သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံအတွင်း ခိုးဝင်သူ မြန်မာတချို့ ဖမ်းဆီးခံရ


ထိုင်းနိုင်ငံအတွင်း ခိုးဝင်သူ မြန်မာတချို့
ထိုင်းနိုင်ငံအတွင်း ခိုးဝင်သူ မြန်မာတချို့

ထိုင်းနိုင်ငံ၊ ကမ်ချနဘူရီမြို့ထဲမှာ မြန်မာနိုင်ငံသား၁၄ ဦးကို စောင်တွေပိုက်ကွန် တွေအုပ်မိုးပြီး ခိုးသွင်းလာသူတွေကို ဇန်နဝါရီလ ၁၂ရက်နေ့မှာဖမ်းဆီးမိခဲ့ပြီး တရားမဝင်သယ်ဆောင်လာသူကိုတော့ လူကုန်ကူးမူတွေလူသယ်ဆောင်မူတွေနဲ့ တရားစွဲဆိုဖို့ရှိနေပါတယ်။ လက်ရှိမှာတော့ တရားမဝင်နည်းလမ်းတွေနဲ့ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၄ဦးကိုလည်းစစ်ဆေးမူတွေလုပ်နေပါတယ်။ မအေးအေးမာ ကသတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်မြို့ ဖြစ်တဲ့ ကမ်ချနဘူရီမြို့ကနေ ထိုင်းနိုင်ငံအတွင်းပိုင်းမှာအလုပ်လုပ်ဖို့ အတွက် လာကြတဲ ့မြန်မာနိုင်ငံသား၁၄ဦးပါတဲ့ ကားတစီးကို ထိုင်းအာဏာပိုင်တွေက ဇန်နဝါရီလ ၁၂ရက်နေ့ ညပိုင်းမှာဖမ်းဆီးခဲ့တာပါ။ သူတို့ကို သယ်ဆောင်ပေးလာသူကတော့ တဦးကို ဘတ်ငွေ ၁၂၀၀နဲ့ သယ်ဆောင်လာတာဖြစ်ပြီး ၊ သူတို့တွေကို ကားပေါ်မှာတင်လာပြီး ပိုက်ကွန်လို ပလပ်စတစ်စတွေနဲ့ အုပ်မိုးပြီး စစ်ဆေးရေးဂိတ်တွေကနေ မရိပ်မိအောင်သယ်ဆောင်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ကြိုတင် သတင်းရတာကြောင့်ကမ်ချနဘူရီ လဝကကနေ ဖမ်းဆီးမူတွေလုပ်ခဲ့တာဖြစ်ကြောင်း လူကုန်ကူးမူတိုက်ဖျက်ရေး လုပ်ငန်းတွေကိုလုပ်ဆောင်နေတဲ့ ဦးစိုင်းအေးက ပြောပြပါတယ်။

"ကမ်ချနဘူရီလမ်းကြောင်းကနေ ခေါ်တင်လာတာ သူတိုက လဝက ကနေ သတင်းရလို့လိုက်တာ ၁၄ယောက်ရှိတယ်။ ဖမ်းမိတဲ့သူတွေက မြန်မာနိုင်ငံသားတွေတချို့ကလည်း မြန်မြန်မောင်းတဲ့အခါမှာ မရိပ်မိအောင် တကယ်လို့ ခေါင်းတွေပေါ်ထွက်လာတော့ရိပ်မိတဲ့ပုံစံဖြစ်လာတာ အပေါ်ယံကနေ စောင်တွေအုပ်လာတာ ၊ အထူးသဖြင့်ပစ္စည်းတွေဘာတွေ ထွက်မကျ အောင်အုပ်ထားတဲ့ပုံစံမျိုးပေါ့။ အဲဒီ ပုံစံကနေ ထပ်ပြီး အုပ်ထားတာ အသက်တွေဘာတွေတော့ရူလို့ရတယ် ။ ဝင်လာတဲ့လမ်းကြောင်းကတော့ကန်ချနဘူရီပေါ့ ခေါ်လာတဲ့သူကိုတော့ တရားစွဲမယ်ပေါ့။ ကလေးတွေကိုတော့အမူစစ်ဆေးပြီးရင်တော့ပြန်လွတ်ပေးမယ်ပေါ့ ခေါ်လာတဲ့သူကိုတရားစွဲမယ်ဆိုပြီးလုပ်နေတာပဲ"

အမေရိကန်နိုင်ငံခြားရေး ဌာနရဲ့ ၂၀၁၇ ခုနှစ် နိုင်ငံတကာ လူကုန်ကူးမှု ဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ရာမှာ ၂၁ ရာစုအတွင်း လူပေါင်း သန်း (၂၀) ကျော် လူကုန်ကူးခံနေရပြီး သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ လူကုန်ကူးသူတွေကို ရာဇဝတ်မှု ကျူးလွန်သူတွေ အဖြစ် ထိထိရောက်ရောက် အရေးယူဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ဌာနကပြောကြားခဲ့ပါတယ်

၂၀၁၇ ခုနှစ် အစီရင်ခံစာမှာ တော့ နိုင်ငံပေါင်း ၁၈၇ နိုင်ငံရဲ့လူကုန်ကူးမှု အခြေအနေကို ဖော်ပြခဲ့ရာမှာ နောက် နိုင်ငံပေါင်း (၈၀) ကတော့ Tier 2 အဆင့် အဖြစ် သတ်မှတ်ပြီး ထိုင်းနဲ့ မြန်မာ အပါအဝင် အခြား နိုင်ငံပေါင်း (၄၅) နိုင်ငံကိုတော့ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ စောင့်ကြည့်ခံ နိုင်ငံအဆင့် Tier2 အဖြစ် ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG