သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿဗိတိန္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီးအျဖစ္ ဆက္လက္ထမ္းေဆာင္သြားမည္ (ဦးေက်ာ္စြာမင္း)


ၿဗိတိန္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္စြာမင္း

(Zawgyi/Unicode)

ေဒၚေအာင္ဆန္းစုၾကည္အစိုးရက သူ႔ကိုခန္႔အပ္ထားတဲ့အတြက္ ၿဗိတိန္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီးအေနနဲ႔ ဆက္လက္တာ၀န္ယူထမ္းေဆာင္သြားမွာျဖစ္တယ္လို႔ သံအမတ္ႀကီး ဦးေက်ာ္စြာမင္းက ဗီြအိုေအကိုေျပာပါတယ္။

တနလၤာေန႔က သူ႔ရဲ႕ ထုတ္ျပန္ေၾကညာခ်က္နဲ႔ ပတ္သက္လို႔ စစ္ေကာင္စီက သံအမတ္ႀကီး ဦးေက်ာ္စြာမင္းကို ေနျပည္ေတာ္ကို ျပန္ၿပီးေခၚယူထားတာပါ။

သံတမန္တဦးအေနနဲ႔ ဘယ္လိုရပ္တည္ေဆာင္ရြက္သြားမလဲဆိုတာကို မအင္ၾကင္းႏိုင္က သံအမတ္ႀကီး ဦးေက်ာ္စြာမင္းကို ဆက္သြယ္ေမးျမန္းထားပါတယ္။

မအင္ၾကင္းႏိုင္။ ။ အခုဆိုရင္ သံအမတ္ႀကီးရဲ႕ ေၾကညာခ်က္ေပါ့ေနာ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦး၀င္းျမင့္ကို လႊတ္ေပးဖို႔ ေၾကညာခ်က္ထုတ္ျပန္လိုက္တယ္။ ေနာက္ၿပီးေတာ့ ေဒၚေအာင္ဆန္းစုၾကည္အစိုးရကပဲ ကိုယ့္အစိုးရအေနနဲ႔ ဆက္လက္ လက္ခံထားတယ္ဆိုတဲ့ ေၾကညာခ်က္ထုတ္လိုက္တဲ့အေပၚမွာ စစ္တပ္ဖြဲ႔စည္းထားတဲ့ အုပ္ခ်ဳပ္ေရးေကာင္စီဘက္ကလည္း ျပန္ၿပီးေတာ့ တံု႔ျပန္တာေပါ့ေနာ္ သံအမတ္ႀကီးကို ေနျပည္ေတာ္ကို ျပန္ၿပီးေခၚယူလိုက္တဲ့အေပၚမွာ သံအမတ္ႀကီး ဘယ္လို တံ႔ုျပန္ခ်င္ပါသလဲရွင့္။

သံအမတ္ႀကီး ဦးေက်ာ္စြာမင္း ။ ။ ဟုတ္ကဲ့ခင္ဗ် က်ေနာ္ေျပာခဲ့သလိုပါပဲ က်ေနာ္က ႏိုင္ငံ ၀န္ထမ္းျဖစ္ပါတယ္။ ၀န္ထမ္းစည္းကမ္းအတိုင္း သံအမတ္ႀကီး ခန္႔ထားတဲ့အတြက္ေၾကာင့္ က်ေနာ္က သံအမတ္ႀကီးရဲ႕ ၀တၱရားအရ စည္းကမ္းအရ က်ေနာ္လိုက္နာေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။

မအင္ၾကင္းႏိုင္။ ။ အဲဒီေတာ့ ၀န္ထမ္းစည္းကမ္းအရဆိုေတာ့ သံအမတ္ႀကီး အေနနဲ႔ ဆက္ၿပီးေတာ့ တာ၀န္ထမ္းေဆာင္မွာလားရွင့္။

