သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကယားျပည္နယ္မွာ လူအစုလိုက္ အသတ္ခံရၿပီးေနာက္ အကူအညီေပးေရးဝန္ထမ္း ၂ ဦး ေပ်ာက္ဆုံးေန


ကယားျပည္နယ္ ဖ႐ူဆုိၿမိဳ႕နယ္မွာ မီး႐ႈိ႕ဖ်က္ဆီးခံရတဲ့ ေမာ္ေတာ္ယာဥ္မ်ား။ (ဒီဇင္ဘာ ၂၄၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံက လက္နက္ကိုင္ ပဋိပကၡေတြ ေပၚေပါက္ေနတဲ့ ကယားျပည္နယ္မွာ အမ်ဳိးသမီးနဲ႔ ကေလးေတြ အပါအဝင္ လူ ၄၀ နီးပါး သတ္ျဖတ္ မီး႐ႈိ႕ခံခဲ့ရၿပီးေနာက္ ေဒသခံဝန္ထမ္း ၂ ဦး ေပ်ာက္ဆုံးေနေၾကာင္း ႏိုင္ငံတကာ ပရဟိတ အဖဲြ႔အစည္းတခုျဖစ္တဲ့ Save the Children က ေျပာလိုက္ပါတယ္။

လူ ၃၈ ေယာက္ထက္မနည္း ေသဆုံးခဲ့ရတဲ့ ျဖစ္ရပ္အေပၚ ျပစ္တင္႐ႈတ္ခ်ေၾကာင္းလည္း စေနေန႔မွာ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပခဲ့တာပါ။

အခင္းျဖစ္ခဲ့တဲ့ ေဒသတြင္းမွာ စာနာမႈလုပ္ငန္းေတြ လုပ္ကိုင္အၿပီး အားလပ္ရက္ အိမ္ျပန္လာတဲ့ ဝန္ထမ္း ၂ ေယာက္ဟာလည္း ေပ်ာက္ဆုံးေနတယ္လို႔ ေျပာပါတယ္။ သူတို႔လိုက္ပါလာတဲ့ ကားဟာလည္း တိုက္ခိုက္ၿပီး မီး႐ႈိ႕ခံခဲ့ရတယ္လို႔ ဆိုပါတယ္။

ဖ႐ူဆိုၿမိဳ႕နယ္ မုိဆိုးရြာအနီးမွာ သက္ႀကီးရြယ္အိုေတြ၊ မိန္းမေတြနဲ႔ ကေလးေတြ အပါအဝင္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးၾကသူေတြကို စစ္တပ္က သတ္ျဖတ္ၿပီး မီး႐ႈိ႕ခဲ့ေၾကာင္း ေဒသခံ လူ႔အခြင့္အေရး အဖဲြ႔ေတြက ေျပာပါတယ္။

စစ္ေကာင္စီကေတာ့ ဖ႐ူဆိုၿမိဳ႕နယ္မွာ လုံၿခဳံေရးေဆာင္ရြက္ေနတဲ့ တပ္ဖြဲ႔ေတြကို တိုင္းရင္းသား လက္နက္ကိုင္ KNPP နဲ႔ PDF လက္နက္ကိုင္ေတြက စတင္တိုက္ခိုက္လို႔ ပစ္ခတ္ဖမ္းဆီးခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့တာပါ။ ဒါေပမယ့္ ထိခိုက္ေသဆုံးမႈ၊ ဖမ္းဆီးမႈနဲ႔ မီးေလာင္ေသဆုံးေနတဲ့ အေလာင္းေတြနဲ႔ ပတ္သက္လို႔ ေျပာဆိုထားတာေတာ့ မရွိပါဘူး။

Save the Children အဖဲြ႔ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ Inger Ashing ကေတာ့ တိုက္ခိုက္မႈဟာ ႏိုင္ငံတကာ လူသားခ်င္းစာနာမႈဆိုင္ရာ ဥပေဒေတြကို ခ်ဳိးေဖာက္တဲ့ လုပ္ရပ္အျဖစ္ ႐ႈတ္ခ်ေၾကာင္း ေျပာဆိုလိုက္ၿပီး သူတို႔အဖဲြ႔က ဝန္ထမ္းေတြ အပါအဝင္ အျပစ္မဲ့ အရပ္သားေတြကို အၾကမ္းဖက္တိုက္ခိုက္တဲ့ လုပ္ရပ္အေပၚ ထိတ္လန္႔တုန္လႈပ္မိေၾကာင္း ေျပာပါတယ္။

ဒီလဆန္းပိုင္းမွာပဲ စစ္ကိုင္းတိုင္း ဆားလင္းႀကီးၿမိဳ႕နယ္မွာ အရပ္သား ၁၁ ေယာက္ကို လုံၿခံဳေရးတပ္ဖဲြ႔ေတြက ပစ္ခတ္၊ မီး႐ႈိ႕သတ္ျဖတ္ခဲ့တယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚခဲ့ရာမွာ အေမရိကန္နဲ႔ ကုလသမဂၢ အပါအဝင္ ႏိုင္ငံတကာ အသိုင္းအဝန္းက အျပင္းအထန္ ေဝဖန္ခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ကယားပြည်နယ်မှာ လူအစုလိုက် အသတ်ခံရပြီးနောက် အကူအညီပေးရေးဝန်ထမ်း ၂ ဦး ပျောက်ဆုံးနေ

မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ ကယားပြည်နယ်မှာ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် လူ ၄၀ နီးပါး သတ်ဖြတ် မီးရှို့ခံခဲ့ရပြီးနောက် ဒေသခံဝန်ထမ်း ၂ ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံတကာ ပရဟိတ အဖွဲ့အစည်းတခုဖြစ်တဲ့ Save the Children က ပြောလိုက်ပါတယ်။

လူ ၃၈ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်အပေါ် ပြစ်တင်ရှုတ်ချကြောင်းလည်း စနေနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

အခင်းဖြစ်ခဲ့တဲ့ ဒေသတွင်းမှာ စာနာမှုလုပ်ငန်းတွေ လုပ်ကိုင်အပြီး အားလပ်ရက် အိမ်ပြန်လာတဲ့ ဝန်ထမ်း ၂ ယောက်ဟာလည်း ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။ သူတို့လိုက်ပါလာတဲ့ ကားဟာလည်း တိုက်ခိုက်ပြီး မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ် မိုဆိုးရွာအနီးမှာ သက်ကြီးရွယ်အိုတွေ၊ မိန်းမတွေနဲ့ ကလေးတွေ အပါအဝင် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြသူတွေကို စစ်တပ်က သတ်ဖြတ်ပြီး မီးရှို့ခဲ့ကြောင်း ဒေသခံ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီကတော့ ဖရူဆိုမြို့နယ်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့တွေကို တိုင်းရင်းသား လက်နက်ကိုင် KNPP နဲ့ PDF လက်နက်ကိုင်တွေက စတင်တိုက်ခိုက်လို့ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။ ဒါပေမယ့် ထိခိုက်သေဆုံးမှု၊ ဖမ်းဆီးမှုနဲ့ မီးလောင်သေဆုံးနေတဲ့ အလောင်းတွေနဲ့ ပတ်သက်လို့ ပြောဆိုထားတာတော့ မရှိပါဘူး။

Save the Children အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Inger Ashing ကတော့ တိုက်ခိုက်မှုဟာ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တဲ့ လုပ်ရပ်အဖြစ် ရှုတ်ချကြောင်း ပြောဆိုလိုက်ပြီး သူတို့အဖွဲ့က ဝန်ထမ်းတွေ အပါအဝင် အပြစ်မဲ့ အရပ်သားတွေကို အကြမ်းဖက်တိုက်ခိုက်တဲ့ လုပ်ရပ်အပေါ် ထိတ်လန့်တုန်လှုပ်မိကြောင်း ပြောပါတယ်။

ဒီလဆန်းပိုင်းမှာပဲ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ အရပ်သား ၁၁ ယောက်ကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်၊ မီးရှို့သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ရာမှာ အမေရိကန်နဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။

XS
SM
MD
LG