သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံအထူးသံ တိုင္းရင္းသားလက္နက္ကိုင္ ၇ ဖြဲ႕နဲ႔ေတြ႕ဆုံ


ကေမၻာဒီးယားဒုဝန္ႀကီးခ်ဳပ္နဲ႔ျမန္မာဆုိင္ရာ အာဆီယံအထူးကုိယ္စားလွယ္ Prak Sokhonn ျမန္မာ့ႏိုင္ငံ လူသားခ်င္းစာနာမႈအကူအညီေပးေရး ေဆြးေႏြးစဥ္။ (ေမ ၆၊၂၀၂၂)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံကိုေရာက္ရွိေနတဲ့ အာဆီယံ အထူးသံတမန္နဲ႔ တိုင္းရင္းသားလက္နက္ ကိုင္ ၇ ဖြဲ႕တို႔ ဒီကေန႔ ေတြ႕ဆုံခဲ့ၾကပါတယ္။ အပစ္အခတ္ရပ္စဲေရး၊ လူသားခ်င္းစာနာမႈအကူအညီေတြေပးအပ္ေရးနဲ႔ ႏိုင္ငံေရးေဆြးေႏြးပြဲျဖစ္ေျမာက္ေရး ဆိုတဲ့ အခ်က္သုံးခ်က္ကို သူ႔အေနနဲ႔ အဓိကထားေဆာင္႐ြက္သြားမယ္လို႔ အာဆီယံအထူးသံက ရွင္းလင္းေျပာဆိုပါတယ္။ EAO အဖြဲ႕ေတြဘက္ကလည္း အားလုံးပါဝင္တဲ့ ႏိုင္ငံေရးေဆြးေႏြးပြဲျဖစ္ေပၚေရးအတြက္ အေလးထား ေဆြးေႏြးခဲ့ၾကပါတယ္။ ဒီအေၾကာင္း ရန္ကုန္က သတင္းေပးပို႔ထားတာကို ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

ျမန္မာ့အေရးဆိုင္ရာ အာဆီယံအထူးသံတမန္ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn ဟာ NCA လက္မွတ္ထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕၇ ဖြဲ႕နဲ႔ ေနျပည္ေတာ္မွာ ဒီကေန႔မနက္ ၁၀ နာရီကေန ၁၂ နာရီေက်ာ္အထိ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကတာပါ။

ဒီေဆြးေႏြးပြဲမွာ အာဆီယံအထူးသံတမန္က ျမန္မာျပည္ခရီးစဥ္မွာ အဓိကအခ်က္ ၃ ခ်က္ကို ေဆာင္႐ြက္ဖို႔ရွိေၾကာင္း ရွင္းလင္းခဲ့တယ္လို႔ EAO ကိုယ္စားလွယ္အဖြဲ႕ရဲ႕ ဒုတိယေခါင္းေဆာင္ ေဒၚေစာျမရာဇာလင္းက VOA ကို ေျပာပါတယ္။

“ Asean Special Envoy က ေျပာတာက သူ႔မွာ လုပ္ငန္းစဥ္ ၃ ခုပါတယ္ဆိုတာကို သူရွင္းျပပါတယ္။ နံပါတ္တစ္ကေတာ့ အပစ္အခတ္ရပ္စဲေရးကို သူလုပ္မယ္။ ေနာက္ၿပီးရင္ လူသားခ်င္းစာနာ ေထာက္ထားမႈ ေထာက္ပံ့ေရးကိစၥေတြကို တကယ့္ကို လိုအပ္ေနတဲ့ ပုဂၢိဳလ္ေတြဆီ ေရာက္ေအာင္ သူႀကိဳးပမ္းမယ္။ ၿပီးလို႔ရွိရင္ ႏိုင္ငံေရးေဆြးေႏြးပြဲေပၚေပါက္လာဖို႔အတြက္ သူသြားေပးမယ္ဆိုတဲ့ ရည္႐ြယ္ခ်က္ ၃ ခုနဲ႔ လာတဲ့အေၾကာင္းေတြကို သူက ေျပာျပပါတယ္။”

EAO အဖြဲ႕ေတြဘက္က အဓိက ေဆြးေႏြးတဲ့အခ်က္ကိုလည္း အခုလို ဆက္ေျပာပါတယ္။

“ က်မတို႔ဘက္ကလည္း ဒီႏိုင္ငံေရးေဆြးေႏြးပြဲျဖစ္ေပၚလာေရးကို အရမ္းႀကိဳးပမ္းေနၾကတယ္ ဆိုတာမ်ိဳးကို က်မတို႔က ေျပာတယ္။ ၿပီးလို႔ရွိရင္ က်မတို႔က Win- Win ေပၚလစီ ျဖစ္ဖို႔ဆိုတာမ်ိဳး ကိုလည္း ဦးတည္ခ်က္ေတြ ရွိခဲ့ၾကတယ္။ ဒါကိုလည္း က်မတို႔နဲ႔ Asean Envoy တို႔ သေဘာထား တူတာေတြ ရွိပါတယ္။ အားလုံးကို ၿခဳံၿပီးေတာ့မွ ၾကည့္လိုက္တဲ့အခါမွာ က်မတို႔က သက္ဆိုင္သူအားလုံးနဲ႔ ေတြ႕ဆုံေရးကို က်မတို႔က ႀကိဳးပမ္းမယ္။ ၿပီးလို႔ရွိရင္ ႏိုင္ငံေရးေဆြးေႏြးပြဲ အခင္းအက်င္း တခု ဖန္တီးလာဖို႔ ေတြ႕သင့္၊ ေတြ႕ထိုက္တဲ့သူေတြနဲ႔ အားလုံးေတြ႕ဖို႔၊ တႏိုင္ငံလုံးအတိုင္းအတာနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ ျဖစ္ေပၚ ကမ္းလွမ္းလာဖို႔ ကိစၥေတြကို က်မတို႔က အဓိက ထားၿပီး ေဆြးေႏြးတာျဖစ္ပါတယ္။”

ေဆြးေႏြးပြဲမွာ လူသားခ်င္းစာနာမႈဆိုင္ရာအေထာက္အကူေပးေရးကိစၥမွာ EAO ေတြအေနနဲ႔ ပူးေပါင္းေဆာင္႐ြက္ေရး၊ NCA အပစ္ရပ္စာခ်ဳပ္၊ ဖက္ဒရယ္ျပည္ေထာင္စုနဲ႔ ကိုယ္ပိုင္ျပဌာန္းခြင့္ ရရွိေရး စတဲ့အေရးကိစၥေတြကို ေဆြးေႏြးခဲ့ေၾကာင္း ေျပာပါတယ္။

အာဆီယံအထူးကိုယ္စားလွယ္နဲ႔ ေတြ႕ဆုံၿပီးတဲ့ေနာက္မွာေတာ့ တိုင္းရင္းသားလက္နက္ကိုင္ ၇ ဖြဲ႕ရဲ႕ ကိုယ္စားလွယ္ေတြဟာ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ဦးေဆာင္တဲ့ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈ ညႇိႏႈိင္းေရးေကာ္ မတီနဲ႔ အလြတ္သေဘာေတြ႕ဆုံၿပီး ႏိုင္ငံေရးေဆြးေႏြးပြဲတခု ျဖစ္ေျမာက္ေရးအတြက္ ေဆြးေႏြးခဲ့ပါတယ္။

ဒီေန႔ အာဆီယံ အထူးသံတမန္နဲ႔ ေတြ႕ဆုံခဲ့တဲ့ တိုင္းရင္းသား လက္နက္ကိုင္ကိုယ္ စားလွယ္အဖြဲ႕ကို ကရင္ ၿငိမ္းခ်မ္းေရးေကာင္စီ KNU/KNLA- PC က ေဒါက္တာေနာ္ကေပၚထူးက ဦးေဆာင္တက္ေရာက္ခဲ့တာျဖစ္ပါတယ္။

တက္ေရာက္လာတဲ့ EAO ၇ ဖြဲ႕ဟာ NCA အပစ္ရပ္စာခ်ဳပ္ကို လက္မွတ္ ေရးထိုးထားၿပီး လက္ရွိ စစ္ေကာင္စီနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးေနတဲ့ အဖြဲ႕ေတြလည္း ျဖစ္ပါတယ္။

အာဆီယံအထူးသံတမန္ဟာ မနက္ျဖန္မွာေတာ့ ရန္ကုန္ၿမိဳ႕မွာ ႏိုင္ငံေရးပါတီ ၉ ပါတီနဲ႔ ေတြ႕ဆုံဖို႔ ရွိေနပါတယ္။

အထူးသံတမန္ဟာ ၿပီးခဲ့တဲ့မတ္လက ျမန္မာျပည္ကို ပထမဆုံးအႀကိမ္လာေရာက္ခဲ့ဖူးပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ျဖစ္လာတဲ့ ႏိုင္ငံေရးျပႆနာေတြကို ေျဖရွင္းႏိုင္ဖို႔ အာဆီယံရဲ႕ ဘုံသေဘာတူညီခ်က္အရ အာဆီယံအထူးကိုယ္စားလွယ္ဆိုတာျဖစ္လာတာပါ။ ျမန္မာစစ္ေကာင္စီဘက္ကေတာ့ အာဆီယံအထူးကိုယ္စားလွယ္ကို ပူးေပါင္းေဆာင္႐ြက္မယ္လို႔ ကတိျပဳထားသလို အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကိုလည္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနတယ္လို႔ဆိုေနပါတယ္။ ဒါေပမယ့္လည္း အာဆီယံဘက္ကေတာ့ ဒီသေဘာတူညီခ်က္ကို ျမန္မာစစ္ေကာင္စီဘက္က လိုက္နာေဆာင္႐ြက္ဖို႔ ပ်က္ကြယ္တယ္ဆိုၿပီး အာဆီယံအဆင့္ျမင့္အစည္းအေဝးေတြမွာ စစ္ေကာင္စီကို ကိုယ္စားျပဳတတ္ေရာက္ခြင့္ ပိတ္ပင္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

အာဆီယံအထူးသံ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့တွေ့ဆုံ

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အာဆီယံ အထူးသံတမန်နဲ့ တိုင်းရင်းသားလက်နက် ကိုင် ၇ ဖွဲ့တို့ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။ အပစ်အခတ်ရပ်စဲရေး၊ လူသားချင်းစာနာမှုအကူအညီတွေပေးအပ်ရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေး ဆိုတဲ့ အချက်သုံးချက်ကို သူ့အနေနဲ့ အဓိကထားဆောင်ရွက်သွားမယ်လို့ အာဆီယံအထူးသံက ရှင်းလင်းပြောဆိုပါတယ်။ EAO အဖွဲ့တွေဘက်ကလည်း အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်ရေးအတွက် အလေးထား ဆွေးနွေးခဲ့ကြပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးသံတမန် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ဟာ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၇ ဖွဲ့နဲ့ နေပြည်တော်မှာ ဒီကနေ့မနက် ၁၀ နာရီကနေ ၁၂ နာရီကျော်အထိ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

ဒီဆွေးနွေးပွဲမှာ အာဆီယံအထူးသံတမန်က မြန်မာပြည်ခရီးစဉ်မှာ အဓိကအချက် ၃ ချက်ကို ဆောင်ရွက်ဖို့ရှိကြောင်း ရှင်းလင်းခဲ့တယ်လို့ EAO ကိုယ်စားလှယ်အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက VOA ကို ပြောပါတယ်။

“ Asean Special Envoy က ပြောတာက သူ့မှာ လုပ်ငန်းစဉ် ၃ ခုပါတယ်ဆိုတာကို သူရှင်းပြပါတယ်။ နံပါတ်တစ်ကတော့ အပစ်အခတ်ရပ်စဲရေးကို သူလုပ်မယ်။ နောက်ပြီးရင် လူသားချင်းစာနာ ထောက်ထားမှု ထောက်ပံ့ရေးကိစ္စတွေကို တကယ့်ကို လိုအပ်နေတဲ့ ပုဂ္ဂိုလ်တွေဆီ ရောက်အောင် သူကြိုးပမ်းမယ်။ ပြီးလို့ရှိရင် နိုင်ငံရေးဆွေးနွေးပွဲပေါ်ပေါက်လာဖို့အတွက် သူသွားပေးမယ်ဆိုတဲ့ ရည်ရွယ်ချက် ၃ ခုနဲ့ လာတဲ့အကြောင်းတွေကို သူက ပြောပြပါတယ်။”

EAO အဖွဲ့တွေဘက်က အဓိက ဆွေးနွေးတဲ့အချက်ကိုလည်း အခုလို ဆက်ပြောပါတယ်။

“ ကျမတို့ဘက်ကလည်း ဒီနိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်လာရေးကို အရမ်းကြိုးပမ်းနေကြတယ် ဆိုတာမျိုးကို ကျမတို့က ပြောတယ်။ ပြီးလို့ရှိရင် ကျမတို့က Win- Win ပေါ်လစီ ဖြစ်ဖို့ဆိုတာမျိုး ကိုလည်း ဦးတည်ချက်တွေ ရှိခဲ့ကြတယ်။ ဒါကိုလည်း ကျမတို့နဲ့ Asean Envoy တို့ သဘောထား တူတာတွေ ရှိပါတယ်။ အားလုံးကို ခြုံပြီးတော့မှ ကြည့်လိုက်တဲ့အခါမှာ ကျမတို့က သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံရေးကို ကျမတို့က ကြိုးပမ်းမယ်။ ပြီးလို့ရှိရင် နိုင်ငံရေးဆွေးနွေးပွဲ အခင်းအကျင်း တခု ဖန်တီးလာဖို့ တွေ့သင့်၊ တွေ့ထိုက်တဲ့သူတွေနဲ့ အားလုံးတွေ့ဖို့၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ် ကမ်းလှမ်းလာဖို့ ကိစ္စတွေကို ကျမတို့က အဓိက ထားပြီး ဆွေးနွေးတာဖြစ်ပါတယ်။”

ဆွေးနွေးပွဲမှာ လူသားချင်းစာနာမှုဆိုင်ရာအထောက်အကူပေးရေးကိစ္စမှာ EAO တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ NCA အပစ်ရပ်စာချုပ်၊ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး စတဲ့အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေဟာ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော် မတီနဲ့ အလွတ်သဘောတွေ့ဆုံပြီး နိုင်ငံရေးဆွေးနွေးပွဲတခု ဖြစ်မြောက်ရေးအတွက် ဆွေးနွေးခဲ့ပါတယ်။

ဒီနေ့ အာဆီယံ အထူးသံတမန်နဲ့ တွေ့ဆုံခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်ကိုယ် စားလှယ်အဖွဲ့ကို ကရင် ငြိမ်းချမ်းရေးကောင်စီ KNU/KNLA- PC က ဒေါက်တာနော်ကပေါ်ထူးက ဦးဆောင်တက်ရောက်ခဲ့တာဖြစ်ပါတယ်။

တက်ရောက်လာတဲ့ EAO ၇ ဖွဲ့ဟာ NCA အပစ်ရပ်စာချုပ်ကို လက်မှတ် ရေးထိုးထားပြီး လက်ရှိ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အဖွဲ့တွေလည်း ဖြစ်ပါတယ်။

အာဆီယံအထူးသံတမန်ဟာ မနက်ဖြန်မှာတော့ ရန်ကုန်မြို့မှာ နိုင်ငံရေးပါတီ ၉ ပါတီနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

အထူးသံတမန်ဟာ ပြီးခဲ့တဲ့မတ်လက မြန်မာပြည်ကို ပထမဆုံးအကြိမ်လာရောက်ခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ဖြစ်လာတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အာဆီယံရဲ့ ဘုံသဘောတူညီချက်အရ အာဆီယံအထူးကိုယ်စားလှယ်ဆိုတာဖြစ်လာတာပါ။ မြန်မာစစ်ကောင်စီဘက်ကတော့ အာဆီယံအထူးကိုယ်စားလှယ်ကို ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပြုထားသလို အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ဆိုနေပါတယ်။ ဒါပေမယ့်လည်း အာဆီယံဘက်ကတော့ ဒီသဘောတူညီချက်ကို မြန်မာစစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်ဖို့ ပျက်ကွယ်တယ်ဆိုပြီး အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ စစ်ကောင်စီကို ကိုယ်စားပြုတတ်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။

XS
SM
MD
LG