ားသူငါရဲ႕ စိတ္ထဲမွာ ဘယ္လို ျဖစ္ေနလဲ ဆိုေတာ့ ဒါက ၿခိမ္းေျခာက္မႈ သက္သက္ဘဲ။ သူတို႔ အလြန္ဆံုး လုပ္ႏိုင္ရင္ ထိုင္၀မ္ ကြ်န္းေပၚကို စီးပြားေရး ပိတ္ဆို႔မႈ လုပ္မယ္။ ဥပမာေပါ့ေနာ္ သူတို႔ ျပည္မႀကီး ခရီးသြားေတြကို ထိုင္၀မ္ကို မလာခိုင္းျခင္း အားျဖင့္ ထိုင္၀မ္ရဲ႕ ခရီးသြားလုပ္ငန္းေတြ ရပ္တန္႔လုနီးပါး ျဖစ္သြားေအာင္ သူတို႔ လုပ္ခဲ႔ဖူးတယ္။ ဥပမာ ထိုင္၀မ္က ထုတ္ကုန္ေတြ သူတို႔ျပည္ကို ေပးမသြင္းတာတို႔ စသျဖင့္ ဒီလိုမ်ိဳး နည္းမ်ိဳးစံုနဲ႔ စီးပြားေရး ပိတ္ဆို႔မႈကေတာ့ သူတို႔ လုပ္ၿမဲ လုပ္ေလ႔ ရွိတယ္။ ဒါက အဓိက တခ်က္ေပါ့။ တကယ္တန္း စစ္ ၀င္တိုက္မလား မတိုက္ဘူးလား ဆိုတာကေတာ့ အမ်ားစုကေတာ့ မျဖစ္ဘူးဘဲ ယံုၾကည္ၾကတယ္ေပါ့ေနာ္။ သို႔ေသာ္ျငားလည္းေပါ့ မိုက္႐ူးရဲဆန္တဲ႔ ဒီ အုပ္ခ်ဳပ္သူေတြ ရွိတယ္ ဆိုရင္ေတာ့ ျဖစ္ေကာင္း ျဖစ္သြားႏိုင္တယ္။ ဒါကလည္း တ႐ုတ္ ျပည္သူ႔ သမၼတ ႏိုင္ငံရဲ႕ မစၥတာ ရွီက်င့္ပင္ ကေတာ့ ဒီ အေရွ႕က ဟူက်င္းေတာင္ တို႔ စသျဖင့္ေပါ့ေနာ္ ေခါင္းေဆာင္ေတြထက္ စာရင္ေတာ့ သူက ပိုၿပီးေတာ့ ျပတ္သားတယ္။ သူ လုပ္မယ္ဆိုရင္ေတာ့ သူ လုပ္ကို လုပ္မယ္လို႔ စိတ္ကို ဆံုးျဖတ္ထားတာေတာ့ ေတြ႕ရတယ္။ ”

အေမရိကန္အေျခစိုက္ Carnegie Endowment for Peace ႏိုင္ငံတကာ မူဝါဒ ေလ့လာေရးအဖြဲ႔ကေတာ့ တ႐ုတ္က လာမယ့္ႏွစ္ပိုင္းအတြင္း စစ္ေရးအရ ဝင္တိုက္ႏိုင္တယ္ဆိုတဲ့ အစီရင္ခံစာတေစာင္ကို ထုတ္ျပန္ထားပါတယ္။

တရုတ္ႏိုင္ငံ စစ္တပ္ အင္အားကေတာ့ အျမဲတမ္းစစ္သည္ ၂,၀၀၀,၀၀၀ ေက်ာ္ရွိၿပီး အရံစစ္သည္ ၅၀၀,၀၀၀ ေက်ာ္ ရွိကာ ၂၀၂၂ ခုႏွစ္အတြက္ စစ္အသုံးစရိတ္ ဘတ္ဂ်က္ အေမရိကန္ေဒၚလာ ဘီလ်ံ ၂၃၀ နီးပါးရွိတယ္လို႔ ဆိုပါတယ္။ ထိုင္ဝမ္ စစ္အင္အားကေတာ့ အျမဲတမ္းစစ္သည္ ၁၇၀,၀၀၀ ေက်ာ္ ရွိၿပီးအရံစစ္သည္ ၁၂,၀၀၀ နီးပါးရွိတယ္လို႔ သုေတသန စာတမ္းေတြက ေဖၚျပပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

တရုတ်နဲ့ စစ်ရေးတင်းမာမှုအပေါ် ထိုင်ဝမ်ရောက် မြန်မာတွေစိုးရိမ်

ထိုင်ဝမ်နဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တရုတ်နိုင်ငံက ကြီးမားတဲ့ စစ်အင်အားပြ ခြိမ်းခြောက်မှုတွေ လုပ်ခဲ့ပြီးနောက် ထိုင်ဝမ် ကျွန်းသားတွေကြား စိုးရိမ်စိတ်တချို့ ဝင်ခဲ့ပေမဲ့ တရုတ်နိုင်ငံဟာ စစ်ရေးနည်းအစား ထိုင်ဝမ်ကို စီးပွားရေးလမ်းကြောင်း ဖြတ်တောက် ပိတ်ဆို့တဲ့နည်းနဲ့ အင်အားချိနဲ့အောင် လုပ်နိုင်ခြေ ပိုများတယ်လို့ ထိုင်ဝမ်မှာ အခြေချနေထိုင်နေကြတဲ့ တရုတ်နွယ်ဖွား မြန်မာတချို့က သုံးသပ်ကြပါတယ်။ ဒါပေမဲ့လည်း တရုတ်က တကယ် တိုက်ခိုက်လာခဲ့ရင် စစ်ရေးနည်းနဲ့ ပြန်တုန့်ပြန်ဖို့ ထိုင်ဝမ်မှာ အစီအစဉ်ရှိကြောင်း သူတို့က ပြောကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း(၃၀) ဝန်းကျင်ကတည်းက လိုအပ်လာရင် ထိုင်ဝမ်ကို စစ်ရေးနည်းနဲ့ ဝင်သိမ်းမယ်လို့ ခြိမ်းခြောက်လာခဲ့တဲ့ တရုတ်အစိုးရဟာ ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ အမေရိကန် အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi ထိုင်ဝမ်ကို သွားရောက်လည်ပတ်ခဲ့ပြီးနောက် တရုတ်ရဲ့ လေတပ်နဲ့ ရေတပ်တွေက ထိုင်ဝမ်ရေလက်ကြားမှာ ကြီးမားတဲ့ စစ်အင်အားပြ ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တဲ့အတွက် နိုင်ငံတကာကရော ထိုင်ဝမ် ပြည်သူ တွေကပါ တုန်လှုပ်ခဲ့ရပါတယ်။

စစ်မှု မထမ်းမနေရ ဥပဒေသတ်မှတ်ချက် ရှိတဲ့ ထိုင်ဝမ်မှာ စစ်သာဖြစ်လာခဲ့မယ်ဆိုရင် ဆိုတဲ့အတွေးနဲ့ ထိုင်ဝမ်စစ်တပ်က အစမ်းလေ့ကျင့်မှုတွေ ရှိကြောင်း တိုင်ပေမြို့တော်မှာ နေတဲ့ ကိုကျော်ကိုမောင်က ပြောပါတယ်။

“အမေရိကန် လွှတ်တော် ဥက္ကဌ Nancy Pelosi လာတဲ့ နေ့က စပြီးတော့ တရုတ်က ထိုင်ဝမ် ပတ်ပတ်လည် နေရာ ၆ နေရာမှာ စစ်ရေး လေ့ကျင့်မှုတွေ လုပ်တယ်။ ခြိမ်းခြောက်တဲ့ သဘောပေါ့နော်။ ထိုင်ဝမ်မှာကတော့ အရွယ်ရောက်ပြီးသား သူတိုင်း စစ်မှု မထမ်းမနေရ ဥပဒေ ရှိတယ် ခင်ဗျ။ အရေးပေါ် ဥသြဆွဲပြီးတော့ လမ်းပေါ်က ကားတွေ ဆိုလည်း လမ်းဘေးမှာ ကပ်ရပ်။ အိမ်ထဲမှာ ရှိတဲ့ လူတွေလည်း အပြင်မထွက်ရ ဒီလိုမျိုး စည်းမျဉ်း စည်းကမ်းတွေနဲ့ လေ့ကျင့်မှုတွေ လုပ်ခဲ့တယ်ပေါ့နော်။ တကယ်လို့ စစ်သာ ဖြစ်ခဲ့ရင် ဘယ်လိုမျိုး လေ့ကျင့်ရမလဲ၊ ဘယ်လိုမျိုး ရှောင်ရှားကြမလဲ ပုံစံ အစမ်းလေ့ကျင့်တဲ့ သဘောပေါ့လေ။ ”