သံအမတ္ႀကီး ဦးေက်ာ္စြာမင္း ။ ။ ႏိုင္ငံျခားေရး၀န္ႀကီးဌာန ညြန္ၾကားခ်က္က က်ေနာ္ကို ျပန္ေခၚတယ္လို႔ ေျပာတာေလ ။ က်ေနာ္ကို ျပန္ေခၚတယ္ဆိုတာက က်ေနာ့္ကို အလုပ္ထုတ္တာမွ မဟုတ္တာ။ က်ေနာ့္ကို ၀န္ထမ္းတေယာက္အေနနဲ႔ ျပန္ေခၚတဲ့အခ်ိန္မွာ ၀န္ထမ္းစည္းကမ္းအရ က်ေနာ္တို႔ကို သတ္မွတ္ထားတာေတြရွိပါတယ္ အဲဒါ မအင္ၾကင္းႏိုင္တို႔ ေလ့လာၾကည့္ပါဦး သံတမန္တေယာက္က ကိုယ့္ႏိုင္ငံကို ျပန္တယ္ဆိုတာ ဘယ္လိုအခ်က္အလက္ေတြနဲ႔ ကိုက္ညီၿပီးေတာ့ ျပန္ရသလဲဆိုတာ အဲဒါ က်ေနာ္ကေတာ့ အေသးစိတ္မရွင္းျပရေစနဲ႔ အဲဒါ။

မအင္ၾကင္းႏိုင္။ ။ သံအမတ္ႀကီးက ေဒၚေအာင္ဆန္းစုၾကည္အစိုးရရဲ႕ ညႊန္ၾကားခ်က္အတိုင္း ဆက္လုပ္သြားမယ့္အေနအထားမွာေပါ့ေနာ္ သံအမတ္တဦးအေနနဲ႔ ျမန္မာ့အေရးကို ႏိုင္ငံတကာနဲ႔ ဘယ္လို ဆက္ဆံ ေဆာင္ရြက္သြားမလဲရွင့္။

သံအမတ္ႀကီး ဦးေက်ာ္စြာမင္း ။ ။ ဒီလိုပါခင္ဗ် ႏိုင္ငံတကာအသိုင္းအ၀ိုင္းနဲ႔ ႏိုင္ငံတကာမွာရွိတဲ့ အစိုးရေတြကို က်ေနာ့္လမ္းေၾကာင္းကို သူတို႔ကို ေျပာျပတယ္ အဲဒါ သံတမန္ နည္းနဲ႔ ေျဖရွင္းဖို႔ပါ အဲဒါ ႏိုင္ငံတကာအသိုင္းအ၀ိုင္းကလည္း သံတမန္ နည္းနဲ႔ ေျဖရွင္းဖို႔ အဲဒါကို က်ေနာ္တို႔ ေတာင္းဆိုတာပါ။ က်ေနာ္ေတာင္းဆိုတဲ့အထဲမွာ က်န္တဲ့အေၾကာင္းအရာ တခုမွ မပါပါဘူး။

မအင္ၾကင္းႏိုင္။ ။ သံအမတ္ႀကီးက ၿဗိတိန္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီးဆိုေတာ့ အခု သံအမတ္အေနနဲ႔ ဆက္ရွိေနမယ္ဆိုရင္ ၿဗိတိန္အစိုးရရဲ႕ သေဘာထားကေရာ သံအမတ္ႀကီးအေပၚ ဘယ္လို ရွိပါသလဲရွင့္။

သံအမတ္ႀကီး ဦးေက်ာ္စြာမင္း ။ ။ အဲဒါ က်ေနာ္ေျပာျပမယ္ အဲဒါ UK ရဲ႕ ထုတ္ျပန္ခ်က္ မဟုတ္ဘူးေလအဲဒါ တကမာၻလံုးက သံတမန္စည္းကမ္းရွိတယ္ ။ ဒီ သံအမတ္ႀကီးကို သူ႔သက္ဆိုင္ရာ ႏိုင္ငံက ခန္႔အပ္ထားတယ္ဆိုရင္ လက္ခံတဲ့ ႏိုင္ငံက သံအမတ္ႀကီး ျဖစ္ရင္ လက္ခံရမယ္ ။ အဲဒီေတာ့ ျမန္မာႏိုင္ငံအေနနဲ႔ ဒီ သံအမတ္ႀကီးကို ထုတ္ပယ္လိုက္ၿပီဆိုရင္ UK ႏိုင္ငံကလည္း သံအမတ္ႀကီးအေနနဲ႔ လက္ခံႏိုင္စရာမရွိဘူးေလ အဲဒါက က်ေနာ္တို႔ ျမန္မာႏိုင္ငံရဲ႕ စည္းကမ္းမွ မဟုတ္တာ တကမာၻလံုးရဲ႕ စည္းကမ္းပဲေလ အဲဒါ ရွင္းရွင္းေလးေပါ့ ။

မအင္ၾကင္းႏိုင္။ ။ အခုဆိုရင္ ျမန္မာႏိုင္ငံမွာေပါ့ေနာ္ CRPH ဦးေဆာင္ၿပီးေတာ့ CDM အမိန္႔မနာခံေရး အၾကမ္းမဖက္လႈပ္ရွားမႈေတြကို လုပ္ေဆာင္ေနတဲ့ေနရာမွာေပါ့ေနာ္ အစိုးရ ၀န္ထမ္းေတြ ပါလာတယ္ အခု သံတမန္ ၀န္ထမ္းေတြလည္း ပါ၀င္လာပါတယ္။ ႏိုင္ငံတကာမွာ ရွိတဲ့ ျမန္မာသံရံုးက သံတမန္ ၀န္ထမ္းေတြ ပါ၀င္လာတဲ့အေပၚမွာ သံအမတ္ၾကီးရဲ႕ သေဘာထား ဘယ္လိုရွိပါသလဲ။

သံအမတ္ႀကီး ဦးေက်ာ္စြာမင္း ။ ။ ဒီ လန္ဒန္မွာရွိတဲ့ ျမန္မာသံရံုးက ၀န္ထမ္းေတြ ပါ၀င္လာတာေတာ့ မသိဘူးခင္ဗ်။ သို႔ေသာ္ က်ေနာ္ေျပာခဲ့တဲ့ အတိုင္းပါပဲ ၀န္ထမ္းေတြအားလံုးက စည္းကမ္းရွိတယ္။ သို႔ေသာ္ပါ၀င္တယ္ မပါ၀င္ဘူး ဆိုတာကေတာ့ သူတို႔ရဲ႕ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္ပါပဲ က်ေနာ္နဲ႔ မဆုိင္ဘူးေလ။ က်ေနာ္က အားလံုးကိုေျပာလို႔မွ မရတာ ဒါက သူတို႔ရဲ႕ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္ျဖစ္ပါတယ္။

မအင္ၾကင္းႏိုင္။ ။ သံအမတ္ႀကီး အခုလို ဆံုးျဖတ္လိုက္တယ္ ေၾကညာခ်က္နဲ႔ ပတ္သက္လို႔ သံအမတ္ႀကီးနဲ႔ မိသားစု လံုၿခံဳေရးကေရာ စိုးရိမ္ရတဲ့ အေနအထား ၊ ထိခိုက္မႈေတြ ရွိပါသလားရွင့္။

သံအမတ္ႀကီး ဦးေက်ာ္စြာမင္း ။ ။ က်ေနာ္ ၂၀၁၃ ကတည္းက ေရာက္တယ္၊ ဒီအခ်ိန္အထိ က်ေနာ့္ကို လန္ဒန္ UK မွာ ေနတဲ့အခ်ိန္မွာ က်ေနာ့္ကို ဘယ္သူမွ လက္ဖ်ားနဲ႔ မတို႔ပါဘူး ။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီ UK ႏိုင္ငံရဲ႕ Diplomatic Protection Group ကလူေတြက က်ေနာ္တေယာက္တည္းမဟုတ္ဘူး သံရံုးအားလံုးကို ကာကြယ္ေပးေနတာ။ က်ေနာ္တေယာက္တည္းမွ မဟုတ္တာ ဘာမွ စိုးရိမ္စရာမရွိပါဘူး။

မအင္ၾကင္းႏိုင္။ ။ သံအမတ္ႀကီး တကယ္လို႔ ေရွ႕ဆက္ လုပ္ငန္းစဥ္ေတြ တာ၀နေတြကို ထမ္းေဆာင္တဲ့ေနရာမွာေရာ က်မတို႔ နည္းနည္းေသခ်ာေအာင္ ေမးၾကည့္ခ်င္တာကေတာ့ အခုလို ျမန္မာႏိုင္ငံမွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦး၀င္းျမင့္တို႔ကို သမၼတအျဖစ္ဆက္ၿပီး ထားရွိတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH နဲ႔ ပူးေပါင္းဆက္ဆံသြားမယ့္ အေနအထားရွိသလားေပါ့ေနာ္။ အဲဒီလိုမ်ိဳး ျမန္မာႏိုင္ငံရဲ႕ ကုလဆိုင္ရာ သံအမတ္ၾကီး ဦးေက်ာ္မင္းထြန္းနဲ႔ေရာ ပူးေပါင္းဆက္ဆံဖို႔ ရွိလားေပါ့ေနာ္။ ဘယ္လို ဆက္လုပ္ဖို႔ ရွိသလဲရွင့္။

သံအမတ္ႀကီး ဦးေက်ာ္စြာမင္း ။ ။ မအင္ၾကင္းႏိုင္ေရ မအင္ၾကင္းႏုိင္ သေဘာတူညီထားတဲ့အခ်က္ထဲမွာ အဲဒီေမးခြန္းမပါပါဘူး မေျဖပါရေစနဲ႔။

မအင္ၾကင္းႏိုင္။ ။ ဆိုေတာ့ သံအမတ္ႀကီးအေနနဲ႔ အခုလိုဒီ ေဒၚေအာင္ဆန္းစုၾကည္ အရပ္သားအစိုးရကို ကိုယ့္အစိုးရအေနနဲ႔ ထုတ္ျပန္ခ်က္ေပါ့ေနာ္ ၊ ေနာက္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦး၀င္းျမင့္တို႔ကို လႊတ္ေပးဖို႔ ဆိုတဲ့ ေၾကညာခ်က္ကို သံအမတ္ႀကီးအဲလို ထုတ္လိုက္ဖို႔ ဆံုးျဖတ္ရတဲ့ အေၾကာင္းအရင္းက ဘာပါလဲရွင့္။

သံအမတ္ႀကီး ဦးေက်ာ္စြာမင္း ။ ။ ပထမဦးဆံုးအခ်က္ကေတာ့ က်ေနာ္ေျပာတဲ့အတိုင္းပါပဲ BBC မွာ က်ေနာ္ေျပာထားတယ္၊ ပထမဦးဆံုးအခ်က္က ျမန္မာႏိုင္ငံမွာ လူေတြ ေသေက်ၾကတယ္ က်ေနာ္လံုး၀ စိတ္မေကာင္းဘူး။ ေနာက္တခ်က္က ေဒၚေအာင္ဆန္းစုၾကည္က က်ေနာ့္ကို သံအမတ္ႀကီးအေနနဲ႔ ခန္႔အပ္ထားတယ္။ အခုအခ်ိန္အထိ သူ State Counsellor အျဖစ္ စတင္ေဆာင္ရြက္တဲ့ အခ်ိန္ကစၿပီးေတာ့ ၂၀၁၆ ကေနၿပီးေတာ့ ၂၀၂၁ ဇန္န၀ါရီ ၃၁ ရက္ေန႔အထိ က်ေနာ့္ကို တာ၀န္ေပးထားတယ္ေလ။ အဲဒါ က်ေနာ္ဆက္ၿပီးေတာ့ နာခံေနတာပဲ အဲဒါေလး က်ေနာ္ေျပာၿပီးသြားၿပီ။ ေနာက္တခ်က္ကေတာ့ က်ေနာ္တုိ႔ သမၼတႀကီးနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို လႊတ္ေပးပါ ဆိုတာ ၿငိမ္းခ်မ္းစြာ ေျဖရွင္းဖို႔ က်ေနာ္ေျပာတာ ၊ အဲဒါ စားပြဲ၀ိုင္းမွာရွိတယ္ အဲဒါက လန္ဒန္မွာလည္း မရွိဘူး၊ ခင္ဗ်ားတို႔ ၀ါရွင္တန္ဒီစီမွာလည္း မရွိဘူး၊ New York မွာလည္း မရွိဘူး။ Geneva မွာလည္း မရွိဘူး။ အဲဒီ စားပြဲ၀ိုင္းသည္ ေနျပည္ေတာ္ မွာပဲ ရွိတယ္ အဲဒါကို သံတမန္နည္းအရ သံအမတ္ႀကီးျဖစ္တဲ့အတြက္ ညိွႏိႈင္းပါလို႔ က်ေနာ္ တိုက္တြန္းရျခင္းျဖစ္ပါတယ္။

