သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုးကန႔္ေခါင္းေဆာင္ ဖုန္ၾကားရွင္ကြယ္လြန္


ရွမ္းျပည္ေျမာက္ပိုင္း ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ရဲ႕ ထိပ္ပိုင္းေခါင္းေဆာင္ PengJiasheng, ဦးဖုန္ၾကားရွင္ (Photo: The Kokang)

[[Zawgyi/Unicode]]

ရွမ္းျပည္ေျမာက္ပိုင္း ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ရဲ႕ ထိပ္ပိုင္းေခါင္းေဆာင္ျဖစ္တဲ့ ဖုန္ၾကားရွင္ ေခၚ ဖုန္ၾကားစင္းဟာ အသက္ ၉၄ ႏွစ္အ႐ြယ္နဲ႔ ကြယ္လြန္သြားတယ္လို႔ သူနဲ႔ နီးစပ္သူေတြက ေျပာပါတယ္။

ဖုန္ၾကားရွင္ဟာ ၁၉၈၉ ခုႏွစ္မွာ ဗမာျပည္ကြန္ျမဴနစ္ပါတီကေန ကိုးကန႔္တိုင္းရင္းသားတပ္ေတြ ခြဲထြက္မႈမွာ ညီျဖစ္သူ ဖုန္ၾကားဖူးနဲ႔အတူ ဦးေဆာင္ခဲ့ၿပီး အဲဒီေနာက္ပိုင္း ဗမာျပည္ကြန္ျမဴနစ္ပါတီ တိုင္းရင္းသားတပ္မ်ား ခြဲထြက္မႈေတြ ဆက္တိုက္ျဖစ္ခဲ့တာပါ။

ဖုန္ၾကားရွင္ဟာ ကိုးကန႔္ေစာ္ဘြားေတြ အာဏာစြန႔္ရတဲ့ ေခတ္မွာ ကိုးကန႔္ကာကြယ္ေရးတပ္ေခါင္းေဆာင္ျဖစ္ခဲ့ၿပီး ၁၉၆၇-၆၈ ခုႏွစ္မွာ ဗမာျပည္ကြန္ျမဴနစ္ပါတီရဲ႕ စည္း႐ုံးေရးေအာက္ ကိုးကန႔္တပ္မႉးျဖစ္လာပါတယ္။ ၁၉၇၀-၈၀ ကာလေတြမွာေတာ့ ဗမာျပည္ကြန္ျမဴနစ္ပါတီ အေရွ႕ေျမာက္စစ္ေဒသရဲ႕ တပ္မႉးႀကီးတဦးျဖစ္လာပါတယ္။ ဒါေပမယ့္ ၁၉၈၉ ခုႏွစ္မွာေတာ့ ကိုးကန႔္တပ္ေတြကို ဦးေဆာင္ၿပီး ဗကပ ဆီက ခြဲထြက္ကာ ျမန္မာစစ္အစိုးရနဲ႔ ၿငိမ္းခ်မ္းေရးယူခဲ့ပါတယ္။ အဲဒီကတည္းက စလို႔ ရွမ္းျပည္ေျမာက္ပိုင္း အထူးေဒသ (၁) ေခါင္းေဆာင္အျဖစ္နဲ႔ ရွိေနခဲ့တာပါ။

ဒါေပမယ့္ ၂၀၀၉ ခုႏွစ္က တိုင္းရင္းသားတပ္ေတြကို နယ္ျခားေစာင့္တပ္အျဖစ္ ေျပာင္းဖို႔ စစ္အစိုးရဖိအားေပးခဲ့တဲ့ေနာက္ စစ္အစိုးရနဲ႔ တိုက္ပြဲေတြျပန္ျဖစ္ခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္မွာေတာ့ ျမန္မာအစိုးရတပ္ေတြနဲ႔ ကိုးကန႔္တပ္ေတြအၾကား တေက်ာ့ျပန္တိုက္ပြဲေတြ ျပန္ျဖစ္ခဲ့ပါတယ္။

ဖုန္ၾကားရွင္ဟာ ေနာက္ပိုင္းမွာ MNDAA ကိုးကန႔္တပ္ရဲ႕ အႀကီးအကဲတဦးအေနနဲ႔ ဆက္ရွိခဲ့ေပမယ့္ ႏိုင္ငံေရး စစ္ေရးကိစၥေတြမွာေတာ့ ထဲထဲဝင္ဝင္ မပါဝင္ႏိုင္ေတာ့ဘူးလို႔သိရပါတယ္။ သူ႔သားျဖစ္သူ ဖုန္တာ႐ႊင္က လက္ရွိ ကိုးကန႔္တပ္ေတြကို အဓိက ဦးေဆာင္ေနပါတယ္။

ကိုးကန႔္ေခါင္းေဆာင္ဖုန္ၾကားရွင္ကြယ္လြန္
please wait

No media source currently available

0:00 0:00:44 0:00
တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ကိုးကန့်ခေါင်းဆောင် ဖုံကြားရှင်ကွယ်လွန်

ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်တဲ့ ဖုန်ကြားရှင် ခေါ် ဖုန်ကြားစင်းဟာ အသက် ၉၄ နှစ်အရွယ်နဲ့ ကွယ်လွန်သွားတယ်လို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဖုန်ကြားရှင်ဟာ ၁၉၈၉ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီကနေ ကိုးကန့်တိုင်းရင်းသားတပ်တွေ ခွဲထွက်မှုမှာ ညီဖြစ်သူ ဖုန်ကြားဖူးနဲ့အတူ ဦးဆောင်ခဲ့ပြီး အဲဒီနောက်ပိုင်း ဗမာပြည်ကွန်မြူနစ်ပါတီ တိုင်းရင်းသားတပ်များ ခွဲထွက်မှုတွေ ဆက်တိုက်ဖြစ်ခဲ့တာပါ။

ဖုန်ကြားရှင်ဟာ ကိုးကန့်စော်ဘွားတွေ အာဏာစွန့်ရတဲ့ ခေတ်မှာ ကိုးကန့်ကာကွယ်ရေးတပ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၁၉၆၇-၆၈ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ စည်းရုံးရေးအောက် ကိုးကန့်တပ်မှူးဖြစ်လာပါတယ်။ ၁၉၇၀-၈၀ ကာလတွေမှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီ အရှေ့မြောက်စစ်ဒေသရဲ့ တပ်မှူးကြီးတဦးဖြစ်လာပါတယ်။ ဒါပေမယ့် ၁၉၈၉ ခုနှစ်မှာတော့ ကိုးကန့်တပ်တွေကို ဦးဆောင်ပြီး ဗကပ ဆီက ခွဲထွက်ကာ မြန်မာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့ပါတယ်။ အဲဒီကတည်းက စလို့ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) ခေါင်းဆောင်အဖြစ်နဲ့ ရှိနေခဲ့တာပါ။

ဒါပေမယ့် ၂၀၀၉ ခုနှစ်က တိုင်းရင်းသားတပ်တွေကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းဖို့ စစ်အစိုးရဖိအားပေးခဲ့တဲ့နောက် စစ်အစိုးရနဲ့ တိုက်ပွဲတွေပြန်ဖြစ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ မြန်မာအစိုးရတပ်တွေနဲ့ ကိုးကန့်တပ်တွေအကြား တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။

ဖုန်ကြားရှင်ဟာ နောက်ပိုင်းမှာ MNDAA ကိုးကန့်တပ်ရဲ့ အကြီးအကဲတဦးအနေနဲ့ ဆက်ရှိခဲ့ပေမယ့် နိုင်ငံရေး စစ်ရေးကိစ္စတွေမှာတော့ ထဲထဲဝင်ဝင် မပါဝင်နိုင်တော့ဘူးလို့သိရပါတယ်။ သူ့သားဖြစ်သူ ဖုန်တာရွှင်က လက်ရှိ ကိုးကန့်တပ်တွေကို အဓိက ဦးဆောင်နေပါတယ်။

==============

XS
SM
MD
LG