သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈမလုပ္ဖို႔ အရပ္ဘက္အဖြဲ႕မ်ား တ႐ုတ္ကိုသတိေပး


 တ႐ုတ္အကူအညီနဲ႔တည္ေဆာက္ထားတဲ့ တ႐ုတ္-ျမန္မာနယ္စပ္ နန္းခမ္းၿမိဳ႕က ေရအားလွ်ပ္စစ္စက္႐ံု (ဇန္နဝါရီ ၂၄၊ ၂၀၁၁)  

[[Zawgyi/Unicode]]


စစ္အာဏာသိမ္း ျမန္မာႏိုင္ငံတြင္းမွာ ရင္းႏွီးျမႇဳပ္ႏွံမႈမလုပ္ဖို႔ ျမန္မာျပည္တြင္းအရပ္ဘက္အဖြဲ႕ ၅၀၀ ေက်ာ္က အိတ္ဖြင့္ေပးစာတေစာင္ တ႐ုတ္သမၼတထံကို တိုက္ တြန္းေရးသားေပးပို႔ပါတယ္။ ျပည္သူလူထုကို ဖိႏွိပ္ၿပီး လူမ်ိဳးတုန္း သတ္ျဖတ္မႈေတြ က်ဴးလြန္ေနတဲ့ အာဏာသိမ္း စစ္ေကာင္စီကို တ႐ုတ္အစိုးရနဲ႔ ဆက္စပ္စီးပြားေရး လုပ္ငန္းေတြက ဆက္ၿပီးအသိအမွတ္ ျပဳေနမယ္ဆိုရင္ တ႐ုတ္ႏိုင္ငံရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို လူထုေတာ္လွန္ေရးမွာ ထည့္သြင္းရမယ့္အေျခအေန ေရာက္လာမွာကို စိုးရိမ္မိေၾကာင္းလည္း အဲဒီစာထဲမွာ သတိေပးထားပါတယ္။ ရန္ကုန္က ေပးပို႔တဲ့သတင္းကို ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

စစ္ေကာင္စီရဲ႕ လုပ္ရပ္ေတြအေပၚမွာ ဆက္ၿပီးေထာက္ခံတာေတြ၊ စီးပြားေရးအရ ပူးေပါင္းေဆာင္႐ြက္တာေတြ မလုပ္ဖို႔ တ႐ုတ္အစိုးရကို ျပည္တြင္းက အရပ္ဘက္ အဖြဲ႕အစည္း ၅၅၈ ဖြဲ႕က ဧၿပီလ ၂၅ ရက္ေန႔စြဲနဲ႔ အိတ္ဖြင့္ေပးစာ ေပးပို႔လိုက္တာပါ။ နယ္ပယ္ေပါင္းစုံက အရပ္ဘက္အဖြဲ႕ေတြရဲ႕ အသံေတြျဖစ္လို႔ တ႐ုတ္အစိုးရအေပၚမွာ တစုံတရာ သက္ေရာက္ႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ဒီမိုကေရစီအေရး တက္ႂကြလႈပ္ရွားတဲ့ အရပ္ဘက္အဖြဲ႕တခုက မသၪၨာ႐ႊန္းလဲ့ရည္က ေျပာပါတယ္။

"ဒါက အျမင့္ဆုံးေသာ ျပည္သူေတြရဲ႕အသံကို ထုတ္ေဖာ္ႏိုင္တဲ့ အရပ္ဘက္အဖြဲ႕ေတြရဲ႕ လြတ္လပ္တဲ့ အသံေတြျဖစ္တယ္၊ ဒီအသံက တ႐ုတ္အစိုးရကို တစုံတရာဖိအားေပါ့ေနာ္ ျဖစ္ဖို႔ ျဖစ္ပါတယ္။ အဓိကအားျဖင့္ဆိုရင္ ျမန္မာႏိုင္ငံရဲ႕ လက္ရွိ ဒီေတာ္လွန္ေရး အင္အားစုေတြရဲ႕လုပ္ငန္းစဥ္ေတြထဲမွာ တ႐ုတ္အစိုးရရဲ႕ စီမံကိန္းေတြ၊ ေနာက္သူတို႔ရဲ႕ စီးပြားေရးလုပ္ငန္းေတြ၊ ဒါေတြက ပါလာဖို႔ျဖစ္ေနၿပီ။ အဲလိုျဖစ္ေအာင္လည္း လုပ္တာက တ႐ုတ္အစိုးရျဖစ္တယ္ဆိုတာကို က်မတို႔သိေစခ်င္တယ္။"

တ႐ုတ္အစိုးရအေနနဲ႔ ျပည္တြင္းအရပ္ဘက္အဖြဲ႕ေတြနဲ႔ ဆက္ဆံေရးထူေထာင္ဖို႔၊ NUG နဲ႔ ၾကားအဆင့္ ႏိုင္ငံေရးေဆြးေႏြးမႈ လုပ္ေပးဖို႔၊ NLD၊ SNLD အပါအဝင္ ႏိုင္ငံေရးပါတီေတြနဲ႔ ပါတီခ်င္း ဆက္ဆံေရးေတြလုပ္ဖို႔၊ စစ္ေကာင္စီနဲ႔ စီးပြားေရး လုပ္ငန္းသစ္ေတြလုပ္တာ ရပ္ဆိုင္းဖို႔၊ စစ္ေကာင္စီကို ကူညီေထာက္ပံ့တာေတြ ရပ္ဆိုင္းဖို႔ စတဲ့အခ်က္ေတြအပါအဝင္ အခ်က္ ၇ ခုကို အရပ္ဘက္အဖြဲ႕ေတြက တ႐ုတ္သမၼတကို ေတာင္းဆိုခဲ့တာပါ။

တ႐ုတ္အစိုးရက စစ္ေကာင္စီကို ဆက္ၿပီးအသိအမွတ္ျပဳေနတာကို မ႐ုပ္သိမ္းဘူးဆိုရင္ တ႐ုတ္ႏိုင္ငံပိုင္ စီးပြားေရးလုပ္ငန္းနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈေတြဟာ လူထုေတာ္လွန္ေရးမွာ ထည့္သြင္းခံရတဲ့ အေျခအေနကို ေရာက္လာမွာကို စိုးရိမ္ေၾကာင္း အရပ္ ဘက္အဖြဲ႕ ၅၅၈ ဖြဲ႕က သူတို႔ထုတ္ျပန္ခ်က္မွာ သတိေပးေရးသးထားတာပါ။

ႏိုင္ငံေရး ေလ့လာသုံးသပ္သူ ဦးရဲထြန္း ( သီေပါ) ကေတာ့ အရပ္ဘက္အဖြဲ႕ေတြရဲ႕ စုေပါင္းေတာင္းဆိုခ်က္ဟာ တ႐ုတ္အစိုးရအေပၚ ၿခိမ္းေျခာက္မႈတခုလို႔ ရႈျမင္ပါတယ္။

"အဲလိုေျပာတယ္ဆိုေတာ့ ပိုၿပီးေတာ့ ဆိုးတာေပါ့ဗ်ာ၊ အဲဒါက ၿခိမ္းေျခာက္တဲ့သေဘာ ျဖစ္သြားတာေပါ့။ တ႐ုတ္ျပည္အေနနဲ႔ကေတာ့ အေစာပိုင္းကတည္းက ျမန္မာျပည္မွာ ေနာက္ထပ္ျဖစ္ေပၚလာတဲ့ လက္နက္ကိုင္ ပဋိပကၡေပါ့ေနာ္၊ အထူးသျဖင့္ NUG နဲ႔... ပဋိပကၡေၾကာင့္ သူတို႔ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈေတြက သိပ္ၿပီးေတာ့ စိတ္မခ်ရဘူးဆိုတဲ့ အေနအထားကို သူတို႔သိလာတယ္။ ဒါေပမဲ့ အရပ္ဘက္အဖြဲ႕အစည္းေတြက အဲလိုေျပာတဲ့အခါက်ေတာ့ အဲဒါကေတာ့ နည္းနည္းပိုၿပီးေတာ့ ၿခိမ္းေျခာက္တဲ့သေဘာ သက္ေရာက္သြားတာေပါ့ေနာ္။"