မအင္ၾကင္းႏိုင္။ ။ အဲဒီလို ညိွႏိႈင္းမႈအဆင့္ေရာက္ဖို႔ သံအမတ္ႀကီး အေနနဲ႔ ဘာေတြ ဆက္ၿပီးေတာ့ ေဆာင္ရြက္ေပးႏိုင္မလဲရွင့္

သံအမတ္ႀကီး ဦးေက်ာ္စြာမင္း ။ ။ က်ေနာ္က သံအမတ္ႀကီးျဖစ္တဲ့အတြက္ သံတမန္နည္းအရ ေျဖရွင္းရမယ့္ကိစၥေတြ က်ေနာ္အားလံုးေဆာင္ရြက္ေပးႏိုင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက်ထမ်းဆောင်သွားမည် (ဦးကျော်စွာမင်း)

(Unicode)

ဒေါ်အောင်ဆန်းစုကြည်အစိုးရက သူ့ကိုခန့်အပ်ထားတဲ့အတွက် ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအနေနဲ့ ဆက်လက်တာဝန်ယူထမ်းဆောင်သွားမှာဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်စွာမင်းက ဗွီအိုအေကိုပြောပါတယ်။

တနင်္လာနေ့က သူ့ရဲ့ ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီက သံအမတ်ကြီး ဦးကျော်စွာမင်းကို နေပြည်တော်ကို ပြန်ပြီးခေါ်ယူထားတာပါ။

သံတမန်တဦးအနေနဲ့ ဘယ်လိုရပ်တည်ဆောင်ရွက်သွားမလဲဆိုတာကို မအင်ကြင်းနိုင်က သံအမတ်ကြီး ဦးကျော်စွာမင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင်။ ။ အခုဆိုရင် သံအမတ်ကြီးရဲ့ ကြေညာချက်ပေါ့နော် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို လွှတ်ပေးဖို့ ကြေညာချက်ထုတ်ပြန်လိုက်တယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အစိုးရကပဲ ကိုယ့်အစိုးရအနေနဲ့ ဆက်လက် လက်ခံထားတယ်ဆိုတဲ့ ကြေညာချက်ထုတ်လိုက်တဲ့အပေါ်မှာ စစ်တပ်ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးကောင်စီဘက်ကလည်း ပြန်ပြီးတော့ တုံ့ပြန်တာပေါ့နော် သံအမတ်ကြီးကို နေပြည်တော်ကို ပြန်ပြီးခေါ်ယူလိုက်တဲ့အပေါ်မှာ သံအမတ်ကြီး ဘယ်လို တံ့ုပြန်ချင်ပါသလဲရှင့်။

သံအမတ်ကြီး ဦးကျော်စွာမင်း ။ ။ ဟုတ်ကဲ့ခင်ဗျ ကျနော်ပြောခဲ့သလိုပါပဲ ကျနော်က နိုင်ငံ ဝန်ထမ်းဖြစ်ပါတယ်။ ဝန်ထမ်းစည်းကမ်းအတိုင်း သံအမတ်ကြီး ခန့်ထားတဲ့အတွက်ကြောင့် ကျနော်က သံအမတ်ကြီးရဲ့ ဝတ္တရားအရ စည်းကမ်းအရ ကျနော်လိုက်နာဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မအင်ကြင်းနိုင်။ ။ အဲဒီတော့ ဝန်ထမ်းစည်းကမ်းအရဆိုတော့ သံအမတ်ကြီး အနေနဲ့ ဆက်ပြီးတော့ တာဝန်ထမ်းဆောင်မှာလားရှင့်။