တရုတ် ပြည်မကြီးက ထိုင်ဝမ်ကို တကယ်ပဲ စစ်ရေးအရ ဝင်တိုက်မှာလား ဆိုတာကိုတော့ ခုချိန်ထိ သံသယ ဝင်နေသူက ထိုင်ဝမ် နိုင်ငံသားအဖြစ် ခံယူထားတဲ့ ကိုထွန်းဇော်ခင် ဖြစ်ပါတယ်။

“ ဒီ တရုတ်ပြည်မက ဒုံးကျည်နဲ့ လှမ်းပစ်ပြီး စစ်တိုက်လာရင် ဘယ်လို နေရာမှာ ဗုံးခိုကျင်းတွေ ရှိမယ်။ ဘယ်လို နေရာမှာ သွားပြီးတော့ ရှောင်ရမလဲ ဒါတွေကတော့ သူတို့က ပြောပြပေးတယ်။ ဒါပေမဲ့ အထူးတလည် လေ့ကျင့်ပေးတာမျိုးတော့ မရှိဘူးပေါ့နော်။ ဒါကြောင့် ပြောရမယ်ဆိုရင်တော့ တကယ်တန်း ဖြစ်လာပြီ ဆိုရင်လည်း လေ့ကျင့်ထားတာ မရှိတဲ့ အတွက် တကယ်တော့လည်း စိတ်ပူစရာ တခုပေါ့။ ဒါပေမဲ့လည်း အများသူငါလည်း ဒီဥစ္စာတွေကို လစ်လျူရှုထားတာတွေ ရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တဖက်က ဒီလိုမျိုးဘဲ ခြိမ်းခြောက်နေတာ အပြောနဲ့ ပြီးပြီးသွားတာ ဖြစ်တဲ့ အတွက်ကြောင့် ပြည်သူတွေ စိတ်ထဲမှာတော့ ကြောက်ရွံ့ စိုးရိမ် ပူပန် ကြောက်ရွံ့မှုတော့ မရှိပါဘူး။ ”

သြဂုတ်လထဲ တရုတ်ရဲ့ စစ်အင်အားပြ ခြိမ်းခြောက်မှု ကြုံလာပြီးနောက် ထိုင်ဝမ်စာသင်ကျောင်း တချို့မှာ ကလေးတွေ ဘယ်နေရာမှာ ဗုံးခိုရမယ်၊ သွေးထွက်သံယို ဖြစ်လာရင် ဘယ်လို ပြုစုရမယ်ဆိုတဲ့ ရှေးဦးသူနာပြုနည်းတွေကို သက်ဆိုင်သူတွေက လက်တွေ့ပြသကြတဲ့ ဗွီဒီယိုဖိုင်တွေ ထွက်ပေါ်လာပါတယ်။

အကယ်၍ တရုတ်ပြည်မကြီးကသာ စစ်ရေးအရ ဝင်တိုက်လာရင် ထိုင်ဝမ်အနေနဲ့လည်း စစ်ရေးအရ ကာကွယ်သွားဖို့ ထိုင်ဝမ်အစိုးရက ပြည်သူကို အသိပေးထားပြီးဖြစ်ကြောင်း ထိုင်ဝမ်အနောက်ဖက်ခြမ်း ကမ်းရိုးတန်း Taichung မြို့မှာနေတဲ့ မပွင့်သက်မိုက ပြောပါတယ်။

“ ထိုင်ဝမ် အစိုးရက သူတို့ အနိုင်ကျင့်လာရင်တော့ လုံး၀ မခံဘူး။ ရတဲ့နည်းနဲ့ ခုခံသွားမယ်လို့ အဲလိုမျိုးတော့ ပြောတာ သတင်းတွေမှာတော့ တွေ့ရပါတယ်။ ဒီ ကျွန်းမကြီးရဲ့ ဘေးက ကျွန်းလေးတွေမှာတော့ အဲလိုမျိုး ရှိတယ်ပေါ့။ ကာကွယ်ထားတာ။ ဒီလိုမျိုး တပ်တွေ၊ နောက်ပြီးတော့ အထူးကွန်မန်ဒို တပ်တွေ ဘာတွေ ကတော့ အရင်ကတည်းက ရှိတာ။ ထိုင်ဝမ် လူမျိုးတွေကရော သူတို့ လိုအပ်လာလို့ ရှိရင် တိုင်းပြည် အတွက်ပေါ့နော် တိုက်ဖို့ အဆင်သင့်ဘဲလို့ ပြောကြပါတယ်။ ”
ဒါပေမဲ့လည်း တရုတ်အစိုးရက လိုအပ်လို့ ဖိအားပေးမယ်ဆိုရင်တောင် ထိုင်ဝမ်ကို စစ်ရေးနည်းထက်စာရင် စီးပွားရေးလမ်းကြောင်း ပိတ်ဆို့ ဖြတ်တောက်တဲ့နည်းမျိုးကို ပိုသုံးနိုင်ကြောင်း ကိုထွန်းဇော်ခင်က သုံးသပ်ပါတယ်။

“ တကယ်တော့ နှစ် ၃၀ ကာလ အတွင်းမှာ ဒီလိုမျိုး ခြိမ်းခြောက်မှုက တောက်လျှောက် ဖြစ်နေတဲ့ အတွက်ကြောင့် အများသူငါရဲ့ စိတ်ထဲမှာ ဘယ်လို ဖြစ်နေလဲ ဆိုတော့ ဒါက ခြိမ်းခြောက်မှု သက်သက်ဘဲ။ သူတို့ အလွန်ဆုံး လုပ်နိုင်ရင် ထိုင်ဝမ် ကျွန်းပေါ်ကို စီးပွားရေး ပိတ်ဆို့မှု လုပ်မယ်။ ဥပမာပေါ့နော် သူတို့ ပြည်မကြီး ခရီးသွားတွေကို ထိုင်ဝမ်ကို မလာခိုင်းခြင်း အားဖြင့် ထိုင်ဝမ်ရဲ့ ခရီးသွားလုပ်ငန်းတွေ ရပ်တန့်လုနီးပါး ဖြစ်သွားအောင် သူတို့ လုပ်ခဲ့ဖူးတယ်။ ဥပမာ ထိုင်ဝမ်က ထုတ်ကုန်တွေ သူတို့ပြည်ကို ပေးမသွင်းတာတို့ စသဖြင့် ဒီလိုမျိုး နည်းမျိုးစုံနဲ့ စီးပွားရေး ပိတ်ဆို့မှုကတော့ သူတို့ လုပ်မြဲ လုပ်လေ့ ရှိတယ်။ ဒါက အဓိက တချက်ပေါ့။ တကယ်တန်း စစ် ဝင်တိုက်မလား မတိုက်ဘူးလား ဆိုတာကတော့ အများစုကတော့ မဖြစ်ဘူးဘဲ ယုံကြည်ကြတယ်ပေါ့နော်။ သို့သော်ငြားလည်းပေါ့ မိုက်ရူးရဲဆန်တဲ့ ဒီ အုပ်ချုပ်သူတွေ ရှိတယ် ဆိုရင်တော့ ဖြစ်ကောင်း ဖြစ်သွားနိုင်တယ်။ ဒါကလည်း တရုတ် ပြည်သူ့ သမ္မတ နိုင်ငံရဲ့ မစ္စတာ ရှီကျင့်ပင် ကတော့ ဒီ အရှေ့က ဟူကျင်းတောင် တို့ စသဖြင့်ပေါ့နော် ခေါင်းဆောင်တွေထက် စာရင်တော့ သူက ပိုပြီးတော့ ပြတ်သားတယ်။ သူ လုပ်မယ်ဆိုရင်တော့ သူ လုပ်ကို လုပ်မယ်လို့ စိတ်ကို ဆုံးဖြတ်ထားတာတော့ တွေ့ရတယ်။ ”

အမေရိကန်အခြေစိုက် Carnegie Endowment for Peace နိုင်ငံတကာ မူဝါဒ လေ့လာရေးအဖွဲ့ကတော့ တရုတ်က လာမယ့်နှစ်ပိုင်းအတွင်း စစ်ရေးအရ ဝင်တိုက်နိုင်တယ်ဆိုတဲ့ အစီရင်ခံစာတစောင်ကို ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံ စစ်တပ် အင်အားကတော့ အမြဲတမ်းစစ်သည် ၂,၀၀၀,၀၀၀ ကျော်ရှိပြီး အရံစစ်သည် ၅၀၀,၀၀၀ ကျော် ရှိကာ ၂၀၂၂ ခုနှစ်အတွက် စစ်အသုံးစရိတ် ဘတ်ဂျက် အမေရိကန်ဒေါ်လာ ဘီလျံ ၂၃၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။ ထိုင်ဝမ် စစ်အင်အားကတော့ အမြဲတမ်းစစ်သည် ၁၇၀,၀၀၀ ကျော် ရှိပြီး၊ အရံစစ်သည် ၁၂,၀၀၀ နီးပါးရှိတယ်လို့ သုတေသန စာတမ်းတွေက ဖေါ်ပြပါတယ်။

XS
SM
MD
LG