တ႐ုတ္အစိုးရက အရပ္ဘက္အဖြဲ႕ေတြရဲ႕ ထုတ္ျပန္ခ်က္ကို သတိထားၿပီး ေစာင့္ၾကည့္ေကာင္း ေစာင့္ၾကည့္လိမ့္မယ္လို႔ တ႐ုတ္- ျမန္မာ ေရနံပိုက္လိုင္း ေစာင့္ၾကည့္ေရးေကာ္တီက ကိုလင္းလင္းဦးက ဗြီအိုေအကို ေျပာပါတယ္။ တခ်ိန္က တ႐ုတ္- ျမန္မာေရနံပိုက္လိုင္းကို ျပည္တြင္းသဘာဝပတ္ဝန္းက်င္ အဖြဲ႕ေတြက ကန႔္ကြက္ခဲ့တုန္းက တ႐ုတ္ႏိုင္ငံျခားေရး ေပၚလစ္ဗ်ဴ႐ို အရာရွိေတြက ျပည္တြင္းက အရပ္ဘက္အဖြဲ႕ေတြကို လာၿပီးေတြ႕ဆုံခဲ့တာနဲ႔ ႏႈိင္းယွဥ္ၿပီးသူက သုံးသပ္ျပပါတယ္။

"ထိေရာက္ျခင္း မထိေရာက္ျခင္း၊ နားလည္လက္ခံ စဥ္းစားျခင္း မစဥ္းစားျခင္းက တ႐ုတ္အစိုးရနဲ႔ပဲ သက္ဆိုင္ပါလိမ့္မယ္။ သူတို႔အက်ိဳးစီးပြား တိုက္႐ိုက္ သက္ဆိုင္ေတာ့မယ္၊ သက္ေရာက္ေတာ့မယ္ဆိုရင္ သူတို႔ဘက္ကထၿပီးေတာ့ လာတတ္တယ္၊ လုပ္တတ္တယ္၊ ေတြ႕တတ္တယ္၊ စကားေျပာတတ္တယ္။ သူတို႔ကအက်ိဳးစီးပြား မထိေရာက္ဘူး မသက္ေရာက္ဘူးဆိုရင္ ေပယ်ာလကန္ျပဳထားတဲ့ ပုံစံေလးေတြလည္း က်ေနာ္တို႔ ေတြ႕ဖူးတယ္။"

၂၀၂၁ မတ္လအေစာပိုင္းက တ႐ုတ္- ျမန္မာႏွစ္ႏိုင္ငံၾကားက စီမံကိန္းေတြရဲ႕ လုံၿခဳံေရးဆိုင္ရာ ပူးတြဲအစည္းအေဝးရဲ႕ မွတ္တမ္းတခု ျပင္ပကိုေပါက္ၾကားခဲ့ပါတယ္။ စာမ်က္ႏွာ ၆ မ်က္ႏွာပါတဲ့ ဒီအစည္းအေဝးမွတ္တမ္းမွာ တ႐ုတ္ရပ္ဝန္းနဲ႔ စီးပြားေရး BRI စီမံကိန္း တစိတ္တပိုင္းျဖစ္တဲ့ ေရနံနဲ႔ သဘာဝဓာတ္ေငြပိုက္လိုင္း လုံၿခဳံေရးအတြက္ ႏွစ္ႏိုင္ငံညႇိႏႈိင္း ေဆြးေႏြးရတာလို႔ တ႐ုတ္ႏိုင္ငံျခားေရး အႀကီးအကဲရဲ႕ ေျပာဆိုခ်က္ကို ကိုးကားထားပါတယ္။ စစ္ေကာင္စီခန႔္ ျပည္ထဲေရးဝန္ႀကီးကလည္း ႏွစ္ဘက္သေဘာတူညီ ထားတဲ့အတိုင္း ဆက္လုပ္မယ့္အေၾကာင္း၊ ပိုက္လိုင္းလုံၿခဳံေရးကို တပ္မေတာ္က ပါဝင္ေဆာင္႐ြက္ေနေၾကာင္း အဲဒီမွတ္တမ္းထဲမွာ တုံ႔ျပန္ထားတာပါ။ ဒီစာ ဘယ္ေလာက္မွန္ကန္လဲဆိုတာကိုေတာ့ VOA က သီးျခားအတည္မျပဳႏိုင္ပါဘူး။

ဒီစာကိုေထာက္ၿပီး အာဏာသိမ္း စစ္ေကာင္စီဘက္ကေရာ တ႐ုတ္အစိုးရကပါ ႏွစ္ႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေတြအတြက္ စိုးရိမ္ေနတယ္ဆိုတာ ေသခ်ာေၾကာင္း အရပ္ဘက္အဖြဲ႕ေတြက ေျပာပါတယ္။ ဧၿပီလ ၂၅ ရက္ေန႔စြဲနဲ႔ သေဘာထား ထုတ္ျပန္ခဲ့တဲ့ အရပ္ဘက္အဖြဲ႕ ၅၅၈ ခုကေတာ့ ေရွ႕ဆက္ၿပီး တ႐ုတ္- ျမန္မာျပည္သူခ်င္း ရင္းႏွီးမႈကို ပိုၿပီးခိုင္မာစြာ တည္ေဆာက္ႏိုင္တဲ့ ဆက္ဆံေရးကို ျမင္ခ်င္တယ္ လို႔ ေျပာပါတယ္။ ဒီလ ဧၿပီလ ၁ရက္ေန႔ကေတာ့ ျမန္မာစစ္ေကာင္စီ ႏိုင္ငံျခားေရးဝန္ႀကီးဦးဝဏၰေမာင္လြင္ဟာ တ႐ုတ္ႏိုင္ငံသြားေရာက္ၿပီး တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယီနဲ႔ေတြ႕ဆုံရာမွာ ကိုဗစ္ေရာဂါကူးစက္မႈတိုက္ဖ်က္ေရးအျပင္ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္ေရးကိစၥေတြ ေဆြးေႏြးခဲ့ပါတယ္။ အာဆီယံက ျမန္မာစစ္ေကာင္စီ အဆင့္ျမင့္တာဝန္ရွိသူေတြနဲ႔ ဆက္ဆံဖို႔ တြန႔္ဆုတ္ေနခ်ိန္မွာ၊ အခုလို ျမန္မာအဆင့္ျမင့္ဝန္ႀကီးတဦးကို တ႐ုတ္က လက္ခံေတြ႕ဆုံတာေၾကာင့္ လူ႔အခြင့္အေရးအဖြဲ႕ေတြရဲ႕ ေဝဖန္တာလည္းခံခဲ့ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုမလုပ်ဖို့ အရပ်ဘက်အဖွဲ့များ တရုတ်ကိုသတိပေး
စစ်အာဏာသိမ်း မြန်မာနိုင်ငံတွင်းမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ဖို့ မြန်မာပြည်တွင်းအရပ်ဘက်အဖွဲ့ ၅၀၀ ကျော်က အိတ်ဖွင့်ပေးစာတစောင် တရုတ်သမ္မတထံကို တိုက် တွန်းရေးသားပေးပို့ပါတယ်။ ပြည်သူလူထုကို ဖိနှိပ်ပြီး လူမျိုးတုန်း သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ အာဏာသိမ်း စစ်ကောင်စီကို တရုတ်အစိုးရနဲ့ ဆက်စပ်စီးပွားရေး လုပ်ငန်းတွေက ဆက်ပြီးအသိအမှတ် ပြုနေမယ်ဆိုရင် တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လူထုတော်လှန်ရေးမှာ ထည့်သွင်းရမယ့်အခြေအနေ ရောက်လာမှာကို စိုးရိမ်မိကြောင်းလည်း အဲဒီစာထဲမှာ သတိပေးထားပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်တွေအပေါ်မှာ ဆက်ပြီးထောက်ခံတာတွေ၊ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ဖို့ တရုတ်အစိုးရကို ပြည်တွင်းက အရပ်ဘက် အဖွဲ့အစည်း ၅၅၈ ဖွဲ့က ဧပြီလ ၂၅ ရက်နေ့စွဲနဲ့ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်တာပါ။ နယ်ပယ်ပေါင်းစုံက အရပ်ဘက်အဖွဲ့တွေရဲ့ အသံတွေဖြစ်လို့ တရုတ်အစိုးရအပေါ်မှာ တစုံတရာ သက်ရောက်နိုင်ဖို့ မျှော်လင့်ကြောင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားတဲ့ အရပ်ဘက်အဖွဲ့တခုက မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

"ဒါက အမြင့်ဆုံးသော ပြည်သူတွေရဲ့အသံကို ထုတ်ဖော်နိုင်တဲ့ အရပ်ဘက်အဖွဲ့တွေရဲ့ လွတ်လပ်တဲ့ အသံတွေဖြစ်တယ်၊ ဒီအသံက တရုတ်အစိုးရကို တစုံတရာဖိအားပေါ့နော် ဖြစ်ဖို့ ဖြစ်ပါတယ်။ အဓိကအားဖြင့်ဆိုရင် မြန်မာနိုင်ငံရဲ့ လက်ရှိ ဒီတော်လှန်ရေး အင်အားစုတွေရဲ့လုပ်ငန်းစဉ်တွေထဲမှာ တရုတ်အစိုးရရဲ့ စီမံကိန်းတွေ၊ နောက်သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ဒါတွေက ပါလာဖို့ဖြစ်နေပြီ။ အဲလိုဖြစ်အောင်လည်း လုပ်တာက တရုတ်အစိုးရဖြစ်တယ်ဆိုတာကို ကျမတို့သိစေချင်တယ်။"

တရုတ်အစိုးရအနေနဲ့ ပြည်တွင်းအရပ်ဘက်အဖွဲ့တွေနဲ့ ဆက်ဆံရေးထူထောင်ဖို့၊ NUG နဲ့ ကြားအဆင့် နိုင်ငံရေးဆွေးနွေးမှု လုပ်ပေးဖို့၊ NLD၊ SNLD အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ ပါတီချင်း ဆက်ဆံရေးတွေလုပ်ဖို့၊ စစ်ကောင်စီနဲ့ စီးပွားရေး လုပ်ငန်းသစ်တွေလုပ်တာ ရပ်ဆိုင်းဖို့၊ စစ်ကောင်စီကို ကူညီထောက်ပံ့တာတွေ ရပ်ဆိုင်းဖို့ စတဲ့အချက်တွေအပါအဝင် အချက် ၇ ခုကို အရပ်ဘက်အဖွဲ့တွေက တရုတ်သမ္မတကို တောင်းဆိုခဲ့တာပါ။

တရုတ်အစိုးရက စစ်ကောင်စီကို ဆက်ပြီးအသိအမှတ်ပြုနေတာကို မရုပ်သိမ်းဘူးဆိုရင် တရုတ်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ လူထုတော်လှန်ရေးမှာ ထည့်သွင်းခံရတဲ့ အခြေအနေကို ရောက်လာမှာကို စိုးရိမ်ကြောင်း အရပ် ဘက်အဖွဲ့ ၅၅၈ ဖွဲ့က သူတို့ထုတ်ပြန်ချက်မှာ သတိပေးရေးသးထားတာပါ။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်း ( သီပေါ) ကတော့ အရပ်ဘက်အဖွဲ့တွေရဲ့ စုပေါင်းတောင်းဆိုချက်ဟာ တရုတ်အစိုးရအပေါ် ခြိမ်းခြောက်မှုတခုလို့ ရှုမြင်ပါတယ်။

"အဲလိုပြောတယ်ဆိုတော့ ပိုပြီးတော့ ဆိုးတာပေါ့ဗျာ၊ အဲဒါက ခြိမ်းခြောက်တဲ့သဘော ဖြစ်သွားတာပေါ့။ တရုတ်ပြည်အနေနဲ့ကတော့ အစောပိုင်းကတည်းက မြန်မာပြည်မှာ နောက်ထပ်ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခပေါ့နော်၊ အထူးသဖြင့် NUG နဲ့... ပဋိပက္ခကြောင့် သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက သိပ်ပြီးတော့ စိတ်မချရဘူးဆိုတဲ့ အနေအထားကို သူတို့သိလာတယ်။ ဒါပေမဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက အဲလိုပြောတဲ့အခါကျတော့ အဲဒါကတော့ နည်းနည်းပိုပြီးတော့ ခြိမ်းခြောက်တဲ့သဘော သက်ရောက်သွားတာပေါ့နော်။"

တရုတ်အစိုးရက အရပ်ဘက်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်ကို သတိထားပြီး စောင့်ကြည့်ကောင်း စောင့်ကြည့်လိမ့်မယ်လို့ တရုတ်- မြန်မာ ရေနံပိုက်လိုင်း စောင့်ကြည့်ရေးကော်တီက ကိုလင်းလင်းဦးက ဗွီအိုအေကို ပြောပါတယ်။ တချိန်က တရုတ်- မြန်မာရေနံပိုက်လိုင်းကို ပြည်တွင်းသဘာဝပတ်ဝန်းကျင် အဖွဲ့တွေက ကန့်ကွက်ခဲ့တုန်းက တရုတ်နိုင်ငံခြားရေး ပေါ်လစ်ဗျူရို အရာရှိတွေက ပြည်တွင်းက အရပ်ဘက်အဖွဲ့တွေကို လာပြီးတွေ့ဆုံခဲ့တာနဲ့ နှိုင်းယှဉ်ပြီးသူက သုံးသပ်ပြပါတယ်။

"ထိရောက်ခြင်း မထိရောက်ခြင်း၊ နားလည်လက်ခံ စဉ်းစားခြင်း မစဉ်းစားခြင်းက တရုတ်အစိုးရနဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်။ သူတို့အကျိုးစီးပွား တိုက်ရိုက် သက်ဆိုင်တော့မယ်၊ သက်ရောက်တော့မယ်ဆိုရင် သူတို့ဘက်ကထပြီးတော့ လာတတ်တယ်၊ လုပ်တတ်တယ်၊ တွေ့တတ်တယ်၊ စကားပြောတတ်တယ်။ သူတို့ကအကျိုးစီးပွား မထိရောက်ဘူး မသက်ရောက်ဘူးဆိုရင် ပေယျာလကန်ပြုထားတဲ့ ပုံစံလေးတွေလည်း ကျနော်တို့ တွေ့ဖူးတယ်။"

၂၀၂၁ မတ်လအစောပိုင်းက တရုတ်- မြန်မာနှစ်နိုင်ငံကြားက စီမံကိန်းတွေရဲ့ လုံခြုံရေးဆိုင်ရာ ပူးတွဲအစည်းအဝေးရဲ့ မှတ်တမ်းတခု ပြင်ပကိုပေါက်ကြားခဲ့ပါတယ်။ စာမျက်နှာ ၆ မျက်နှာပါတဲ့ ဒီအစည်းအဝေးမှတ်တမ်းမှာ တရုတ်ရပ်ဝန်းနဲ့ စီးပွားရေး BRI စီမံကိန်း တစိတ်တပိုင်းဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေပိုက်လိုင်း လုံခြုံရေးအတွက် နှစ်နိုင်ငံညှိနှိုင်း ဆွေးနွေးရတာလို့ တရုတ်နိုင်ငံခြားရေး အကြီးအကဲရဲ့ ပြောဆိုချက်ကို ကိုးကားထားပါတယ်။ စစ်ကောင်စီခန့် ပြည်ထဲရေးဝန်ကြီးကလည်း နှစ်ဘက်သဘောတူညီ ထားတဲ့အတိုင်း ဆက်လုပ်မယ့်အကြောင်း၊ ပိုက်လိုင်းလုံခြုံရေးကို တပ်မတော်က ပါဝင်ဆောင်ရွက်နေကြောင်း အဲဒီမှတ်တမ်းထဲမှာ တုံ့ပြန်ထားတာပါ။ ဒီစာ ဘယ်လောက်မှန်ကန်လဲဆိုတာကိုတော့ VOA က သီးခြားအတည်မပြုနိုင်ပါဘူး။

ဒီစာကိုထောက်ပြီး အာဏာသိမ်း စစ်ကောင်စီဘက်ကရော တရုတ်အစိုးရကပါ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတွေအတွက် စိုးရိမ်နေတယ်ဆိုတာ သေချာကြောင်း အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။ ဧပြီလ ၂၅ ရက်နေ့စွဲနဲ့ သဘောထား ထုတ်ပြန်ခဲ့တဲ့ အရပ်ဘက်အဖွဲ့ ၅၅၈ ခုကတော့ ရှေ့ဆက်ပြီး တရုတ်- မြန်မာပြည်သူချင်း ရင်းနှီးမှုကို ပိုပြီးခိုင်မာစွာ တည်ဆောက်နိုင်တဲ့ ဆက်ဆံရေးကို မြင်ချင်တယ် လို့ ပြောပါတယ်။ ဒီလ ဧပြီလ ၁ရက်နေ့ကတော့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်ဟာ တရုတ်နိုင်ငံသွားရောက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့တွေ့ဆုံရာမှာ ကိုဗစ်ရောဂါကူးစက်မှုတိုက်ဖျက်ရေးအပြင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ အာဆီယံက မြန်မာစစ်ကောင်စီ အဆင့်မြင့်တာဝန်ရှိသူတွေနဲ့ ဆက်ဆံဖို့ တွန့်ဆုတ်နေချိန်မှာ၊ အခုလို မြန်မာအဆင့်မြင့်ဝန်ကြီးတဦးကို တရုတ်က လက်ခံတွေ့ဆုံတာကြောင့် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်တာလည်းခံခဲ့ရပါတယ်။

==================

XS
SM
MD
LG