သံအမတ်ကြီး ဦးကျော်စွာမင်း ။ ။ နိုင်ငံခြားရေးဝန်ကြီးဌာန ညွန်ကြားချက်က ကျနော်ကို ပြန်ခေါ်တယ်လို့ ပြောတာလေ ။ ကျနော်ကို ပြန်ခေါ်တယ်ဆိုတာက ကျနော့်ကို အလုပ်ထုတ်တာမှ မဟုတ်တာ။ ကျနော့်ကို ဝန်ထမ်းတယောက်အနေနဲ့ ပြန်ခေါ်တဲ့အချိန်မှာ ဝန်ထမ်းစည်းကမ်းအရ ကျနော်တို့ကို သတ်မှတ်ထားတာတွေရှိပါတယ် အဲဒါ မအင်ကြင်းနိုင်တို့ လေ့လာကြည့်ပါဦး သံတမန်တယောက်က ကိုယ့်နိုင်ငံကို ပြန်တယ်ဆိုတာ ဘယ်လိုအချက်အလက်တွေနဲ့ ကိုက်ညီပြီးတော့ ပြန်ရသလဲဆိုတာ အဲဒါ ကျနော်ကတော့ အသေးစိတ်မရှင်းပြရစေနဲ့ အဲဒါ။

မအင်ကြင်းနိုင်။ ။ သံအမတ်ကြီးက ဒေါ်အောင်ဆန်းစုကြည်အစိုးရရဲ့ ညွှန်ကြားချက်အတိုင်း ဆက်လုပ်သွားမယ့်အနေအထားမှာပေါ့နော် သံအမတ်တဦးအနေနဲ့ မြန်မာ့အရေးကို နိုင်ငံတကာနဲ့ ဘယ်လို ဆက်ဆံ ဆောင်ရွက်သွားမလဲရှင့်။

သံအမတ်ကြီး ဦးကျော်စွာမင်း ။ ။ ဒီလိုပါခင်ဗျ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ နိုင်ငံတကာမှာရှိတဲ့ အစိုးရတွေကို ကျနော့်လမ်းကြောင်းကို သူတို့ကို ပြောပြတယ် အဲဒါ သံတမန် နည်းနဲ့ ဖြေရှင်းဖို့ပါ အဲဒါ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း သံတမန် နည်းနဲ့ ဖြေရှင်းဖို့ အဲဒါကို ကျနော်တို့ တောင်းဆိုတာပါ။ ကျနော်တောင်းဆိုတဲ့အထဲမှာ ကျန်တဲ့အကြောင်းအရာ တခုမှ မပါပါဘူး။

မအင်ကြင်းနိုင်။ ။ သံအမတ်ကြီးက ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဆိုတော့ အခု သံအမတ်အနေနဲ့ ဆက်ရှိနေမယ်ဆိုရင် ဗြိတိန်အစိုးရရဲ့ သဘောထားကရော သံအမတ်ကြီးအပေါ် ဘယ်လို ရှိပါသလဲရှင့်။

သံအမတ်ကြီး ဦးကျော်စွာမင်း ။ ။ အဲဒါ ကျနော်ပြောပြမယ် အဲဒါ UK ရဲ့ ထုတ်ပြန်ချက် မဟုတ်ဘူးလေအဲဒါ တကမ္ဘာလုံးက သံတမန်စည်းကမ်းရှိတယ် ။ ဒီ သံအမတ်ကြီးကို သူ့သက်ဆိုင်ရာ နိုင်ငံက ခန့်အပ်ထားတယ်ဆိုရင် လက်ခံတဲ့ နိုင်ငံက သံအမတ်ကြီး ဖြစ်ရင် လက်ခံရမယ် ။ အဲဒီတော့ မြန်မာနိုင်ငံအနေနဲ့ ဒီ သံအမတ်ကြီးကို ထုတ်ပယ်လိုက်ပြီဆိုရင် UK နိုင်ငံကလည်း သံအမတ်ကြီးအနေနဲ့ လက်ခံနိုင်စရာမရှိဘူးလေ အဲဒါက ကျနော်တို့ မြန်မာနိုင်ငံရဲ့ စည်းကမ်းမှ မဟုတ်တာ တကမ္ဘာလုံးရဲ့ စည်းကမ်းပဲလေ အဲဒါ ရှင်းရှင်းလေးပေါ့ ။

မအင်ကြင်းနိုင်။ ။ အခုဆိုရင် မြန်မာနိုင်ငံမှာပေါ့နော် CRPH ဦးဆောင်ပြီးတော့ CDM အမိန့်မနာခံရေး အကြမ်းမဖက်လှုပ်ရှားမှုတွေကို လုပ်ဆောင်နေတဲ့နေရာမှာပေါ့နော် အစိုးရ ဝန်ထမ်းတွေ ပါလာတယ် အခု သံတမန် ဝန်ထမ်းတွေလည်း ပါဝင်လာပါတယ်။ နိုင်ငံတကာမှာ ရှိတဲ့ မြန်မာသံရုံးက သံတမန် ဝန်ထမ်းတွေ ပါဝင်လာတဲ့အပေါ်မှာ သံအမတ်ကြီးရဲ့ သဘောထား ဘယ်လိုရှိပါသလဲ။

သံအမတ်ကြီး ဦးကျော်စွာမင်း ။ ။ ဒီ လန်ဒန်မှာရှိတဲ့ မြန်မာသံရုံးက ဝန်ထမ်းတွေ ပါဝင်လာတာတော့ မသိဘူးခင်ဗျ။ သို့သော် ကျနော်ပြောခဲ့တဲ့ အတိုင်းပါပဲ ဝန်ထမ်းတွေအားလုံးက စည်းကမ်းရှိတယ်။ သို့သော်ပါဝင်တယ် မပါဝင်ဘူး ဆိုတာကတော့ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါပဲ ကျနော်နဲ့ မဆိုင်ဘူးလေ။ ကျနော်က အားလုံးကိုပြောလို့မှ မရတာ ဒါက သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

မအင်ကြင်းနိုင်။ ။ သံအမတ်ကြီး အခုလို ဆုံးဖြတ်လိုက်တယ် ကြေညာချက်နဲ့ ပတ်သက်လို့ သံအမတ်ကြီးနဲ့ မိသားစု လုံခြုံရေးကရော စိုးရိမ်ရတဲ့ အနေအထား ၊ ထိခိုက်မှုတွေ ရှိပါသလားရှင့်။

သံအမတ်ကြီး ဦးကျော်စွာမင်း ။ ။ ကျနော် ၂၀၁၃ ကတည်းက ရောက်တယ်၊ ဒီအချိန်အထိ ကျနော့်ကို လန်ဒန် UK မှာ နေတဲ့အချိန်မှာ ကျနော့်ကို ဘယ်သူမှ လက်ဖျားနဲ့ မတို့ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ဒီ UK နိုင်ငံရဲ့ Diplomatic Protection Group ကလူတွေက ကျနော်တယောက်တည်းမဟုတ်ဘူး သံရုံးအားလုံးကို ကာကွယ်ပေးနေတာ။ ကျနော်တယောက်တည်းမှ မဟုတ်တာ ဘာမှ စိုးရိမ်စရာမရှိပါဘူး။

မအင်ကြင်းနိုင်။ ။ သံအမတ်ကြီး တကယ်လို့ ရှေ့ဆက် လုပ်ငန်းစဉ်တွေ တာဝနတွေကို ထမ်းဆောင်တဲ့နေရာမှာရော ကျမတို့ နည်းနည်းသေချာအောင် မေးကြည့်ချင်တာကတော့ အခုလို မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို သမ္မတအဖြစ်ဆက်ပြီး ထားရှိတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နဲ့ ပူးပေါင်းဆက်ဆံသွားမယ့် အနေအထားရှိသလားပေါ့နော်။ အဲဒီလိုမျိုး မြန်မာနိုင်ငံရဲ့ ကုလဆိုင်ရာ သံအမတ်ကြီး ဦးကျော်မင်းထွန်းနဲ့ရော ပူးပေါင်းဆက်ဆံဖို့ ရှိလားပေါ့နော်။ ဘယ်လို ဆက်လုပ်ဖို့ ရှိသလဲရှင့်။

သံအမတ်ကြီး ဦးကျော်စွာမင်း ။ ။ မအင်ကြင်းနိုင်ရေ မအင်ကြင်းနိုင် သဘောတူညီထားတဲ့အချက်ထဲမှာ အဲဒီမေးခွန်းမပါပါဘူး မဖြေပါရစေနဲ့။

မအင်ကြင်းနိုင်။ ။ ဆိုတော့ သံအမတ်ကြီးအနေနဲ့ အခုလိုဒီ ဒေါ်အောင်ဆန်းစုကြည် အရပ်သားအစိုးရကို ကိုယ့်အစိုးရအနေနဲ့ ထုတ်ပြန်ချက်ပေါ့နော် ၊ နောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို လွှတ်ပေးဖို့ ဆိုတဲ့ ကြေညာချက်ကို သံအမတ်ကြီးအဲလို ထုတ်လိုက်ဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းအရင်းက ဘာပါလဲရှင့်။

သံအမတ်ကြီး ဦးကျော်စွာမင်း ။ ။ ပထမဦးဆုံးအချက်ကတော့ ကျနော်ပြောတဲ့အတိုင်းပါပဲ BBC မှာ ကျနော်ပြောထားတယ်၊ ပထမဦးဆုံးအချက်က မြန်မာနိုင်ငံမှာ လူတွေ သေကျေကြတယ် ကျနော်လုံး၀ စိတ်မကောင်းဘူး။ နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်က ကျနော့်ကို သံအမတ်ကြီးအနေနဲ့ ခန့်အပ်ထားတယ်။ အခုအချိန်အထိ သူ State Counsellor အဖြစ် စတင်ဆောင်ရွက်တဲ့ အချိန်ကစပြီးတော့ ၂၀၁၆ ကနေပြီးတော့ ၂၀၂၁ ဇန်နဝါရီ ၃၁ ရက်နေ့အထိ ကျနော့်ကို တာဝန်ပေးထားတယ်လေ။ အဲဒါ ကျနော်ဆက်ပြီးတော့ နာခံနေတာပဲ အဲဒါလေး ကျနော်ပြောပြီးသွားပြီ။ နောက်တချက်ကတော့ ကျနော်တို့ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ ဆိုတာ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ကျနော်ပြောတာ ၊ အဲဒါ စားပွဲဝိုင်းမှာရှိတယ် အဲဒါက လန်ဒန်မှာလည်း မရှိဘူး၊ ခင်ဗျားတို့ ဝါရှင်တန်ဒီစီမှာလည်း မရှိဘူး၊ New York မှာလည်း မရှိဘူး။ Geneva မှာလည်း မရှိဘူး။ အဲဒီ စားပွဲဝိုင်းသည် နေပြည်တော် မှာပဲ ရှိတယ် အဲဒါကို သံတမန်နည်းအရ သံအမတ်ကြီးဖြစ်တဲ့အတွက် ညှိနှိုင်းပါလို့ ကျနော် တိုက်တွန်းရခြင်းဖြစ်ပါတယ်။

မအင်ကြင်းနိုင်။ ။ အဲဒီလို ညှိနှိုင်းမှုအဆင့်ရောက်ဖို့ သံအမတ်ကြီး အနေနဲ့ ဘာတွေ ဆက်ပြီးတော့ ဆောင်ရွက်ပေးနိုင်မလဲရှင့်

သံအမတ်ကြီး ဦးကျော်စွာမင်း ။ ။ ကျနော်က သံအမတ်ကြီးဖြစ်တဲ့အတွက် သံတမန်နည်းအရ ဖြေရှင်းရမယ့်ကိစ္စတွေ ကျနော်အားလုံးဆောင်ရွက်ပေးနိုင်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG