သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး ျမန္မာ့အေရးဂ်ပန္အထူးကိုယ္စားလွယ္ကိုေတြ႕ဆုံ


မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီး Saifudin Abdullah က နိပြန္ ေဖာင္ေဒးရွင္းဥကၠ႒ မစၥတာ Tan Sri Yohei Sasakawa ကို သူ႔႐ုံးမွာ ဒီကေန႔ လက္ခံေတြ႕ဆုံခဲ့စဥ္။ (ေမ ၁၇၊ ၂၀၂၂/ Photo: Saifuddin Abdullah FB)

[[Zawgyi/Unicode]]

မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီး Saifudin Abdullah က နိပြန္ ေဖာင္ေဒးရွင္းဥကၠ႒ မစၥတာ Tan Sri Yohei Sasakawa ကို သူ႔႐ုံးမွာ ဒီကေန႔ လက္ခံေတြ႕ဆုံခဲ့တယ္လို႔ သူ႔ရဲ႕ လူမႈစာမ်က္ႏွာမွာ တင္ထားပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ျဖစ္ေပၚတိုးတက္မႈနဲ႔ ပတ္သက္ၿပီး အေရးႀကီးနယ္ပယ္ ေတာ္ေတာ္မ်ားမ်ားကို သေဘာတူၾကတယ္လို႔ သူက ေရးထားပါတယ္။ အရပ္သားေတြရဲ႕ လုံၿခဳံေရးအတြက္ အပစ္အခတ္ရပ္စဲေရးကို ပါဝင္ပတ္သက္သူအားလုံးက လိုက္နာၾကဖို႔ အေရးႀကီးေၾကာင္း၊ ႏိုင္ငံတကာက ပါဝင္လာေအာင္ ဖိတ္ၾကားျခင္းအားျဖင့္ လူသားခ်င္းစာနာေထာက္ထားမႈ အားေကာင္းေအာင္ ေဆာင္႐ြက္ေရးက အေရးေပၚလိုအပ္ေနေၾကာင္း၊ လူသားခ်င္းစာနာေထာက္ထားေရး အကူအညီေပးေရးလမ္းေၾကာင္းေတြ ဖန္တီးဖို႔ လိုအပ္ေၾကာင္း အစရွိတဲ့ ကိစၥေတြမွာ သေဘာတူၾကတယ္လို႔ ဆိုပါတယ္။

မူ ၅ ခ်က္ အေကာင္အထည္ေဖာ္ၿပီး ပါဝင္ပတ္သက္သူေတြနဲ႔ ထိေတြ႕ဆက္ဆံဖို႔ ဂ်ပန္က အာဆီယံကို ေထာက္ခံေၾကာင္း မစၥတာဆာဆာကာဝါဆီက ၾကားခဲ့ရတာ အားတက္ဖြယ္ ျဖစ္ပါတယ္လို႔လည္း မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက ေရးထားပါတယ္။

မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးဟာ ၿပီးခဲ့တဲ့ အေမရိကန္-အာဆီယံ ထိပ္သီးအစည္းအေဝးကာလအတြင္း၊ NUG ႏိုင္ငံျခားေရးဝန္ႀကီးကို ေတြ႕ဆုံခဲ့သလို ျမန္မာ့အေရးေျဖရွင္းမႈမွာ NUG ကိုလည္း ထိစပ္ဆက္ဆံဖို႔ အာဆီယံအတြင္း လႈံေဆာ္ခဲ့သူပါ။ ျမန္မာစစ္ေကာင္စီဘက္ကေတာ့ NUG ကို အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္သတ္မွတ္ထားတာေၾကာင့္ဆိုၿပီး ႏိုင္ ငံတကာက NUG ကို ထိစပ္ေနတာေတြကို အျပင္းအထန္ေဝဖန္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္မႈေတြရပ္ဆိုင္းၿပီး သက္ဆိုင္ရာ အေရးပါသူေတြနဲ႔ညႇိႏႈိင္းေဆြးေႏြးဖို႔၊ လူသားခ်င္းစာနာမႈအကူအညီေပးဖို႔ စတဲ့ ဘုံသေဘာတူညီခ်က္ ၅ ခ်က္ကို ၂၀၂၁ ခုႏွစ္အတြင္းက ခ်မွတ္ခဲ့တာပါ။ ျမန္မာစစ္ေကာင္စီအႀကီးအကဲ ကိုယ္တိုင္ ပါဝင္သေဘာတူခဲ့တဲ့ ဒီမူ (၅) ခ်က္ကို ျမန္မာဘက္က လိုက္ေလ်ာဖို႔ ပ်က္ကြက္တယ္ဆိုၿပီး ေဝဖန္မႈေတြ ရွိေနတာပါ။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေးဂျပန်အထူးကိုယ်စားလှယ်ကိုတွေ့ဆုံ

မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifudin Abdullah က နိပွန် ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ Tan Sri Yohei Sasakawa ကို သူ့ရုံးမှာ ဒီကနေ့ လက်ခံတွေ့ဆုံခဲ့တယ်လို့ သူ့ရဲ့ လူမှုစာမျက်နှာမှာ တင်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုနဲ့ ပတ်သက်ပြီး အရေးကြီးနယ်ပယ် တော်တော်များများကို သဘောတူကြတယ်လို့ သူက ရေးထားပါတယ်။ အရပ်သားတွေရဲ့ လုံခြုံရေးအတွက် အပစ်အခတ်ရပ်စဲရေးကို ပါဝင်ပတ်သက်သူအားလုံးက လိုက်နာကြဖို့ အရေးကြီးကြောင်း၊ နိုင်ငံတကာက ပါဝင်လာအောင် ဖိတ်ကြားခြင်းအားဖြင့် လူသားချင်းစာနာထောက်ထားမှု အားကောင်းအောင် ဆောင်ရွက်ရေးက အရေးပေါ်လိုအပ်နေကြောင်း၊ လူသားချင်းစာနာထောက်ထားရေး အကူအညီပေးရေးလမ်းကြောင်းတွေ ဖန်တီးဖို့ လိုအပ်ကြောင်း အစရှိတဲ့ ကိစ္စတွေမှာ သဘောတူကြတယ်လို့ ဆိုပါတယ်။

မူ ၅ ချက် အကောင်အထည်‌ဖော်ပြီး ပါဝင်ပတ်သက်သူတွေနဲ့ ထိတွေ့ဆက်ဆံဖို့ ဂျပန်က အာဆီယံကို ထောက်ခံကြောင်း မစ္စတာဆာဆာကာဝါဆီက ကြားခဲ့ရတာ အားတက်ဖွယ် ဖြစ်ပါတယ်လို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ရေးထားပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးကာလအတွင်း၊ NUG နိုင်ငံခြားရေးဝန်ကြီးကို တွေ့ဆုံခဲ့သလို မြန်မာ့အရေးဖြေရှင်းမှုမှာ NUG ကိုလည်း ထိစပ်ဆက်ဆံဖို့ အာဆီယံအတွင်း လှုံဆော်ခဲ့သူပါ။ မြန်မာစစ်ကောင်စီဘက်ကတော့ NUG ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားတာကြောင့်ဆိုပြီး နိုင် ငံတကာက NUG ကို ထိစပ်နေတာတွေကို အပြင်းအထန်ဝေဖန်ခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေရပ်ဆိုင်းပြီး သက်ဆိုင်ရာ အရေးပါသူတွေနဲ့ညှိနှိုင်းဆွေးနွေးဖို့၊ လူသားချင်းစာနာမှုအကူအညီပေးဖို့ စတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ၂၀၂၁ ခုနှစ်အတွင်းက ချမှတ်ခဲ့တာပါ။ မြန်မာစစ်ကောင်စီအကြီးအကဲ ကိုယ်တိုင် ပါဝင်သဘောတူခဲ့တဲ့ ဒီမူ (၅) ချက်ကို မြန်မာဘက်က လိုက်လျောဖို့ ပျက်ကွက်တယ်ဆိုပြီး ဝေဖန်မှုတွေ ရှိနေတာပါ။
===============

XS
SM
MD
LG