(Zawgyi/Unicode)
ရန္ကုန္ၿမိဳ႕အတြင္း ရဲတပ္ဖြဲ႔စစ္ေဆးေရး ဂိတ္ေတြကေန ျဖတ္သန္းသြားလာသူေတြရဲ႕ လက္ကိုင္ဖုန္းေတြကို စစ္ေဆးၿပီး ေငြေတာင္းခံတာ၊ ႐ိုက္နက္တာေတြ လုပ္ေနတဲ့အေၾကာင္း ကိုယ္တိုင္ေငြေပးခဲ့ရတဲ့ သာကေတၿမိဳ႕ခံ တေယာက္က VOA ကို ေျပာပါတယ္။ၿခိမ္းေျခာက္ပစ္ခတ္မႈနဲ႔ ဖမ္းဆီးမႈေတြ ဆက္ရွိေနတုန္းပဲလို႔လည္း ေျပာပါတယ္။ သာကေတၿမိဳ႕အေျခအေန ကိုသိန္းထိုက္ဦး ဆက္သြယ္ေမးျမန္းထားပါတယ္။
“ဗႏၶဳလတံတား၊ က်ေန္ာတို႔ ဗိုလ္တေထာင္နဲ႔ သာေကတနဲ႔ ဆက္ထားတဲ့ ဗႏၶဳလတံတား။ ဟုတ္ကဲ့၊ တံတားအဆင္းမွာ ရဲစခန္းဂိတ္ရွိတယ္။
ေမး။ ။ ဟုတ္ကဲ့အဲဒီဘက္ကို ဘာလို႔ သြားတာလဲ။
ေျဖ။ ။ က်ေနာ္က ၿမိဳ႕ထဲကို အလုပ္ကိစၥနဲ႔ သြားတာ ၊ က်ေနာ္တို႔က ၿမိဳ႕ထဲကိုသြားဖို႔က အဲဒီတံတားပဲရွိတယ္။
ေမး။ ။ လံုၿခံဳေရးတပ္ဖြဲ႔၀င္ ဘယ္ေလာက္ေလာက္ရွိပါသလဲ။
ေျဖ။ ။ လံုၿခံဳေရးတပ္ဖြဲ႔၀င္ေတြကေတာ့ အတိအက်ေတာ့ က်ေနာ္လည္းမသိဘူး မ်ားေတာ့မ်ားတယ္အကိုေရ ၊ သူတို႔က ရဲစခန္း၀န္းထဲကဆိုေတာ့။
ေမး။ ။ သူတို႔က ဘာေျပာသလဲ ေတြ႔ေတာ့။
ေျဖ။ ။ သူတို႔က ဘာေျပာသလဲ ဆိုေတာ့ ဖုန္းထုတ္ေပါ့ ၊ ဖုန္းစစ္ခ်င္လို႔ အဲလိုမ်ိဳးထုတ္ခိုင္းတယ္။ တခ်ိဳ႕ကားေတြကေတာ့ ေနာက္ဖံုးေတြ ဖြင့္ခိုင္းတယ္ အဲလိုမ်ိဳး။ က်ေနာ္က ဖုန္းေပးလိုက္ေတာ့ ဖုန္းကေတာ့ ကိုယ္သံုးတဲ့ ဖုန္းမယူသြားဘူးေလ၊ တျခားဖုန္းေပါ့ အသံုးနည္းတဲ့ဖုန္းယူသြားတယ္။ က်ေနာ့္ဖုန္းကို စစ္ၿပီးေတာ့ က်ေနာ့္ဖုန္းမွာေတာ့ Facebook လည္းမရွိဘူး gallery လည္းမရွိဘူးေပါ့ေနာ္။ အဲဒီဖုန္းဆိုေတာ့ မင္းက ဘာလို႔ ဒီဖုန္းသံုးတာလဲေပါ့ေနာ္ ၊ က်ေနာ္ ဒီဖုန္းသံုးတာ ၁ လပိုင္း ၂ လပိုင္းကတည္းက စသံုးတာပါ အဲဒီေတာ့ က်ေနာ့္ထဲမွာ ဘာမွ data မရွိပါဘူးဆိုတာ ရွင္းျပတယ္။ ရွင္းျပေတာ့ သူတို႔က မယံုဘူးေပါ့၊ မယံုေတာ့ ကားေတြကလည္း အမ်ားႀကီးေပါ့ေနာ္ ေနာက္ဆံုး သူတို႔က လြယ္လြယ္ပဲ ၊ keypad သံုးတဲ့လူဆိုရင္ က်ေနာ့္ေရွ႕မွာ ျမင္ရတယ္၊ မင္းအခုက်မွ keypad သံုးတာလားဆိုၿပီး နားဘန္က်င္းၿပီးေတာ့ ပိုက္ဆံ ၂ ေသာင္း ေတာင္းတယ္ေပါ့ေနာ္။
ေမး။ ။ keypad ဆိုတာက
ေျဖ။ ။ keypad ဆိုတာေလ က်ေနာ္တို႔ဖုန္းက Facebook ပြတ္လို႔မရပဲနဲ႔ အရင္ အစဦးဆံုး ေပၚတဲ့ keypad ဖုန္းေလးေတြ ၊ အဲလိုခလုတ္ေလးေတြ။ အဲဒီလုိဖုန္းသံုးရင္ နားဘန္က်င္းတယ္။
ေမး။ ။ အဲဒီေတာ့ ဖုန္းမသိမ္းဘူးလား။
ေျဖ။ ။ ဖုန္းကိုေတာ့ မသိမ္းလိုက္ဘူး။ ဖုန္းထဲမွာလည္း ဘာမွ သိမ္းလို႔မရဘူး။ အဲဒါနဲ႔ က်ေနာ္ဆီက ေငြေတာ့ေတာင္းတယ္။
ေမး။ ။ ေငြဘယ္ေလာက္ေပးခဲ့ရသလဲ။
ေျဖ။ ။ ၅ ေသာင္းခင္ဗ်။
ေမး။ ။ ၅ ေသာင္းက ဘာအတြက္လို႔ ေျပာလဲ။
ေျဖ။ ။ဘာအတြက္မွမဟုတ္ဘူး သူတို႔ ဒီလိုပဲ ေတာင္းတယ္။ အဲဒါနဲ႔ ရဲေတြကို ၅ ေသာင္းေပးလိုက္တယ္။ ၅ ေသာင္းမေပးရင္ ဖုန္းျပန္မေပးတဲ့ပံုစံမ်ိဳးလုပ္တယ္။ ဘာမွေတာ့မေျပာဘူး ၅ ေသာင္းေပးရမယ္ အဲလိုေျပာတယ္။ က်ေန္ာတို႔ေရွ႕မွာလည္း တခ်ိဳ႕ ေပးသြားတဲ့လူေတြရွိေတာ့ ဘာမွမေျပာဘူး က်ေနာ္လည္း ေပးလိုက္တယ္။ က်ေနာ္လည္း တေယာက္တည္းပဲ သြားတာဆိုေတာ့။
ေမး။ ။ ဘာအေၾကာင္းမွလည္း မေျပာဘူး ၅ ေသာင္းေတာင္းတာေပါ့ေနာ္။
ေျဖ။ ။ ဟုတ္ကဲ့ ဘာအေၾကာင္းမွ မေျပာဘူး က်ေနာ္တို႔ကလည္း စကားနဲ ရန္နဲလုပ္ၿပီးေတာ့ သြားရတာ။
ေမး။ ။ က်န္တဲ့ ဖမ္းတာဆီးတာေတြေရာ သာေကတမွာ ဘာေတြရွိေသးသလဲ။ ဘယ္လိုအေျခအေနရွိသလဲခင္ဗ်။
ေျဖ။ ။ဖမ္းတာဆီးတာကေတာ့ က်ေနာ္တို႔ လမ္းထဲမွာဆိုရင္ လြန္ခဲ့တဲ့ ၅ ရက္ေလာက္က ၀င္ဖမ္းသြားတယ္။ လာဖမ္းသြားေတာ့ ဖမ္းတာက အကိုကိုဖမ္းတာ ၊ အဲဒါ အကိုမရွိေတာ့ ညီလင္မယား ၂ ေယာက္လံုးကို ဖမ္းသြားတာ။ ဖမ္းသြားၿပီးေတာ့ မနက္က်ေတာ့ ျပန္လႊတ္ေပးလိုက္တယ္။ က်ေနာ္တို႔က ရပ္ကြက္ ၃ မွာေနတာ အဲဒီ ရပ္ကြက္ ၃ မွာဆိုရင္ တညတည္းနဲ႔ ၂၂ ေယာက္ အဖမ္းခံရတယ္။ အဖမ္းခံရၿပီးေတာ့ တခ်ိဳ႕တ၀က္ေတာ့ ျပန္လႊတ္လိုက္တယ္။ တခ်ိဳ႕တ၀က္ေတာ့ ျပန္မလႊတ္ဘူး။ အခုက်ေတာ္တို႔ ရပ္ကြက္ထဲမွာဆိုရင္ အုပ္ခ်ဳပ္ေရးမွဴးရံုးနဲ႔ နီးတယ္ ။ အဲဒီရံုးနားမွာ စစ္တပ္က လက္နက္ကိုင္ေတြထားထားတယ္ အဲလိုမ်ိဳး။ လြန္ခဲ့တဲ့ ၁ ပတ္ ၁၀ ရက္ေလာက္ဆိုရင္ ညဘက္ဆို ေသနတ္ေတြ ပစ္တယ္။ က်ေနာ္တုိ႔ တလမ္းေက်ာ္မွာဆိုရင္ ေသနတ္သံေတြ ၾကားေနရတယ္။က်ေန္ာတို႔ သာေကတမွာ လြန္ခဲ့တဲ့ ၂၇ ရက္ေန႔ေနာက္ပိုင္းဆိုရင္ ပတ္ပတ္လည္မွာ မီးခိုးေတြရွိေနတယ္ Fortune ပလာဇာေနာက္မွာ ၊ ဓါတ္ဆီဆိုင္ ၊ ၿပီးေတာ့ ရုပ္ရွင္ရံု ၊ ဗႏၶဳလတံတား ေနာက္ၿပီးေတာ့ လမ္းထိပ္ေတြမွာ မီးခိုးေတြ တလူလူနဲ႔ ဒိုင္းဒိုင္းနဲ႔ ပတ္လည္ကို ပစ္ေနတာ။
..............
ရန်ကုန်ဆင်ခြေဖုံး နိုင်ထက်စီးနင်း လုံခြုံရေး (ကိုယ်တွေ့ကြုံရသူ)
(Unicode)
ရန်ကုန်မြို့အတွင်း ရဲတပ်ဖွဲ့စစ်ဆေးရေး ဂိတ်တွေကနေ ဖြတ်သန်းသွားလာသူတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ဆေးပြီး ငွေတောင်းခံတာ၊ ရိုက်နက်တာတွေ လုပ်နေတဲ့အကြောင်း ကိုယ်တိုင်ငွေပေးခဲ့ရတဲ့ သာကတေမြို့ခံ တယောက်က VOA ကို ပြောပါတယ်။ခြိမ်းခြောက်ပစ်ခတ်မှုနဲ့ ဖမ်းဆီးမှုတွေ ဆက်ရှိနေတုန်းပဲလို့လည်း ပြောပါတယ်။ သာကတေမြို့အခြေအနေ ကိုသိန်းထိုက်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။
“ဗန္ဓုလတံတား၊ ကျနေ်ာတို့ ဗိုလ်တထောင်နဲ့ သာကေတနဲ့ ဆက်ထားတဲ့ ဗန္ဓုလတံတား။ ဟုတ်ကဲ့၊ တံတားအဆင်းမှာ ရဲစခန်းဂိတ်ရှိတယ်။
မေး။ ။ ဟုတ်ကဲ့အဲဒီဘက်ကို ဘာလို့ သွားတာလဲ။
ဖြေ။ ။ ကျနော်က မြို့ထဲကို အလုပ်ကိစ္စနဲ့ သွားတာ ၊ ကျနော်တို့က မြို့ထဲကိုသွားဖို့က အဲဒီတံတားပဲရှိတယ်။
မေး။ ။ လုံခြုံရေးတပ်ဖွဲ့ဝင် ဘယ်လောက်လောက်ရှိပါသလဲ။
ဖြေ။ ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့ အတိအကျတော့ ကျနော်လည်းမသိဘူး များတော့များတယ်အကိုရေ ၊ သူတို့က ရဲစခန်းဝန်းထဲကဆိုတော့။
မေး။ ။ သူတို့က ဘာပြောသလဲ တွေ့တော့။
ဖြေ။ ။ သူတို့က ဘာပြောသလဲ ဆိုတော့ ဖုန်းထုတ်ပေါ့ ၊ ဖုန်းစစ်ချင်လို့ အဲလိုမျိုးထုတ်ခိုင်းတယ်။ တချို့ကားတွေကတော့ နောက်ဖုံးတွေ ဖွင့်ခိုင်းတယ် အဲလိုမျိုး။ ကျနော်က ဖုန်းပေးလိုက်တော့ ဖုန်းကတော့ ကိုယ်သုံးတဲ့ ဖုန်းမယူသွားဘူးလေ၊ တခြားဖုန်းပေါ့ အသုံးနည်းတဲ့ဖုန်းယူသွားတယ်။ ကျနော့်ဖုန်းကို စစ်ပြီးတော့ ကျနော့်ဖုန်းမှာတော့ Facebook လည်းမရှိဘူး gallery လည်းမရှိဘူးပေါ့နော်။ အဲဒီဖုန်းဆိုတော့ မင်းက ဘာလို့ ဒီဖုန်းသုံးတာလဲပေါ့နော် ၊ ကျနော် ဒီဖုန်းသုံးတာ ၁ လပိုင်း ၂ လပိုင်းကတည်းက စသုံးတာပါ အဲဒီတော့ ကျနော့်ထဲမှာ ဘာမှ data မရှိပါဘူးဆိုတာ ရှင်းပြတယ်။ ရှင်းပြတော့ သူတို့က မယုံဘူးပေါ့၊ မယုံတော့ ကားတွေကလည်း အများကြီးပေါ့နော် နောက်ဆုံး သူတို့က လွယ်လွယ်ပဲ ၊ keypad သုံးတဲ့လူဆိုရင် ကျနော့်ရှေ့မှာ မြင်ရတယ်၊ မင်းအခုကျမှ keypad သုံးတာလားဆိုပြီး နားဘန်ကျင်းပြီးတော့ ပိုက်ဆံ ၂ သောင်း တောင်းတယ်ပေါ့နော်။
မေး။ ။ keypad ဆိုတာက
ဖြေ။ ။ keypad ဆိုတာလေ ကျနော်တို့ဖုန်းက Facebook ပွတ်လို့မရပဲနဲ့ အရင် အစဦးဆုံး ပေါ်တဲ့ keypad ဖုန်းလေးတွေ ၊ အဲလိုခလုတ်လေးတွေ။ အဲဒီလိုဖုန်းသုံးရင် နားဘန်ကျင်းတယ်။
မေး။ ။ အဲဒီတော့ ဖုန်းမသိမ်းဘူးလား။
ဖြေ။ ။ ဖုန်းကိုတော့ မသိမ်းလိုက်ဘူး။ ဖုန်းထဲမှာလည်း ဘာမှ သိမ်းလို့မရဘူး။ အဲဒါနဲ့ ကျနော်ဆီက ငွေတော့တောင်းတယ်။
မေး။ ။ ငွေဘယ်လောက်ပေးခဲ့ရသလဲ။
ဖြေ။ ။ ၅ သောင်းခင်ဗျ။
မေး။ ။ ၅ သောင်းက ဘာအတွက်လို့ ပြောလဲ။
ဖြေ။ ။ဘာအတွက်မှမဟုတ်ဘူး သူတို့ ဒီလိုပဲ တောင်းတယ်။ အဲဒါနဲ့ ရဲတွေကို ၅ သောင်းပေးလိုက်တယ်။ ၅ သောင်းမပေးရင် ဖုန်းပြန်မပေးတဲ့ပုံစံမျိုးလုပ်တယ်။ ဘာမှတော့မပြောဘူး ၅ သောင်းပေးရမယ် အဲလိုပြောတယ်။ ကျနေ်ာတို့ရှေ့မှာလည်း တချို့ ပေးသွားတဲ့လူတွေရှိတော့ ဘာမှမပြောဘူး ကျနော်လည်း ပေးလိုက်တယ်။ ကျနော်လည်း တယောက်တည်းပဲ သွားတာဆိုတော့။
မေး။ ။ ဘာအကြောင်းမှလည်း မပြောဘူး ၅ သောင်းတောင်းတာပေါ့နော်။
ဖြေ။ ။ ဟုတ်ကဲ့ ဘာအကြောင်းမှ မပြောဘူး ကျနော်တို့ကလည်း စကားနဲ ရန်နဲလုပ်ပြီးတော့ သွားရတာ။
မေး။ ။ ကျန်တဲ့ ဖမ်းတာဆီးတာတွေရော သာကေတမှာ ဘာတွေရှိသေးသလဲ။ ဘယ်လိုအခြေအနေရှိသလဲခင်ဗျ။
ဖြေ။ ။ဖမ်းတာဆီးတာကတော့ ကျနော်တို့ လမ်းထဲမှာဆိုရင် လွန်ခဲ့တဲ့ ၅ ရက်လောက်က ဝင်ဖမ်းသွားတယ်။ လာဖမ်းသွားတော့ ဖမ်းတာက အကိုကိုဖမ်းတာ ၊ အဲဒါ အကိုမရှိတော့ ညီလင်မယား ၂ ယောက်လုံးကို ဖမ်းသွားတာ။ ဖမ်းသွားပြီးတော့ မနက်ကျတော့ ပြန်လွှတ်ပေးလိုက်တယ်။ ကျနော်တို့က ရပ်ကွက် ၃ မှာနေတာ အဲဒီ ရပ်ကွက် ၃ မှာဆိုရင် တညတည်းနဲ့ ၂၂ ယောက် အဖမ်းခံရတယ်။ အဖမ်းခံရပြီးတော့ တချို့တဝက်တော့ ပြန်လွှတ်လိုက်တယ်။ တချို့တဝက်တော့ ပြန်မလွှတ်ဘူး။ အခုကျတော်တို့ ရပ်ကွက်ထဲမှာဆိုရင် အုပ်ချုပ်ရေးမှူးရုံးနဲ့ နီးတယ် ။ အဲဒီရုံးနားမှာ စစ်တပ်က လက်နက်ကိုင်တွေထားထားတယ် အဲလိုမျိုး။ လွန်ခဲ့တဲ့ ၁ ပတ် ၁၀ ရက်လောက်ဆိုရင် ညဘက်ဆို သေနတ်တွေ ပစ်တယ်။ ကျနော်တို့ တလမ်းကျော်မှာဆိုရင် သေနတ်သံတွေ ကြားနေရတယ်။ကျနေ်ာတို့ သာကေတမှာ လွန်ခဲ့တဲ့ ၂၇ ရက်နေ့နောက်ပိုင်းဆိုရင် ပတ်ပတ်လည်မှာ မီးခိုးတွေရှိနေတယ် Fortune ပလာဇာနောက်မှာ ၊ ဓါတ်ဆီဆိုင် ၊ ပြီးတော့ ရုပ်ရှင်ရုံ ၊ ဗန္ဓုလတံတား နောက်ပြီးတော့ လမ်းထိပ်တွေမှာ မီးခိုးတွေ တလူလူနဲ့ ဒိုင်းဒိုင်းနဲ့ ပတ်လည်ကို ပစ်နေတာ။