သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားပင်လယ်အော် မုန်တိုင်းသတိပေးချက်ထုတ်ပြန်


ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်မှာ မိုးရွာသွန်းမှု ဆက်ရှိနိုင်ပြီး မြစ်ရေကြီးတာတွေ၊ ကမ်း ပါးပြိုတာတွေဖြစ်နိုင်တာမို့သတိထားဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးလိုက်ပါတယ်။ ဒီရက်ပိုင်းမှာမိုးနည်းနိုင်ပေမယ့် နောက်ရက်ပိုင်းတွေမှာ မိုးကြီးလာနိုင်မယ့် အလားလာရှိတယ်လို့လည်းပြောပါတယ်။ ဒီသတင်းကိုဗွီအိုအေမြန်မာပိုင်းကမေခပေးပို့ထားတာပါ။

ဘင်္ဂလားပင်လယ်အော်မှာ လက်ရှိဖြစ်တည်နေတဲ့ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသတစ်လေ ျှာက် မိုးအားကောင်းခဲ့ပါတယ်။ လက်ရှိအခြေ အနေအရ ဒီတရက်၂ရက်မှာ မိုးအရှိန်အားပျော့လာဖွယ်ရှိနေပေမယ့် နောက်ရက်တွေမှာတော့ မိုးကောင်းလာနိုင်တာမို့ မြစ်ရေကြီးတာတွေ၊ ကမ်း ပါးပြိုတာ တွေဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းကပြောပါတယ်။.

“အဓိကတော့ ဒီဇွန်လကုန် နောက်တခါ ဇူလိုင်ဆိုရင် ကျနော်တို့က မိုးလယ်ကာလရောက်ပြီ ၊ မိုးဦးကာလထက် မိုးများဖို့ရှိတယ်။ ဇွန်လထဲမှာလည်း အဓိကတော့ မိုးနဲ့ ဆက်စပ်ပြီးတော့ မြစ်ရေပေါ့နော် ၊ မြစ်ရေတက်လာမယ့်အခြေအနေကိုတော့ အထူးသတိထားဖို့ လိုတယ်။ နောက်မိုးများတဲ့နေရာတွေမှာ ၊ မိုးများလို့ ရေမြုပ်နေတဲ့အချိန်မှာ ထပ်ပြီးမိုးများရင်တော့ မြေပြိုမှုတွေလည်းဆက်ပြီးတော့ ဖြစ်လာနိုင်တယ် အဓိကတော့ ဒါတွေသတိထားဖို့လိုတယ်။”

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် အပြင် မိုးတွင်းကာလလယ်ကိုရောက်လာတာမို့ ဒီလိုအခြေအနေတွေဆက်တိုက်ဖြစ်တာ လို့သူကတော့ဆက်ပြောပါတယ်။ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းနေတဲ့အတွက် ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံတဝှမ်း ပြည်နယ်နဲ့တိုင်းအတော်များများမှာ မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းနိုင်ခြေရှိပါတယ်။

“အခုလက်ရှိလာမယ့် အခုက ၁၅ ရက်ဆိုတော့ နောက်လာမယ့် ၂ ရက် ၁၇ ရက်နဲ့ ၁၈ ရက်မှာတော့ ဒါ ကချင်ပြည်နယ်ဘက်လည်း မိုးများဖို့ရှိတယ်။ ခုနကပြောသလို ချင်းပြည်နယ်တို့ဘာတို့ကတော့ အခုလက်ရှိမှာတော့ အရင်ရက်တွေကတော့ မိုးမများနိုင်ဘူးလေ မုတ်သုံက ၂ ပိုင်းကွဲနေတာကို ။ တောင်ပိုင်းဘက်မှာ မုတ်သုံကလျော့နေတယ်။ ရခိုင်ကမ်းရိုးတန်းဘက်မှာကတော့ မုတ်သုံက အားကောင်းနေတယ်။နောက်လာမယ့် ၂ ရက် ၁၇ ရက်နဲ့ ၁၈ ရက်မှာတော့ ရန်ကုန်တို့ ၊ ဧရာဝတီတို့ကတော့ ဒါ မိုးများမယ့် အလားအလာတော့မတွေ့ရဘူးပေါ့နော် အဲဒါကြောင့် လက်ရှိမှာတော့ မုတ်သုံက ရခိုင်ဘက်မှာပဲ လက်ရှိကောင်းနေတယ်။ မကွေးတို့ ဘာတို့ကတော့ လျော့သွားဖို့ အလားအလာရှိနေတယ်ပေါ့နော်။”

မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရတော့ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း တို့မှာ မုတ်သုံလေ အားအနည်းငယ်မှ အားအသင့် အတင့် ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းနေတာမို့ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ကယားပြည် နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်တွင် ဒေသအလိုက်၊ နေပြည်တော်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီး နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာကိုပဲ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းတို့မှာ မိုးသည်းထန်စွာရွာသွန်းတာမို့ ရေကြီးရေလျှံတာတွေဖြစ်နေပါတယ်။ အိမ်တွေရေလျှံတာအပြင် တံတားတွေပါ မျောပါလို့ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG